Monday, September 29, 2008

‘ သစ္စာသေသော် ’...(ဝင်းတင့်ထွန်း)



‘ သစ္စာသေသော် ’
---------------

သစ္စာ သေသော်
သေတဲ့ သစ္စာ
ထို ဈာပန
ပြာချပစ်တာ အကောင်းဆုံး ၊၊

မြေပုံ နေရာ
မမှတ်ပါ နဲ့
ထိုနေရာ ၌
ပန်းမစိုက် နဲ့
စိုက်တဲ့ပန်းပင် ဂုဏ်ပျက်နိုင် - ၊၊

ထူးခြားတာက
ထို ဈာပန...
ရောက်လာကြသူ ရှုကြသူနဲ့
ဝိုင်းဝန်းကြသူ ပို့ကြသူကား
ရန်သူဖြစ်ခဲ့ နာကျည်းခဲ့သူ
ခါးသည်းခဲ့ကြ တိုက်ခဲ့ကြသူ
မုန်းတီးသူတွေ...

မုန်းသူတွေက ပန်းခွေ ချ ပြီး
ရန်သူတွေက ဈာပနစကား
မြွက်ကြားသီဟ ဂုဏ်ပြု ကြ ပေါ့...

တရံခါက
သံယောဇဉ်ဖြစ် ချစ်ခဲ့ကြသူ
ချစ်ဦးသူတွေ... မိတ်ဆွေတွေ ကား
စကားထဲပင် မထည့်ချင်တော့
ရင်မှာမေ့လိုက် ဖျောက်ပစ်လိုက်တာ
ကာလကြာပြီ
လာဖို့ဝေးစွ နှုတ်မဟချင်
ပန်းခွေချဖို့ ဝေလာဝေး ၊၊ ၊၊

( ဝင်းတင့်ထွန်း )
၁၉၈၃၊ အင်းစိန်ထောင်တွင်း

1 comment:

  1. အစ်ကိုရေ.. ဒီကဗျာလေးကြိုက်တယ်.. သစ္စာတွေ မသေပါနဲ့ လို့ဆုတောင်းပါတယ်..

    ဒီပိုစ့်တစ်ခုက လွဲပြီး ကျန်တာ တွေ မမြင်ရဘူး အစ်ကို..
    စီဗုံးတွေလဲ မတွေ့ဘူး..

    ဘာဖြစ်လို့လဲ မသိဘူးနော်..

    အဆင်ပြေပါစေရှင်

    ReplyDelete