Wednesday, October 8, 2008

ကျနော့်ည…လွမ်း (ဂင်ကြီး)

ပန်းချီ ပိအိုင်း
ကျနော့်ည…လွမ်း

ကျနော်…..နဲ့
တောင်ပံတစ်စုံ
လေအဟုန်မှာလေ
ချစ်သူတွေဖြစ်လိုက်ကြပေါ့..
လေပြေညှင်း တလှည့်
မုန်တိုင်း တလှည့်..။

လွမ်းတယ်ဗျာ…
မမျှော်ပဲနဲ့ကို လွမ်းနေတတ်တာ
အသံတခုခု ကြားလိုကြားညား
(ရောခ်ခရက်) တောင်တန်းတွေဆီကိုလေ..
လေးသံကြားရတိုင်းပေါ့…။

မလာပါဘူး…
လေးညှိုသံတွေ မကြားရပါဘူး
ကိုလံဘီယာမြစ်က အေးစက်တာကိုး
ဟုတ်တယ်..
ဟုတ်တယ်ဗျာ…
ကျနော်ညက ဧရာဝတီကို
ကျနော့်ရင်ဘတ် ဝကွက်အပ်လိုက်တယ်…။

(ဂင်ကြီး)

3 comments:

  1. အရမ်းကောင်းပါတယ် ဦးဂင်ကြီး..

    နောက်ထပ်လဲ ဒီလိုမျိုးတွေထပ်ဖတ်ရဖို့
    မျှော်လင့်ပါတယ်....

    ကျန်းမာချမ်းသာပါစေ...

    ReplyDelete
  2. ဒူကဘာ ရင်ဘတ်ကြီး ဝကွက်အပ်ဖို့ ဒူကဘာ ကတော် မေးကြည့် ရဦးမယ်။

    ReplyDelete