Friday, October 31, 2008

မုန်တိုင်းမြစ်...(ဂင်ကြီး)


ကိုမောင်ရင့်လက်ရာ
မုန်တိုင်းမြစ်

မြစ်မင်းရေ…
ရှိုက်ရှိုက်ငင်ငင် စီးဆင်းလာတာဟာ
ဒေါသမိုးရေတွေကြောင့်တဲ့လား…။

မြစ်မင်းရေ…
လူးလူးလိမ့်လိမ့် စီးကျလာတာဟာ
သောကမျက်ရေတွေကြောင့်တဲ့လား…။

မြစ်မင်းရေ…
ဆွဲဆွဲငင်ငင် တော်လဲ..ခင်းတာဟာ
မောဟသက်သေတွေကြောင့်တဲ့လား…။

တကယ်တော့လေ မြစ်မင်း…
သင်ဘာကိုမှ ဂရုမစိုက်ရင်တောင်
ဒေါသမိုးတွေ…
သောကမျက်ရေတွေ…
မောဟသက်သေတွေဟာ…
ဟော့ဒီ့ မင်းရင်ခွင်တရိုးမှာ
ပိုးလိုးပက်လက် ပြိုးပျက်ပျက် မုန်တိုင်းဆင်…။

ဂင်ကြီး

6 comments:

  1. ကဗျာဆရာ....
    မုန်တိုင်းမြစ်ကိုဖတ်လိုက်တာနဲ့ ..
    မမြင်ရက် မကြည့်ရက်တဲ့ ...မကြားရက်တဲ့ 
    မြင်ကွင်းတစ်ခုကို တိုးဝင်လိုက်ရသလိုပါဘဲ....။
    ကိုယ်တွေက မုန်တိုင်းမြစ်နဲ့ ဝေးရာကို ရောက်နေပေမယ့် ...
    စိတ်နှလုံးသားကတော့ ထပ်တူထပ်မျှ မုန်တိုင်းထဲမှာ....
    သွေးတွေ မျက်ရည်တွေနဲ့ ...
    အနာကျည်းဆုံးရာဇ၀င်တစ်ခုကိုဖြတ်သန်းနေဆဲပါဗျာ...။
    ကဗျာကောင်းလေးတွေ၊စာကောင်းလေးတွေကို
    စောင့်မျှော်အားပေးနေပါတယ်..။

    ReplyDelete
  2. သုံးထားတဲ့ ပုံကတော့ ကိုမောင်ရင် ဆွဲခဲ့တဲ့ နာဂစ်စ် (http://maungyin.blogspot.com/2008/10/nargis.html) ပဲ။

    ခွင့်တောင်းပြီး သုံးသလား တော့ မသိဘူး။ သို့သော်လည်း credit ပေးထားတာ မတွေ့လို့ပါ။

    ကိုမောင်ရင့်ကိုတော့ credit ပေးသင့် ကြောင်းပါ။

    လေးစားလျက်

    ReplyDelete
  3. ပုံအတွက် ဖြေရှင်း ချက်ကလေးသိချင်ပါတယ်။

    မောင်ရင်

    ReplyDelete
  4. ပုံကြည့်ပြီး ကဗျာနဲ့လိုက်တင်ထင်လို့ တင်လိုက်မိတယ်ဗျာ.. ကမန်းကတန်းမို့ ဘယ်သူ့ဆွဲထားတဲ့ပုံလဲ မစုံစမ်းမိဘူး.. အခုလိုသတိပေးတာ ကျေးဇူးတင်ပါတယ်ဗျာ...

    ReplyDelete
  5. ကိုရင်မောင်ရေ... ကျမသမီးတွေက ပန်းချီရူးလေးတွေ .. သူတို့ကြိုက်တဲ့ပုံလေးတွေယူယူထည့်ထားတာ.. သူ့အဖေက ကွန်ပြူတာထဲမှာ ရှိနေတာကို အလွယ်ယူသုံးထားတာ.. ကျမဆီမှာ သုံးထားတဲ့ တချို့ပုံတွေဆိုလည်း အမည်မသိဘူး.. ကျမဆီကိုလည်းလာလည်ပြီး ပိုင်ရှင်သိရင် ပြောပေးပါအုံးနော်... သမီးတွေကိုတော့ ကျမပြောထားပါမယ်.. နောက်ဒီလိုမဖြစ်အောင်..

    ReplyDelete
  6. ဦးဂင်ကြီး နှင့် မအိမ်လွမ်းသူခင်ဗျား။

    ဒီနာဂစ် ပုံက ဘယ်သူမဆို နာဂစ်ရံပုံငွေဖြစ်စေ၊ ဆင့်ပွားခံစားမှုဖြစ်စေထပ်ဖြန့် ဝေပေးတယ်ဆိုကောင်းသောလုပ်ရပ်ပါ။
    မြန်မာပြည်အပေါ်စေတနာထားကြတဲ့ဘလော့ဂ်များအတွက်အထူးပြောစရာမလိုပါ။

    ဒီလိုဖြစ်မှာစိုးလို့ ကျွန်တော့်မူရင်းပုံတွေမှာ ဘလော့ဂ်လိပ်စာ (သို့ ) လက်မှတ်အမြဲထိုးပါတယ်။ ခုက မူရင်းပုံထဲက အဲဒိ လက်မှတ်ဘလော့ဂ် လိပ်စာကိုဖျက်သုံးထားတဲ့ အတွက် စိတ်မကောင်းပါ။
    မူရင်းပုံကိုမဖျက်ဘဲ ဒီ တိုင်းသုံးမယ် ဆိုရင်ပြသနာမရှိပါ။အဲဒိမူရင်းပုံမှာ ကျွန်တော့်နာမည်ပါပါတယ်။ crdeit တောင်တကူး တကပေးစရာမလိုပါ။
    With Warm Regards,
    M.Y

    ReplyDelete