Thursday, October 16, 2008

အဟောင်းကြီး

အဟောင်းကြီး

မိုးကောင်းကင်တောင်မှ…
ပြိုမယ်ဆိုရင်
အမိန့်ရမှ ပြိုရမဲ့ခေတ်ပါလားဟေ့..။

ငှက်ဆိုးတွေ ဗိုလ်လုပ်နေတဲ့ခေတ်မှာ…
အခွင့်အရေးဆိုတာ
အမိန့်ပေးစံနစ်ရဲ့ သားကောင်ပါကလား..။

ဗူးလေးရာ ဖရုံဆင့်ကုန်တာပေါ့…
ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်
ဘယ်သူ ပိုမိုက်သလဲပဲ..။

အဟောင်းနဲ့ အသစ်…
အဖြစ်နဲ့အပျက်…
အိမ်မက်ထဲက ဝေဒနာပြပွဲမဟုတ်…။

ခေတ်ကြီးက အရှေ့ကိုသွား…
တိုင်းပြည်က နောက်ပြန်ဆုတ်
အသစ်ဆိုတာကို အဟောင်းနဲ့ ထုဆစ်ချင်သူတွေ
ကျုပ်ကတော့ ရှင်းရှင်းပဲပြောချင်တယ်-
ဒီမိုကရေစီဆိုတာ အမိန့်ပေးစံနစ်မဟုတ်ပါ…။


ဂင်ကြီး

1 comment:

  1. ကောင်းပါဗျား ယနေ့ခေတ်အခြေအနေကို မီးမောင်းထိုးပြထားတာပါပဲဗျား

    ReplyDelete