Thursday, November 6, 2008

ဓါတ်ပုံ


ဓါတ်ပုံ


ကျနော်ညက
ကျနော့်ဓါတ်ပုံနဲ့တွေ့တယ်..
ဓါတ်ပုံက..
အရောင်ရှိတယ်
ခံစားချက်ရှိတယ်
အရုပ်မရှိဘူး
ကျနော်မေးတယ်..
သူပြန်ဖြေတယ်
မင်းအရုပ်ပေါ်ချင်ရင်
မင်းကိုယ်ပေါ်က
အတ္တခြုံလွှာကြီး
ဝတ်မလာပါနဲ့တဲ့
ကျနော်…
စောဒကတက်တယ်
သူထပ်ရှင်းပြတယ်
အတ္တဆိုတာ
လူတိုင်းထမ်းထားကြတာပဲ..
မင်းထမ်းထားတာများနေလို့တဲ့
ကျနော်ထပ်မေးတယ်
ခင်ဗျားရောဗျာ
ငါ့အတ္တတွေကို
လာလာသယ်သွားကြတာပဲတဲ့
ဘယ်သူတွေလဲဆိုတော့…
မင်းတို့လိုကောင်တွေပဲတဲ့….။

ဂင်ကြီး

မှတ်ချက်။ ။ တခုခုကိုသိပ်အာရုံစိုက်လွန်းသော အခါ မိမိဖြစ်တတ်သော ကမူးရှူးတိုးအကျင့်အား ဒီကဗျာလေးဖြင့်..ဆုံးမတာပါ..။

3 comments:

  1. ကိုယ့်ကိုကိုယ် ဆုံးမသွားတယ် ဦးဂင်

    ReplyDelete
  2. ခြစ်ချူပ်ပြီး လူပြီးသစွာ ရှိသင့်သလောက်တော့ ထမ်းပိုးကျင့်ကြံ နေထိုင်တာပါပဲ ဦးဂင်ရေ......။

    ReplyDelete
  3. ကိုဂင်...
    ကဗျာကို ကြိုက်တယ်....
    ဒီကဗျာမျိုးက လိပ်ပြာမလုံရင် ...
    ကျေဖတ်ပြီး..မှန်ကြည့်ရဲမှာတောင် မဟုတ်ဘူး...။

    ReplyDelete