ဝမ်းနည်းမနေပါနဲ့ အမေရယ်
ပြည်တွင်းစစ် နှစ် ၆၀
ကျောင်းသားခေါင်းဆောင်
ထောင် ၆၅ နှစ်...။
ဂုဏ်ယူလိုက်ပါအမေရယ်
မတရားမှု အာခံတုခဲ့ကြတဲ့
လွတ်မြောက်ရေး လမ်းမတွေပေါ်မှာ
သွေးရိုင်းနှင်းဆီတွေ
ဝေချင်တိုင်းဝေစေဘို့
တရားတဲ့သူပုန်
ပုန်ကန်တဲ့သားတွေပါ…။
ခြွေချင်တိုင်း ခြွေရရိုးလားအမေရယ်
ကမ္ဘာပေါ်မှာ
ဘယ် အာဏာရှင်မှ
ဇာတ်သိမ်းမကောင်းခဲ့ပါ
အမှန်တရားကိုထုဆစ်
မြင့်မြတ်တဲ့သူတွေကသာ
အဆုံးသတ်အောင်ပွဲကို ယူခဲ့ကြတာပါ…။
ထပ်ပြီးသာ ဂုဏ်ယူလိုက်ပါတော့အမေ
အမေ့သားတွေ ပြောခဲ့သလိုပ
ဓမ္မက အဓမ္မကိုနိုင်တဲ့နေ့
အမှန်တရားက အောင်ပွဲခံတဲ့တနေ့
ကျောင်းနံရံမှာသာမက
ဒေါင်းအလံ တဝေဝေ
ပြည်သူ့ရင်ပြင်ကြီးမှာလေ
အမေမြင်တွေ့ရမှာပါ အမေရယ်…။
ဂင်ကြီး
(ဒီမိုကရေစီ တော်လှန်ရေးအဆက်ဆက်တွင် ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်လျှက်ရှိသော သားများအတွက် ရင်နာနာနဲ့ဂုဏ်ယူခဲ့ကြသော အမေများအားလုံးအတွက်။)
ကောင်းလိုက်တဲ့ အမှန်တရားတွေ ချုံလွှမ်းနေတဲ့ ကဗျာ
ReplyDeleteဟုတ်တယ် ဦးဂင်ကြီးရေ
ReplyDeleteဒေါင်းအလံတွေ ပြည်သူ့ရင်ပြင်မှာ တလူလူ လွင့်နေစေ့ရမယ်..မနက်ဖန်ဆိုတာကို ယုံတယ် ...
တရားမျတမူဆိုတာ တစ်ချိန်ချိန်တော့ မတရားမူတွေကို ဖယ်ရှားနိုင်မှာပါ..မဝေးတော့ဘူးဆိုတာ ယုံတယ်
ကဗျာ အ၇မ်းကောင်းတယ် ကိုဂင်ရေ....
ReplyDeleteကျနော် သိမ်းထားလိုက်ပြီဗျာ...။
လေးစားတယ် ဦးဂင်
ReplyDelete