Thursday, December 4, 2008

ဂီတချစ်သူများအတွက်...ဂီတ

ကျနော်တို့မြေကမ္ဘာမှာ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ ဘယ်လိုပဲကွာခြားနေပါစေ အားလုံးဟာ အနည်းနဲ့အများဆိုသလို ဂီတကို ခံစားတတ်ကြပါတယ်။ ဂီတဟာ လူသားခြင်းဆက်သွယ်ရာမှာ အလွယ်ကူဆုံးနဲ့ အလျှင်မြန်ဆုံး ပေါင်းကူးတံတားကြီးတခုပါပဲ။ ဒါကြောင့် ကျနော်လဲ ကျနော့်ရဲ့မတောက်တခေါက်လေးတွေကို တီးထားပါတယ်ဗျာ နောက်လဲအဆင်ပြေသလို ဒုက္ခပေးချင်ပါသေးတယ်...။


မိတ်ဆက်လိုက်တာပါ ဆက်လက်ပြီးတော့ Romantic ဂီတ အဟောင်းတပုဒ်တီးထားပါတယ်။ မူလ ဂီတဂုရု ကြီးကိုလဲ ဦးညွတ်ရင်း ကျနော် mood ရသလိုတီးထားတာပါ။ ခံစားကြပါ မကောင်းရင်လဲ နားလည်ပေးကြပါ၊ ကျနော်ကပညာရှင်မဟုတ်ပါဘူး၊ ဝါသနာရှင်ပါ။



နောက်လည်းအားရင် classic တေးသွားလေးတွေကိုယ်ပိုင်လေးတွေရော ပြန်တီးလေးတွေပါ တင်ဆက်ချင်ပါသေးတယ်။

ဂင်ကြီး

13 comments:

  1. ဟ တို့ဦးကြီးဂင်ကတော့ စွယ်စုံရတယ်ဟေ့....
    ကြိုက်တယ်ဗျာ.... အားပေးနေမယ်
    နောက်လည်းမျှော်နေမယ်.....
    ပလကင်လေးတွေ.... ;)

    ReplyDelete
  2. မထင်ထာတားတာအမှန်ဘဲကိုဂင်ရေ၊ လက်စွမ်းပြထားတာလေးတွေက ကောင်းတယ်ဗျာ၊ ဟိုးအရင်အချိန်အဆောင်ရှေ့မှာ တီးခဲ့ဆိုခဲ့တာလေးတွေကို ပြန်လွမ်းမိတယ်၊ အားပေးနေတယ်ဗျို့

    ReplyDelete
  3. မိုက်တယ်ဗျာ(ဆိုလိုချင်တာ တော်တော်လေးကို ကောင်းပါတယ်)အစ်မက တော်တော်ကံကောင်းတာပဲ...ပန်းချီတော်တဲ့ သမီးလေးတွေနဲ့ ဂစ်တာတီးပြီး စာရေးတော်တဲ့ သူ မိသားစုလေးက တော်တော်ကို ကြည်နူးစရာ ကောင်းလိုက်တာ..

    ReplyDelete
  4. ကိုဂင်....
    တော်တော် သဘောကျတယ်ဗျာ...တော်တယ်..
    ကိုယ်တိုင်မတီးတတ်ပေမယ့် တော်တာတော့
    သိတယ်ဗျ...
    တော်ပါသေးရဲ့  ၀ါသနာရှင်မို့ ဘဲ...။
    အိမ်နားနီးရင်တော့ ခင်ဗျားနေ့ တိုင်းတီးပြရမှာ...။
    ကျနော် ငယ်တုန်းက အိပ်ငိုက်ပြီဆိုရင် သူငယ်ချင်းကို
    ပတ္တလားနဲ့  မြမန်းဂီရိ နဲ့ သီချင်းကြီးတွေ တီးခိုင်းတာ...ကျနော် အိပ်ပျော်သွားမှ သူအိပ်ရတာ...
    ချော့သိပ်ခကတော့ ကျနော့်မှာရှိတဲ့ ငါးပိကြော် သူ့ ကို နေ့ တိုင်းကျွေးတာပေါ့ဗျာ....။
    ဂီတကိုတော့ တန်ဘိုးထားပြီး ချစ်တယ်ဗျ..။

    ReplyDelete
  5. ဦးဂသ် လာပြီ။ ဟိုတနေ့ကတောင် ကျနော့်ကောင်မလေးကို ဦးဂင်ဂစ်တာတီးကောင်းတဲ့အကြောင်းပြောပြနေသေးတယ်။ လူတစ်ကိုယ်လုံးမှာ လက်ချောင်းလေးတွေက အလှဆုံးဆိုတဲ့အကြောင်းလဲပါတယ်။ :) :) ... ဖြစ်နိုင်ရင် တခြားစက်နဲ့ တခါတည်း join ပြီးတီးပါလား။ ပြီးမှ အပ်ပီ ၃ ပြောင်းပေါ့။ music video လုပ်ချင်တယ်ဆိုရင်လည်း ရုပ်ပဲထည့်ပေါ့။ အဲ့ဒါဆိုရင် ပိုကောင်းပြီး အရမ်းကြည့်လာမယ်ထင်တယ်။ mp3 ဆိုရင် တခြားသူတွေလည်း ဒေါင်းလော့လေး သယ်သွားလို့ရတာပေါ့။ ပြီးတော့လည်း Entertainment တစ်ခုလည်းဖြစ်တာပေါ့။

    ဟိဟိ

    အချွန်နဲ့ လာမတာ

    ReplyDelete
  6. ဦးကြီးဂင်တီးသွားတဲ့အထဲမှာ...
    ဂစ်တာကို ကိုင်တီးတဲ့ လက်ချောင်းလေးထဲက လက်စွပ်ကို ကြိုက်တယ်ဗျ.....
    ဟီးးးဟီးးး
    စတာနော်........ :P

    ပြောဖို့မေ့နေလို့ ပြန်လာပြောတာ ဟက်ဟက်..

    ReplyDelete
  7. ဟုတ်ကဲ့.... ကျွန်တော်အနေနှင့် အလွန်ကြိုက်နှစ်သက်သော ဂီတအမျိုးအစား တစ်ခု၏ တီးကွက်ကို တီးပြထားတာကို တွေ့ရသည့်အတွက် အလွန်ကြိုက်နှစ်သက်ပါတယ်။ ကျွန်တော် ဂစ်တာစတီဖြစ်ခြင်းမှာ ထို Classical ကို ချစ်မြတ်နိုးမိပြီး အတီးသင်မိခြင်းပင် ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဂီတချစ်သူဆိုတာထက် ဂစ်တာချစ်သူဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျေးဇူးပါ။ အခုလို မျှဝေတဲ့အတွက်။ နောက်လည်း မျှော်လင့်နေပါတယ်။

    ReplyDelete
  8. ဦးဂင်ကြီးရေ
    ဂီတာဝါသနာတော့ အရမ်းပါတယ်။ ဒါပေမယ့် သင်ပေး မယ့်လူမရှိလို့ သူများတီးတာကိုပဲ နားထောင်ရးတယ်လေ။ ကောင်းတယ်နော် အားပေးတယ်

    ReplyDelete
  9. ဒုတိယတပုဒ် ကတော့ Classical သမားတိုင်း သိတဲ့ Romance ပါ။

    Composer ကတော့ ဘယ်သူမှန်း မသိကြပါဘူး... အဲအချက်ကလေးက အတော် ၀မ်းနည်းစရာ ကောင်းတယ်။ ဘယ်သီချင်းစာအုပ်မှာတွေ့တွေ့ Anonymous လို့ပဲ တွေ့ရတယ်။

    နောက်တခါ ၀မ်းနည်းစရာကောင်းတာက တချို့ဆို ဒီသီချင်းကိုသာ တီးတတ်တာ ဒီသီချင်း နံမည်တောင် မသိကြပါဘူး...။

    Johann Pachelbel ရဲ့ Canon in D လေးများ တီးထားတာ ရှိရင် တင်ပေးပါဦး...။

    ReplyDelete
  10. ဦးဂင် အွန်စောကို online ကနေခဏခဏ သေခိုင်းနေတာ တော့မကောင်းဘူးနော့်
    ဟဲ...ဟဲ

    ReplyDelete
  11. ဦးဂင်ကြီး က ဂစ်တာတီးကောင်းတယ်နော်။

    ReplyDelete
  12. စပီကာ မရှိလို့ နားတော့ မထောင်ဖြစ်ဘူး။ မျက်မှန်းနဲ့ ကြည့်ရှုသုံးသပ်သွားပါတယ်။ တော်တော်ပိုင်ပိုင်နိုင်နိုင် ရတာပဲဗျာ။ လူချင်းနီးများနေလို့ကတော့ တပည့်တောင် ခံဖြစ်မလားမသိဘူး။ ဂစ်တာပညာ တစ်ခုနဲ့တင်မဟုတ်ဘူး။ အားလုံးကို သဘောကျတယ်။

    ReplyDelete
  13. ကိုဂင်ကြီး
    ခုမှရောက်ဖြစ်တယ်..
    Classical လေးကညက်လွန်းလို့ အေးချမ်းသွားတယ်။ Thanks a lot..
    အခွင့်ကြုံရင်တော့ လေ့လာဦးမယ်ဗျာ..

    ReplyDelete