လွန်ခဲ့တဲ့ (၁၄) နှစ်လောက်က ကျနော်ရယ်၊ ကိုလူဗိုလ်ရယ်၊ကိုမျိုးအောင်ရယ်၊ကိုသားငယ်နဲ့မိုးကျော်တို့ ဒေါင်းဂွင်ဘက်မှာရှိတုန်းက ကိုမွန်းအောင်ပို့ပေးလိုက်တဲ့ Blue တေးသွားတွေတီးခတ်တဲ့ စာအုပ်ထဲကမှတ်မိတဲ့သီချင်းတေးသွားလေးပါ မူလဂီတဂုရုကြီးရဲ့နံမည်ရော သီချင်းနံမည်ပါမမှတ်မိတော့ပါဘူး 12 Bars Blue လေးပါ သတိရလို့ပြန်တီးထားတာပါ။
ဆက်တီးထားတဲ့ တေးသွားကတော့ ဂီတအကျော်အမော်ကြီး Eric Clapton ရဲ့ Tears in Heaven ပါ မူလ Key နဲ့တော့မဟုတ်ပါဘူး Classical ပြန်တီးထားတာပါ။ ဒီဂီတဂုရုကြီးဟာ ဒီသီချင်းကို သူ့နှလုံးသားနဲ့ရေးဖွဲ့ထားတာလို့ ပြောပါတယ်။ ဒါ့ကြောင့်လဲကမ္ဘာကျော် တေးသွားတပုဒ် ဖြစ်လာရတာပေါ့ ကျနော်တီးထားတာ သိတ်တော့မကောင်းဘူး သီးခံပြီးနားဆင်နိုင်ကြပါစေ ပိုကောင်းအောင်တီးနိုင်ဘို့ အခုဂစ်တာပြန်တီးနေပါတယ်။
အားလုံးပဲဂီတမှာ ခံစားစီးဝင်နိုင်ကြပါစေ။
ဂင်ကြီး
တီးထားတာ ကောင်းသဗျ...
ReplyDeleteTears in Heaven က Steel Strings အစား...
Nylon Acoustic နဲ့ တီးရင်...
ပိုနားထောင်လို့ ကောင်းမယ်...
Tears in Heaven ကတော့ ၁၉၉၁ မှာ Eric Clapton ရဲ့ ၄-နှစ်သား သားကလေး Conor ဟာ New York က ကွန်ဒိုတခုမှာ ၅၃-ထပ်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့လို့...
သူ့သားလေးအတွက် သူ့နှလုံးသားက စီးထွက်လာခဲ့တဲ့ မျက်ရည်တွေပါဗျာ...
ခင်မင်လျက်
ဦးကြီးဂင်ရေ...
ReplyDeleteလက်သံလေးတွေကကောင်းသလို
လက်စွပ်လေးကို လည်း ကြိုက်ပီးရင်းကြိုက်တယ်ဗျို့.... ;P
~~~~~~~~~~~~~~~~
အားပေးနေမယ် ဦးကြီးဂင်
~~~~~~~~~~~~~~~~
ကိုအောင်သာငယ်ကြီးပြောသွားတာကြည့်ပီး အားကျလိုက်တာ
ReplyDeleteနားထောင်လို့ ကောင်းကောင်းမရဘူးလို့ပြောရင်လဲ ဦးဂင်ကြီးက စိတ်မကောင်းဖြစ်နေဦးမယ်
အထဲကမို့ ကောင်းကောင်းနားထောင်လို့မရဘူး
သို့ပေမင့် ကြားရသလောက်ကိုက ကောင်းတယ်..
လေးစားလျက်
ဂီတကိုရူးသွပ်သူ
ညီမငယ်
မှန်
This comment has been removed by the author.
ReplyDeleteကိုဂင်ရေ Blueနဲ့ Classical လေး တီးထားတာ ကောင်းတယ်ဗျာ၊ Tears in Heaven ကကျနော်အကြိုက်ဆုံးသီချင်းမို့ ကိုဂင်ကိုကျေးဇူးတင်တယ်၊ အသံလေးနဲ့လည်းလုပ်ပါအုံး၊ အားပေးနေတယ်ဗျို့။
ReplyDeleteWould you know my name ...
ReplyDeleteIf I saw you in Heaven..
Will it be the same...
If I saw you in Heaven.....
I must be strong and carry on...
Cause I know I don't belong ...
Here in Heaven......
ဒီလိုလေးတောင် သီချင်းတိုးတိုးလေးလိုက်ဆိုမိသေးတယ် ဦးဂင်ကြီးရေ..
ကောင်းတယ်... နောက်သီချင်းလေးတွေလည်းမျှော်နေမယ်နော်။
ကိုဂင်ရေ...
ReplyDeleteဂီတာကို အများကြီး မပြောနိုင်ဘူး...
ကောင်းတယ်လို့ ပြောပါရစေ...
သားကိုတောင်ခေါ်ပြပြီးနားထောင်ခိုင်းပါတယ်...။
ကိုဂင်ရေ...
ReplyDeleteဂီတာကို အများကြီး မပြောနိုင်ဘူး...
ကောင်းတယ်လို့ ပြောပါရစေ...
သားကိုတောင်ခေါ်ပြပြီးနားထောင်ခိုင်းပါတယ်...။
ကိုအောင်သာငယ်ပြောသလိုပါပဲ..
ReplyDeleteဒီ ကောင်းကင်ဘုံကမျက်ရည်စက်များ ဆိုတဲ့စာသားလေးတွေက အင်မတန်ဆွတ်ပျံ့ စရာကောင်းလွန်းလို့  နိုင်လွန်ကြိုးတပ် Acoustic နဲ့ မှ ပိုလိုက်မယ်ထင်တယ်။ (ကျွန်တော့်မှာရှိတယ်) ကိုဂင်ကြီး လက်ကွက်လေးတွေက တဆင့် တကွက်ချင်း လာ ကြည့် သင်ယူ တီးကြည့်ဦးမှထင်တယ်။
အပေါ်က ဘလူးစ်တေးသွား က Jimi Hendrix အသွားတွေနဲ့ တော့ အတော်ဆင်သလိုပဲ။ I’m not sure..