Wednesday, December 17, 2008

ချစ်သူဝတ်ပါ ဒီကဗျာ...ညိုထက် (လမ်းသစ်ဦး)

တရာဖိုး သုံးထည်
အချစ်ရယ်...
ကိုယ်ဝယ်ပေးနိုင်တာ ဒါပါပဲကွယ်။

သားကလေးကစားချင်စရာ
အရုပ်ကလေးတွေကလည်း အများသားကလား
အဲဒီအရုပ်ကလေးတွေကို
ကိုယ်လက်တွေနဲ့ တို့ထိမိလေတိုင်း
ဆူနာမီရေလှိုင်းကြီးဟာ
ကိုယ်ရဲ့ရင်လှိုင်းကြီင်္း ဖြစ်ဖြစ်သွားတယ်။

ကိုယ်ရဲဘော်ကြီးတယောက်ဆီက စာလာတယ်
တိုက်ပွဲ (၂)ရပ်တဲ့။

အခုဆို
မယ်လာဦးမှာ နေတွေပူနေရောပေါ့နော်
“သားအတွက် ချိုင်းပြတ်အင်္ကျီ (၅)စုံလောက်ဝယ်လာပေးနော်” တဲ့
မှာတော်ပုံသူ့စကား
သြော်... လွမ်းပါရစေတော့လား ချစ်သူရယ်။

ဟုမ်လုမ်
မိုက်ခရို
စီယမ် ပလာဇာ
မဲဆောက်ဈေးတန်း
သင်္ကြန်ဈေး
သောကြာဈေး။

ကိုယ့်အရက်တွေကို ဆိုဒါရောပြီး သောက်ချလိုက်တယ်အချစ်ရယ်။
မင်းကိုတော့
ဘာဆိုဘာမှ မရောဘဲသောက်ခဲ့တာပါကွယ်။

ထုတ်ချင်းခတ်ပေါက်တဲ့အထိ
ချစ်မိတဲ့ အချစ်တွေနဲ့လူပါကွယ်
ဒါပေမယ့်အချစ်ရယ်
ကိုယ်ဝယ်ပေးနိုင်တာက
တရာဖိုး သုံးထယ်။


ညိုထက် (လမ်းသစ်ဦး)

3 comments:

  1. ကဗျာလေးကောင်းတယ်ဗျာ။

    ReplyDelete
  2. ဒီကဗျာဆရာကို တကယ်လေးစားပါတယ်....။

    ကိုဂင်ကြီးအား လေးစားခင်မင်လျက်

    ညီမ
    Mirror

    ReplyDelete
  3. အဟား.. အရမ်း ကောင်းတဲ့ ကဗျာပဲ . ဦးဂင် ရယ်..
    ရင်ထဲကို ငြိသွားတယ်...

    ReplyDelete