Wednesday, December 17, 2008

ဂီတစာမျက်နှာ(၃)...ပန်းချစ်သူ

ဒီတခေါက်မှာတော့ ကျနော်တို့ အင်မတန်လေးစားခဲ့ရတဲ့ အင်မတန်ဂုဏ်ယူဘို့ကောင်းတဲ့ မြန်မာဟန်နဲ့ ကိုယ်ပိုင်ဟန် Country နဲ့ Classical တေးသွားတွေကိုဖန်တီးရာမှာ အင်မတန်တော်လှတဲ့ ဂီတဂုရုကြီး ကိုမောင်မောင်ရဲ့ ပန်းချစ်သူဆိုတဲ့တေးသွားလေးပါ။ ကျနော်တို့မြန်မာတွေမှာလဲ နိုင်ငံတကာအဆင့်မှီ ကိုယ်ပိုင်တေးသွားတွေအများကြီးရှိပါတယ်။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် Original တွေကိုသာ တခုတ်တရ အသိအမှတ်ပြုကြတာပါ။ ဒီအချက်ကတော်တော်အရေးကြီးပါတယ်။ ကျနော်တို့သူများတွေဖန်တီးထားသမျှကို လိုက်တီးတာလဲ သူ့နေရာနဲ့သူ ခံစားမျှဝေတီးခတ်ကြရပေမဲ့ ကိုယ်ပိုင်ဂီတလောက် လွတ်လွတ်လပ်လပ် ဖန်တီးလို့မရပါဘူး။ မြန်မာဂီတသမားတွေထဲမှာ စိုင်းခမ်းလိတ်၊ကိုနေဝင်း၊ကိုမောင်မောင်၊ကိုရဲလွင်၊ကိုထူးအိမ်သင် စသည်ဖြင့် လက်ရှိခေတ်မှာ ကိုယ်ပိုင်ဂီတဖန်တီးတာ အင်မတန်တော်ကြတဲ့ ပညာရှင်တွေပါဗျာ။ ဟိုအရင်ခေတ်တွေကဆို ဆရာမြို့မငြိမ်းတို့လို ကမ္ဘာဂီတကို မြန်မာ့ဟန်နဲ့ပေါင်စပ်ပြီး တီထွင်ဆန်းသစ်ခဲ့တဲ့ ဂီတဆရာသမားကြီးတွေတောင်ရှိခဲ့တာပါကလား။ မြန်မာဂီတသမားတွေ တချိန်မှာ ကိုယ်ပိုင်ဟန် ဂီတတွေနဲ့ ကမ္ဘာကိုရင်ပေါင်တန်းနိုင်ကြမှာပါ။ တခုတော့ရှိပါတယ် မတရားတဲ့ အုပ်စိုးသူလူတန်းစားရဲ့ ပွဲအလိုတော်ကြ ဘုန်းတော်ကြာင့်ဆိုသလိုမျိုး ဂီတကိုဖန်တီးနေကြမယ်ဆိုရင်တော့ အများကြီးနောက်ကြနေအုန်းမှာပါ။ ဂီတဆိုတာ တကယ်တော့ လွတ်လပ်တဲ့ အနုပညာရပ်ဝန်းကြီးမဟုတ်ပါလားခင်ဗျာ။ အလုံးကြီးထုတာ တော်ပါပြီဗျာ။တီးထားတာလေးခံစားကြပါအုံး။



ဒီသီချင်းဟာ အင်မတန်လှတဲ့ ကိုမောင်မောင်ရဲဖန်တီးမှုပါ။ လူသေသွားပေမဲ့ သူအနုပညာကကျန်နေတာပါ။ ပန်းချစ်သူဟာရုပ်ရှင်ဇာတ်ဝင်တေးပါ ကိုခင်မောင်တိုးနဲ့ မီမီဝင်းဖေတို့သီဆိုခဲကြပါတယ်။ တခြားဘယ်သူတွေဆိုခဲ့ကြသေးသလဲတော့ မသိတော့ပါဘူး။ ကျနော်တီးထားတာ Intro က ကျနော့် Mood အတိုင်းပါ Solo ကတော့ Medium Wave ကဆရာကြီးတွေတီးထားတာကို မှီငြမ်းပါတယ်ဗျာ။ သိတ်တော့မကောင်းဘူးဗျာ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်။ ကျနော်က ဝါသနာရှင်တယောက်သာ။

ဂင်ကြီး

21 comments:

  1. ကိုဂင်ရေ ပန်းချစ်သူ ဇတ်ကားက ဒီသီချင်းနဲ့ကိုတော်တော်အောင်မြင်သွားတာ၊ အခုကိုဂင်ရဲ့ ပန်းချစ်သူ လက်သံလေးကလည်းကို နားထောင်မိတော့တမျိုးလေး ဆန်းနေတယ်၊ ကြိုက်တယ်...ဗျို့။

    ReplyDelete
  2. နားထောင်သွားပါတယ်။ ပထမအကြိမ် နားထောင် ဖူးတာပါ။ သိပ်တော့ နားမလည် ပါဘူး။ အတီးကျွမ်းကျင်တာတော့ အမှန်ပါပဲ။
    အားပေးလျက်ပါ..

    http://winzaw-mdy.blogspot.com

    ReplyDelete
  3. အမှောင်ယံ ကြီးစိုးတဲ့ညရယ်...
    ဂစ်တာသံလေးက ကောင်းလိုက်တာ လိုက်ငြီးမိတယ် ဦးဂင်ကြီးရေ..
    ပုဂံညလေးကို သတိရမိတယ်..
    ဂစ်တာတီးကောင်းတယ်...
    များများ နားထောင်ချင်တယ် နက်မကောင်းလို့ ပြတ်တောင်းပြတ်တောင်းတော့ ဖြစ်တယ် ဒါပေမယ့် ပြီးအောင် နားထောင်ခဲ့တယ်..မိသားစုနဲ့ လသာညလေးတွေ ဂစ်တာတီးဖြစ်ခဲ့ရင် အသံလေးတွေနဲ့ပါ တင်ပေးပါလား

    ReplyDelete
  4. အမှောင်ယံ ကြီးစိုးတဲ့ညရယ်...
    ဂစ်တာသံလေးက ကောင်းလိုက်တာ လိုက်ငြီးမိတယ် ဦးဂင်ကြီးရေ..
    ပုဂံညလေးကို သတိရမိတယ်..
    ဂစ်တာတီးကောင်းတယ်...
    များများ နားထောင်ချင်တယ် နက်မကောင်းလို့ ပြတ်တောင်းပြတ်တောင်းတော့ ဖြစ်တယ် ဒါပေမယ့် ပြီးအောင် နားထောင်ခဲ့တယ်..မိသားစုနဲ့ လသာညလေးတွေ ဂစ်တာတီးဖြစ်ခဲ့ရင် အသံလေးတွေနဲ့ပါ တင်ပေးပါလား

    ReplyDelete
  5. သီချင်းကိုပဲ ကြားဖူးတယ်။ ကက်ဆက်ခွေခေတ်ကလေ။ ခု ကိုဂင်က တစ်မျိုးပြန်တီးထားတော့ တစ်မျိုး ခံစားရတယ်။ မြင်းထိန်းငတာလို ပိတ်တစ်အုပ် ရမှာ စိုးလို့ သိပ်မပြောရဲဘူးဗျာ...။ ကောင်းတယ်လို့ပဲ ပြောချင်တယ်...။

    ReplyDelete
  6. ဟုတ်ကဲ့.. ကျွန်တော် မြတ်နိုးခဲ့ရတဲ့ Classic ဂီတ သီချင်းလေးပါပဲ။ ကိုဂင်ကြီး တီးပြထားတာကို နားထောင်ပြီး၊ မဇ္ဇျိမ အဖွဲ့သားအားလုံးထဲက ကွယ်လွန်သွားကြတော့ ၀ိုင်းတော်သားတွေကို သတိရတယ်ဗျာ။ ဆရာခင်ဝမ်းကိုလည်း အမှတ်ရပါ့ ။

    ReplyDelete
  7. ပန်းချစ်သူဆိုတာ ...
    ကျွန်တော် သိပ်ကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ပေါ့ဗျာ။

    ReplyDelete
  8. ဦးဂင်.. အဲဒီ ဒဏ္ဍာရီ ရုပ်ရှင်ကားလေး နဲ့ ပန်းချစ်သူ သီချင်းကအရမ်းလိုက်တယ်။ ဒီရုပ်ရှင်ရုံတင်ပြီးတဲ့နောက်... ကျောင်းက သူငယ်ချင်းတွေနဲ့ ပုဂံဘုရားဖူးသွားကြတော့ လမ်းမှာ ဒီရုပ်ရှင်ထဲက သီချင်းတွေဂစ်တာတီးပြီး ဆိုသွားကြတာ။ ခုပြန်နားထောင်ရတော့ သူတို့တွေကိုတောင်သတိရသွားတယ်။

    ReplyDelete
  9. ကောင်းလိုက်တာဗျာ...
    အဲလိုပဲပြောတတ်တော့တယ်...

    ReplyDelete
  10. ကောင်းလိုက်တာ . . နုတ်လေးများ မရနိုင်ဘူးလားဟင် .. တားတားလည်း တီးချင်လို့ ... ဟိ

    ReplyDelete
  11. ကိုဂင်ကြီးဆီကသင်ယူချင်စိတ်ပေါက်လာတယ်။

    ReplyDelete
  12. ကွန်မင့်သွားကြတဲ့ မိတ်ဆွေတွေအားလုံးကို အထူးပဲလေးစားပါတယ်ခင်ဗျာ။ မတောက်တခေါက်လေးတွေတီးထားတာကို နားလည်ခံစားပေးပြတဲ့အတွက်ပါ။ အခုဂစ်တာလေးဘာလေးပြန်တီးနေတော့ နောက်ဆို ဒီထက်ကောင်းအောင်တီးလာနိုင်မှာပါ။အားလုံကိုလေးစားလျှက်ပါ။

    ReplyDelete
  13. ဂစ်တာဝယ်ချင်နေတာ အစ်ကို တီးတာကြည့်ပြီး မနေနိုင်တော့ဘူး ၀ယ်ဖြစ်တော့မယ်ထင်တယ် ...

    ReplyDelete
  14. ကောင်းတယ်ဗျာ။

    ReplyDelete
  15. ကြာတယ် ကိုဂင်ကြီးရေ.. တီးနည်းတွေပါ တစ်ခါတည်းလုပ်လိုက်တော့။
    မနေ့က ကွန်နက်ရှင်မကောင်းလို့ ဒေါင်းလုပ်ချပြီးမှ နားထောင်ရတယ်။ လက်စွမ်းတွေကို တော်တော်ကြိုက်တယ်ဗျာ။ classic တီးခတ်နည်းလေး ပြန်လည်ဝေမျှပေးပါဦး။

    ReplyDelete
  16. လာလည်သွားပါတယ်နော် ရှိပါတယ် ဒီလိုပဲ အဆင်ပြေ လား နေကောင်းတယ်ဟုတ် လာနားထောင်သွားတယ်
    လေ။

    ReplyDelete
  17. ချီးကျူးတယ်ကို ဂင်ကြီးရာ ဒါနဲ့ classical guitar နဲ့တီးကြည့်ပါလား။ ပိုကောင်းမလို့။ သိသလောက်အ ကြံပေးကြည့်တာနော်။ ဆရာလုပ်တယ်မထင်ပါနဲ့။ classical တီးတာ က ကြိုးတွေအများကြီး ပြိုင်တူဖိရတော့ Metal string မဟုတ်တဲ့ classical guitar ဆိုရင် ပိုကောင်းတယ်လို့ ကြားဖူးတာပဲ။

    ReplyDelete
  18. ကိုဂင်ရေ....
    ပန်းချစ်သူသိချင်းကတော့ အရင်ထဲကကြိုက်တယ်...
    အခုကိုဂင်တီးထားတာလဲ ကောင်းတယ်..
    ဂစ်တာတောင် သင်ချင်လာပြီိဗျာ...
    မနီးတာခက်တယ်..
    သမီးတို့ ကိုပေးနားထောင်တယ်...သမီးက အခု ဂစ်တာစသင်နေတယ်လေ..။

    ReplyDelete
  19. လန်းလိုက်တာ ဦးဂင်ကြီးရယ်၊
    ဘဝင်ကို ကျသွားတာပဲ။

    သင်ကာ

    ReplyDelete
  20. ဦးကြီးဂင်ရေ့..........
    ဒီနေ့မှ ကြည့်လို့ရလို့နောက်ကျသွားတယ်ဗျာ

    တော်တော်ကြိုက်တယ်ဗျာ.... ;)

    ReplyDelete
  21. မနေ့က ဦးဂင်ကြီးတီးထားတာတွေ လာနားထောင်ဖြစ်တယ်။ ကြိုက်တယ်။

    ဝေမျှပေးတာ ကျေးဇူးပါ။

    ReplyDelete