Friday, January 16, 2009
When the children cry- (ဂင်ကြီး)
ကျနော့်ရဲ့ ရဲဘော်ကြီး အောင်သာငယ် က When the children cry ကို တင်လိုက်တော့ ကျနော်လဲသူနဲ့ထပ်တူ ခံစားခဲ့ရတာပါ။ ဟုတ်ပါတယ် တကယ်တော့ အပြစ်မဲ့တဲ့ ခလေးတွေဟာ စစ်ပွဲတွေ၊ လူမှုရေး မတည်ငြိမ်မှုတွေ ၊ ပဋိပက္ခတွေကြားမှာ ဓားစာခံဖြစ်နေကြရတာပါ။ အခုလက်ရှိ ပါလက်စတိုင်းဒေသမှာ အပြစ်မဲ့ခလေးလေးတွေ ဗုံးဆန်၊ အမြောက်ဆံတွေကြောင့် နေ့စဉ်နဲ့အမျှသေနေကြရတာတွေ တွေ့နေရတော့ ကျနော်လဲ ကိုအောင်သာငယ်ကြီးခံစားရသလိုပါပဲ သား သမီးခြင်းစာနာမိတယ်။ ဘာကြောင့် ဒီလိုအပစ်မဲ့တဲ့ခလေးတွေ သေကြေနေကြရတာလဲ၊ ခလေးလေးတွေ ကမ္ဘာပေါ်မှ နေ့စဉ်နဲ့အမျှ အငတ်ဘေး၊သဘာဝဘေး၊စစ်ဘေးဒါဏ်တွေကြာင့် သေနေရတာကို ဒီသီချင်းလေးတီးပြီး ထပ်မံခံစားလိုက်တာပါ သီချင်းစာသားက တော့ ကိုအောင်သာငယ်ရဲ့ ဒီပိုစ် http://aungthange.blogspot.com/2009/01/when-children-cry.html မှာ သွားကြည့်လို့ရပါ တယ်။ ကျနော်က Classical တီးထားတာပါ သိတဲ့အတိုင်းပဲဗျာ ဝါသနာရှင်ဆိုတော့ သိတ်တော့မကောင်းပါဘူး နားလည်ခံစားပေး ကြပါဗျား လာရောက်နားဆင်ခံစားတဲ့မိတ်ဆွေတွေကို ချစ်ခင်လေးစားလျှက်ပါဗျာ...။
ဘာလို့ သိပ်တော့ မကောင်းဘူးလို့ ပြောတာလဲ...
ReplyDeleteဒီလောက် အရမ်း ကောင်းနေတာကို...
အဆိုလေး ထည့်လိုက်ရင် ပြီးပြီ...း)
အေးလေ............။
ReplyDeleteတော်လိုက်တာ.. တော်လိုက်တာ..
ReplyDeleteသားသားဆိုပေးမယ်လေ.. ဦးဂင်ကြီးကတီးးP
ကိုဂင်တီးထားတာလေးက ကောင်းတယ်၊ ခံစားလို့ ကောင်းတယ်၊ နောက်ဆိုအသံလေးနဲ့ပါ လုပ်ကြည့်ပါလား
ReplyDeleteကိုဂင်ကြီးလက်သံပြောင်တယ်ဗျာ..တကယ်ကောင်းတာ
ReplyDeleteခင်မင်လျက်
ဂစ်တာသံ လေး လာနားထောင်သွားတယ်... ဦးဂင်ရေ....
ReplyDeleteအသံမပါတော့... ဘာလိုနေမှန်း မသိ.. :P
တီးတာကတော့ ရှယ်ပဲ
ခံစားသွားတယ်ဗျ။ နဂိုဓာတ်ခံရှိတဲ့သူဆို မျက်ရည်ကျနိုင်တယ်ဗျာ။ စစ်ပွဲရဲ့ ဓားစာခံကလေးတွေ သနားပါတယ်ဗျာ။
ReplyDeleteဦးဂင်. .. ဂစ်တာတီးသင်ပေးပါဗျို့!!!!
ReplyDeleteွှဒေါက်..ဒေါက် ...ဒေါက် ..ဗျို့ ဦးဂင်ကြီး...သူ့ကလေး တိုက်ပေါ်က ပြုတ်ကျလို့ သေသွားတာအတွက် စပ်ဆိုထားတဲ့ အဲလ်ရစ် ကလက်(ဖ်)တန်ရဲ့ Tear from Heaven ပြန်နားထောင်ချင်တယ်ဗျို့....
ReplyDeleteExcellence !
ReplyDeleteလက်ရာလေး နားထောင်သွားတယ်
ReplyDeleteဟုတ်တယ်။ နောက်တခါဆိုရင် အဆိုပါ ထည့်ပေတော့။
အကိုရေ အတီးလေးကိုတော့ ကြိုက်တယ်ဗျာ ကျနော်က ဘာမှ တီးတတ်ဘူးဗျ
ReplyDeleteဒါလေးလဲ လိုချင်တယ်ဗျာ နော ပို့ပေးဗျာ
ReplyDeleteဟုတ်တယ် ကိုဝင်ကြိးရေ ကလေးတွေဟာ
တကယ်တော့ မြေဇာပင်လေးတွေပါ ဒါပေမဲ့ဗျာ
..............................................
ဒါတွေတွေးမိရင် ခံစား၇တယ်ဗျာ လူမဆန်တဲ့
လူတွေ ရှိနေသမျှ သူတို့လေးတွေ ဒီဘ၀မကျွတ်
ဘူးဗျာ။