Wednesday, February 11, 2009

ပြုံးစရာလေး...(ဂင်ကြီး)

စာရေးမယ်..ရေးမယ်နဲ့ မရေးဖြစ်တာအတော်လေးကြာသွားတယ်ဗျာ မိတ်ဆွေတွေကို တောင်းပန်ပါရစေ ကမ္ဘာ့ငွေကြေးအကြပ်အတည်းက ကျနော့်ကိုလည်းရိုက်ခတ်သွားလို့ပါဗျာ။ အလုပ်အကိုင်မရှိတော့ တောက်တိုမယ်ရတွေလုပ်နေရတာ ပိုတောင်အလုပ်ရှုပ်နေသေးသဗျာ
မဟေသီက အလုပ်ရှိနေသေးတော့ တော်သေးတာပေါ့ဗျာ။ သမီးလေးတွေနဲ့ပိုအချိန် ပေးဖြစ်တယ်ဗျာ သူတို့နဲ့နေ အိမ်အလုပ်လေးလုပ်၊ ဂစ်တာလေးတီး၊ စာလေးဖတ် ခလေးတွေအိမ်စာဝိုင်းလုပ်ပေး တော်တော်လေးလက်မလည်ပါဘူးဗျို့ အရေးဆိုပျက်နေတတ် တဲ့ ကျနော်စီးတော်ယာဉ်ကြီးကလဲ ဒုက္ခပေးလိုက်တာ ၂ရက်လောက် ကားမရှိတော့ သွား စရာလာစရာတွေတောင် မသွားရပြန်ဘူး ပိုက်ဆံနည်းနည်းကုန်တော့မှ့ သွားခွင့်ပြုတယ် ဗျာ ကားဆိုးသခင် မောင်မောင်ဂင်ပေါ့ဗျာ ထားလိုက်ပါတော့လေ..။
အခုနည်းနည်းရေးခြင်တာလေးကတော့ ကျနော်ကြားဘူးခဲ့တဲ့ ပြုံးစရာလေးပေါ့ဗျာ လူဆိုတာ အကြပ်အတည်းတွေကိုရင်ဆိုင်တဲ့အခါ စိတ်ညစ်စရာနဲ့ချည်းတော့မဖြစ်ဘူးလေဗျာ အနည်းဆုံး တွေးပြီးပြုံးတတ်တဲ့အနေအထားလေးတွေတော့ ရှိရမှာပေါ့ စိတ်ထိုင်ညစ် နေရုံနဲ့တော့ အလားကားပေါ့ ဟုတ်ဘူးလား..။
ဒီလိုဗျို့ တခါကရွာတရွာမှာ ဦးမြကြီးဆိုတာရှိသတဲ့ လူလတ်ပိုင်းလောက်ပဲရှိပါသေးတယ်၊ သူ့မှာ သူအလွန်မြတ်နိုးတဲ့ သူ့ရဲ့ ဇနီးချော မလှဆိုတာရှိသတဲ့ မိဘတွေပေးစားထားတာဗျ တောသူတောင်သားသဘာဝပေါ့ဗျာ ဦးလှကြီးကလယ်ယာလုပ်၊ ငွေရှာ၊ ဒေါ်လှက အိမ် ထောင်မှုထိမ်း၊ ချက်ရေးပြုတ်ရေးတာဝန်ယူ၊ သားသမီးတွေကိုရင်အုပ်မကွာ ထိမ်းသိမ်းစောင့် လျှောက် ဦးမြကြီးက သူ့မိန်းမကို အလှလို့ခေါ်သဗျ ဒေါ်လှကတော့ဗျာ တောသူတွေသဘာ ဝအတိုင်းခေါ်သဗျ (ကမြ) ကိုမြလို့ခေါ်တယ်ဗျ။ ဦးမြကြီးက အနုပညာပိုးရှိတယ်ဗျ တခါတခါ မယ်ဒိုလင်တီးပြီး သီချင်းလေးဘားလေးဆိုတတ်တယ် စာတိုပေစလေးလဲဖတ်တယ်။ ဆိုတော့ ဗျာ သူ့မှာအနုပညာပိုးရှိနေတယ်လေ ဒီတော့ဗျာ တခါတလေ နူနူးညံညံ ခံစားတတ်တာ လေးတွေရှိတာပေါ့လေ..။
တရက်သား လယ်တောကအပြန် ရွာထိပ်ကရေကန်နားရောက်တော့ အပျိုလူပျို ချိန်းတွေ့ နေတာတွေ့သတဲ့ အမှတ်တမဲ့မို့ သူလဲ အသာလေးချောင်းကြည့်မိတာပေါ့ဗျာ ဦးမြတွေ့တာ လေ လားလား….ကောင်မလေးက ကောင်လေးကိုချွှဲနေတာတဲ့ဗျို့ သမီးရည်းစားသဘာဝ ပေါ့ဗျာ (အတွေးတွေလဲချော်မသွားကြပါနဲ့အုံး) တွတ်တီးတွတ်တာလေးတွေ ပြောနေကြ တာပေါ့ဗျာ ခနကြည့်ပြီး ဆက်မကြည့်တော့ပါဘူး အိမ်ပြန်လာခဲ့တယ်ဆိုပါတော့ လမ်း လျှောက်ရင်းနဲ့ လူ့သဘာဝပေါ့ဗျာ အော် (အလှ)ငါ့ကို တခါမှဒီလိုမချွှဲဘူးဖူး……… အေးလေ ဦးမြကြီးတို့က မိဘကပေးစားတာဆိုတော့ ဒီလိုသမီးရည်းစားဘဝမှာတွေ့တတ်တဲ့ တွတ်တီး တွတ်တာလေးတွေ မကြုံခဲ့ရဘူးပေါ့လေ ဒေါ်လှကလဲ အရိုးကြီးမလား တွတ်တီးတွတ်တာ ပြောလေ့မရှိဘူးတဲ့ မယားဝတ္တရားတော့ကြေသဗျို့။
အိမ်ပြန်ရောက်ရင် မိန်းမကိုချွှဲခိုင်ရင်ကောင်းမလားလို့ ဦးမြကြီးတွေးမိတာပေါ့ ဇနီးမယား ကချွှဲနွဲ့ပြောတာလေး ဆိုတာ…တွေးရင်းတွေးရင်းသူဖာသာတယောက်တည်းတောင်ပြုံးမိတယ်တဲ့ဗျ ဒါနဲ့အိမ်ရောက်ရောဆိုပါတော့ဗျာ “အလှရေ လာပါအုံးဟ” “ဘာလဲတော့ကမြ” “တော့်ဟာကလဲ တကတည်းတော်” ပြောရင်းဒေါ်လှအနားရောက်လာတော့ “အလှနင်ငါ့ ကိုချွှဲကြည့်ပါလားဟ” “အယ်တော်ကျုပ်မလုပ်တတ်ပါဘူး” “နင်နဲ့ငါပေါင်းလာတာ ၁၅ နှစ်ရှိပြီ နင်တခါမှ ငါ့ကို ချွှဲပြောတာကြုံဘူးပေါင်ဗျာ” ဦးမြကြီးဒီလိုတခါမှမပြောဘူးတာရယ် သူ့မျက် နှာအကဲခတ်လိုက်တော့လဲ ဝမ်းနည်းသလိုလိုဘာလိုလိုလေးဆိုတော့ ဒေါ်လှတွေးမိသ တဲ့…အော် ငါ့ယောင်္ကျားသနားပါတယ်လို့…..“ကျုပ်ကဘယ်လိုချွှဲရမှာလဲတော်” လို့ဆိုတော့ ဦးမြကြီးမျက်နှာပြုံးရောင်သန်းလာပြီး “ချွှဲတတ်သလိုသာချွှဲပေါ့ဟ” လို့ဆိုသတဲ့ ဒါနဲ့ပဲဒေါ်လှတယောက် အင်း..ရွာနောက်ပိုင်းမတုတ် မုန့်ဟင်းခါးတောင်မစားရတာ ကြာပါပေါ့လားလို့ တွေးမိရင်း…“ဟွန့် မတုတ်မုန်ဟင်းခါးစားချင်တယ်”လို့ ပြောလိုက် ..အဲ့လေ ချွှဲလိုက်သတဲ့ ဒါပေမဲ့ တခါမှဒီလိုမပြောဘူးတော့ စကားလုံးတွေသာထွက် လာပြီးပြောပုံက တောင့်တောင့်ကြီး အသက်မပါဘူးပေါ့ဗျာ ဒီမှာတင် ဦးမြကြီးမျက်ထောက် ကြီးနီလာပြီး “ဒီမိန်းမ နင့်ဟာကချွှဲတာမှမဟုတ်တာ အဲ့ဒါ ငတ်တာဟဲ့ ငတ်တာ” လို့ပြော သတဲ့ဗျာ…..။

ဂင်ကြီး

18 comments:

  1. ဦးဂင်ကြီးရဲ့ ဟာသကိုဖတ်ပြီးတအားရီရတယ်ဗျို့ ။
    ဦးဂင်ကြီးအလုပ်ကောင်းကောင်းရပြီးအဆင်မြန်မြန်ပြေပါစေ
    မိသားစုအားလုံးချမ်းမြေ့ပါစေ။

    ReplyDelete
  2. တချို့က ချစ်ပေမဲ့ မချွဲတတ်ဖူး အစ်ကို ရဲ့..
    တစ်ချို့ ကျတော့ လဲ..
    ချွဲတာလောက်လေး ထမင်းစာ ရေသောက်
    ပက်ကျိလေးတွေလို....
    ဘာလဲ..
    အစ်ကို့ မိန်းမ အစ်ကို့  ဘာတွေ ညာခိုင်းနေလို့ လဲ..း)
    အစ်ကို Houseband ဖြစ်နေတုန်း....း).....

    ReplyDelete
  3. အစ်ကို ရေ..
    အခွင့်အရေး ရတုန်း..
    ကောင်းကောင်း အနား ယူ လိုက်ပေါ့...း)...
    အပေါ်က မမ ပြောသလို..
    Houseband လုပ်နေလိုက်လေ...
    ဒီအခွင့်အရေး မျိုး က ရခဲ တယ် နော်...း)
    သမီးတွေ ကတော့ အဖေ့ ကို ပိုကပ်တော့မှာ ပဲ...

    ReplyDelete
  4. စားချင်လို့ ချွဲတာကို ဦးဂင်ကလဲ..

    ReplyDelete
  5. အရမ်းရီရ တယ်ဗျာ..။ကောင်လေး ရဲ့ ချစ်သူ အဲလို ချွဲတဲ့ အခါကျ ရင် ကောင်းကောင်ကြီး ပြန်ပြောလို့ရပြီ..။ဟဲ ဟဲ

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. ဦးဂင်

    အလုပ်အသစ် ကောင်းကောင်းလေး အမြန်ဆုံး ရှာဖွေ ရရှိပြီး အဆင်ပြေပါစေ။

    ပြုံးစရာလေးကို ဖတ်ပြီး ပြုံးစိစိ နဲ့ ရီ(ရည်)မိပါရဲ့ 
    ဗျာ...။

    ReplyDelete
  8. ဟား..ဟား..ဟား ရေးလည်းရေးတတ်တဲ့ ဦးဂင်
    သတိထားအမရေ... အမကိုချွဲခိုင်းတော့မယ်ထင်တယ်။
    (အလုပ်အမြန်အဆင်ပြေပါစေ)

    ReplyDelete
  9. အလုပ်အကိုင်တွေအဆင်ပြေပါစေဗျာ။

    ReplyDelete
  10. ကိုဂင် အလုပ်မရှိတော့ အိမ်အလုပ်တွေနဲ့ ပိုပင်ပန်းနေတယ်မဟုတ်လား၊ ယောကျာင်္းဆိုတာက ဘယ်တော့မှမကြီးတဲ့ ကလေးတွေဆိုတော့လည်း မိန်းမရဲ့ အယုအယ၊ အပြုအစုနဲ့ အဲဒီလိုချွဲတာလေးတွေကို သာယာနေတတ်ကြတာဖြစ်လို့ ဦးမြကြီးလည်း အချွဲခံချင်ရှာမှာပေါ့လေ။ ဦးမြကြီးမိန်းမလည်း ဦးမြကြီးကို ချွဲတတ်လာနိုင်ပါစေ၊ ကိုဂင်လည်း အလုပ်အဆင်ပြေပါစေဗျာ။

    ReplyDelete
  11. သိပြီ...သိပြီ...
    အလုပ်နားရက်လေးမှာ.....
    ငါတို့  ကိုဂင်က အချွဲခံချင်နေတာကိုးးးးးးး
    မချိုရေ...
    ချွဲပစ်လိုက်စမ်း....
    အကြော်နဲ့ တစ်ပွဲ...း)

    ReplyDelete
  12. ကဂင်....ရေ!

    အိမ်လွမ်းသူ ချွဲကြည့်မယ်နော် ....ဟမ်းမား စီးချင်တယ် ဟမ်းဘီး စီးချင်တယ်...
    အဟိ... ရယ်ရတယ်ဗျို့

    ReplyDelete
  13. ရက်စက်တက်တဲ့လူကြီးပဲ
    ချွဲတာကိုပဲ ဖြစ်နေလိုက်တာ

    ReplyDelete
  14. ဟဟဟ ရီရတယ် ။
    ချွဲတတ်သလိုချွဲတာလေ။
    အစ်ကိုတို့မိသားစု ပျော်ရွှင်ကြပါစေ။

    ReplyDelete
  15. ပျော်ရွှင်ဖွယ်ဟာသလေးပါ။

    ReplyDelete
  16. အလုပ်အကိုင် အဆင်ပြေပါစေ ဦးဂင်ရေ
    ဦးဂင်လဲ ကြည့်ရတာ အချွှဲ ခံချင်လို့ ရေးတာ မဟုတ်လားး)

    ReplyDelete
  17. ဟီး.. ရယ်ရတယ်ဗျ။
    စားချင်လို့ ဟာပဲဟာကို လို့ ပြောရမှာ။ :P

    ReplyDelete
  18. အားရပါးရရယ်သွားတယ် :) :D :P

    ReplyDelete