Tuesday, March 3, 2009

မော်ကွန်းများ


စနေရဲ့ကျောကုန်းပေါ် ပစ်တင်ထားတဲ့ ကဗျာကိုပဲ
လွမ်းနေမိတော့တယ်...။

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်တောင်
ဒီတိုင်းပြည်က ဘ၀တွေရဲ့ တိုက်ပွဲဟာ
တိုက်ပွဲပူ...။

ဂုဏ်ယူစရာချည်းပဲ...။

ပြောရဦးမယ်
ရှင်ကြီးဂေါတမလည်း ဖြစ်ဖို့အတွက် ဖြတ်ခဲ့ရတာပဲ....။

အရှိအတိုင်းပါပဲ
ဖြတ်သူတွေရှိမယ်
ရပ်သူတွေရှိမယ်...။

ဘ၀တခုလုံးအတွက်
ဂုဏ်သိက္ခာသရဖူ ပြန်တိုက်ယူရမယ့်ကိစ္စမှာ
စဉ်းစားကြည့်စမ်းပါ
ဘယ်ဟာတွေ အလကားရဖူးသလဲ...။

သင်္ခါရဓမ္မကို သိတယ်
ရှင်ကြီးဂေါတမသာ
ဒုက္ကရ စရိယာကျင့်တုန်း
ငါအရေးနိမ့်နေပြီလို့ တွေးခဲ့မိရင် …။

တံခါးကို ခေါက်လော့ ပွင့်လိမ့်မည်
သမ္မာကျမ်းစာကဆိုတယ်
ဂျေးဇက်ဟာ
တဦးချင်းသေပေမယ်
တပွဲလုံးနိုင်ခဲ့တယ်....။

တကယ်အဖြစ်အပျက်ပါပဲ
လမ်းမလျောက်သူ ဘယ်ကိုမှမရောက်ဘူး....။

ညိုထက် (လမ်းသစ်ဦး)

7 comments:

  1. ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး...
    ကဗျာေးလး..တင်ပေးတာ ..ကျေးဇူးပါ..ရှင်

    ReplyDelete
  2. လမ်းမလျှောက်ရင် ဘယ်ကိုမှ မရောက်တာမှန်တယ်နော်
    ဒါပေမယ့် လမ်းမလျှောက်ပဲ ရောက်တဲ့ခေတ် ရောက်နေပီနော်။ ( အဟီးဟီး ) ယုံဘူးလား
    www.နတ်ပြည်ဒေါ့ကွန်းဆိုရင် နတ်ပြည်ရောက်နိုင်ပီလေ

    ReplyDelete
  3. ကောင်းပါသည်း)

    ReplyDelete
  4. အားလျော့နေသူများအတွက်.. လမ်းပျောက်နေသူများအတွက်..
    လမ်းဆုံမှာရပ်နေသူများအတွက်...
    သတိပေးတဲ့ကဗျာလေးတခုပါ..
    လမ်းမလျှောက်ရင် ဘယ်ကိုမှမရောက်ဘူး...

    မျှဝေတာ ကျေးဇူးတင်ပါတယ်.. ဦးဂင်ကြီးရေ..။

    ReplyDelete
  5. ကိုဂင်ကြီးတင်လိုက်တဲ့ကဗျာဟာအင်မတန်မှလေးနက်တယ်
    ကံ ဆိုတာ အလုပ် လို့ နားလည်ထားတဲ့ကျမ လည်း ကံ ကောင်းဖို့ အလုပ်ကောင်းတွေ လေ့လာပြီးလုပ်နေ
    တယ် ဒါ့ကြောင့် ဆန္ဒနဲ့ တစ်ထပ်တည်းကျလို့  လမ်းလည် မှာ မရွေ့ရပ်နေတဲ့သူတွေကို ရှောင်ကွင်း
    သွားကြည့်မယ် မရရင် ၀င်ကိုတိုက်ပြစ်မှာ --ဒါကြောင့်
    ရည်ရွယ်ရာလမ်း ကို ဆက်လျောက်ကြမယ် --

    ReplyDelete
  6. ဟုတ်လိုက်လေဗျာ...
    မလျောက်လို့ မရောက်တာပဲရှိမယ်
    လျောက်နေလို့ကတော့ တစ်ချိန်ချိန်မှာ တစ်နေရာရာကိုရောက်မှာ အမှန်ပဲ...

    ReplyDelete
  7. စာရေးတာရော ကဗျာရေးရော ကောင်းလွန်းလှပါတယ် ကိုညိုထက် (လမ်းသစ်ဦး) ရေ။ မျှဝေပေးတဲ့ ဆရာဂင်ကိုလည်း ကျေးဇူးပါ၊ လင်မယားနှစ်ယောက် ကဗျာတွေအပြိုင်တင်နေကြတယ်။ မအိမ်လွမ်းသူက လောကီကို စိတ်ကုန်လို့ မေသီလရှင်ဝတ်တော့မယ်ဆို။ ဟဲ...ဟဲ နောက်တာနော်။

    ReplyDelete