Tuesday, March 10, 2009

ဂီတစာမျက်နှာ...more than words

ဒီတခါ ကျနော်သိတ်ကြိုက်တဲ့သီချင်းတပုဒ်ဖြစ်တဲ့ more than words ဆိုတဲ့သီချင်းကို finger picking ပုံစံလေးတီးထားတာပါ Nano Bettercourt တီးထားပြီး Cary Cherone ဆိုထားတဲ့ Extreme ရောခ်ဂီတဝိုင်းရဲ့ အောင်မြင်လှတဲ့သီချင်းလေးပါ။ မြန်မာပြည်မှာ ကိုမြင့်မိုးအောင်ရေးပြီး ကိုထူးအိမ်သင်က စကားလုံးမရှိတဲ့ကောင်းကင် ဆိုတဲ့သီချင်းခေါင်းစဉ်နဲ့ ပြန်ဆိုထားပါတယ် တခြားအဆိုတော်တချို့လဲပြန်ဆိုကြပါသေးတယ်။ တီးထားတာတော့ သာမန်ပါပဲ စိတ်တိုင်းမကျသေးပါဘူး ဒါပေမဲ့တင်ချင်လို့တင်လိုက်တာပါ။ မိတ်ဆွေတွေကို တင်ဆက်ချင်တဲ့ဆန္ဒနဲ့ပါဗျာ....။



နောက်တခေါက်ထပ်တီးထားတာပါ။

9 comments:

  1. အစ်ကို က တယောက်ထဲ ဖီလင်တွေနဲ့ တီးနေတာကိုး..
    သမီး တယောက် ၀င်ဆို ခိုင်းလိုက်ရင် ပို မြိုင် သွားမှာ ကို..း)...

    ReplyDelete
  2. မြတ်စွာဘုရား..အစ်ကိုရေ..ဒီတစ်ခါတော့ နားထောင်လို့
    ရသွားပါကော...ဘယ်တုန်းကမှ အထဲကနေ..ဒါမျိုးတွေကြည့်လို့မရဖူးဘူး...း)

    တီးတတ်လိုက်တာ..သူများတွေများ...။
    ညီမတို့တော လက်တွေပဲနာတယ်...ဖြစ်ဖြစ်မြောက်မြောက်လဲမတတ်ခဲ့ပါဘူး..။

    လေးစားခင်မင်လျက်

    ReplyDelete
  3. ဂင်ဂင်တို့ကတော့ အနှစ်တွေလုပ်ချလိုက်ပြန်ပြီ၊ ဒီတီးလုံးသံစဉ်ကြားရာတော့ ငှက်ကြီးကို လွမ်းဆွတ်မိတယ်၊ ကြိုက်တယ်... အားပေးနေတယ်ဗျို့...။

    ReplyDelete
  4. ဦးဂင်...ဒီသီချင်းလေးဟာ အောင်မြင်တဲ့အချိန်က အတော်လေးလူကြိုက်များခဲ့တဲ့သီချင်းလေးပဲ...
    ခု..ဦးဂင် ပြန်တီးထားတော့လည်း နားထောင်ကောင်းတာပဲ။
    နောက်တခါ အဆိုလေးနဲ့တင်ပါဦး...

    ReplyDelete
  5. ဒီအသံတွေကြားရတော့ မီးပုံနဲ့ ညတွေကို လွမ်းမိပါတယ်။

    ReplyDelete
  6. အဆိုလေးပါ ထည့်လိုက် ပြီးရောဗျာ... လက်စနဲ့...း)

    ReplyDelete
  7. အကိုရေ...ကောင်းတယ်ဗျာ...ကျနော်လည်း ဒီသီချင်းကို
    သိပ်ကြိုက်တာဗျ...အဆိုလေးပါတွဲလိုက်ရင် ပိုကောင်းသွားမှာဗျ...သီချင်းတောင်လာဆိုလိုက်ချင်တာ.ဟီး

    ReplyDelete
  8. ကိုထွန်းထွန်းရေ
    များများလုပ်ပါဗျာ ကြိုက်တယ်

    ReplyDelete
  9. ကိုဂင်ကတော့ လွမ်းအောင် လုပ်ပြီဗျာ ....

    ReplyDelete