Friday, July 17, 2009

အနီကဒ်.....။ (ယဉ်ထွန်း)

လမ်းအသစ်ဖောက်ရတာ ပင်ပန်းလားဗျ
ပင်ပန်းတာပေါ့ဗျာ
ဆူးညှောင့်ခလုပ်ကအစ အိုအစအဆုံး
မပင်ပန်းရှိမလား...။

ဖောက်ပြီးသားလမ်းမှာ လျှောက်ရတာရော
ပင်ပန်းတာပါပဲဗျာ
ခွန်အားသုံးရ နေပူပူမိုးရွာရွာ
ပင်ပန်းတာပါပဲဗျို့...။

ကဲကိုယ့်လူရေ လှည်းယာဉ်ကလေးနဲ့ရောဗျာ
အင်းလေဗျာ
ညောင်းညာသလိုပဲဗျ
တော်..တော် ကိုယ့်လူ
လှည်းပေါ်ကကန်ချမခံချင်ရင် မြန်မြန်သာဆင်း...။

ယဉ်ထွန်း

5 comments:

  1. ဒီလိုလူမျိုးက ငပျင်းဗျ... ဘာမှ မစိုက်ထုတ်ချင်တဲ့လူဗျ ဒီလိုလူမျိုးကို လက်တွဲဖြုတ်ရမယ်ဗျ...
    ကိုဇော်

    ReplyDelete
  2. ကဗျာကောင်းတပုဒ်ပါပဲအကိုရေ
    ကြိုက်တယ်ဗျာ.....ဒီလိုကဗျာမျိုးတွေဖတ်ချင်နေတာဗျ

    ReplyDelete
  3. :D တစ်ချို့ဘ၀တွေကအဲလို ကံကောင်းကြတယ်နော်...

    ReplyDelete