Monday, July 20, 2009

မမေ့ထက်နိုင်တဲ့ အာဇာနည်နေ့...။







(၆၂)နှစ်မြောက် အာဇာနည်နေ့အခန်းအနားကို အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းမြို့မှာ ဒီက နေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခန်းအနားကို အော်ရီဂွန်ပြည်နယ်မြန်မာ့ ဒီမိုကရေစီရေးလှုပ် ရှားမှုကော်မတီနဲ့ အာဇာနည်နေ့ကို အလေးထားတန်ဘိုးထားကြတဲ့ တိုင်းရင်းသားညီအကိုများ စုပေါင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့အခန်းအနားမှာ အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော်ထွန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အဖိုးဦးအုံးတင်၊ အာဇာနည်ဆိုတဲ့အ ကြောင်းကိုရဲဘော်သန်းဝင်း (မကဒတ ရဲဘော်ဟောင်း)၊ မျိုးဆက်သစ်များရဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အမြင်ကိုရဲဘော်ပါပေါင်း (ဇိုမီးအမျိုးသားကွန်ဂရက်)၊ အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ဂုဏ်ပြုကဗျာကို ရဲဘော်လှစိုး(မကဒတရဲဘော်ဟောင်း) တို့မှ အသီးသီးပြောကြား၊ရွတ်ဖတ်သွားကြပါတယ်။
ဆက်လက်ပြီး ခရစ်ယန်ဘာသာနဲ့အစ္စလမ်ဘာသာတို့မှ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူး ဆု တောင်းမေတ္တာပို့သကြပြီး သီရိမင်္ဂလာကျောင်းဆရာတော်မှ အာဇာနည် ခေါင်းဆောင်ကြီးများနဲ့ပတ်သက်တဲ့ ဩဝါဒစကားနဲ့ ရေစက်ချတရားတော်ဟောကြားခြင်း တို့ကိုပြုလုပ်ပေးပါတယ် ဆက်လက်ပြီး ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လျှူဒါန်းကြပြီး အခန်းအနားကို တက်ရောက်လာသော မြန်မာနိုင်ငံသား(၁၀၀)ကျော်ကိုလဲ နေ့လည်စာထမင်းနဲ့ တည်ခင်းဧည့်ခံခဲ့ကြပါတယ်။
ဒီအခန်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကို ကိုထွန်းထွန်းမှရှင်းပြရာမှာ “ဒီကနေ့ တိုင်းပြည်အာဏာ ကို မတရားရယူထားတဲ့ နအဖစစ်အုပ်စုဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ သမိုင်းတွေကို ဖျောက် ဖျက်ဘို့ စနစ်တကျကျိုးပမ်းနေတဲ့အချိန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တန်ဘိုး နဲ့သမိုင်းကို ရောက်တဲ့အရပ်မှာဖေါ်ထုတ်ရမှာက မြန်မာနိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်လို့ ဒီအခန်းအနားကို စီစဉ်ကျင်းပရတာပါ” လို့ပြောကြားသွား ပါတယ်။

3 comments:

  1. ဟုတ်ပါတယ် .. ယနေ့တိုင်းပြီကို မတရားအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေဟာ အာဇာနည်နေ့ကို ဖျောက်ဖျက်နေကြတာပါ ... သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းကြတဲ့ အော်ရီဂွန်က ရဲဘော်များကို လေးစားရပါတယ်.. ဆက်လုပ်ကြပါ..
    ကိုဇော်

    ReplyDelete
  2. အကို .. လွယ်အိပ် ထဲ ဂျင်ဂလိတွေ ပါလား..း)

    ReplyDelete
  3. အော်ရိဂွန်ကရဲဘော်တွေရဲ့ ညီညွတ်မူနဲ့ လှုပ်ရှားမူတွေအတွက် လေးစားဂုဏ်ယူပါတယ်။

    ReplyDelete