Sunday, September 27, 2009

အော်ရီဂွန်က ဒီမိုကရေစီရေးလှုပ်ရှားမှု

စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ အော်ရီဂွန်ပြည်နယ်မှ ရွှေဝါရောင်တော်လှန်ရေး (၂)နှစ်မြောက်နှင့် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိလွတ် မြောက်ရေးအတွက် စက်တင်ဘာလ(၂၇)ရက်နေ့က အော်ရီဂွန်ပြည်နယ်မှာ စုပေါင်းကျင်းပ ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ အော်ရီဂွန်ပြည်နယ်ရောက် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆင်နွှဲလှုပ်ရှား ခဲ့ကြပြီး Burma Action Committee မှ မစ်္စ တာရာ BABC မှ မစ္စတာအီရမ် နှင့်အခြားသေား အမေရီကန်မိတ်ဆွေများပါ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် တို့အပါအဝင် နိုင်ငံရေးအကျည်းသားများ လုံးဝလွတ်မြောက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီစံနစ်ပေါ်ပေါက်ရေးအတွက် တောင်းဆိုချက်များ၊ကြွေးကြော်သံများနှင့် တောင်းဆိုဆန္ဒဖေါ်ထုတ်ခဲ့ကြသလို လာရောက်အားပေးတဲ့ နိုင်ငံတကာမိတ်ဆွေများကိုလဲ မြန်မာ့အရေးကို ရှင်းလင်ပြောဆိုခဲ့ကြပါတယ်။
နံနက်(၁၁) နာရီမှနေ့လည်(၁)နာရီအထိ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များမှ တက်ကြွစွာ ဒီမိုကရေစီရေးအတွက် လှုပ်ရှားလာတာကို ဒီကနေ့လှုပ်ရှားမှုမှာတွေခဲ့ကြရပြီး လှုပ်ရှားမှုကို နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။

2 comments:

  1. ဦးဂင်ကြီး ဓာတ်ပုံလာကြည့်သွားပါတယ်။
    မစမ်းစမ်းမော်က ကျမသူငယ်ချင်းပါ။
    ပိတိဖြစ်မိပါတယ်။

    ReplyDelete
  2. U Sinrinda from Thirimingalar Buddhist temple didn't join the (2) anniversary of 2007 Shwewaryaung, even he is a member of Sasana Moli.


    Oregon Thar

    ReplyDelete