ကျောင်းသားတယောက် ထောင်ထဲမှာဆုံးရှာပြီတဲ့
ရင်ကိုခွင်းတဲ့သတင်း
အမယ်မင်းဖြစ်မှဖြစ်ရလေကွယ်..
သေတဲ့အထိတိုက်တဲ့ရဲဘော်
အကသ တဲ့
အခုတော့မင်းဟာ
အကုန်လုံးအတွက် အသက်ပေးသွားပါလားကွယ်။
ယုံကြည်ချက်ကြောင့် အသက်ပေးသွားကြတာ
ရဲဘော် ဂျပန်ကြီး(ကျော်မျိုးသန့်)
ရဲဘော်ကြည်ဆန်း
ရဲဘော်ဆန်းလင်းအောင်
ရဲဘော်ဝင်းကျော်
ရဲဘော်သက်ဝင်းအောင်
စတဲ့စတဲ့ ကျောင်းသားတွေ..။
သူတို့ယုံကြည်တာ
စေ့စပ်ရေးကြေအေးရေးမဟုတ်
အညံခံရေးမဟုတ်
တိုက်ပွဲဝင်ရေး
စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး…။
အာဇာနည်တွေလေ
ပေးခဲတဲ့အသက်
ရေးခဲ့တဲ့သမိုင်း
ခတ်ရိုင်းရိုင်းပြောရရင်
၂၀၁၀ ရွေးကောက်ပွဲ သွားရည်ကျသူများ
ဖောက်ပြန်ရေးသမားများ
ခေါင်းပေါင်းစလွှင့်သူများ
သတိသာထားဗျာ
ရင်းခဲ့ရတာ အသက်တွေ
ဖောက်ပြန်ကြလေမယ်မကြံလေနဲ့
အာဇာနည် ထောင်သောင်းရဲ့
ဝိညာဉ် အပေါင်း စုရုန်းလို့
တောထုတ်တဲ့ပွဲသဘင်မှာ
အိုဘယ့်..
ရှက်ဖွယ်လိလိကြုံကြရမယ်ကွယ်ရို့…။
ထွဏ်းထွဏ်း (လူ့ဘောင်သစ်)
(ကိုသက်ဝင်းအောင်ကျဆုံးခြင်း (၃) နှစ်ပြည့် အမှတ်တရ)
ကိုသက်ဝင်းအောင်ကို ဤနေရာကနေ အလေးပြုလိုက် ပါတယ်ဗျာ... ဖောက်ပြန်ရေး သမားတွေကိုတော့ တလူလူလွှင့် နေတဲ့ သူတို့ရဲ့  ခေါင်းပေါင်းစနဲ့ အတူ ခေါင်းတွေကို တခါတည်း ဖြတ်ပစ်မယ်လို့ ဒီနေရာကနေ သတိပေးလိုက်ပါတယ်ဗျာ ...
ReplyDeleteအစ်ကိုသက်ဝင်းအောင် မြင့်မြတ်တဲ့ ဘုံဘ၀မှာ ငြိမ်းချမ်းပါစေ စွန့်သွားတဲ့ အာဇာနည်ကို ဦးညွတ်ပါတယ်
ReplyDeleteဦးညွတ်လိုက်ပါတယ်ခင်ဗျာ.......
ReplyDeleteခေါင်းပေါင်းစ..ထောင်ချင်သူတွေကတော့...
အရှက်မရှိ..သရက်စိဆိုသလိုပါပဲ..အများကြီးပဲဗျို့...
ကဗျာက ကောင်းပြီး အဓိပ္ပါယ်ရှိလှပါတယ် အကိုကြီး။
ReplyDeleteကိုဂင်ကြီးရေ.
ReplyDeleteလာဖတ်သွားပါတယ်ဗျို့
Harrah's Cherokee Casino & Hotel - Mapyro
ReplyDeleteHarrah's 춘천 출장안마 Cherokee Casino & 창원 출장샵 Hotel 청주 출장샵 · 777 Casino Drive Cherokee, NC 28719 · Visit Website · 광명 출장마사지 Find Directions · Map · 777 Casino Drive. 화성 출장안마 All reviews