ဂီတမှာ ကိုယ်ပိုင်တီထွင်ဆန်းသစ်နိုင်မှုက သိတ်အရေးကြီးပါတယ်။ ၁၉၉၇ ခုနှစ်လောက်ကလို့ထင်တာပါပဲ ဂျပန်မှာလုပ်တဲ့ Asian Music Festival မှာ ပြန်မာပြည်က လေးဖြူနဲ့ Iron Cross သွားရောက်ဖျော်ဖြေခွင့်ရပါတယ်။ အဲ့ဒီမှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂီတပညာရှင် ထူးအိမ်သင်ရဲ့ ဧရာဝတီ ကိုဆိုခဲ့ရပါတယ်။ အင်မတန်လေးနက်တဲ့စာသားတွေနဲ့ ဖန်တီးထားတာပါ မြန်မာတွေဟာတကယ်ဖန်တီးရင် ကမ္ဘာ့အဆင်မှီအောင်လုပ်နိုင်ပါတယ် ရုတ်ဝတ္ထုပစ္စည်းချို့တဲ့လို့သာပါ။ ညံဖြင်းတဲ့အုပ်စိုးသူတွေကြောင့်လဲပါတယ်။ ဒါပေမဲ့တနေ့မှာဧရာဝတီဟာရှင်သန်နိုးထလာပြီး ရာဇဝင်သစ်တွေကို ရေးဖွဲ့ပါလိမ့်အုံးမယ်။

