
လာမဲ့ ဧပြီလ(၁၁)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်ရောက် မြန်မာလူ ငယ်တွေရဲ့ ရိုးရာအတာသင်္ကြန် ဖိတ်စာပါ။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို ရောက်နေ ကြသော်လည်း မြန်မာ့ ရိုးရာယဉ်ကျေးမှုကိုတော့ တခုတ်တရ တမ်းတမိကြတာပါ။ မိဘတွေ နဲ့အတူ အမေရိကားကိုရောက်လာကြတဲ့ ခလေးတွေ၊လူငယ်တွေကိုလဲ ရိုးရာသင်္ကြန်ရဲ့ အစဉ် အလာတွေကို ဆက်လက်လက်ဆင့်ကမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်သင်္ကြန်မဏ္ဍပ်ကို မွေးဖွားလိုက်ကြတယ် ဆိုပါတော့။ ဖိတ်စာမှာပါတဲ့ ပန်းချီလေးကိုတော့ ကျနော်တို့ရဲ့ရဲဘော်ကြီး ပန်းချီသစ်နက်ဆူး ဘလော်ဂါ ဆူးပြတိုက် က နော်ဝေနိုင်ငံကနေ မေတ္တာနဲ့ရေးဆွဲပေးလိုက်တာပါ အထူးလဲကျေးဇူးတင်ရပါတယ်။

ဖိတ်စာမရကြပေမဲ့ ရပ်နီး၊ ရပ်ဝေးမှ မိတ်ဆွေတွေကိုလဲ မျှဝေလိုက်ပါတယ် မုဒိတာပွားနိုင်ကြ ပါစေ လာရောက်ဆင်နွှဲဘို့ကိုလဲ အားလုံးကိုဖိတ်ခေါ်ပါရစေ။ မြန်မာ့ရိုးရာအစားအစာ၊ ရိုးရာ သံချပ်၊ မြန်မာ့သမီးပျိုလေးတွေရဲ့ မြန်မာ့အက၊ တေးဂီတအစီအစဉ် စသည့်စသည်ဖြင့် တင်ဆက်၊ဆင်နွှဲကြမှာဖြစ်တဲ့အကြောင်း သတင်းပါးလိုက်ရပါတယ်။
အဆင်ပြေရင် လာမယ်ဗျ...
ReplyDeleteအကိုရေ
ReplyDeleteလာတော့လာချင်သား
ဝေးလွန်းလို့...း)
သမီးတွေ ကမှာလား..?
အတာရေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။
ReplyDeleteဂင်ဂင်လည်းအော်ရီဂွန်ကကိုး၊ အောရီဂွန်က ဘလော့ဂ်ဂင်းတဲ့လူတွေအများသား၊ သင်္ကြန်ပွဲ ကျင်းပမယ်ဆိုလို့ ၀မ်းသာတယ်ဂင်ဂင်ရေ၊ မြန်မာတွေအတွက် သင်္ကြန်ဆိုတာ မရှိမဖြစ် ပါဘဲ၊ သင်္ကြန်ရောက်တော့မယ်ဆို သင်္ကြန်ပိုးက တားမနိုင်ဆီးမရပါပြီကော၊ ပျော်ရွှင်စွာ ဆင်နွဲနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ဂင်ဂင်ရေ။
ReplyDeleteလာတော့လာလည်ချင်သားဗျာ...စိတ်ပဲအားပြီးလူမအားတော့ ခက်တယ်
ReplyDeleteလာချင်တယ် လာကြိုပေးလေ အစ်ကိုကြီး =)
ReplyDeleteကိုဂင်ကြီးရော မျိုးဆက်သစ်တွေနဲ့ အတူ ၀င်နွှဲဖို့အစီအစဉ် မရှိဘူးလား ..... ရှိတယ်ဆိုရင် နောက်ပိုင်းဘလော့ဂ်မှာ video ရိုက်ထားပြီး ပြန်တင်ပေးပါဦး ..... လာချင်ရင်အနီးလေးဆိုပေမဲ့ .... လာနိုင်ဖို့မလွယ်ဘူး အကိုရေ ............. ။
ReplyDeleteသတိရနေပါတယ် ဗျာ
ReplyDeleteကော်နက်က သေနေတော့ မလာ ဖြစ်နိုင် ဘူး
သင်္ကြန် ကျရင် လာ ခဲ့မယ်