Thursday, April 2, 2009

conficker worm တဝက်မိသွားခြင်း (ဂင်ကြီး)


ဒီရက်ပိုင်း conficker worm တကမ္ဘာလုံးမှာရှိတဲ့ ကွန်ပြူတာတွေကို နှောက်ယှက်တော့မယ် ဆိုတော့ ထုံးစံအတိုင်းအလုပ်များနေတာပေါ့ဗျာ ဝဘ်ဆိုက်တွေသွား စာတွေလိုက်ဖတ် မြန်မာ ဘလော့တွေသွားစာတွေဖတ် မသိသေးတဲ့သူငယ်ချင်းတွေသတိပေး အလုပ်တွေများသားက လား။ မိတ်ဆွေဘလော်ဂါတွေလဲ ရေးကြပါတယ်ဗျာ ကိုအောင်သာငယ် နောက် ညီမမပန် စသည်စသည်ဖြင့်ပေါ့ဗျာ ရေးကြ၊ သတိတွေပေးကြပါတယ်။ နောက်ကိုယ့်ကွန်ပြူတာမှာ လဲလုပ်စရာရှိတာလုပ် သတင်းတွေထဲမှာလဲလိုက်ဖတ် အလုပ်များသားကလား။

နောက်ပြီးတော့ ဒီနှစ်သင်္ကြန်အတွက် ဖျော်ဖြေရေးတာဝန်ကလဲရှိနေတော့ သီချင်းတွေ ရှာရတယ်လေ ဆိုမဲ့ခလေးတွေက သူတို့ဆိုချင်တဲ့သီချင်းခေါင်းစဉ်ပဲ ပြောလိုက်ကြတာလေ ကိုယ်ကနုတ်တွေရှာရတယ် ရှာတော့လဲ ဝဘ်ဆိုက်တွေက သီချင်းလိုက်နားထောင် ပြီးရင်ပြန်ရေး Lead Guitarist ကအလုပ်ဆင်းနေရတော့ ကျနော်ကပဲ (အလုပ်မရှိအကိုင်မရှိ) လုပ်နေရတာပေါ့လေ ဝါသနာလေးကလဲပါတာကိုး ဒီတော့ ကွန်ပြူတာတခုခုဖြစ်သွားရင် အခက်ပေါ့လေ တချို့နုတ်တွေက ကွန်ပြူတာထဲသိမ်းထားတာမလား ဒီတော့ print out လုပ် တယ်လေ။ ဖြစ်ခြင်တော့ printer ကဒုက္ခပေး ပြင်တယ်..ပြင်တယ်..ပြင်တယ် ကောင်းသွား တော့မှင်ကကုန်ပြန် ဟူး…မခက်ဘူးလားဗျာ IT ခေတ်ရဲ့ ဒုက္ခတွေလို့ဆိုရမလား၊ လွဲချော် မှုတွေလို့ဆိုရမလား၊ ကိုယ်ပဲအသုံးမကျတာလား မပြောတတ်တော့ပါဘူးဗျာ။

နောက်တော့ ကောင်းသွားရောဆိုပါတော့ဗျာ လုပ်စရာတွေလဲလုပ်ပြီးပြီဆိုတော့ ထုံးစံအတိုင်း မိတ်ဆွေဘလော်ဂါတွေဆီ အလည်ထွက်တာပေါ့ဗျာ မဟေသီကလည်းအလုပ်သွားဘို့ ပြင် နေတာပေါ့ “သမီးတွေကျောင်းကပြန်လာတော့မယ်” ဟုတ်ပြီ..ဟုတ်ပြီ ခလေးကြိုရတော့ မယ်လေ ခနနေသူတို့အမေလိုက်ပို့ရအုံးမှာ..စိတ်ထဲကတွေးပြီး လုပ်စရာလေးတွေသာတန်း စီနေတာ လူက စင်္ကာပူရောက်နေတာလေ ဘလော့တွေမှာလည်နေလို့ရှိရင် တခါတလေ ဖြတ် ရခက်တာ အခက်သားဗျ သူတို့ရေးတာလေးဖတ် ကွန်မင့်မပေးဖြစ်ရင်တောင် စီဘောက်မှာ အော်ခဲ့ရမှာမလား ကိုယ်ပြောခြင်တာလေးပေါ့လေ။ ဒီတော့မြန်မြန်လေးဖတ်နေတာပေါ့လေ ကျနော်ဖတ်နေတာက ညီမ မပန်ဒိုရာရေးထားတဲ့ ပိုစ်အသစ်လေး conficker worm အ ကြောင်းကစတာလေးလေ ဖတ်လက်စတဝက်လောက်လဲရောက်ရော စီဘောက်မှာပါနှုတ် ဆက်ဘို့စာလေး အသင့်ရေးလိုက်တော့တာပေါ့ တော်ကြာသွားစရာလေးတွေရှိနေတာကိုး ညီမမပန်ကလဲ သေသေချာချာလေးရေးထားတာကလား (ညီမမပန်ရေ မျှဝေတာကျေးဇူးပါ ပေါ့ အကိုတို့လဲကြည့်ရအုံးမယ်ပေါ့) အဲ့ဒီလိုလေးရေးထားလိုက်တယ်လေ။


သူရေးထားတာလေးကလဲ အလည်လောက်အထိ တော်တော်အချက်အလက်လေးတွေ ကောင်းတာကိုး “ခလေးတွေလာတော့မယ်” အော်ဖတ်ကောင်းနေတုန်း “ဂျောင်း” ဟိုက်သွားပြီ enter ခေါက်လိုက်မိပြီ ဒီမှာဟသူရေးထားတာ သူ့ကွန်ပြူတာမှာပြသာနာတက်လို့တဲ့ ဒါပေမဲ့အကောင်ဖြူဖြူလေးတွေ့တယ်လို့ ရေးထားလို့လေ “အော်ဒီလူတော့လေ April fools ရောက်ပြီလေ မေ့နေပြီလား” အယ်ဟုတ်ပါရဲ့ မေ့နေလိုက်တာ “ဖြစ်ရမယ်တခုခုဆို အလွန်အကျွှံ” မဟေသီမျက်စောင်း..မှတ်ကရော မေ့နေဦး။ ကမန်းကတန်းပြီးအောင်ဆက် ဖတ်လိုက်သေးတာ ပြီးတော့ smiles ပုံလေးတွေထဲက ခေါင်းရှုပ်နေတဲ့ပုံလေး မြန်မြန်ထပ်ပေးလိုက်တယ် ခတ်သုတ်သုတ်လေး ကျောင်းကားဆီပြေးပေါ့လေ ပြန်ရောက် တော့ မဟေသီကစောင့်နေပြီ သူ့အလုပ်လိုက်ပို့ပေးရင်း လမ်းမှာပြောဖြစ်သေးတယ် မဟေ သီဘာပြောတယ်မှတ်သလဲ “အိမ်ပြန်ရောက်ရင် ကွန်ပြူတာမှာ အကောင်ရှာကြည့်အုံး” တဲ့ တယ် ဒီမိန်းမ “ငါအခု April fools တဝက်မိထားတာ နင်လုပ်မှ အပြည့်မိသွားအုံးမယ်” “ပြီးအောင်ဖတ်ပီးမှ စီဘောက်မှာရေးပေါ့” “ငါက နင်လှမ်းအော်နေလို့ အရင်ရေးထားတာ April fools မှန်းသိရင် နောက် လိုတာဆက်ရေးတာပေါ့ဟ” မဟေသီပို့ပြီးပြန်လာတော့ လမ်းမှာ တယောက်တည်းပြုံးမိတယ်လေ ငါတဝက်တော့မိသွားတာပါကလားပေါ့လေ ရေးလဲရေးတတ် တဲ့ပန်ဒိုရာ ဟင်း..ဟင်း..ဟင်း ပေါ့လေ သူစာရေးကောင်းတာ (အကောင်လေး) ရောက်မှပဲ ကြပ်မှန်းသိတော့တာလေ အိမ်ပြန်ရောက်တော့ သမီးတွေက ကွန်ပြူတာမှာဆော့နေကြပြီ ဒီကြားထဲဖုန်းကလာရော အဖေ medical appointment အော်ဟုတ်ပါရဲ့ ဒါနဲ့ခလေးတွေပါ ခေါ် အပြင်ပြန်ထွက်ပေါ့လေ။

အိမ်လဲပြန်ရောက်ရော မိုးတောင်ချုပ်နေပေါ့လေ နောက်ခလေးတွေအတွက် စားစရာလေးဘာ လေးလုပ် အဖေ့ကိုဆရာဝန်ပေးလာတဲ့ ဆေးတွေအကြောင်းရှင်းပြ ရေမိုးချိုး နောက်ထမင်းစား ခလေးအိမ်စာစစ်ပေး နောက်ခလေးတွေအိပ်တော့ ကိုယ်လဲငိုက်လာရော။ နောက်နေ့လဲ ရောက်ရော စီဘောက်မှာညီမမပန်ဒိုရာ လာစသွားပါရောလားဗျာ (ဦးဂင်ကြီး အကောင် သေးသေးလေး တွေ့လားတဲ့) မဟေသီကရီတယ်လေ စိတ်ထဲကတော့တွေးမိတယ်လေ April fools တပိုင်းတစမိသွားပါလားလို့ ဘယ်လိုပဲမိမိလေ ကိုယ်ကအလုပ်များနေတာမလား ဟုတ်သေးပါဘူး အဆုံးအထိမဖတ်သေးပဲ စီဘောက်မှာရေးထားတာကြောင့်လား ဒါလဲမဟုတ်ဘူးဗျ ဟင်းဟင်း ပန်ဒိုရာတော့လား နောက်နှစ်ကြရင်တွေ့မယ်ပေါ့။ အော်တယ်လဲချစ်စရာကောင်းတဲ့ ဘလော့ ယဉ်ကျေးမှုလေးပါလား တယောက်နဲ့တယောက် အခုလိုကြပ်ကြ အပြုသဘော ဝေဘန်ကြ တယောက်မသိတာတယောက်မျှဝေကြ ဘာပဲပြောပြော ညီမမပန်ရေ ဒီနှစ်တော့ အကိုတဝက်မိသွားတာအမှန်ပဲဟေ့….ဟေးးးးးးး)။

8 comments:

  1. ဟီးဟီး... ဒီနေ့တနေ့လုံး ရုံးမှာ ပင်ပန်းလာတာ ဦးဂင်ကြီးစာကို ဖတ်မှ ရယ်ရတော့တယ်...
    သဘောကောင်းတဲ့လူတွေကို နောက်ရတာ ပျော်စရာတယ်ကောင်းတာကိုး.. :D
    နောက်နှစ်ခါမှ ဦးအောင် ပြန်နောက်.. :D

    ReplyDelete
  2. ဦးဂင်ကြီး..ခံလိုက်ရတယ်ပေါ့-
    အဲဒီ ကောင်မလေး က..အဲလိုပဲ ..သိပ်ဆိုးတယ်။း)

    ReplyDelete
  3. http://i654.photobucket.com/albums/uu266/Co2mls/lolz.gif

    ReplyDelete
  4. ကိုဂင်...
    ကျနော်က အပြည့်ထိတာဗျ...။

    ReplyDelete
  5. ဟား... ဆရာတွေကလည်း... လက်ပ်တော့မို့လို့ပေါ့.. ကျနော့် desktop ကြီးမှာဆို Worm ရော Mouse ရော ရှိသဗျ....း))))

    ReplyDelete
  6. အဟား ဦးဂင်ကြီး အောက်မှာ အောက်မှာ အကောင်သေးသေးလေတွေ အယ် သွားပြီ ဒုက္ခ ကိုက်တော့မှာပဲ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete