Saturday, April 11, 2009

အော်ရီဂန်ပြည်နယ်မှ မြန်မာ့သင်္ကြန်

မြန်မာသက္ကရာဇ် ၁၃၇၁ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲအော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့တွင်ကျင်းပတဲ့ ရိုးရာသင်္ကြန်ပွဲပါ။ ဒီပွဲကို မြန်မာ့ရိုးရာယဉ်ကျေးမှုဆန်စွာ သင်္ကြန် သံချပ်၊မြန်မာ့သမီးပျိုလေးများ ရဲ့ယိမ်းအက၊သင်္ကြန်သီချင်းများ၊ခေတ်ပေါ်တေးဂီတ စသည့် ဖြင့်တင်ဆက်သွားးကြပါတယ်။ လာရောက်အားပေး သူမြန်မာနိုင်ငံသား၊ မိတ်ဆွေအမေရိကန် များနှင့် အသီးသီးသောပရိသတ်များအား မြန်မာ့ရိုးရာအစားအစာမျိုးစုံလင်စွာဖြင့် တည့်ခင်း ဧည်ခံခဲ့ကြသလို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ သက်ကြီးပူဇော်ပွဲကိုလဲ ကျင်းပခဲ့ကြပါတယ်။



သက်ကြီးရွယ်ကြီးများကို ကြွရောက်လာကြသော ပရိတ်သတ်များမှ ကန်တော့ကြပြီး သမီိးငယ်လေးများက ပူဇော်ပစ္စည်းများကို လှူဒါန်းနေကြစဉ်


သမီိးငယ်လေးများက သင်္ကြန်ယိမ်းအကနှင့် ဖျော်ဖြေနေကြစဉ်


အဆိုနှင့်အက တွဲဖက်ဖျော်ဖြေနေကြစဉ်


ပေါ့လန်းလှပျိုဖြူလေးများ၏ သင်္ကြန်ယိမ်းအက


မန်းတောင်ရိပ်ခိုသီချင်းနှင့် ပရိတ်သတ်အားလုံး ပျော်ရွှင်စွာ အဆုံးသတ်ကြစဉ်


နောက်ရက်တွေမှာ ဗွီဒီယိုသတင်းတွေကို ဆက်တင်ပြသွားပါမယ်။

3 comments:

  1. အော်ရီဂန်သင်္ကြန်လာလည်သွားပါတယ် .... ကိုဂင်ကြီးရေ

    ReplyDelete
  2. ပျော်စရာကြီးဗျာ...း)

    ReplyDelete
  3. ကိုဂင် အော်ရီဂင် သင်္ကြန်လာလည်သွားတယ်ဗျာ။ ပျော်ရွှင်ဖွယ် နှစ်သစ်ပါ။

    ReplyDelete