Monday, May 4, 2009

အတောင်မဲ့..ငှက်တကောင်




ငါ့ရင်ထဲရှိခဲ့ဘူးတဲ့ မြို့ပျက်ကြီးအကြောင်း
အလင်းတန်းတခုနဲ့..
အတောင်မရှိတဲ့ ငှက်တကောင်အကြောင်း
ရာသီပျက်သွားတဲ့ ဈေးကွက်တခု
ပါးပါးကလေးတွေ့ရတဲ့ ဖြစ်တည်မှု
ရင်ခွင်တခု ခိုးလိုးခုလုဖြစ်ခဲ့ဘူးတယ်…။

စောင်းကြိုးတွေ တင်းနေတာကို
ညင်းညင်သာသာ မတီးတတ်ပါလား
ပဋိပက္ခတရားကို ဒွိဟပွားစေတာလား
ရှိသမျှအမှားကို ကလိပြ…ပြနေတာလား
အိုဘယ် သူယောင်မရေ
မင်းဖန်ဆင်းလို့ အသစ်ဖြစ်ရင်တောင်
ကမ္ဘာကြီးမှာ တယ်မလွယ်ဘူးကွဲ့…။

အပင်သန်တိုင်း မျိုးစေ့မှန်မတဲ့လား
မျိုးပွားပုံတူတွေ ကမ္ဘာပေါ်မှာရှိနေတာလေ..
ငယ်ငယ်တုန်းက ချိုမိုင်မိုင်ကခဲ့တိုင်း
ပန်တျာသည် ဖြစ်မလာဘူးကွဲ့
ချစ်ခြင်း၊မုန်းခြင်းသည် ရာဇဝင်မဖြစ်
ရောမမြို့ပျက်ကြီိးသာ…။

အမှားတွေကို မျိုမျိုချနေသလောက်
ဝမ်းတလုံးကောင်း ခေါင်းမခဲတာကလား
ကဗျာဆရာသည် နှလုံးသားကိုဖောက်ထွင်းတတ်သတဲ့
အသစ်မဟုတ်ပေမဲ့ မဟောင်းသေးတာကတော့
နေရောင်မမြင်ရတဲ့အရပ်မှာ လူသားတွေကြာရှည်မနေဘူးဆိုတာပါပဲ…။

ယဉ်ထွန်း

4 comments:

  1. read thwar par tal.. :)

    ReplyDelete
  2. ဒါဆိုရင် ဒီငှက်က ခွပ်ဒေါင်းမဟုတ်တဲ့
    ငှက်မရှိတဲ့တောထဲက လဒဖြစ်မယ်ထင်တယ်.ကိုဂင်ရေ

    ReplyDelete
  3. ဦဂင်ကြီးရေ..........
    လည်လည်လာသွားတယ်နော်
    ကဗျာဖတ်ပြီးးးးးမန့် မလို့ ဟာ
    ကိုဆောင်းယွန်းလပြေားတာနဲ့ 
    တူတူပဲဖြစ်နေလို့ 

    ReplyDelete
  4. ကဗျာလာဖတ်တယ်ဗျာ။

    ReplyDelete