Wednesday, June 10, 2009

The Most Evolved (ဂင်ကြီး)

အခုတလော အလုပ်လေးတွေများနေတာနဲ့ နောက်ပြီး လူကလဲဖျားလိုက်သေးတော့ အသစ် လေးတွေမတင်ဖြစ်တာကြာသွားတော့တာလေ အခုနလံထလာတာနဲ့ ဂစ်တာကောက်ကိုင် လိုက်မိတော့တာပါပဲ မတီးဖြစ်တာတောင်ရက်အနည်းငယ်ရှိနေပြီ ဒါနဲ့ ကျနော်ကြိုက်တဲ့ Flamenco တေးသွားလေးတပုဒ် တီးဖြစ်ပါတယ်။ မူလတီးထားတဲ့ပညာရှင်ကတော့ Spanish Guitarist တဦးဖြစ်တဲ့ John H, Clarke ပါ။ သီချင်းအမည်ကတော့ The Most Evolved လို့ခေါ်တဲ့ သီချင်လေးပါ။ သူတီးထားတာကြည့်ပြီးကတည်းက ကြိုက်နှစ်သက်မိတယ်ဗျာ ကျနော်တို့မြန်မာ သီချင်းလေးတွေနဲ့တော့ ပုံစံကွဲနေပါလိမ့်မယ်။ ဒါပေမဲ့သေသေချာချာ နားထောင်လေ ကျနော်တော့ ပိုကြိုက်လာလေဖြစ်လို့ မိတ်ဆွေတွေအတွက် တီးတင်လိုက်တာပါ နားဆင်ကြပါအုံးလို့ပြောပါရစေတော့ဗျာ။ လိုအပ်ချက်လေးတွေလည်းရှိနိုင်ပါတယ်နော်။

5 comments:

  1. နားထောင်နေကြ ပုံစံမျိုးတွေထဲက ကွဲထွက်နေတဲ့ ဂီတသံစဉ်မျိုး ဖြစ်နေပေမယ့် သံစဉ် အတက်အကျတွေက နားထောင်သူရင်ကို ဆွဲခါလှုပ်ရမ်းစေတာတော့အမှန်ဘဲ၊ ကြိုက်တယ် ဂင်ဂင်ရေ ....ဆက်လုပ်၊

    ReplyDelete
  2. တော်တော်လေးကောင်းတယ်ကိုကြီးရေ..။ နားထောင်သူကို အပြီးထိအောင်ဆွဲခေါ်သွားနိုင်တယ်..။ ဆက်လုပ်ဗျို့ ....အားပေးနေမယ်...။

    ReplyDelete
  3. ကောင်းတယ်ဗျ... အကလေးပါ မြင်ယောင်လာတယ်...

    ဒီသီချင်းလည်း သွားကြည့်ကြည့်ပါဦး
    Spanish စစ်စစ်ပဲ...
    http://www.youtube.com/watch?v=MQ9PRzIyzFA
    ကျနော်တော့ တော်တော်ကြိုက်တယ်
    backing ကနောက်တယောက်တီးတယ်

    ReplyDelete
  4.ွှအကိုရေ
    နားထောင်ကောင်းလိုက်တာ
    ဂစ်တာတလက်ထဲနဲ့ ဒီလောက် နားဝင်ချိုအောင်
    တီးတတ်တာ
    (ကိုယ်တိုင်မတီးတတ်တော့) အရမ်းတော်တာပဲ
    လို့ ပြောမယ်နော်..း)
    တကယ်နားထောင်ကောင်းတာပါ
    တီးပြတာ ကျေးဇူးပါ

    သမီးတွေရော နေကောင်းကြလား

    ဘလော့ပေါ် တင်ပေးပါအုံး ..း)

    အားလုံး အဆင်ပြေပါစေ..

    ခင်မင်စွာနဲ့..

    ReplyDelete