Thursday, June 18, 2009

Spanish Romance...(ဂင်ကြီး)

တခါကတီးပြီးတင်ဘူးတဲ့ Classical သမားတိုင်းတီးလေ့ရှိတဲ့ Romance တေးသွားလေးပါ။ ဒီတေးသွားလေးကို Spanish ဂစ်တာသမားတွေက Flamenco စတိုင်နဲ့ တီးထားတာလေး တွေရှိပါတယ်။ ကျနော်လည်းလောလောဆယ်မှာ Flamenco တွေတီးဖြစ်နေတော့ Spanish Romance ကိုတီးလိုက်ပါတယ်။ Classical နဲကတော့ကွဲပါတယ်။ သူတို့တီးတာလဲ သူ့ပုံစံနဲ့သူ ကောင်းနေတာပါပဲ ရုတ်တရက်ကြည့်လိုက်ရင် Classical နဲ့သိတ်မကွဲသလိုထင်ရပေမဲ့ သေသေချာချာနားထောင်ရင် တမူကွဲပြားတဲ့ Flamenco ပုံစံကို သတိထားမိလာပါလိမ့်မယ်ဗျာ။ တေးရေးဆရာမသိရတဲ့ တကယ်ဂန္ဓဝင်တေးသွားတပုဒ်ပါ နားဆင်ခံစားကြပါအုံး။

5 comments:

  1. ကောင်းတယ်ဗျာ...
    classical နဲ့ သိသိသာသာ ကွဲပါတယ်။ flamenco က strumming တွေများတယ်။ ပြီးတော့ Dorian mode က ပိုများတယ်။ Descending တွေ ပိုများတယ်လေ။

    ReplyDelete
  2. နည်းပညာတွေအကြောင်းတော့
    နားမလည်ဘူး အကို
    နားထောင်ကောင်းတာပဲ သိပါတယ်..း)

    ReplyDelete
  3. ဦးဂင်ကြီး
    သင်ပေးလေ တီးတတ်ချင်တယ်
    သင်ပေးမလား ဒါနဲ့ သမီးလေးတွေ
    ရော တတ်လားဟင် သိချင်တယ်
    တ့ာတာ
    အဆင်ပြေပါစေရှင်
    ခင်တဲ့
    မြူးလေး

    ReplyDelete
  4. ကိုဂင်..
    ကောင်းတယ်ဗျာ...အကိုတို့ တီးတာနားထောင်ရင်း ဂစ်တာတီးတတ်ချင်လာတယ်ဗျ...
    အခုမှဘဲ လိုက်လည်နိုင်တော့တယ်..။း)

    ReplyDelete
  5. နီးရင် ဂီတာအတီးသင်ခိုင်းတယ်ဗျာ၊ သင်တော့သင်ဘူးတယ်၊ ဟိုမရောက် ဒီမေ၇ာက်နဲ့ဘဲ.... ဟီး...ဟီး.....

    ReplyDelete