Friday, September 4, 2009

ငါဆိုတဲ့တေး

ငါဆိုတဲ့တေး

ငါအိပ်မပျော်တဲ့အခါ
ဝိုင်တခွက်သောက်လို့ရတယ်။
ပြီးတော့ ကျိန်စာသင့်မနေတဲ့
ဂစ်တာတလုံးနဲ့ တညလုံးနေလို့ရတယ်။

ငါဗိုက်ဆာတဲ့အခါ
ထမင်းအဝစားလို့ရတယ်။
ပြီးတော့ လေ့ကျင့်မှုပြည့်နေတဲ့
ကားတစီးကို စီးလို့ တနေကုန်အလုပ်လုပ်လို့ရတယ်။

ရဲဘော်ရေ မင်းအိပ်မပျော်တဲ့အခါ
ပြီးတော့ ကျိန်စာသင့်နေတဲ့နံရံကို
လက်သီးနဲ့ထိုးနေရမှာပေါ့
နောက် …မင်းနှလုံးသားမှာ
ဒါဏ်ရာတွေနဲ့ကခုန်နေမှာပါလေ။

ရဲဘော်ရေ မင်းဗိုက်ဆာနေတဲ့အခါ
ထမင်းကျန်လေးမှရှိရဲ့လား
ဟာတာတာဖြစ်နေတဲ့ မင်းဝမ်းငြိမ်းအောင်
ခံယူချက်တွေပဲ မျိုချရမှာပေါ့နော်။

စိတ်ချပါ ရဲဘော်ရေ
ရေမြေခြားနေပေမဲ့
ရဲဘော်ကိုဂုဏ်ယူတမ်းတနေတဲ့
ငါ့နှလုံးသားမှာလေ
မင်းကိုတမ်းတရင်း…

အလွမ်းသီချင်းတွေ ငါဆိုနေမှာဟုတ်ဘူး...။

ယဉ်ထွန်း

2 comments:

  1. ကိုယဉ်ကဗျာတွေက ထိရှိလေးနက်လွန်းတယ်၊ ရင်ထဲထိကို စူးနစ်ဝင်စေတဲ့ကဗျာတွေပါဘဲ၊ အမြဲမျှဝေပေးနေတဲ့ ကိုဂင်ကိုလည်း ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. သိပ်ကောင်းတဲ့ ကဗျာပါပဲ။

    ReplyDelete