Thursday, January 22, 2009

ဂီတချစ်သူများအတွက်...ဂီတ အိမ်လွမ်းသူ (ဂင်ကြီး)

ကျနော့်ဝါသနာကိုယ်က ဂီတကို ဝါသနာထုံလေတော့ ဘလော့လုပ်တဲ့အခါမှာလဲ တခါတလေ ကိုယ်တီးနေကြ Classical သီချင်းလေးတွေ တီးပြီး တင်ပါတယ် ဝါသနာတူတွေ ရောင်းရင်း တွေ ဂီတချစ်သူတွေ ခံစားနိုင်အောင်ပါ။ ကျနော်မှာရှိတဲ့ Acoustic Guitar လေးတွေနဲ့ တီးပြီး ဘာစက်အကူအညီမှမပါပဲ ရှိတဲ့ ကင်မရာလေးနဲ့ ရိုက်တင်နေတာပါပဲဗျာ။
ဒါပေမဲ့ မိတ်ဆွေတွေက အသံလေးနဲ့ပါ တင်ပါလို့ပြောလာကြတယ်လေ။ ခက်တာက ကျနော် က ဂစ်တာနည်နည်းတီးတတ်တော့ သီချင်းလည်း ဂီတနဲ့ အံဝင်ရုံလောက်တော့ ဆိုတတ် ပါတယ် ခက်တာက အသံကမကောင်းပါဘူး၊ပစ္စည်းကမပြည့်စုံပါဘူး ဒီကြားထဲကပဲ ကိုအောင် သာငယ်၊ မပန်ဒိုရာ၊ ကမာနီလာ၊ နော်မန်၊ ယောနသံဇင်ယော်၊ စသည့်စသည်ဖြင့် မိတ်ဆွေ တွေကပြောလို့ အိမ်လွမ်းသူဆိုတဲ့သီချင်းလေးကို ဆိုတင်လိုက်တယ် ဘာအသံဖမ်းစက်မှမပါပဲ(ရှိလဲမရှိပါဘူး) တင်လိုက်ပါတယ်။
ညီမ မဆုမွန်ကလဲတောင်းထားတာ သူ့ညီမလေးတွေနဲ့ ဆိုပေးပါဆိုတော့ ကျနော့်သမီး နှစ်ယောက်ရဲ့ Harmonica လေးတွေနဲ့ဆိုဖြစ်ပါတယ်ဗျာ မဟေသီက ဗွီဒီယို ရိုက်ပေးတယ် True live လေးပေါ့ဗျာ ကော်ပီသီချင်းလေးပါ ကိုဝိုင်ဝိုင်းဆိုထားတာပါ။ မူရင်းသီချင်းလေးက ကြားဘူးနေပေမဲ့ သီချင်းနံမည် မမှတ်မိတော့ပါဘူး ကိုအောင်သာငယ်ကြီးကတော့ သိလောက် ပါတယ် သူကစေစပ်တဲ့သူကိုး မိတ်ဆွေတွေ နားလည်ခံစားနိုင်ကြပါစေ။




26 comments:

ATN January 22, 2009 at 5:13 AM  

အတော့်ကို အားကျ ဖို့ကောင်းတဲ့
ပျော်ရွှင် ကြည်နူးစရာကောင်းတဲ့ မိသားစုလေးပါပဲဗျာ...
သူငယ်ချင်းတွေ တောင်းဆိုတာကို လိုက်လျောဖြည့်ဆည်းပေးတဲ့ ကိုဂင်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ...

နောက်တပုဒ်ကို မဟေသီနဲ့ပါ တွဲပြီး ဆိုပေးဖို့
Request ထပ်လုပ်ပါတယ်...း)
သမီးတို့ကို ဗီဒီယို ရိုက်ခိုင်းပေါ့...း)

ဒါနဲ့ ခု သီချင်းကတော့ ကျနော်လည်း ကြားဖူးတယ်...
ဒါမဲ့ သေချာ မသိဘူးဗျ...း)း)

Anonymous,  January 22, 2009 at 5:30 AM  

အဆိုလေးနဲ့ဆိုလို့ အပြေးရောက်လာ နားဆင်တယ်ဗျား၊ ဘော်ဘော်တွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ ပေါ့အိုင်းနဲ့ ပီအိုင်း ညီအမရဲ့ စည်းချက်နဲ့ ဟာမိုနီကလည်း ကောင်းပါ့ဗျာ၊ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ မီသားစုလေးကို ကြည့်ပြီး ပီတိသောမနဖြစ်မိတယ် ကိုဂင်ရေ။

JulyDream January 22, 2009 at 5:36 AM  

အရှေ့ဆုံး အထူးတန်းခုံကနေ ထိုင်ပြီး အမှန်တကယ် လာရောက် အားပေးသွားတယ် ဗျို့။

Anonymous,  January 22, 2009 at 5:42 AM  

ကိုဝင်ကြိးရေ အမှတ်တရလေး သိမ်းထားရအောင် မေးနဲ့ ပို့ပေးပါဗျာ ပြီးတော့
ကျနော့်ဆီက နက်မကောင်းတော့ ကြည့်ရတာ ပျက်တောင်း ပျက်တောင်းနဲ့ မမိုက်ဘူး ဖီးပျက်တယ်ဗျ။

ကောင်းကင်ပြာ January 22, 2009 at 6:40 AM  

ဦးဂင်ကြီးနဲ့သမီးလေးတွေရဲ့ဂီတသံစဉ်ကို
ိုအိမ်ကိုလွမ်းနေသူလေး လာနားထောင်သွားပါတယ်ရှင်
ို

ဒေါင်းမင်း January 22, 2009 at 6:50 AM  

ပျော်ရွင်စရာမိသားစုလေးဗျာတကယ်အားကျတယ်
ကိုအောင်သာငယ်ပြောသလို..ဟုတ်တယ်ဗျို့
မဟေသီလေးနဲ့ပါတွဲဆိုပါအုံးဗျ
အားပေနေတယ်........အမိမြန်မာပြည်ကအိမ်ကိုပိုလို့သတိရမယ်တယ်..
သီချင်းလေးကိုနားထောင်ရတာ..တကယ်ပါ....

Moe Cho Thinn January 22, 2009 at 9:51 AM  

မိသားစုလေးရဲ့ ပူးပေါင်းတင်ဆက်မှုကို လာငေး နားထောင်သွားပါတယ်။ စိတ်ချမ်းသာစရာပါပဲ။ ဘယ်တော့များမှ အဲဒီသီချင်းကို မျက်ရည်မ၀ဲဘဲ နားထောင်နိုင်မလဲ မသိဘူး။

M.Y. January 22, 2009 at 12:18 PM  

နားထောင်စကရှေးဟောင်းသီချင်းကြီးတစ်ပုဒ်များဆိုပြနေလားလို့ ထင်မိတာ။
ဝိုင်ဝိုင်းကိုမ ကြိုက်တော့ ဒီသီချင်းကိုခုမှပထမဆုံးကြားဖူးတဲ့ကျွန်တော့်အတွက်အသစ်ပါပဲ။
သီချင်းလေးကကောင်းတယ်ဗျာ..အသံကမကောင်းပေမယ့် နရီစည်း ၀ါးနဲ့ ကီးကမှန်နေတော့ ခံစားလို့ ရပါတယ်။ ဟာမိုနီကာလေးတွေကလဲအံဝင်ခွင်ကျပဲ။
ဒီလိုသီချင်းများများတင်နိုင်ပါစေ။ ကင်မရာကအသေထောင်ရိုက်ထားတာဆိုတော့မဟေသီပါဝင်ဆိုလို့ ရသားပဲ။

Anonymous,  January 22, 2009 at 12:46 PM  

ဦးဂင်ကြီးက အသံမကောင်းဘူးသာပြောတယ်။ သီချင်းအတော်ဆိုတတ်တာပဲ။ နားထောင်ကောင်းပါတယ်။း)

နော်မန် January 22, 2009 at 2:24 PM  

အပြေးအလွှား လာရောက်ပြီးနားဆင် ခံစားသွားပါတယ်။
ကောင်းတယ်ဗျား။
သူငယ်ချင်းတွေရဲ့ ဆန္ဒတောင်းဆိုမှု့ကို
ဖြည့်ဆည်းပေးတဲ့ ဦးဂင်ကို ကျေးဇူးပါ ဗျား။

အလွမ်းဓါတ်ခံ ရှိပြီးသားဆိုတော့ အိမ်ကို တကယ်ဘဲ လွမ်းသွာပါတယ်။

အားပေးလျှက်ပါ ရဲဘော်ကြီး ရေ။

ဟန်လင်းထွန်း January 22, 2009 at 5:13 PM  

ရွှီး ရွှီး ဖြောင်းဖြောင်း !!!!!!!!!!!!
So cOOOLLLLLLLLLLLLLLL!!!!!!!!!!!!!!!!

မမသီရိ January 22, 2009 at 6:46 PM  

Nice and lovely Post!!!!!!!!!!!!
Great!!!!!!!!!!!!!!!!

ယောနသံစင်ရော် January 22, 2009 at 9:19 PM  

ဦးဂင်..လာခံစားတာနောက်ကျသွားတယ်။ ပျော်ရွှင်စရာမိသားစုဖြေဖျော်မှုလေးတခုဖြစ်လို့ အရမ်းနှစ်ချိုက်ပါတယ်။ အမအိမ်လွမ်းသူ နဲ့လည်း တပုဒ်လောက်တွဲဆိုပါဦးနော်။ အားပေးနေမယ်ဗျို့... အားလည်းကျမိပါရဲ့..။

လင်းဦး(စိတ်ပညာ) January 23, 2009 at 3:10 AM  

ဟိုက်ရှားပါ... Classic နဲ့ တီးပြီး နရီ စည်းဝါးကို ကိုက်လို့ဗျာ.. တော်တော်လေးကို ကောင်းတယ် ကိုဂင်ကြီးရေ.....

vanko January 23, 2009 at 4:18 AM  

အရမ်းအားကျဖို့ကောင်းတဲ့ မိသားစုလေးပါပဲ။ စိတ်တူကိုယ်တူ သမီးလေးတွေနဲ့ ပါရမီဖြည့်ဖက် အိမ်သူသက်ထားနဲ့။ သိပ်ကြည်နူးဖို့ကောင်းပါတယ်။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Younggun January 23, 2009 at 6:40 AM  

ပထမဆုံးရောက်ရှိရင်း လည်ပတ်သွားပါတယ်။ စာတွေနဲ့အတူ ဗွီဒီယိုအသံတွေကိုလည်း ခံစားသွားပါတယ်။ အထူးသဖြင့် အိမ်လွမ်းသူကို သီဆိုတီးခတ်သွားတဲ့အစ်ကို့ မုဒ်ဟာ ကျနော့်ကိုပါ ရိုက်ခတ်ခဲ့ပါတယ်။ ရင်ထဲ မကောင်းပါ။ ကျနော်လည်း classical ကို မြတ်နိုးတီးခတ်သူ တစ်ဦးပါ။ ဗေဒင်ဇာတာခွင်တွေ ဘေးချရင်း ဂစ်တာတီးလေ့ရှိတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အိမ်လွမ်းသူရဲ့ Tab note လေး လိုချင်ပါတယ်။ ကျေးဇူးတင်။ ခင်မင်စွာဖြင့်။

သစ်နက်ဆူး January 23, 2009 at 8:19 AM  

အကိုရေ....
ကျနော် အလုပ်တွေရှုပ်နေလို့ အခုမှ လာရတယ်ဗျာ...
အေးအေးဆေးဆေးခံစားချင်လို့  အားလပ်မှ လာနားထောင်တာပါ...။
ဒီသီချင်းက ကျနော့်အကြိုက်ဗျ....။
အကိုနဲ့ သမီးတွေ ဆိုတီးနေတာကို ကြည့်ပြီး ပီတိဖြစ်မိတယ်။။။ ၀မ်းသာတယ်...။
ဒါပေမယ့် တခုခုကြောင့် စိတ်မကောင်းဘူးဗျာ....
ကလေးတွေရဲ့ မျက်နှာလေးတွေနဲ့ သီချင်းစာသား....။
ရင်ကိုထိတယ်ဗျ...။

လင်းထက် January 23, 2009 at 12:18 PM  

ပထမဆုံး အကြိမ် ရောက်ခဲ့ချိန်မှာပဲ မိသားစု လေးရဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဂီတပွဲ လေးကို အိမ်ပြန်ချင်တဲ့ အလွမ်းတွေ အပြည့်နဲ့ ခံစားနားဆင် သွားပါတယ် ကိုဂင်ကြီးရေ..။

Freshup January 24, 2009 at 12:37 AM  

ကျွန်တော့်ဘလော့ကို ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ..။
ခုလို တီးသက်ရင့် ၀ါသနာရှင်ဦးဂင်ကြီးဆီကို ခုမှပဲ ရောက်ဖူးတော့တယ်။
နောက်လဲအမြဲလာပါ့မယ်ခင်ဗျာ..။
လေးစားပါတယ်။
ကျွန်တော်လဲဝါသနာရှင်တစ်ယောက်ပါ။

ဆောင်းယွန်းလ January 24, 2009 at 8:43 AM  

ကလေးတွေလည်းတော်တယ်.အကိုလည်းကျွမ်းတယ်.
ဘာမှပြောစရာမရှိအောင်ကိုကောင်းတယ်.တခုဘဲရှိတယ်
ကျနော်ဝင်ဆိုလိုက်ရင်ပိုတောင်ကောင်းသွားမှာဗျ.ဟဲဟဲ
နောက်တာပါဗျာ..မူရင်းသီချင်းကိုလည်းအရင်တုန်းကရေဒီယိုမှာခဏခဏနားထောင်ရဖူးတယ်.အဆိုတော်နံမည်နဲ့သီချင်းနံမည်ကို
ခုထိရှာမတွေ့သေးဘူးဖြစ်နေတယ်အကိုရ...
ရွှင်လန်းပါစေဗျာ...

HZM January 24, 2009 at 9:35 PM  

ကျွန်တော်တို့ အားလုံး အိမ်နဲ့ ခွဲခွါဘူးပါတယ် အဲဒီအတွက်
အိမ်လွှမ်းသူ သီချင်းလေး နားထောင်သွားပါတယ်.
ကျေးဇူးပါ။
အစ်ကိုရေ ဂစ်တာ နည်းနည်းပဲတီးတတ်ပေလို့ပေါ့ ဗျ အတော် ပိုင်သားဗျ...

pandora January 25, 2009 at 4:24 AM  

နားထောင်သွားပြီ ဗျို့

FreedomFighter88 January 26, 2009 at 10:05 AM  

ဦးဂင်ကြီးက၀ါရင့်အဆိုတော်တွေတောင်လိုက်မမှီအောင်
အသံကောင်းတယ်၊ ပြီးတော့စာသားကလဲသိပ်ကောင်းတယ်၊
သီချင်းနားထောင်ပြီးအိမ်ကိုအရမ်းလွမ်းသွားတယ်၊
ဦးဂင်ကြီးနဲ့ မိသားစုချမ်းမြေ့ပါစေ။

တောင်ပေါ်သား January 27, 2009 at 10:24 PM  

အကိုရေ သီချင်းလေး ခံစားသွားတယ် ပျော်ရွှင်ဖွယ် အတိပြီးတဲ့ မိသားစုလေးကို အားကျမိပါတယ်


လေးစားလျက်
တောင်ပေါ်သား

ngyeinthet January 28, 2009 at 6:34 AM  

မိသားစုတီးဝိုင်းပဲဟာ မဟေသီကိုလည်း ပွဲထုတ်မှပေါ့
အားပေးသွားပါတယ်
သမီးငယ်ကိုပြောပေးပါ ဝိတ်ထိန်းပါလို့...ဟီး

ငြိမ်သက်

ငွန်ငယ် February 1, 2009 at 12:16 PM  

ဦးဂင် အရမ်းပျော်ဖို့ကောင်းတယ်နော့..
မိသားစုလေးက..စိတ်တူ ကိုယ်တူ ဆိုတော့..
နောက်ပြီး အိမ်ကို လွမ်းသွားတယ်ရှင့် ပြန်ချင်လိုက်တာ....

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့