တခါကတီးပြီးတင်ဘူးတဲ့ Classical သမားတိုင်းတီးလေ့ရှိတဲ့ Romance တေးသွားလေးပါ။ ဒီတေးသွားလေးကို Spanish ဂစ်တာသမားတွေက Flamenco စတိုင်နဲ့ တီးထားတာလေး တွေရှိပါတယ်။ ကျနော်လည်းလောလောဆယ်မှာ Flamenco တွေတီးဖြစ်နေတော့ Spanish Romance ကိုတီးလိုက်ပါတယ်။ Classical နဲကတော့ကွဲပါတယ်။ သူတို့တီးတာလဲ သူ့ပုံစံနဲ့သူ ကောင်းနေတာပါပဲ ရုတ်တရက်ကြည့်လိုက်ရင် Classical နဲ့သိတ်မကွဲသလိုထင်ရပေမဲ့ သေသေချာချာနားထောင်ရင် တမူကွဲပြားတဲ့ Flamenco ပုံစံကို သတိထားမိလာပါလိမ့်မယ်ဗျာ။ တေးရေးဆရာမသိရတဲ့ တကယ်ဂန္ဓဝင်တေးသွားတပုဒ်ပါ နားဆင်ခံစားကြပါအုံး။
Thursday, June 18, 2009
Spanish Romance...(ဂင်ကြီး)
Wednesday, June 10, 2009
The Most Evolved (ဂင်ကြီး)
အခုတလော အလုပ်လေးတွေများနေတာနဲ့ နောက်ပြီး လူကလဲဖျားလိုက်သေးတော့ အသစ် လေးတွေမတင်ဖြစ်တာကြာသွားတော့တာလေ အခုနလံထလာတာနဲ့ ဂစ်တာကောက်ကိုင် လိုက်မိတော့တာပါပဲ မတီးဖြစ်တာတောင်ရက်အနည်းငယ်ရှိနေပြီ ဒါနဲ့ ကျနော်ကြိုက်တဲ့ Flamenco တေးသွားလေးတပုဒ် တီးဖြစ်ပါတယ်။ မူလတီးထားတဲ့ပညာရှင်ကတော့ Spanish Guitarist တဦးဖြစ်တဲ့ John H, Clarke ပါ။ သီချင်းအမည်ကတော့ The Most Evolved လို့ခေါ်တဲ့ သီချင်လေးပါ။ သူတီးထားတာကြည့်ပြီးကတည်းက ကြိုက်နှစ်သက်မိတယ်ဗျာ ကျနော်တို့မြန်မာ သီချင်းလေးတွေနဲ့တော့ ပုံစံကွဲနေပါလိမ့်မယ်။ ဒါပေမဲ့သေသေချာချာ နားထောင်လေ ကျနော်တော့ ပိုကြိုက်လာလေဖြစ်လို့ မိတ်ဆွေတွေအတွက် တီးတင်လိုက်တာပါ နားဆင်ကြပါအုံးလို့ပြောပါရစေတော့ဗျာ။ လိုအပ်ချက်လေးတွေလည်းရှိနိုင်ပါတယ်နော်။
Monday, April 27, 2009
ဂီတချစ်သူများအတွက်...ဂီတ
ပိုစ်တွေမတင်ဖြစ်တာတောင် တော်တော်ကြာသွားတယ် လာလည်ကြတဲ့မိတ်ဆွေတွေအားလုံး ကို တောင်းပန်ချင်တယ်ဗျာ။ တခြားအလုပ်တွေကများ လူကတခါဖျား နောက်ခလေးတွေက နေမကောင်းဖြစ်ပြန်။ တော်တော်ကြာသွားတာပဲနော် အခုတော့ ကျနော်စမ်းတီးနေတဲ့ သီချင်း လေးတွေထဲက Flamenco တေးသွားလေးတပုဒ် တီးထားတာလေးတင်လိုက်တယ်ဗျာ။ ဒီဂီတအမျိုးအစားကိုတီးကြည့်ဘို့ ကျနော်ကိုတိုက်တွန်းတာကတော့ ကျနော်တို့ရဲဘော်ကြီး ကိုဘစောထွန်းပါ ကျနော်တို့နှစ်ယောက်သား တခါတလေ အွန်လိုင်းမှာ မြူးဇစ်အကြောင်း တွေပြောကြ တိုင်ပင်ကြ အလုပ်များနေတတ်ကြသေးတာလေ။
သူကတော့ Finger Style Acoustic တွေတီးတယ် ကျနော်ကိုလဲ မြူးဇစ် Note တွေပို့ပေး တယ်။ သူက Tommy Emmanuel ကိုတော်တော်ကြိုက်နှစ်သက်ပုံလဲရပါတယ်။ ဒါနဲ့ ကျနော်လဲ Right hand techniques တွေသိတ်ကောင်းတဲ့ flamenco Music တချို့ တီးဖြစ်ပါတယ်။ တော်တော်ခက်ပါတယ် လက်အယူအဆတွေပါ ပြောင်းပစ်ရတာတွေရှိတယ်။
ဒီဂီတအမျိုးအစားကို လက်တင်အမေရိကနိုင်ငံတွေနဲ့ စပိန်၊ အီတလီ စသည်ဖြင့်ပေါ့လေ နိုင်ငံ တွေမှာတီးကြတာများတာတွေ့ရပါတယ်။ အကနဲ့တွဲပြီးတော့လဲ မြူးကြွတဲ့ဟန်နဲ့ လှပတဲ့ ကကွက်တွေကို ဖန်တီးလေ့ရှိပါတယ်။ ကဟန်လေးတွေကလည်း ကြည့်လို့ကောင်းပါတယ်။ နောက်ဂီတသက်သက်ကိုလဲ Spanish Guitar နဲ့တီးပါတယ်။ ဗုံအမျိုးမျိုးနဲ့လဲတွဲတီးတာ တွေ့ရတယ် Flamenco ဂီတပညာရှင်တွေတီးထားကြည့် နားလည်သလောက်လိုက်တီး တခုတော့ရှိပါတယ် အသံကျယ်ပါတယ်။ တခါတခါ သူ့ဂီတပုံစံအရ ညာဘက်လက် ချောင်းတွေနဲ့ နိုင်လွန်ကြိုးတွေကို ခတ်ပြင်းပြင်းလေးလဲ ရိုက်တတ်ပါတယ်။ တချို့ပညာရှင် တွေက သံစုံတီးဝိုင်းတွေနဲ့လဲ တွဲတီးကြပါတယ် ဂစ်တာအိုးတွေ အပေါ်မှာလဲ ဗုံစည်းချက် တွေကိုတီးထားတာတွေလဲရှိပါတယ်။
တလောကတောင် ကိုအောင်သာငယ်နဲ့ Flamenco Music တွေအကြောင်းပြောဖြစ်ကြ ပါသေးတယ်။ သူလဲအရင်ကတီးခဲဘူးတယ် ကျနော့်ကိုလဲအကြံတချို့ပေးသွားပါသေးတယ်။ သူကတော့ Classical Music ကိုပဲတီးခြင်တော့တယ်တဲ့။ ကျနော်ကတော့ Flamenco တွေကို ပိုကြိုက်လာသလိုပဲ။ Right hand သိတ်ကောင်းလို့လေ ကျနော်ကလည်း Right hand အား နည်းခဲ့တာကိုး။ ဒါပေမဲ့ဗျာ တီးတာမကြာသေးပါဘူး ထုံစံအတိုင်းပေါ့ ဘဝင်မကျကြရင်လဲ သီးခံခံစားကြပါအုံးဗျာ စတီးတာမကြာသေးတော့ ကျနော်လဲ မကျွမ်းကျင်သေးဘူး တော်တော်လိုက်ရအုံးမယ် ဒါမှ တော်ယုံလေးလောက်ရမှာပါ အသက်ကကြီးသွားပြီ ဂီတသမား တယောက်အတွက် လေ့ကျင့်ချိန်က သိတ်စကားပြောတယ်လေ ဝါသနာသမားတယောက် အနေနဲ့တော့ တီးနိုင်သလောက်လေးတော့ တီးခြင်ပါသေးတယ်။
အားလုံးကိုကျေးဇူးပါ.....။
ဂင်ကြီး
Tuesday, March 10, 2009
ဂီတစာမျက်နှာ...more than words
ဒီတခါ ကျနော်သိတ်ကြိုက်တဲ့သီချင်းတပုဒ်ဖြစ်တဲ့ more than words ဆိုတဲ့သီချင်းကို finger picking ပုံစံလေးတီးထားတာပါ Nano Bettercourt တီးထားပြီး Cary Cherone ဆိုထားတဲ့ Extreme ရောခ်ဂီတဝိုင်းရဲ့ အောင်မြင်လှတဲ့သီချင်းလေးပါ။ မြန်မာပြည်မှာ ကိုမြင့်မိုးအောင်ရေးပြီး ကိုထူးအိမ်သင်က စကားလုံးမရှိတဲ့ကောင်းကင် ဆိုတဲ့သီချင်းခေါင်းစဉ်နဲ့ ပြန်ဆိုထားပါတယ် တခြားအဆိုတော်တချို့လဲပြန်ဆိုကြပါသေးတယ်။ တီးထားတာတော့ သာမန်ပါပဲ စိတ်တိုင်းမကျသေးပါဘူး ဒါပေမဲ့တင်ချင်လို့တင်လိုက်တာပါ။ မိတ်ဆွေတွေကို တင်ဆက်ချင်တဲ့ဆန္ဒနဲ့ပါဗျာ....။
နောက်တခေါက်ထပ်တီးထားတာပါ။
Thursday, January 22, 2009
ဂီတချစ်သူများအတွက်...ဂီတ အိမ်လွမ်းသူ (ဂင်ကြီး)
ကျနော့်ဝါသနာကိုယ်က ဂီတကို ဝါသနာထုံလေတော့ ဘလော့လုပ်တဲ့အခါမှာလဲ တခါတလေ ကိုယ်တီးနေကြ Classical သီချင်းလေးတွေ တီးပြီး တင်ပါတယ် ဝါသနာတူတွေ ရောင်းရင်း တွေ ဂီတချစ်သူတွေ ခံစားနိုင်အောင်ပါ။ ကျနော်မှာရှိတဲ့ Acoustic Guitar လေးတွေနဲ့ တီးပြီး ဘာစက်အကူအညီမှမပါပဲ ရှိတဲ့ ကင်မရာလေးနဲ့ ရိုက်တင်နေတာပါပဲဗျာ။
ဒါပေမဲ့ မိတ်ဆွေတွေက အသံလေးနဲ့ပါ တင်ပါလို့ပြောလာကြတယ်လေ။ ခက်တာက ကျနော် က ဂစ်တာနည်နည်းတီးတတ်တော့ သီချင်းလည်း ဂီတနဲ့ အံဝင်ရုံလောက်တော့ ဆိုတတ် ပါတယ် ခက်တာက အသံကမကောင်းပါဘူး၊ပစ္စည်းကမပြည့်စုံပါဘူး ဒီကြားထဲကပဲ ကိုအောင် သာငယ်၊ မပန်ဒိုရာ၊ ကမာနီလာ၊ နော်မန်၊ ယောနသံဇင်ယော်၊ စသည့်စသည်ဖြင့် မိတ်ဆွေ တွေကပြောလို့ အိမ်လွမ်းသူဆိုတဲ့သီချင်းလေးကို ဆိုတင်လိုက်တယ် ဘာအသံဖမ်းစက်မှမပါပဲ(ရှိလဲမရှိပါဘူး) တင်လိုက်ပါတယ်။
ညီမ မဆုမွန်ကလဲတောင်းထားတာ သူ့ညီမလေးတွေနဲ့ ဆိုပေးပါဆိုတော့ ကျနော့်သမီး နှစ်ယောက်ရဲ့ Harmonica လေးတွေနဲ့ဆိုဖြစ်ပါတယ်ဗျာ မဟေသီက ဗွီဒီယို ရိုက်ပေးတယ် True live လေးပေါ့ဗျာ ကော်ပီသီချင်းလေးပါ ကိုဝိုင်ဝိုင်းဆိုထားတာပါ။ မူရင်းသီချင်းလေးက ကြားဘူးနေပေမဲ့ သီချင်းနံမည် မမှတ်မိတော့ပါဘူး ကိုအောင်သာငယ်ကြီးကတော့ သိလောက် ပါတယ် သူကစေစပ်တဲ့သူကိုး မိတ်ဆွေတွေ နားလည်ခံစားနိုင်ကြပါစေ။
Friday, January 16, 2009
When the children cry- (ဂင်ကြီး)
ကျနော့်ရဲ့ ရဲဘော်ကြီး အောင်သာငယ် က When the children cry ကို တင်လိုက်တော့ ကျနော်လဲသူနဲ့ထပ်တူ ခံစားခဲ့ရတာပါ။ ဟုတ်ပါတယ် တကယ်တော့ အပြစ်မဲ့တဲ့ ခလေးတွေဟာ စစ်ပွဲတွေ၊ လူမှုရေး မတည်ငြိမ်မှုတွေ ၊ ပဋိပက္ခတွေကြားမှာ ဓားစာခံဖြစ်နေကြရတာပါ။ အခုလက်ရှိ ပါလက်စတိုင်းဒေသမှာ အပြစ်မဲ့ခလေးလေးတွေ ဗုံးဆန်၊ အမြောက်ဆံတွေကြောင့် နေ့စဉ်နဲ့အမျှသေနေကြရတာတွေ တွေ့နေရတော့ ကျနော်လဲ ကိုအောင်သာငယ်ကြီးခံစားရသလိုပါပဲ သား သမီးခြင်းစာနာမိတယ်။ ဘာကြောင့် ဒီလိုအပစ်မဲ့တဲ့ခလေးတွေ သေကြေနေကြရတာလဲ၊ ခလေးလေးတွေ ကမ္ဘာပေါ်မှ နေ့စဉ်နဲ့အမျှ အငတ်ဘေး၊သဘာဝဘေး၊စစ်ဘေးဒါဏ်တွေကြာင့် သေနေရတာကို ဒီသီချင်းလေးတီးပြီး ထပ်မံခံစားလိုက်တာပါ သီချင်းစာသားက တော့ ကိုအောင်သာငယ်ရဲ့ ဒီပိုစ် http://aungthange.blogspot.com/2009/01/when-children-cry.html မှာ သွားကြည့်လို့ရပါ တယ်။ ကျနော်က Classical တီးထားတာပါ သိတဲ့အတိုင်းပဲဗျာ ဝါသနာရှင်ဆိုတော့ သိတ်တော့မကောင်းပါဘူး နားလည်ခံစားပေး ကြပါဗျား လာရောက်နားဆင်ခံစားတဲ့မိတ်ဆွေတွေကို ချစ်ခင်လေးစားလျှက်ပါဗျာ...။
Wednesday, December 17, 2008
ဂီတစာမျက်နှာ(၃)...ပန်းချစ်သူ
ဂင်ကြီး
Thursday, December 11, 2008
ဂီတချစ်သူများအတွက်...ဂီတ(၂)
အားလုံးပဲဂီတမှာ ခံစားစီးဝင်နိုင်ကြပါစေ။
ဂင်ကြီး
Thursday, December 4, 2008
ဂီတချစ်သူများအတွက်...ဂီတ
ဂင်ကြီး




