Monday, January 16, 2012
Sunday, August 7, 2011
Saturday, January 22, 2011
Wednesday, February 3, 2010
ရာဇဝင်များရဲ့သူတို့သမီး...
Monday, June 1, 2009
အော်ရီဂွန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ
Sunday, April 12, 2009
မနေ့ကသင်္ကြန်ပွဲရဲ့ မျိုးဆက်သစ်လေးတွေ
မနေ့က ဆက်တင်ဘို့ကျန်သွားတဲ့ အော်ရီဂန်က မျိုးဆက်သစ်လေးတွေရဲ့ ဖျော်ဖြေမှုလေး တွေကို လည်း ဒီနေရာမှာ ထပ်တင်ထားပါတယ်။ ဝါသနာရှင်လေးတွေ ဆိုတော့ ချို့ယွင်းချက်လေးတွေ နည်း နည်းပါတာပေါ့ ဒါပေမဲ့ခလေးတွေရဲ့ အခုလိုကျိုးစားဖျော်ဖြေမှုလေးတွေကို တခုတ်တရ အသိ အမှတ်ပြုတင်ပြလိုက်တာပါ။ သူတို့ရဲ့ဝါသနာပိုးလေးတွေကို အသိအမှတ်ပြုပေးရမယ်မလား။ ဒီ ပွဲလေးကတော့သူ့ဟာနဲ့သူတော့ အောင်အောင်မြင်မြင်လေးပြီးဆုံးသွားခဲ့ပါတယ်..။ သွားရောက် နားဆင်ပေးကြ ပါအုံးနော်။
မျိုးဆက်သစ်သင်္ကြန် (အော်ရီဂန်)
ဒီကနေ အော်ရီဂန်မှာပြုလုပ်တဲ့ ရိုးရာအတာသင်္ကြန်ပွဲရဲ့ ဗွီဒီယိုတချို့ကို ဒီနေရာလေး မှာတင်ပေးထားပါတယ်ဗျာ။ မိတ်ဆွေတွေ အားလုံးမျှဝေခံစားကြဘို့ပါ ကျနော်ရယ် မိုးကျော်ရယ် ဝိုင်းမော်၊ ဂျင်မီနဲ့ စောဟင်နရီတို့အပါအဝင် အော်ရီဂန်က မြန်မာလူယ်တွေရဲ့ ကြိုးစားထားမှုလေးတွေပါ။ မြန်မာ့ နှစ်ကူးမှာမိတ်ဆွေတွေအားလုံး ရွှင်လန်းပျော်ရွှင်စေချင် ပါတယ်ဗျာ သွားရောက်ခံစားကြည့်ကြပါအုံး။




