Friday, November 21, 2008
အဖော်မဲ့ငှက်တကောင်ရဲ့...ဘဝ ( ယဉ်ထွန်း )
အခုမောင့်ချစ်သူဟာ ဘဝကို အကောင်းဆုံးဖြတ်သန်းနေပါပြီမောင်ရယ်..၊ အခု ‘မြင့်‘ ရောက် နေတာလေ သောင်ရင်းမြစ်ကမ်းနားမှာပါ မောင်..၊ ဒီမှာလွိုင်ကထုံ (မီးမျှောပွဲ) ရောက်ပြန် ပြီလေ မောင်တယောက် ဟို……နိုင်ငံမှာ အခုလောက်ဆို နေသားကျနေရောပေါ့…။ မောင့်သူငယ်ချင်း နဲ့တွေ့လို့ မောင်အိမ်ထောင်ကျသွားတာ လေးလလောက်ရှိနေပြီဆိုတာ မြင့် သိပါတယ် မောင်ရယ်၊ ဒီကနေ့ သူငယ်ချင်းတွေခေါ်လို့ လိုက်လာတာ၊ မောင့်ဘဝ သာယာဖြောင့်ဖြူး စေဘို့ မီးမျှောရင်း မြင့် ရဲ့အလွမ်းတွေကိုပါ ရုတ်သိမ်းရအောင်လာခဲ့တာ၊ စိတ်ထဲကတော့ မပျော်ပါဘူးမောင်ရယ်…။
ကျမနဲ့မောင်နဲ့စတွေ့တာ ဟိုးလွန်ခဲ့တဲ့ သုံးနှစ်က တန်ဆောင်မုန်းလမှာပါ၊ ကျမက မဲ့ဆောက် က…ရုံမှာ..အလုပ်လုပ်နေတာပါ၊ ဝါသနာပါလို့တော့မဟုတ်ပါဘူးလို့ ကျမတို့ပြောရင် လူတွေ တော်တော်များများက ခပ်ပေါ့ပေါ့ပါပဲ အော်ဟုတ်လားပေါ့။ ကျမ ဒါတွေဂရုမစိုက်ပါဘူး ကျမ ဘဝက ရှစ်တန်းနှစ်မှာ ဖေဖေဆုံးသွားတယ်၊ မေမေကကွမ်းယာရောင်းရင်း ကျမတို့ မောင်နှမကို ကျောင်းထားပေးတယ်၊ မောင်လေး နှစ်ယောက်နဲ့ကျမ က ကျောင်းတက်တယ်။ နောက် ကျမဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်မတက်နိုင်ဘူး။ နောက်တော့ မဲ့ဆောက်ရောက်ပြီး စက်ရုံမှာအလုပ်လုပ်တယ်၊ အဆင်မပြေဘူး။ မေမေ့ကိုပြန်ပို့ ဖို့တောင် မနည်း..၊ သိကြတဲ့အတိုင်း ငွေလေ.. ကျမ သိသလောက် လူကိုအများဆုံးဒုက္ခ ပေးတာ..ငွေပဲ၊ ကျမလဲမလွန်ဆန်နိုင်ဘူး။ ထားပါ တော့လေ.. နောက်ဆုံးတော့ ဝင်ငွေများများ ရတဲ့ ရုံ.. ဆိုတဲ့အလုပ်ဘဝထဲကို ကျမ ရောက်လာခဲ့ပါတယ်။
အိမ်ကို အရင်ကထက် လေးဆလောက်ပို့နိုင်တယ်။ ကိုယ်လည်းအနေအစား အများကြီးသာ တယ် စက်ရုံမှာလုပ်တာထက်စာရင်ပြောတာပါ။ မောင်နဲ့စတွေ့တာပြောရရင် ကျမ အဲ့ဒီ့နေ့ က မဲ့ဆောက်ရဲလိုင်းမှာ အလှည့်ကြ လာအိပ်ရတဲ့နေ့ပါ။ ကျမတို့ဒီအလုပ်လုပ်ရတာ ထိုင်းရဲကို ပိုက်ဆံတင်မဟုတ်ဘူး လိုအပ်ရင်သူတို့နဲ့ လာအိပ်ပေးရတယ် တပြားမှမရဘူး ပိုင်ရှင်ကိုယ်တိုင်က သွားခိုင်းတာ။ လူတိုင်းလဲမသွားရဘူး ကျမတို့ရုံမှာ ရုပ်သိပ်မဆိုးတဲ့၊ ဆေးစစ်ချက် ထောက်ခံစာရှိတဲ့ ဆယ်ယောက်လောက်ပဲ အလှည်ကြ သူတို့လိုရင် သွားပေးကြရတာ။ ခြောက်လကြာရင် တခါ ဆေးရုံကြီးမှာ ဆေးစစ်ရတယ်၊ ဆေးမအောင်ရင် အလုပ်ဆက်လုပ်လို့မရဘူး။ ကျမတို့ အလုပ်ရှင်ထိုင်းက အဲ့ဒါတော့ဂရုစိုက်တယ်၊ ထားလိုက်ပါလေ..၊ မောင်နဲ့တွေ့ပုံက ကျမက မနက်ကွတ်တီယိုစားပြီးပြန်လာ လမ်းမှာ ဆိုင်ကယ်တစီးကို ရဲကဖမ်းနေတာ၊ သိတဲ့အတိုင်းလေ ငွေညှစ်မလို့ပေါ့။ ကျမလဲ လှမ်း တော့ကြည့်ဖြစ်တယ်..။ ပြီးတော့ဆက်လျှောက် လာတာပဲ ကျမတို့မှာက သူဌေး လုပ်ပေးထားတဲ့ အလုပ်သမားလက်မှတ်ရှိတယ်လေ။ အေးအေးဆေးဆေးပေါ့ ဟော..ဖြစ်ချင် တော့ရှင် အနားရောက်မှ သေသေချာချာကြည့်မိတာ၊ ဘသားချောရဲက ညက ကျမနဲ့.. သူပါ လား..၊ အဲ့ဒီရဲကလဲ နှုတ်ဆက်တယ် ကျမလဲအလိုက် သင့်ပြန်နှုတ် ဆက်ရင်း တဖက်က အဖမ်းခံရတဲ့သူကို (နောက်ကျမရဲ့..မောင်ဖြစ်လာမဲ့ သူ့ကိုလေ) လှမ်းကြည့်လိုက် မိတယ်။
ရုပ်ရည်က သနားကမား ထိုင်းစကားလဲ ကောင်းကောင်းမတတ်၊ ဆိုင်ကယ်ခြင်း ထဲမှာလဲ ဟင်းချက် စရာတွေနဲ့။ ဟုတ်ပါတယ်.. ဒီလူကဗမာပါပဲ၊ သူ့ဖုန်းကို လဲ ရဲက ယူထားတယ်။ သိတဲ့အတိုင်းပဲလေ.. ကျမတို့နိုင်ငံသားတွေဟာ ထိုင်းမှာ အောက်ကျရ တာပဲ။ သူ့မှာပါလာ တဲ့လက်မှတ်ကို ထုတ်ပြနေတာ၊ ဒါပေမဲ့ မရဘူးလေ ထိုင်းမှာ ယာဉ်မောင်း လိုင်စင် မရှိရင်မရဘူး။ ကျမလဲ ကိုယ့်အလုပ်မဟုတ်ပါဘူးလေ ဆိုပြီးဆက်လျှောက်သွားမလို့ပဲလေ၊ သူ့ကိုလှမ်းကြည့်လိုက်တော့ မျက်နှာပျက်နေတာတွေ့ရတယ်။ ရှေးရေစက်ဆိုတာ မှန်သလား မဆိုတတ်ပါဘူး…။
ကျမသူ့ကို ကူညီချင်စိတ်ဖြစ်သွားတယ်။ နင့်မို့ရင်လဲကူညီဖြစ်မှာမဟုတ်ပါဘူး ဖမ်းနေတဲ့သူက ညက ကျမနဲ့တော်တော်ရင်းနှီးခဲ့တာကလား။ ကျမ ချက်ချင်းပဲ အဲ့ဒီ့ရဲကို ထိုင်းလို ပြောလိုက် တယ်၊ ကျမကူညှိပေးရမလားလို့..၊ ရတယ်တဲ့.. ဟုတ်တယ်လေ ထိုင်းရဲတွေ လိုချင်နေတာ ပိုက်ဆံပဲ။ ပြီးတော့သူတို့က ဆိုင်ကယ်ကို ဟိုရှာသလိုလို ဒီရှာသလိုလို လုပ်နေကြတယ်။ ကျမသဘောပေါက်လိုက်တယ်လေ ဒီတော့..ရှင့်မှာ ပိုက်ဆံ ၂၀၀ လေက်မပါဘူးလား၊ ကျမပြောပေးမယ်.. ရဲစခန်းခေါ်သွားရင်ပိုပေးနေရလိမ့်မယ်၊ လို့ဆိုတော့ ကျနော်မှာ ဘတ်၄၀ ပဲကျန်တော့တယ်ဗျာ၊ ရုံးမှာချက်ဘို့ ဈေးသွားဝယ်ပြီးပြန်လာတာ။ နေပါအုံးရှင်က ဘယ်မှာနေ တာလဲ ဆိုတော့.. သူကျမကို တချက်အကဲခတ်ရင်း… ထုံထောင်ထဲက …… ရုံးကပါတဲ့။ သူပြောတာ ကူညီစေချင်တဲ့သဘောပါပါတယ်။ (အဖမ်းခံရမှာ ကြောက်တာလဲပါမှာပေါ့) ကျမကြားဘူးတယ်၊ အစိုးရအတိုက်အခံတွေ မဲ့ဆောက်မှာရှိတယ်ဆိုတာ။ ကျမတို့နဲ့စကား ပြောဘူးတာကတော့ ကျမ စာအုပ်သွားသွား ငှားဖတ်နေကြ စာကြည့်တိုက်ကအမတွေပဲ။ အမျိုးသမီးအဖွဲ့လို့ပြောတာပါပဲ၊ သဘော ကောင်းကြပါတယ်၊ ကျမတို့က စာအုပ်သွားငှားဖတ် ရင်းသိနေကြတာပါ။ ကျမလဲလေ ဘာကြောင့်မသိပါဘူး ထိုင်းရဲကို ကျမတို့ရွာကပါလို့ပြောပြီး ငွေ ၁၀၀ ပေးလိုက်ပါရော။ ဘသားချောတွေ ပိုက်ဆံ ၁၀၀ ယူပြီး ဆိုင်ကယ်မောင်းထွက် သွားကြတာပဲ.. သေခြင်းဆိုး တွေလို့ စိတ်ထဲကကျိတ်ကျိန်ဆဲလိုက်သေးတယ်။
ကျေးဇူးတင်ပါတယ်ဗျာ အခုလိုကူညီတာ၊ ဘယ်မှာနေတာလဲဆိုတော့ ဘတ်နူဝါ ဘက်မှာ နေတာ ဟုတ်လားကျနော်လဲအဲ့ဒီ့ဘက်မှာပဲ လာအမ ဆိုင်ကယ်ပေါ်တက် ကျနော် လိုက်ပို့ပေးမယ်တဲ့ ဘသာချောအခုမှ စကားပြောနိုင်တာဖြောင့်လို့။ ကျမစိတ်ထဲတော့ သူစကားပြောတာ ဆွဲဆောင်မှုရှိတယ်လို့ထင်မိတယ် အဲ့ဒါမောင်နဲ့စတွေ့ရတဲ့ အဖြစ်ပါ ဆက်ပြောရအုံးမယ် သူက ဆိုင်ကယ်မောင်းလာရင်း လ္ဘက်ရည်ဆိုင်တဆိုင်ကို ဝင်လိုက်တယ်။ လာပါ အစ်မ တဲ့ကျနော်ကျေးဇူးတင်လို့ပါတဲ့ မလိုပါဘူး လို့ဆိုတော့ ကျနော်လဲဘာမှ မစားရသေးဘူးတဲ့ သူစကားပြောတာရိုးတာလေးကြည့်ပြီး ခေါင်းညိမ့်လိုက်မိတယ်။ သူနဲကျမနဲ့ လဘက်ရည်ဆိုင်ထဲ ဝင်လာတော့ လူတချို့က အကဲခတ်တယ်၊ ကျမအခုမှသတိ ထားမိတယ် သူအထဲမှာခံဝတ်လာတဲ့ အင်္ကျီက HIV တိုက်ဖျက်ရေး၊ ကျမဝတ်လာတာလဲ အတူတူပဲ တိုက်တိုက်ဆိုင်ဆိုင်ပါလားနော်။် သူတော့ဘယ်လိုရတာလဲမသိဘူး ကျမက (SAW) အဖွဲ့က လာပြီးကျမတို့ရုံမှာ ပညာပေးလာရင်းနဲ့ ပေးသွားတာ၊ ကျမဝတ်လာတာက မဲ့ဆောက်က ဗမာမိန်းခလေးတွေထဲမှာဆို အဆင့်မဆိုးဘူးလို့ပြောလို့ရတယ်။ နောက်ကျမက ဆံပင်လဲ ဖြောင့်ထားတာ ရုံမှာလုပ်တယ်ဆိုပေမဲ့ ကျမတို့သူဌေးက ဝတ်စားတာ သေသပ်မှ ကြိုက်တာ အခုကျမအသက်က ၂၅ နှစ် ရုံမှာလုပ်တာ တနှစ်ခွဲလောက်ရှိနေပြီ။ ကျမအဲ့ဒီ့ရုံမှာ အလုပ်ရတာ ကျမရုပ်နဲ့ ခန္တာကိုယ် ပြေပြစ်မှုကြောင့်လဲပါတယ်၊ အတူတူထိုင်လိုက်မှ သေသေ ချာချာကြည့် မိတာ သူကအသားလတ်လတ် အရပ်က အတန်ငယ်မြင့်တယ် အထူးသဖြင့် သူ့မျက်လုံး တွေမှာ ဆွဲဆောင်မှုပါတယ် (ကျမထင်နေတာလဲဖြစ်နိုင်ပါတယ်)။ ကျမက.. ရှင်းရှင်းပြောရရင် အပျော်မယ်လုပ်နေတော့ အတွေ့အကြုံတော့ များတယ်၊ ဒါပေမဲ့ ကျမဘဝမှာ ရည်းစား တယောက်ပဲ ထားခဲ့ဘူးတယ် ၁၀ တန်းတုန်းကပါ…၊ အခုမောင့်ကို တွေ့တာက ဒုတိယ အကြိမ်ပေါ့ (နောက်မှ ကျမပြန်တွေးတယ် ကျမအဲ့ဒီ့ကတည်းက မောင့်ကို စိတ်ဝင်စားခဲ့ တာဖြစ်မယ်)။ မောင့်နံမည်က မြင့်စိုးသူတဲ့ အကိုတယောက်နဲ့ပါတ်သက်ပြီး ဒီဘက်က အဖွဲ့တွေကိုရောက်ခဲ့တာတဲ့ တတိယ နှစ် YIT တက်နေတာတဲ့ သူ့အကြောင်း တွေကို အဲ့ဒိလို မိတ်ဆက်ပါရော ကျမရင်ထဲမှာ တမျိုးကြီးခံစားလာရတယ် သူနဲ့ငါ ရွယ်တူ လောက်ရှိမယ်၊ သူကတကယ်လူတွေအတွက် အလုပ်လုပ်တဲ့ အဖွဲ့တွေမှာလုပ်နေတယ် ငါကြတော့….. ကျမ အတွေးရပ်လိုက်တယ်။ အဒေါ် တယောက်နဲ့နေတာ မဲ့ဆောက်ဈေးထဲ မှာ အဒေါ့်ဆိုင်ရှိတယ် ဘာညာပေါ့ ရွှီးလိုက်မိတယ်၊ သူကခေါင်းညိမ့်တယ် ကျမနံမည်မေး တယ် ကျမသူ့ကို အမှန်အတိုင်း အမေမွေးတဲ့နံမည် ပြောပြလိုက်တယ်၊ မြင့်မြင့်နိုင်လို့။ အမက တယ်ဟုတ်ပါ လား ခုနကရဲတွေနဲ့က အသိတွေလား တဲ့ ကျမရှက်သွားသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ခတ်တည်တည်နဲ့ပဲ အင်းဈေးထဲက အဒေါ့် ဆိုင်မှာ လစဉ်ကြေးလာ ကောက် နေကြမို့လို့ပါလို့ ပြောသာပြောလိုက်ရတာ ဘာကြောင့်မှန်းမသိဘူး အားနာသွား သလိုမျိုးပါ ခံစားလိုက်ရတယ်။
ကျမအဲ့ဒီနေ့က အိပ်လို့မပျော်ဖြစ်ရတယ် အော်..ငါတို့ဘဝက လတ်တလောအခြေအနေကိုပဲ ဖြေရှင်းနေတာပါကလား၊ တကယ်တန်းအိမ်ထောင်ရက်သားကြရင် ဘဝကိုဘယ်လိုရပ်တည် မလဲ စတာတွေ စုံနေတာပါပဲ။ မြင့်စိုးသူ ကိုလိမ်ပြောလိုက်ရတာကိုလဲ လိပ်ပြာမလုံသလို ခံစား နေရတာ ဘာကြောင့်မှန်းကျမစဉ်းစားလို့ အဲ့ဒီတုန်းကမရခဲ့ပါဘူး၊ မောင့်အကြောင်း (မြင့်စိုးသူ) ဆက်ရရင် ကျမတို့ ဖုံးအဆက်အသွယ်ရသွားကြတယ်။ ကျမလေ မောင့်ဆီက (သူနဲ့ကျမ ချစ်သူတွေမဖြစ်သေးပါဘူး) ဖုံးလာရင် အလိုလိုရွှင်ပြနေတာလေ၊ အလုပ်အတူလုပ်တဲ့ သူတွေ ကတောင် ကျမကိုကျိတ်ပုံးတဲ့ စကြတယ်၊ တခါက မောင့်ကိုတွေ့ချင်လို လ္ဘက်ရည်ဆိုင်မှာ ချိန်းလိုက်တယ်။ သူရောက်လာတယ် ကျမသူ့ကိုတွေ့လိုက်တော့ ရင်ထဲမှာ တမျိုးလေးဖြစ် သွားတယ် ကျမသိလိုက်ပါတယ်..ကျမသူ့ကို…ချစ်နေမိပြီဆိုတာ။ သူလဲပျော်နေ တဲ့ပုံတွေ့ရ တယ် ကျမအားတက်မိတာပေါ့ ဒီလိုနဲ့ မောင်နဲ့ကျမရင်းနှီးမှုတွေပိုလာခဲ့ကြတာ၊ ကျမဘယ် လိုလုပ်ရမလဲ မောင်ကကျမဘဝကို သိသေးတာမဟုတ်ဘူး သိသွားရင်ကော …ကျမကိုသူ
ချစ်ပါအုံးမလား…ကျမကရော လက်ရှိဝင်ငွေနဲု့..အလုပ်ကိုစွန့်လိုက်ရင်.. အမေ နဲ့မောင် လေးတွေကို ထောက်ပံနိုင်ဘို့။ အခုဆိုမောင်အကြီးကောင်လေးက မော်လမြိုင်မှာ ကောလိပ် တက်နေတာ၊ အငယ်ကောင်က ၁၀ တန်း ဒီကျောင်းစရိတ်တွေအတွက အမေဘယ် လိုရုန်း ကန်နိုင်မှာလဲ မောင့်ဘဝကသန့်တယ် ကျမကမသန့်ရှင်းတာ….။
ဒါပေမဲ့ရှင် ကျမတို့နှစ်ယောက်ရဲ့အချစ်ကို ဘာနဲ့မှတားဆီးလို့မရခဲ့ပါဘူး။ ကျမလေ ပိုသတိ ထားလာခဲ့ရတယ် သွားတာ၊လာတာ အလုပ်လုပ်တာကအစ မောင်လုံးဝမသိနိုင်အောင်..ပေါ့ မောင်ကမသိရှာပါဘူး။ ကျမနဲ့သူချစ်သူတွေဖြစ်တာကိုတောင် သူ့သူငယ်ချင်းတယောက်က လွဲရင် ဘယ်သူမှပေးသိတာမဟုတ်ပါဘူး၊ ကျမလေမောင့်နောက်ကနေ ဆိုင်ကယ်လိုက်စီး ရတာ..မောင်နဲ့စကားတွေပြောရတာ..နောက်ဆုံးရှင် မောင်အနမ်းလေးတွေ ပေးတာကအစ သိပ်သာယာခဲ့တာကလား…။ အော် အချစ်..အဲ့ဒါအချစ်ပါလားနော်..နောက်ကျမ မောင့်ကို ပိုလေး စားရတာက မောင်ကလေကျမတို့လိုမဟုတ်ဘူး၊ နိုင်ငံရေးအကြောင်းတွေတော်တော် သိတယ် သူပြောပြမှ ကျမတို့ဟာ တကယ်တော့စံနစ်ဆိုးရဲ့ သားကောင်တွေဖြစ်နေရတယ် ဆိုတာ ကျမ သဘောပေါက်တော့တယ်။ မောင်ဆက်သာလုပ် မောင်လုပ်နေတဲ့အလုပ်က မြင့် မြတ်ပါတယ်လို့၊ ကျမလေ မောင်လိုအပ်တာမှန်သမျှ ကြည်ကြည်ဖြူဖြူ လိုက်ရောကူညီခဲ့ တယ်။ တခုတော့ ရှိတယ် ကျမခန္တာကိုယ်ကိုတော့ ကျမလုံးဝဖြူစင်သန့်ရှင်းတဲ့နေ့ ကျမနဲ့ မောင်နဲ့လက်ထပ် တဲ့အချိန်အထိပေါ့။ ကျမက မောင့်ကိုတန်ဘိုးထား မောင်နဲ့ လက်တွဲပြီးတဲ့ နောက်မှာ ဘဝကို အကောင်းဆုံးတည်ဆောက်ပြီး၊ မောင့်ကိုပါရမီဖြည့်ချင်တာ ဒါကြောင့်ကျမ ထိမ်းသိမ်းခဲ့တာပါ.. အဲ့ဒါမောင့်ကိုသိတ်ချစ်လွန်းလို့ပါမောင်ရယ်..။
ကံကြမ္မာ..ဆိုတာဟာလေ ကျမတို့လိုလူတွေအတွက် သိတ်ဘက်လိုက်တတ်ကြတာပါလား… ။ နော် လောကမှာလေအကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ကိုယ့်ဘဝထဲကို ဝင်ချင်တဲ့အချိန် ဝင်ရောက်တတ်ပါလားနော်။ ကျမနဲ့မောင်နဲ့ ချစ်သူတွေဖြစ်လာတာ ၁၀ လလောက်ရှိနေပါပြီ ကျမလဲ မောင်နဲ့လက်တွဲပြီးတော့၊ ဘဝတခုကို ထူထောင်ဘို့စဉ်းစားလာတယ်။ ဟုတ်တယ် လေ လူ့ဘဝမှာ ပိုက်ဆံကြောင့် ဘဝကို ဒီအထိဆွဲချမိခဲ့တဲ့ ကျမကိုယ်ကျမလဲ၊ ငါ့နှယ်နော် ငါလူညံ့ဖြစ်သွားတာပါကလားလို့။ နောက်ပြီးတော့ ငါချစ်တဲ့မောင်၊ ဟုတ်တယ် ငါဒီဘဝကို မောင် ပြောတဲ့စကားနဲ့ပြောရရင်၊ တော်လှန်ပြောင်းလဲပစ်ရမယ်ပေါ့။ ကျမကသာ ဒီလို ဘဝကို ပြုပြင် ပြောင်လဲပြီး မောင်နဲ့လက်တွဲဘို့စဉ်းစားနေတာ ကံကြမ္မာက ခွင့်မပြုခဲ့ပါဘူးရှင်၊ ကျမမှာ လေ HIV ပိုးတွေ့တယ်တဲ့၊ ဖြစ်မှဖြစ်ရလေရှင် ကျမလေ ဘဝကိုကောင်းအောင် ပြုပြင်ပြီး… မောင်နဲ့..ကျမ..ကျမလေကိုကိုယ်ကိုတောင် အဆုံးစီရင်ချင်စိတ်ပေါက်ပါတယ်ရှင်၊ ဘဝရယ်.. ကျမလေ စိတ်သိတ်ထိခိုက်လွန်းလို့…။
ကျမအလုပ်ထွက်ရတယ် ကျမမှာပိုက်ဆံနည်းနည်းရှိတော့ အိမ်ခန်းလေးတခန်းအရင်ငှား လိုက်တယ်၊ ကျမတယောက်တည်းပဲနေချင်တော့တာကိုး။ လုပ်ဖော်ကိုင်ဘက်တချို့ကတော့ အားပေးပါတယ် အနာသိရင်ဆေးရှိပါတယ်တဲ့၊ အနာသိပြီးဆေးမရှိတော့ကော..။ကျမစိတ် တွေ.. ဟုတ်တယ် ကျမလေစိတ်တွေကို ထိမ်းချုပ်နိုင်အောင်လုပ်ရမယ်၊ ကျမစိတ်ကိုလျောချ လိုက်တယ် ကျမဘယ်သူနဲ့မှအတွေမခံပဲ အရေးအကြောင်းဆို လူတွေရဲ့ဖြစ်လေ့ရှိတဲ့အတိုင်း ကျမ မြတ်စွာဘုရားကိုအားကိုးလာမိတယ်။ ကျမနဲ့ရင်းနှီးတဲ့ ဆရာတော်တစ်ပါးက ကျမကို တရားထိုင်ဘို့ ပြောတယ်၊ ကျမတရားထိုင်တယ် နှစ်ပါတ်လောက်ကြာတော့ ကျမနေသား နည်းနည်းကျလာတယ်။ ဖြစ်လာမှတော့ လောကဓံကို ခါးစည်းခံရုံပါပဲလို့ စိတ်လေးနည်းနည်း ထားတတ်လာပါတယ်၊ ဒါပေမဲ့ရှင် ကျမမောင့်အကြောင်းတွေးတိုင်း စိတ်မကောင်းဖြစ်ရတယ်၊ မောင်အခုလောက်ဆို ကျမကိုရှာနေရောမယ် ကျမဒီဘဝနဲ့ မောင့်ကိုဘယ်လိုလုပ် လက်တွဲရမ လဲမောင်ရယ်။ ကျမကြောင့်မောင်…အို.. ကျမလေ.. ရင်နဲ့အမျှ ကြေကွဲခဲ့ရပါတယ်မောင်ရယ်၊ တကယ်တော့ ကျမရဲ့ အိမ်မက်ကမ္ဘာလေးပြိုကွဲခဲ့ရတာပါမောင်ရယ်…။
ကျမဆုံးဖြတ်လိုက်တယ် မောင့်ကိုအတွေ့မခံတော့ဘူးလို့၊ မောင့်ကိုတွေ့ချင်နေတဲ့စိတ်တွေကို ကျမရဲ့ ကွဲကြေနေတဲ့ ဟော့ဒီရင်ပတ်ထဲမှာပဲ သိမ်းထားလိုက်ပါတော့မယ်။ ကျမနောက်ဆုးံအ နေနဲ့ မောင့်ဆီကိုဖုံးခေါ်လိုက်တယ်…။ မောင်… ဟာ မြင့်ကွာ ဘယ်ပျောက်သွားတာလဲ မောင် ဖြင့်ရှာလိုက်ရတာကွာ၊ မောင့်အသံက ကျမရင်ကို ဆို့နင့် မွချေ ပစ်လိုက်သလိုပါပဲ.. မောင်..။ မြင့်နဲ့လက်ထပ်ဘို့ လူကြီးတွေကိုပြောထားပြီးပြီတဲ့၊ ထပ်မံပြီးကြေမွရပြန်ပါပေါ့မောင်ရယ်..။ ကျမအံကိုတင်းတင်ကျိတ်ထားပြီး မယိုင်လဲသွားအောင် မနည်းအားယူထိမ်းထားရတာပါ၊ ကျမ နောက်ဆုံးအားယူပြီး မောင့်ကိုတခွန်းပဲပြောလိုက်နိုင်ပါတယ်….၊ မောင်…… ကျမကိုမေ့လိုက်ပါ တော့ လို့…။
ဒီ့နောက်မှာတော့ ကျမ နယ်စပ်ကထိုင်းရွာလေးတရွာမှာ ကျမအသိတယောက်နဲ့ သွားနေရင်း၊ ထိုင်းသူဌေးတယောက်ဆီမှာ လယ်ယာလုပ်သားဘဝနဲ့ ကျမဘဝကိုကျမဘာသာ ကုစားနေမိ တော့တယ်။ တနှစ်လောက်အကြာမှာတော့ ကျမငှက်ဖျားအကြီးအကျယ် ဖျားပါလေရော၊ နောက်ဆုံးတော့ ကျမ မဲ့ဆောက်က ဆရာမစင်သီယာမောင်ရဲ့ဆေးခန်းကိုရောက်လာတယ်၊ ငှက်ဖျားပိုးကိုသွေးဖောက်စစ်ရင်းနဲ့ ကျမသွေးကိုထပ်မံဓါတ်ခွဲကြည့်ရာကနေ HIV ပိုးရှိနေတာ ဆေးခန်းကသိသွားတာပေါ့။ ဆရာမတွေကအားပေးပါတယ် အားမငယ်ပါနဲ့တဲ့၊ ဒီမှာအမျိုး သမီးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ SAW အဖွဲ့ဆီကိုပို့ပေးမယ်တဲ့။ အော်..မောင်ရေ.. ဒီအဖွဲ့ဆီကရတဲ့ အကျီင်္လေးဝတ်တဲ့နေ့က မောင်နဲ့စဆုံဖြစ်ခဲ့ကြတာနော်၊ ကျမသိတာပေါ့ သူတို့က ခလေးတွေ၊ ခိုကိုးရာမဲ့တွေ၊ HIV ပိုးစွဲကပ်နေတဲ့ အထူးသဖြင့် အမျိုးသမီးတွေကို ကူညီစောင့်ရှောက်နေတာလေ။ ကျမဆုံးဖြတ်လိုက်တယ် ဟုတ်တယ် ငါဟာ လူ့လောကကြီး မှာ အဓိပ္ပါယ်မဲ့နေသွားမလား၊ ရှိတဲ့အချိန်မှာ အကျိုးရှိရှိနေသွားမလား၊ ကျမဆုံးဖြတ်ချက် ကိုခိုင်ခိုင်မာမာချလိုက်တယ်။ အဲ့ဒီ့နောက်မှာတော့ ကျမခြေလှမ်းတွေက SAW အဖွဲ့ရဲ့ save house လို့ခေါ်တဲ့ ဂေဟာာလေးဆီကိုသာ….။
အခုတော့ကျမလေ ကျနဲ့ဘဝတူ ရောဂါအခြေအနေတွေဆိုးတဲ့ တခြားအမျိုးသမီးတွေကို ကူညီစောင့်ရှောက်တဲ့သူတယောက် ဖြစ်လို့နေပါပြီမောင်ရယ်..။ တရက်ဈေးထဲမှာ အမှတ်မ ထင်မောင့်သူငယ်ချင်းနဲ့တွေ့လို မောင်နိုင်ငံခြားထွက်သွားတယ်ဆိုတဲ့အကြောင်း၊ အိမ်ထောင် ရက်သားကျသွားပြီဆိုတဲ့အကြာင်း သိရပါတယ်မောင်ရယ်။ မြင့်… မောင့်အတွက်ဝမ်းမြောက် ပါတယ် မောင်ရယ်..မောင်ကတော‘့မြင့်‘ ကို သစ္စာမရှိတဲ့သူလို့ ထင်နေမှာပါ။ ရပါတယ်မောင် ရယ် မြင့်..လေ..အခုဆိုရင် ဘဝတူတွေကို ပြန်လည်စောင့်ရှောက်တဲ့ လူမှုရေးလုပ်သား တဦးဖြစ်နေပါပြီ။ မြင့်နားလည်တာတော့မောင်ရယ် လူမှုရေးဆိုတာ၊ နိုင်ငံရေးစံနစ်ရဲ့ အခြေခံ လေးတွေလို့ လုပ်ရင်းနဲ့သိလာရတယ် ဒါကြောင့် ဒီဘဝနဲ့ပဲ မြင့်ရဲ့ဘဝ တနေ့အဆုံးသတ်တဲ့ အထိ နေထိုင်သွားပါတော့မယ်မောင်။ မောင့်ကိုလွမ်းတဲ့စိတ်တွေကိုလည်း လူမှုရေးလုပ်ငန်း တွေမှာ တစ်တတ်တစ်အားလုပ်ကိုင်နေရင်း နေတတ်လာပါပြီမောင်ရယ်….။
ညီမရေ..မြင့် သွားကြရအောင်လေ၊ အတူတူလာတဲ့ အဖေါ်အမကြီး မမေကြည် လှမ်းခေါ်မှပဲ ကျမဘယ်လောက်အထိ အတွေးရေယာဉ်ကြောမှာ မျောနေမိသလဲမသိတော့ပါ။ ဘာလဲ.. ညီး မောင့်ကို လွမ်းနေတုန်းပဲလားဟေ့၊ မဟုတ်ပါဘူးအမကြီးရယ်..၊ ကျမအမကြီးအမေးကိုပြန်ဖြေ ရင်း သောင်ရင်းမြစ်ကမ်းကနေ ပြန်လာခဲ့ကြပါတော့တယ်။ ရုံးနားရောက်တော လ္ဘက်ရည် ဆိုင်က နွှဲ့ယဉ်ဝင်း သီဆိုထားတဲ့သီချင်းလေးက ကျမနှလုံးသားထဲအထိ ပြန်နှံဝင်ရောက်လာ ခဲ့ပါတယ်ရှင်…။
မောင်လိုအင်တွေကိုxxxxx
ညိုညင်တာမရှိဘူးxxxxxမxကxခွင့်လွှတ်ခဲ့တယ်xxxx- မောင့်အတွက်နဲ့မနှလုံးသားxxxမြေ့မြေ့
ကျွမ်းပြီကွယ်xxxx-xxxx
ဟူ၍သာ…..။
(မဲ့ဆောက်ရှိ မြန်မာအမျိုးသမီးလေးဦးရဲ့ အဖြစ်အပျက်တချို့အား မှီငြမ်းဇာတ်အိမ်ဖွဲ့ပါသည်။)
ကျိုးစားပါအုံးမည်။
ယဉ်ထွန်း
Saturday, October 18, 2008
မြေဇာမြက်... တပင်... ချွန်း

(၁)
ကျမရဲ့ အိမ်ပြန်လမ်းက မချောမွေ့ပါဘူး။ ဒါပေမဲ့ ကျမအိမ်ပြန်ခွင့်ရတော့မယ်ဆိုတဲ့ အသိက အရာရာကိုသည်းခံနိုင်ခဲ့ပါတယ်။ ကြပ်ညှပ်နေတဲ့ကားကြီးထဲမှာ လူတွေရဲ့သက်ပြင်း ချသံတွေက တိုးတခါ၊ ကျယ်တလှည့်ပါပဲ။ လူမျိုးစုံ၊ ဘဝမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ ကျမတို့ရဲ့ နေထိုင်ရာဒေသကို ပြန်ကြရမဲ့သူတွေက ဘာဖြစ်လို့များ သက်ပြင်းဒီလောက်ချနေကြတယ် ဆိုတာ ကျမနားမလည်နိုင်အောင်ပါပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ထဲက ခွဲခွါခဲ့ရတဲ့ ကျမရဲ့ မွေးရပ်မြေကို ဒါပထမဆုံး ပြန်ရောက်ဖို့အခွင့်အရေးပါပဲ။ ဘယ်သူတွေဘာဖြစ်နေနေ ကျမကတော့ ပျော်ရွှင်နေခဲ့ပါတယ်။
‘မဗိုက်ကို ဆွဲတင်ပေးလိုက်ပါအုံး’ ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်က ကျမလက်ကို ဆွဲပြီး လှေပေါ်ရောက်ဖို့ကူညီပေးပါတယ်။ ကျမ..ရင်ထဲမှာ ကျင်ခနဲနေအောင် ဝမ်းသာစိတ် ဖြစ်မိပါတယ်။ ဒါ.. ပထမဦးဆုံး လူတွေရဲ့ ဂရုဏာတရားကို ကျမခံစားရခြင်းပါ။ ဒါ.. ကျမရဲ့ မွေးရပ်မြေက ပထမဦးဆုံး ကြိုဆိုလိုက်တဲ့ နွေးထွေးမှုပါလား။ အိမ်အပြန်လမ်းအတွက် ကျမမှာ ခွန်အားတွေရလိုက်ပါပြီ။ မွေးရပ်မြေမှာ ပထမဆုံးခြေချခွင့်ရတဲ့နေရာက မြဝတီတဲ့။ လှေပေါ်ကဆင်းလိုက်သည်နှင့် ဆိုးဝါးလှတဲ့အတိတ်ကဖြစ်ရပ်တွေကို ဒီကမ်းစပ်မှာပဲအပြီးတိုင် မြုပ်နှံခဲ့ပြီး လူသစ်၊ စိတ်သစ်၊ ဘဝသစ်နဲ့ မွေးရပ်မြေမှ မိဘ၊ မောင်နှမတွေထံ မရောက် ရောက်အောင်ပြန်မည်ဟု ကျမ ဆုံးဖြတ်လိုက်ပါတယ်။
မြဝတီမြို့ဆိုတာ အတူလာကြတဲ့ခရီးဖော်တွေပြောလို့ သိခဲ့ရပေမဲ့ ကျမနဲ့တော်တော် စိမ်းပါတယ်။ သူတို့နဲ့အတူလိုက်ရင်း ကျမဘယ်ကိုစပြီး သွားရမလဲဆိုတာစဉ်းစားရင်း၊ သူတို့ဘယ်သွားကြမလဲဆိုတာကိုလည်း ကျမစုံစမ်းကြည့်ပါတယ်။ လူအများစုသွားကြတာက ရုံးခန်းလိုနေရာမျိုးလေး။ ခရီးသွားလက်မှတ် လုပ်ရမဲ့နေရာထင်ပါတယ်။ ကျမလည်းအများ နည်းတူလက်မှတ်လုပ်ဖို့တန်းစီလိုက်ပါတယ်။ အနားရှိနေသူတယောက်ကို ဘယ်သွားမှာလဲ လို့စပ်စုလိုက်မှ လှေတတန်နဲ့လာခဲ့တဲ့ခရီးကို တံတားကတဆင့်ပြန်သွားကြမလို့တဲ့။ ကျမ အတော်လေးအံ့သြသွားရပြီး တန်းစီနေရာက ပြန်ထွက်လိုက်ရပါတယ်။ ဘာလုပ်မှာလဲ။ ဘာလို့ အဲ့ဒီနေရာကို ပြန်သွားရမှာလဲ။ လူတွေကို ကျမနားမလည်တော့ဘူး။ ကျမဆက်ရမဲ့ ခရီးအတွက်ကျမပြင်ဆင်ရတော့မယ်။ သေသေချာချာစဉ်းစားကြည့်လိုက်မှ သွားရမဲ့ခရီးက ကျမရဲ့အသိဥာဏ်ဦးနှောက်ရဲ့ ထောင့်တနေရာမှာ ဝိုးတိုးဝါးတား။ အိမ်ကလေးနဲ့ ခြံဝင်းက လေးသာအသိဥာဏ်ထဲမှာ မှတ်မိနေပေမဲ့၊ ဘယ်နေရာဘယ်အရပ်မှာရှိသလဲဆိုတာ ကျမမသိ။ ကျမနေခဲ့တာဘာရွာပါလိမ့်။ ဘယ်လိုခရီးဆက်ရမလဲဆိုတာထက် လောလောဆယ် ဘယ်မှာ တည်းရမလဲဆိုတာက ပိုအရေးကြီးနေလို့ မြင်နေရတဲ့ဈေးတန်းလေးထဲလှမ်းဝင်လိုက်ပါတယ်။
ခရီးသွားတယ်ဆိုတာကလည်း ကိုယ်သွားချင်တဲ့နေရာဆိုတာတိတိကျကျ ရှိမှ သွားလို့ ရမှာလေ။ ကျမအိမ်ပြန်ချင်ပေမဲ့ အိမ်ဘယ်မှာဆိုတာကိုမသိလို့ လူတချို့က ကျမကိုရူးကြောင် ကြောင်ဖြစ်နေတယ်လို့ ထင်ကြတယ်။ ဘာမှတိတိကျကျ အကူအညီမပေးနိုင်ကြဘူး။ ကျမမှာ ပါလာတဲ့ငွေလေးက တည်းခိုတဲ့အခပေးရလို့ သိပ်မကျန်တော့ဘူး။ ငွေမရှိဘဲနဲ့တော့ အိမ်ပြန် လို့မဖြစ်နိုင်ဘူး။ ဒီတော့ အိမ်မပြန်နိုင်သေးခင် အလုပ်တခုခုလုပ်နေမှ ကျမအတွက်အဆင် ပြေမှာ။ အလုပ်လုပ်ဖို့အကူအညီတောင်းတော့ တည်းခိုတဲ့အိမ်က ကောက်စိုက်တတ်လားတဲ့။ သမာအာဇီဝအလုပ်ဆို ဘာမဆိုလုပ်နိုင်ပေမဲ့ သုံးရက်တည်းနဲ့ ကျမအလုပ်ပြုတ်ခဲ့တယ်။ အကြောင်းကတော့ ကျမကိုယ်ပေါ်က ဝန်ထုပ်ဝန်ပိုးကြောင့်တဲ့။ ဒီ့အတွက်ကြောင့်လည်း ကျမ သေသေချာချာ အလုပ်မလုပ်နိုင်တာလေ။ ဒါကြောင့် ဒီဝန်ထုပ်ကို ဖြုတ်ချလိုက်ဖို့ ကျမ ဆုံးဖြတ်လိုက်တယ်။ ဒါဟာလဲ ကျမရခဲ့တဲ့ ဒုက္ခတခုပဲလေ။ ရှိတဲ့ငွေကလေးနဲ့ သင့်တော်တဲ့ နေရာမှာ ဒီဝန်ထုပ်ကို ဖျက်ချနိုင်ဖို့ စုံစမ်းပြီး အဲ့ဒီနေရာကို ကျမရောက်သွားတယ်။
အမိုးကလည်းမလုံ၊ အကာကလည်းဖယိုဖရဲနဲ့။ တဲသာသာအိမ်လေးရဲ့ တခုတည်း သောအခန်းလေးထဲမှာ ကျမတပတ်လောက်နေရတယ်။ အိမ်ရှင်က ဒေါ်ဘုမ… တဲ့ ။ ကျမမှာ ပါလာတဲ့ငွေ အားလုံးနီးပါး အဲဒီမှာကုန်ပါတော့တယ်။ ကျမ မမှုပါဘူး။ သူကကျမကို ကူညီ နေတာလေ။ ဒီဝဋ်ဒုက္ခကလွတ်သွားရင် ကျမဘာမဆိုပြန်လုပ်နိုင်တာပဲ။ ငွေကို နည်းအမျိုးမျိုး နဲ့ရှာခဲ့ရဖူးတဲ့သူပဲ။ ကျမအသက် ၅ နှစ်အရွယ်ကတည်းက ကြုံခဲ့ရတဲ့ ဒုက္ခတွေဟာ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေးပါလား။
(၂)
ကျမအိမ်မှာဘာတွေဖြစ်ခဲ့တာလဲ။ အဲ့ဒီညကအဖေနဲ့အမေကပြန်မလာလို့ မောင်နှမ တွေကြောက်ကြောက်လန့်လန့်နဲ့ အိပ်ကြရတယ်။ မနက်လင်းတော့ လူကြီးတချို့က အမကို နင့်တို့အဖေနဲ့အမေသေပြီတဲ့။ ပြီးတော့ ကျမကို အမေ့အရွယ် လောက်ရှိတဲ့ မိန်းမကြီးတ ယောက်ကသူနဲ့လိုက်ရမယ်တဲ့။ အမကလည်း လိုက်သွားဖို့ ပြောလို့ အမေ့ကိုတွေ့ရမယ် အထင်နဲ့ ကျမလိုက်ခဲ့တယ်။ ဒါပေမဲ့ အမေ့ကိုအဲ့ဒီကတည်းက တခါမှမတွေ့ရတော့ဘူး။ အမေ့ကိုမှမဟုတ်ပါဘူး.. တခြား.. ဘယ်သူ့ကိုမှမတွေ့ရတောတာ ခုချိန်ထိပါ။ ကျမ တွေ့ခဲ့ရတာတွေကတော့….
ဘန်ကောက်တဲ့.. ကျမတို့ကိုခိုင်းတဲ့ ထိုင်းမကြီးက ဗမာစကားနည်းနည်းတတ်တယ်။ ကျမတို့ဆိုတာက ကျမလို အသက် ၅ နှစ်နဲ့ ၁၀နှစ်ကြား ဗမာကလေးတွေ။ အားလုံးပေါင်းဆို ၁၂ ယောက်.. ။ မိန်းခလေး ၉ယောက်နဲ့ ယောက်ျားလေး ၃ယောက်။ အခန်းတခုတည်းမှာ အားလုံးအတူတူနေရတယ်။ ကျမတို့လုပ်ရတဲ့အလုပ်က လူစည်ကားတဲ့ နေရာတွေမှာ tissue စက္ကူလိပ်ကလေးတွေလိုက်ရောင်းရတာ။ ရောင်းတယ်ဆိုတာက ကြားကောင်းအောင်ပြောရ တာပါ။ တကယ်ကတော့ စက္ကူလိပ်လေးတခုပြပြီး တောင်းစားရတဲ့ သူတောင်းစားဘဝပါ။ လူအများစုကလည်း စုတ်ပြတ်ပေရေနေတဲ့ ကလေးတွေရဲ့လက်ထဲက စက္ကူလိပ်တွေကို မယူပဲ သနားလို့ စက္ကူလိပ်ဖိုးထက်တန်ဘိုးရှိတဲ့ငွေကို ပေးသွားကြတာများပါတယ်။ မဝရေစာသာ စားရလို့ ပိန်လှီနေတဲ့ကလေးတွေမို့ တချို့က စားစရာလေးတွေပေးတာလည်းရှိပါတယ်။ ဒါပေမဲ့ ပေးလာတဲ့စားစရာကို ယူစားလိုက်မိလို့ ဆုံးမခံလိုက်ရတာကတော့ တသက်မမေ့နိုင်စ ရာပါပဲ။ ကျမရဲ့ လက်ဆစ်တွေဟာ ဆေးလိပ်မီးနဲ့ အတို့ခံရတာများလွန်းလို့ အမာရွတ်တွေ ဖြစ်နေပါတယ်။ ကျမသူတောင်းစားအဖြစ် ခိုင်းစားခံရတာပါ။ တောင်းလို့ရတဲ့ငွေတွေကတော့ ကျမတို့ဘာမှ မသုံးရပါဘူး။ ကျမတို့ကိုသူက အခကြေးငွေနဲ့ဝယ်ထားရလို့ တန်ရာတန် ကြေးရအောင် ပြန်ခိုင်းစားနေတာလို့ အမြဲပြောပါတယ်။ ကျမကို ဘယ်သူကရောင်းစားလို့ ဘယ်သူပိုက်ဆံရသွားသလဲဆိုတာ ကျမမသိပေမဲ့၊ ကျမလုပ်ဆပ်ခဲ့ရတာကတော့ ကျမဘဝ တစ်ခုလုံးပါပဲ။
အားကိုးရာမဲ့နေတဲ့ ကျမတို့ဟာ သူ့လက်ထဲကနေဘယ်လိုမှ လွတ်အောင်ပြေးလို့ မရနိုင်ပါဘူး။ ကျမရဲ့ခန္တာကိုယ်ကနေ ရသမျှလုပ်အားခတွေကို နည်းအမျိုးမျိုးနဲ့ ဖျစ်ညှစ်ယူခဲ့ တာ သူ့လက်ကလွတ်ခဲ့တဲ့အချိန်မှာတော့ ကြံသာဆိုလျှင်အရည်ခြောက်ခန်းတဲ့ အဖတ်ကြမ်း ဖြစ်နေလောက်ပါပြီ။ သူ့လုပ်ငန်းကို ရဲကသိပြီးအဖမ်းခံရတော့မှ ကျမတို့လွတ်ခဲ့ကြတာ။ သူ့ရဲ့ လက်အောက်မှာ၁၈ နှစ်လောက်နေခဲ့ရပြီးတဲ့ ကျမဘဝဟာ ဘာအသိဥာဏ်မှမရှိတော့ သလိုပါပဲ။ သူခိုင်းသမျှ ကြောက်ကြောက်လန့်လန့်နဲ့ အလုပ်ပေါင်းစုံလုပ်ခဲ့ရပေမဲ့ ကိုယ့်တစ်ယောက်ထဲကျတော့ ဘာလုပ်ရမှန်းမသိတော့လို့ ဖမ်းတဲ့ရဲကပဲ အကူအညီပေးနိုင်မဲ့ သူကို ရှာပေးခဲ့ရ တယ်။ ကျမခဏကံကောင်းခဲ့ပါတယ်။ အိမ်ဖော်အလုပ်တနေရာ ရခဲ့ပါတယ်။ ကျမအဲ့ဒီမှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။ အိမ်ရှင်ကလည်း အေးဆေးတယ်လေ။ ဘာပြဿနာမှမရှိတဲ့အပြင် ကျမပျော်ရွင်ခဲ့ရပါသေးတယ်။ အဲ့ဒါကတော့ ကျမနေတဲ့အိမ်က ကားဒရိုင်ဘာ `“ဖိဘွန်း” ကြောင့်ပါ။
ဖိဘွန်းက ကျမကိုလက်ထပ်ချင်တယ်တဲ့။ အရက်သမား ဖောသွပ်သွပ်မို့ ယူမဲ့သူမရှိ ပေမဲ့ ကျမလိုလူတယောက်အတွက်ကတော့ အတည်တကျ လက်ထပ်ချင်တယ်ဆိုတဲ့သူ့ စကားဟာ အားဆေးတခွက်လိုဖြစ်ခဲ့ရပါတယ်။ ကျမအရွယ်က မိသားစုဘဝကို တည်ဆောက် နိုင်တဲ့ အရွယ်ရောက်ပြီလေ။ ကျမသူနဲ့ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပါတယ်။ ကျမသဌေး ကိုတောင် အသိမပေးနဲ့ဆိုလို့ တိုးတိုးတိတ်တိတ် လက်ထပ်ထားခဲ့တာ။ ကျမတို့ရှာထားသမျှ လေးတွေ စုဆောင်းထားပြီးမှ နှစ်ယောက်တစ်ဘဝ ထူထောင်ကြမယ်လေ။
ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့နေရတဲ့ဘဝဆိုတာ ကျမငယ်စဉ်က ခဏလေးပဲရခဲ့တာပါ။ အခုချိန်မှာ ကိုယ်ကိုတိုင်ဖန်တီးခွင့်ရတော့မှာဆိုတော့ ကျမစဉ်းစားရင်းတောင်ဝမ်းသာမိပါ တယ်။ ကျမဒီတသက် ဒီလိုမိသားစုဘဝမျိုးလေး ပြန်မရနိုင်တော့ဘူးလို့ထင်ထားခဲ့မိလို့ပါ။ မိသားစုဘဝလေးတခုအတွက် ကျမအိပ်မက်မက်ခဲ့ရတာ လပိုင်းလောက်ပဲကြာပါတယ်။ ကံကြမ္မာမှုန်တိုင်းက ဖျက်လိုက်ပြန်တယ်။ ကျမမှာကိုယ်ဝန်ရှိလာတော့ အိမ်ရှင်တွေကမေး လာတယ်။ ကျမကတော့ ခပ်ရဲရဲပဲပြန်ဖြေလိုက်တယ်လေ။ ကျမယောက်ျား “ဖိဘွန်း” ဆိုတာ။ ဒါကို ကျမရဲ့သဌေးက ဆိုးဆိုးဝါဝါးလုပ်ရပ်အဖြစ်သတ်မှတ်ပြီး ကျမကိုနှင်ချခဲ့တယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတာ တကယ်ကြုံတွေ့ခဲ့ရတဲ့ ကျမအတွက်ကတော့ ခံစားရသိပ် ခက်ပါတယ်။ ဖိဘွန်းနေတဲ့ အခန်းလေးကိုရှာဖွေပြီး ကျမလိုက်သွားတော့ စိမ်းစိမ်းကားကားနဲ့ ကျမကိုမောင်းထုတ်တယ်လေ။ သူနဲ့အတူနေလို့မရဘူးတဲ့။ ဘာတွေဖြစ်ကုန်မှန်းမသိတော့ တဲ့ကျမ ရဲစခန်းမှာသွားပြီးအဖမ်းခံခဲ့ရပါတယ်။ သူတို့ဘာလုပ်လုပ်ကျမခံတော့မယ်။ ထောင်ထဲ ဆိုလည်း နေစရာရှိသေးတယ်လေ။
(၃)
အိပ်ယာကနိုးနိုးခြင်း ခန္တာကိုယ်က အရိုက်ခံထားရသလိုနာကျင်နေတယ်။ သေသေချာ ချာစဉ်းစားလိုက်မှ ကိုယ်ဝန်ဖျက်နေတာ တပတ်တိတိရှိပေမဲ့ ဘာမှထူးခြားမလာသေးတာပဲ။ သွေးနည်းနည်းဆင်းတာလောက်ပဲရှိတယ်။ ကျမဘဝတလျှောက် ခံစားခဲ့ရတဲ့ နာကျင်မှုတွေက ချစ်ခြင်း၊ မုန်းခြင်းတွေကို ဥပေက္ခာပြုနိုင်နေသလိုပဲ။ မိသားစုဘဝလေးဆိုတာကို မရဲတရဲလေး မျှော်လင့်ခဲ့ဖူးပေမဲ့၊ အခု ဝမ်းနဲ့လွယ်ထားရတဲ့ကလေးကို ဖျက်ချတော့လဲ ကြေကွဲဝမ်းနည်းမှု တွေဖြစ်မလာပါဘူး။ သာမန်ကိစ္စတခုလောက်ပဲ ကျမခံစားချက်ရှိတယ်။ ကျမဒီဒုက္ခ တွေကနေ မြန်မြန် လွတ်မြောက်ချင်တယ်။ မဝေးတော့သောကာလတခုမှာ ကျမမိသားစုရှိရာကို ပြန်ရောက်တော့မှာပဲလေ။ “နင့်ကိစ္စက လုပ်လို့မရတော့ဘူး” တဲ့.. ဒေါ်ဘုမက ပြောလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ “နင့်ဟာက ရင့်နေပြီ.. အားလုံးအပြီးအစီးဆို နောက်ထပ်ငွေ တသောင်းလောက်ထပ်ကုန်မယ်” တဲ့။ အစကတည်းက ခြောက်လကျော်ရှိနေ တဲ့ ကိုယ်ဝန်ကိုဖျက်ချပေးနိုင်တယ်လို့ အာမခံထားလို့ ရှိသမျှငွေလေး အကုန်ခံပြီး လာပါ တယ်ဆိုမှ အခုတော့ရင့်နေလို့ တဲ့။ ပိုက်ဆံထပ်ပေးရမယ်ဆိုတော့ ကိုယ်ကဘာဝင်ငွေရှိလို့ ဘယ်သူကထောက်ပံ့နေလို့လဲ။
တပူပေါ်နှစ်ပူဆင့်ဆိုတာ ဒါမျိုးပဲဖြစ်မယ်ထင်ပါတယ်။ ကျမမှာ ပိုက်ဆံမရှိ၊ နေစရာမရှိ တဲ့အပြင် ရောဂါပါထပ်တိုးလာပြန်ပြီ။ ကျေးဇူးရှင်ကြီးက ပိုက်ဆံမရှိတော့လို့ သူ့အိမ်မှာလည်း မထားချင်သလို၊ ဘာမှလည်းထပ်မလုပ်ပေးနိုင်တော့လို့ ကျမနေထိုင်လို့ ရနိုင်တဲ့နေရာကို လမ်းညွှန်ပေးပါတယ်။ အဲ့ဒီနေရာလေးကတော့
ကျမနဲ့ရေစက်မကုန်နိုင်ဘူးလို့ပဲ ပြောရတော့မယ်ထင်ပါတယ်။ ဘဝရဲ့ ဆိုးဝါးလှတဲ့ အတိတ်ဖြစ်ရပ်တွေကို ပြန်သတိမရချင်တော့လို့ ခြေဦးတောင်မလှည့်တော့ဘူးလို့ ဆုံးဖြတ် ထားတဲ့နေရာကို ဒုက္ခတွေတပုံကြီးနဲ့ ပြန်သွားရဦးမဲ့ ကျမရဲ့ အဖြစ်က တွင်းရေငင်နေရတဲ့ ရေပုံးတလုံးလို ကြိုးတချောင်းရဲ့ ချည်နှောင်မှုအောက်မှာ မြုပ်လိုက် ပေါ်လိုက်နဲ့ သံသရာ လည်နေတာ ကိုယ်ရောက်ချင်တဲ့နေရာကို တော်ရုံကံတရားနှင့်တော့ ရောက်နိုင်မည့်ပုံ မပေါ်။ ဒေါ်ဘုမရဲ့ ကောင်းမှုနဲ့ပဲ မယ်တော်ဆေးခန်းကို ကျမရောက်ခဲ့ရတယ်။ ဒုက္ခရောက်နေကြတဲ့ လူနာတွေကြားထဲမှာ ကျမလည်းနေရာတခုရခဲ့ပါတယ်။ မကျန်းမာပေမဲ့ ကျမနေခဲ့ရတဲ့ နေရာ အားလုံးထဲမှာ ဒီနေရာလေးကတော့ သုခရိပ်မြုံလေးတခု ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ ကျမအထီးကျန်မဖြစ်ဘူး။ ကျမအတွက်သူငယ်ချင်းဆိုတာရှိခဲ့တယ်။ ဒီနေရာမှာ ကျမ အားမငယ်ရဘူး။ အားပေးတဲ့ဆရာမတွေ အမြဲရှိတယ်။ ဒီနေရာမှာ ဝမ်းရေးအတွက် မပူရဘူး။ အချိန်တန်ရင် ချက်ပြီးသားထမင်း အရံသင့်စားရတယ်။ ဒီနေရာမှာ နှိပ်စက်မှုတွေမရှိဘူး။ လူလူခြင်းမေတ္တာတရား ထားကြတယ်။ ဒီမေတ္တရိပ်မြုံလေးရဲ့ အရိပ်အောက်မှာ ပျော်ရွှင်စွာ ကျမနေခွင့်ရခဲ့ပါတယ်။ ကြည်လင်ဧချမ်းပြီး အမြဲတမ်းပြုံးရိပ် သန်းနေတဲ့ မျက်ဝန်းတစုံကိုတွေ့ရတဲ့အခါ၊ မေတ္တာဓါတ်တွေနဲ့ ထုံမွမ်းထားတဲ့ စကားသံတခု ကိုကြားရတဲ့အခါ တွေမှာတော့ မိခင်မေတ္တာကိုရရှိခံစားရသလို၊ ကျမကိုယ်တိုင်မှာလည်း မိခင်စိတ်တွေ ပေါက်ဖွားလာတတ်ပါတယ်။ ကျမရဲ့ မပျက်စီးသွားတဲ့ ဗိုက်ထဲက ကလေးကို ကျမ ချစ်တတ်လာပါတယ်။ သားလား၊ သမီးလား မသိရသေးပေမဲ့ သူ့ကိုထိခိုက်အောင်လုပ်ခဲ့ မိတာကို ကျမနောင်တရမိတယ်။ ကျန်းမာစွာမွေးဖွားလာဖို့ကိုလည်း အမြဲဆုတောင်းနေမိ ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် မမွေးခင်ကတဲက ရောင်းစားခံကြရတဲ့ ကလေးတွေထဲ မှာတော့ ကျမ ကလေးကို အပါမခံတော့ဘူး။ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေဆီက ကလေးမမွေးခင် ငွေတဝက်ပေးပြီး ကလေးမွေးပြီးတာနဲ့ ကျန်ငွေတဝက် ကိုချေကာ ကလေးကိုယူသွားကြသူ၊ ပေးလိုက်ကြသူတွေရှိပေမဲ့ ကျမရဲ့ ကလေးကိုတော့ ဒီိလိုမလုပ်ရက်တော့ဘူး။ အရင်ကစိတ်မျိုးနဲ့ဆို ကလေးကိုရောင်း၊ ပြန်စရိတ်လုပ်လို့ မိဘအိမ်ဆိုတာကို ရှာဖွေဖို့ပဲ စဉ်းစာမိမှာပါ။ ဒါပေမဲ့ မေတ္တာတရားရဲ့ အရိပ်အောက်မှာ ဒီိလိုလုပ်ရပ်မျိုးကို ကျမမလုပ်နိုင်တော့ပါဘူး။ ကျမ မေတ္တာငတ်သလို ကျမကလေးကို မဖြစ်စေချင်ဘူးလေ။
မီးဖွားခန်းထဲမှာ နာကျင်မှုကို အချိန်အတန်ကြာခံစားရပြီးတဲ့နောက် ကျမဘဝထဲကို ရောက်လာတာကတော့ ဖြူဖြူဖွေးဖွေးသမီးလေးပါ။ သမီးလေးဟာ အရမ်းကိုချစ်စရာကောင်း ပေမဲ့ သူ့ခြေချောင်း၊ လက်ချောင်းလေးတွေက ပူးကပ်ပြီးပုံပျက်၊ ပန်းပျက်ဖြစ်နေပါတယ်။ သမီးလေးကို သနားကြင်နာမှုတွေဖြစ်ရပေမဲ့၊ ကျမရဲ့နို့ချိုကို တိုက်ကြွေးခွင့်မရခဲ့ပါဘူး။ ဘာကြောင့်မှန်းမသိပေမဲ့ ဆရာ၊ ဆရာမတွေက နို့မှုန့်ကိုသာတိုက်စေခဲ့ပါတယ်။ သနားစရာ သမီးငယ်လေးကို ဆရာ၊ ဆရာမတွေကလည်း ချစ်ခဲ့ကြပါတယ်။ နိုင်ငံခြားသား ဆရာမ များကလည်း သမီးလေး အတန်အသင့်အရွယ်ရလို့ ခံနိုင်ရည်ရှိလာရင် ခြေ၊ လက် ကလေးတွေကို ခွဲစိတ်ကုသပေးမည်တဲ့။ အားလုံးက အခမဲ့ပေမဲ့ မေတ္တာတရားတွေနဲ့ပါ။ ကျမ ဘဝလေး လန်းဆန်းစိုပြည်လာပါပြီ။
ကျမတို့ သားအမိအတွက် နေစရာရှိသလို၊ ငွေကြေးကလေးလည်းရှာဖွေဖို့ အခွင့်ရ ထားတယ်။ ဝေးဝေးလံလံသွားလုပ်စရာမလိုပါဘူး။ အမျိုးသမီးလူနာဆောင်မှာ သန့်ရှင်းရေး လေးကိုယ်တတ်နိုင်သလောက်လုပ်ရုံနဲ့ တလတလမုန်ဖိုးလေးရနေတာပါ။ တဆောင်တည်း နေ မီးနေသည်တချို့ရဲ့ အညစ်အကြေးပေတဲ့အဝတ်တွေကို လျှော်ပေးရင်နဲ့လည်း ကုသိုလ် လည်းရ ဝမ်းလည်းဝဆိုတာလို သူတို့ပေးကမ်းသွားတာတွေဟာလည်း၊ ကိုယ့်အတွက် အသား တင်ဝင်ငွေတွေပါ။ ဒီငွေတွေနဲ့ ကိုယ်စားချင်တာ စားလို့ရသလို၊ ကိုယ်ဝတ်ချင်တာကိုလည်း ဝယ်ဝတ်လို့ရတယ်။ ကျမ စိုပြည်လှပခဲ့ပါတယ်။
လူ့စိတ်တွေကလည်း သိပ်ခက်ပါတယ်။ လူ့အလိုနတ်မလိုက်နိုင်ဆိုတာလို ကိုယ်လို ချင်တာရပြီးသွားတဲ့အခါ နောက်ထပ်တခုကို လှမ်းနေတတ်တာ လူတွေရဲ့လောဘတရားတွေ လား။ ပြည့်စုံသွားပြီဆိုတာ မရှိနိုင်ပဲ၊ လိုနေသေးတယ်ဆိုတာက ဘယ်လောက်ရရ အတောမ သတ်နိုင်တဲ့ လောဘနောက်လိုက် ပုထုဇဉ်လူသားတွေရဲ့ အာသာဆန္ဒ။ ကျမလဲ ဒီထဲကလူ တယောက်ပါပဲ။ ကိုယ်ရနေတဲ့ အခွင့်အရေးထက် ပိုပြီးတော့လိုချင်လာခဲ့တယ်။ လိုချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ရရှိလာပါတယ်။ ရရှိလာတာတွေကတော့ ဒုက္ခတွေတနင့်တပိုး…
ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းလှပြီ… ဆိုတာလို ဒုက္ခမီးတွေထဲကိုပဲ ကျမတိုးဝင်နေမိတယ်။ ကြည်လင်အေးမြတဲ့ ရေတပေါက်ထက်.. ဓါးသွားပေါ်ကပျားရည်စက် ကို ကျမ တပ်မက်မိခဲ့တဲ့အချိန်မှာတော့ ချိုမြိန်ခြင်းဆိုတဲ့ အရသာရဲ့နောက်ကွယ်မှာ….
(၄)
ကျမနဲ့ သမီးလေးကို ခိုကိုးရာမဲ့တဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များစောင့်ရှောက်တဲ့ နေရာကို ပို့ပေးဖို့ ဆရာမတွေက စီစဉ်ပေးပါတယ်။ ဒါပေမဲ့ ကျမ ဒီနေရာလေးကနေ မခွဲနိုင်ဘူးဖြစ်နေတယ်။ ဒီနေရာလေးက ကျမအတွက် အေးချမ်းတဲ့အပြင် ကျမကိုလက်ထပ် လိုတဲ့ ချစ်သူ တယောက်လည်း ရှိနေလို့ ဖြစ်ပါတယ်။ ကျမသူနဲ့လက်ထပ်လိုက်ရင် အားကိုးရာ ရှိပြီပဲ။ ဒါကြောင့် ကျမတို့တိုင်ပင်ပြီး သူခေါ်ရာနောက်လိုက်သွားခဲ့မိပါတယ်။ ကိုယ့်ကိုကူညီပေးကြတဲ့ ဆရာမတို့ကိုအားနာပေမဲ့ သူနဲ့ တသက်လုံးလက်တွဲပြီး မိသားစု ဘဝလေးတည်ဆောက်ချင်လို့ပါ။
ကျမတို့ ခေတ္တတည်းခိုဖို့ တနေရာကိုသွားကြတယ်။ သူ့ရဲ့ မိတ်ဆွေရှိတဲ့နေရာကိုပါ။ အဲ့ဒီကတဆင့် အလုပ်အကိုင်ရှာဖွေပြီး စရိတ်လေးများစုဆောင်းကာ ကျမတို့ရဲ့ မွေရပ်မြေကို ပြန်ကြမယ်လို့ တိုင်ပင်ကြရင်းပေါ့။ ကျမတို့ ရောက်သွားရတဲ့ သူ့မိတ်ဆွေဖြစ်သူရဲ့ နေထိုင်ရာအရပ်ကတော့
အုန်းဖျံ ဒုက္ခသည်စခန်းတဲ့။ တဲအိမ်လေးတွေဟာ တောင်စောင်းတွေမှာ တမျှော်တခေါ် ကြီးပါပဲ။ ကျမတို့ ရောက်သွားတယ်ဆိုရင် နေစရာ ရပေမဲ့ စားစရာက ဒုက္ခသည်စာရင်း မဝင်လို့ မရခဲ့ပါဘူး။ ဒီလောက်များတဲ့ လူတွေဟာ ကျမထက်ပိုပြီး ဒုက္ခရောက်ကြလို့သာ သူတို့ ဒုက္ခသည်ဆိုတဲ့ စာရင်းဝင်ကြတာမို့ ကျမအတွက်တော့ ဖြေသာရာရပါသေးတယ်။ ကျမက သူတို့လောက်မှ ဒုက္ခမရောက်သေးပဲကိုး။ ကိုယ့်ခြေလက်တွေရှိနေသမျှ ကျမ ရုန်းကန်နိုင်ပါတယ်လေ။ အားကိုးစရာ သူတစ်ယောက်လုံးတောင် ကျမအနားမှာ ရှိနေသေး တာပဲ။ ကျမတို့ ရရာအလုပ်ရှာလုပ်ကြပါတယ်။ ပြောင်းဖူးချိုး၊ ငရုတ်ဆွတ် ဘယ်အလုပ်မှ လက်မလွတ်ဘဲ ကြိုးစားပြီးလုပ်ကြပေမဲ့ စားဖို့အတွက်တောင် တော်တော်ခက်ခဲခဲ့ပါတယ်။ နေပူကြီးထဲ ပင်ပန်းလဲ ဇွဲမလျှော့ပဲ အလုပ်လုပ်တဲ့ ကျမ ရောဂါတွေရလာပါတယ်။ တဖြည်းဖြည်း အားအင်တွေဆုတ်ယုတ်လာလိုက်တာ ကိုယ့်ပုံကိုယ် မှန်ထဲပြန်မကြည့် ရဲတော့ဘူး။ စိုပြည်ခဲ့တဲ့ အသားအရေတွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတာ ကိုယ့် ကိုယ်ကိုတောင် မယုံနိုင်အောင်ပါပဲ။ သူဆိုတာလည်း ကျမရုပ်ပုံကို မကြည့်ရဲတော့လို့ ပျောက် ကွယ်သွားခဲ့ပြီ။
ကျမ အားကိုရာ မဲ့ပြန်ပါပြီ။ ကျမရဲ့ ဒီပုံစံနဲ့တော့ လောကကြီးထဲ နေလဲမနေချင်တော့ ပါဘူး။ ဒါပေမဲ့ ကျမ သေလို့တော့ မဖြစ်သေးဘူး။ ကျမ မရှိတော့တဲ့နောက် သမီးလေးကို စိတ်ချရတဲ့နေရာမှာ ထားခဲ့ချင်သေးတယ်။ မိသားစုဘဝလေး မပိုင်ဆိုင်ရရင်တောင် အေးချမ်းတဲ့ မေတ္တာရိပ် အောက်မှာ သမီးလေးကို ထားခဲ့ချင်တယ်လေ။ ကျမဆုံးဖြတ်ပြီး ချေစုံကန် ထွက်ခဲ့မိတဲ့ နေရာကို မရောက်ရောက်အောင် ပြန်ခဲ့ပါတယ်။ စေတနာကို စော်ကားခဲ့မိတဲ့ ကျမကို ဆရာမလေးတွေက မကြည့်ချင်တော့လောက်အောင် ဖြစ်ခဲ့ပေမဲ့ မိခင်မေတ္တာအပြည့်နဲ့ ( ကျမရင်ထဲမှာ အမေ လို့ခေါ်နေမိတဲ့ ) ဆရာမကြီးကတော့ ကျမအတွက် နေရာတခု ပြန်စီစဉ်ပေးခဲ့ပါတယ်။ ကျမ ဒီမှာသေခွင့်ရရင် ကြေနပ်ပါပြီ အမေရယ်။
နေစရာ၊ စားစရာတွေ ပြန်ရပေမဲ့ ကျမ ဘာမှစားလို့မရတော့ဘူး။ စားချင်တာလေး တွေ့လို့ စားလိုက်မိရင် ချက်ချင်း အိမ်သာပြန်ဝင်ရတယ်။ အမြဲတမ်းလဲ ရင်ပူနေလို့ ရေခဲတုန်းလေးတွေကိုပဲ ကိုက်စားနေရတယ်။ ကျမ ဒီခန္တာကိုယ်ကြီးကို တော်တော်ရွံမုန်းမိ ပါတယ်။ နောင်ဘဝတွေများရှိရင် ဒီလောက်လေးလံတဲ့ ခန္တာကိုယ်ကြီး ဘယ်တော့မှ မရပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ကျမ ရချင်တာကတော့ ပေါ့ပါးတဲ့ခန္တကိုယ်လေးမှာ ကိုယ်သွားလိုရာကို ပြန်သန်းသွားနိုင်တဲ တောင်ပံတစုံပါတဲ့ ငှက်ကလေးဘဝပါ။
နွေတနေ့ရဲ့ ရောင်နီမတက်သေးခင်မှာ ကျမ တောင်ပံတစုံရလာပါတယ်။ ကျမ ကောင်းကင်ပေါ် ပျံသန်းတက်ကြည့်မိတဲ့အခါ… အိုး… လောကကြီးဟာ သိပ်အေးမြပါလား။ ဟိုး… အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှာ ရောင်နီဖျဖျ လှမ်းမြင်နေရပါပြီ။ ကျမ မွေးရပ်မြေရှိရာ ဘက် မှန်းဆပြီးထွက်ခဲ့ပါပြီ။ လမ်းမှာ ပျံသန်းသွားနေကြတဲ့ ငှက်ကလေးတွေကို တွေ့လို့ သူတို့ရှိရာဘက် ပျံထွက်ခဲ့လိုက်တယ် ဆိုရင်ပဲ.. လှပလိုက်တဲ့ မြို့ရွာတွေ။ ဘုရား၊ ကျောင်း၊ ကန်တွေ၊ တန်ဆောင်းပြဿဒ်တွေနဲ့ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းတွေ။ ဒါ.. ငါ့ရဲ့မွေးရပ်မြေလား… ငှက်ကလေးတွေကို လှမ်းမေးလိုက်တော့… မဟုတ်သေးဘူး… တဲ့။ ရှေ့ဆက်ခိုင်းတယ်။ တနေရာရောက်တော့ နေဝင်လုအချိန်ရောက်ပြီပေါ့။ ငှက်ကလေးက ညွန်ပြတယ်… ဟိုးနေရာ…တဲ့။ မွေးရပ်မြေဆိုတာကို သဲသဲကွဲကွဲမမြင်ရလို့ နီးသထက်နီး အောင် ဆင်းကြည့်လိုက်တယ်ဆိုရင်ပဲ…။ မိုးခေါင်ရေရှား ရပ်ဝန်းက လယ်ကွင်းတွေထဲမှာ ကျွဲမဲတအုပ်ပါလား။ သေသေချာချာ ကြည့်လိုက်မှ ကဆုန်ပေါက်မြူး နေကြတဲ့ ကျွဲတအုပ်ရဲ့ ခွာ တွေအောက်မှာ မြေဇာမြက်ပင်ကလေးတွေ တဖုတ်ပြီးတဖုတ် ကမ္ဘာမြေပေါ်က ဆွဲနှုတ်ခံနေကြရပါပေါ့လား။ သည်းးခံလိုက်ပါအုံး မြေဇာမြက် လေးတို့ရယ်။ မကြာခင်မှာ ဒီကျွဲတအုပ် သူတို့ရဲ့ တင်းကုပ်ဆီ သွားကြရတော့မှာပါ။
(မှတ်ချက်။ ။ စိတ်ကူးယဉ်ဝတ္ထုတပုဒ် မဟုတ်ပါ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းတွင် AIDS ရောဂါဖြင့် သေဆုံးသွားသူ အမျိုးသမီးငယ်လေး၏ တကယ့်ဖြစ်ရပ်မှန်ကို အနည်းငယ် ဖြည့်စွက်၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏အမည်ကတော့ “နွယ်” ပါ။ သို့သော် တွယ်ချင်ရာ တွယ်ခွင့်မရခဲ့တဲ့ မြေဇာမြက်တပင်မျှသာ….။ ဒုက္ခတွေ တနင့်တပိုးနှင့် သူမထားခဲ့ရစ်သော သမီးငယ်လေး မှာတော့ သူမလောက် ဒုက္ခမရောက်တော့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ အခုချိန်မှာ သမီးငယ်လေးက လုံခြုံ အေးချမ်းတဲ့ ထိုနေရာ လေးမှာရောက်ရှိနေတယ်လို့ ကျမ သိထားသောကြောင့် ဖြစ်ပါတယ်။)
ချွန်း (၁၈.၁၀.၂၀၀၈)
Monday, September 22, 2008
ဖွတ်သားဟင်းတခွက်နှင့်ချစ်သက်သေ...(ချွန်း)
ကျမရဲ့ဆင်ဦးစီးက ကျမကိုဘယ်လောက်ချစ်သလဲဆိုတာ စာဖတ်သူတွေကိုသိစေချင်ရုံလေးပါ။ ကျမတို့ထိမ်းမြားပြီးကာစ ပစ္စည်းမဲ့တို့ ဒေသလေးမှာပါ။ စားစရာဆန်ကလွဲရင် ကျန်တာရှာစားကြရတဲ့နေရာလေးပါ။ ရှာစားရတာက တောထဲက ဟင်းသီးဟင်းရွက်နဲ့ အ ကောင်ဗလောင်ရယ်၊ ချောင်းထဲကငါးကလေးတွေရယ်ကို ရှာစားကြရ တာပါ။ ပိုက်ဆံရှိရင်တော့ တညအိပ်သွားရတဲ့ ဈေးဆိုင်လေး တွေရှိတဲ့နေရာမှာလိုချင်တာတွေ ဝယ်လို့ရပါတယ်။ တလကိုတခါလောက်သွားလေ့ရှိကြပါတယ်။ တလစာစားဖို့ ဟင်းချက်ရာ မှာသုံးဖို့ တိုလီနဖာနဲ့၊ ဆပ်ပြာ၊ သွားတိုက်ဆေးလောက်သာပုံမှန်ဝယ်နိုင်ပြီး ဟင်းစားဖို့ ကတော့ တောတိုးရင်းဖြေရှင်းကြတာများပါတယ်။
ကျမကတောတိုးတာဝါသနာပါတယ်။ အရွက်တွေ၊ အသီးတွေခူးရတာ အရမ်းပျော်ပါတယ်။ မှိုများတွေ့ပြီဆို အပျော်ဆုံးဘဲ။ မှိုကြတော့လဲ တွေ့ခဲပါတယ်။ တွေ့ပြန်ရင်လဲ ဆင်ဦးစီးနဲ့ကျမ စကားများကြရမြဲ။ သူကမှိုကိုသိပ်မကြိုက်သလို မှိုတောင့်မှာစိုးရိမ်တတ်တယ်။ ကျမကတော့မှိုဆိုသိပ်ကြိုက်။ သူကတော့အသားဆို ဘာသားဖြစ်ဖြစ်လာထားဘဲ။ နှစ်ယောက်သားကဆန့်ကျင်ဖက်။ ဒါပေမဲ့ ပစ္စည်းမဲ့ တွေပီပီ ပြဿနာတော့မရှိခဲ့ပါဘူး။ လူတွေကပစ္စည်းနည်းလေ ပြဿနာနည်းလေပဲမဟုတ်လား။ အခုတော့အရင်းရှင်နိုင်ငံမှာ ဝင်ငွေနဲ့ ထွက်ငွေတွေကိုတွက်ချက်ရှယ်ယာခွဲရင်း တခါတခါ စကားများရလို့ ပစ္စည်းမဲ့ဒေသကိုပြန်သတိရမိပါရဲ့။
တနေ့.. နေ့စွဲအတိအကျမမှတ်မိပေမဲ့ အဲ့ဒီနေ့က ကျမမှိုရတဲ့နေ့။ သရက်ပင်ကြီးတပင်လေတိုက်လို့လဲနေတာကြာပြီ။ အဲ့ဒီပေါ်မှာ ပေါက်နေတဲ့မှိုတွေ။ မှိုစထွက်ကတည်းကတွေ့ပေမဲ့ စားလို့ရ၊ မရ မသေချာလို့မနှုတ်ခဲ့ဘဲ၊ နှစ်ရက်လောက်ကြာမှ တောင်ယာကပြန်လာ တဲ့ ထိုင်းနိုင်ငံသားကရင်တစု အလုအယက်နှုတ်ကြတာတွေ့မှ ကိုယ်လည်းဝင်နှုတ်တာ ကိုယ့်မှာပါလာတဲ့ဇကာလေးနဲ့ တခါကြော်စာရခဲ့ တယ်။ စားလို့ရတာသေချာတဲ့အကြာင်းပြချက်ရလို့ ဝမ်းသာအားရနဲ့အိမ်ပြန်ပြီးမှိုနှင့်တကွ အကျိုးအကြောင်းပြောပြတော့ ဆင်ဦးစီးက အင်တင်တင်ဘဲ။ ဒါနဲ့ပိုသေချာအောင် ခပ်လှမ်းလှမ်းကရေချောင်းနားမှာနေတဲ့ အမိုးကြီးတို့လင်မယားဆီမှာ အတည်ပြုချက်ယူလိုက်ရ သေးတယ်။ အမိုးကြီးတို့က စားလို့ရတဲ့အကြာင်းပြောမှ မှိုကြော်ဖို့ပါမစ်ကို ဆင်ဦးစီးကချပေးတာ။ ဒါတောင်ကန်ဇွန်းရွက်ပါမှကြော်ရမယ်ဆိုလို့ တောင်စောင်းနားက ရေအိုင်ဘေးမှာပေါက်နေတဲ့၊ ခူးလွန်းလို့အတက်ထွက်နှေးနေတဲ့ ကန် ဇွန်းပင်က ထွက်ကာစအညွတ် လေး၊ငါးညွတ်ကို မိနစ်နှစ်ဆယ်လောက်ကြာအောင် သွားပြီး ခူးလိုက်ရသေးတယ်။
မနက်စာစားပြီးဆင်ဦးစီးတရေးတမောအိပ်တုန်း ကျမလည်း ညစာချက်ဖို့အတွက် ဆန်ဗန်းရယ်၊ မှိုဇကာရယ်ယူပြီး တဲရှေ့က ကွပ်ပြစ်မှာ ထိုင်ပြီး ဆန်ရွေးနေတုန်း ခပ်သဲ့သဲ့အော်သံတခုကြားလိုက်ရတယ်။ ဘာသံပါလိမ့်ဆိုပြီး နားစိုက်ထောင်လိုက်ရင်း အသံကပျောက်သွား ရင်းဖြစ်နေတယ်။ ဘာသံမှန်းဝေခွဲလို့မရဘူး။ တောထဲမှာက အသံအမျိုးမျိုး ကြားရပေမဲ့ ကျမ မခွဲခြားတတ်ဘူး။ မျောက်သံ၊ ချေသံ၊ ဝေးဝေးကလူအော်သံ သဲ့သဲ့ တွေဟာ ကျမနားထဲမှာ တူနေသလိုထင်ရတယ်။ အသံကပျောက်သွားလိုက်၊ ပြန်ကြားရလိုက်နဲ့ ချေအော် သံဖြစ်မှာပါလေဆိုပြီး ဆင်ဦးစီးနဲ့မတွေ့ခင်က အဖြစ်အပျက် တခုကို သတိယမိသွားတယ်။
ချေမလေးတကောင်ရဲ့ အဖြစ်ဆိုးကိုပါ။ ကျမရောက်စကပါ။ ကျမနေတဲ့တဲက ချောင်းဘေးနားမှာ။တဲအရှေ့ချောင်းကို ကျော်ကြည့်လိုက် ရင်တောင်ချေက လူသွားလမ်းလေးကို မြင်ရတယ်။ ကျမတို့တဲအုပ်စုကတောင်နှစ်လုံးကြားကမြှောင်ထဲမှာပါ။ တနေ့ ကျောင်းဆရာတ ယောက်က တဲစုဘက်ကိုလာလည်ရင်းတဲရှေ့ဘက်က တောင်စောင်းမှာ ချေတစုံကိုတွေလို့ လက်ခုပ်တီးပြီးချောက်လွှတ်ပေမဲ့ ချေတ ကောင်က ပြေးသွားပြီး တကောင်ကျန်နေလို့ဆိုပြီး ကျမတို့ရောက်နေတဲ့တဲမှာ သေနတ်လာတောင်းပြီး ပစ်လိုက်တာ ကျောရိုးကိုရှပ် ထိသွားတယ်။ ကံဆိုးလှတဲ့ချေမလေးဟာ လူနေတဲ့ တဲတန်း ဘက်ကို အားကိုတကြီးပြေးလာခဲ့ပါတယ်။ အဲဒီမှာ သူ့ကိုကယ်မယ်အထင် နဲ့ အပြေးလာခဲ့တဲ့ ချေမလေးကို ဝါးလုံးဆွေးတွေနဲ့ဝိုင်းရိုက်လို့လဲကျနေတုန်း မူဆလင်ဘာသာဝင် စက်ဆရာ တယောက်က သူလည်း ချေသားစားရအောင်ဆိုပြီး တဲထဲကဓားတချောင်းဆွဲပြီး ချေမလေးကို လည်လှီးလိုက်ပါသေးတယ်။ ဘယ်အချက်နဲ့ သေပွဲဝင်သွားရမှန်း မသိလိုက်ရတဲ့ ချေမလေးရဲ့ အသားကို ကျမမစားရက်တော့ပါဘူး။
အတိတ်အကြောင်းကိုစဉ်းစားနေတုန်း ဆင်ဦးစီးနိုးလားပြီး ကျမကြားတဲ့အသံကို သူလည်းသတိထားမိသွားပြီး သေနတ်တလက်နဲ့ အ သံကြားတဲ့ဘက်ထွက်သွားလိုက်တာ ကျမတားချိန်တောင်မရလိုက်ပါဘူး။ သိပ်မကြာလိုက်ပါဘူးဆင်ဦးစီးပြန်ရောက်လာပြီး မီးခြစ် တောင်းသွားတယ်။ ဘာအရေးကြီးနေမှန်းသိချင်လို့မေးပေမဲ့ စကားပြန်မရခဲ့ဘူး။ နာရီဝက်လောက်ကြာမှပြန်ရောက်လာပြီး အကျိုးအ ကြောင်းပြောပြတယ်။ ဆေးမှုးတယောက် တောလည်ထွက်ရင်း ဖွတ်နဲ့ပက်ပင်းတိုးမိပြီး၊ အနီးကပ်မို့ သေနတ်နဲ့ပစ်လို့မရဘဲ သစ်ခေါင်း ထဲဝင်ပြေးတဲ့ဖွတ်မြီးကို အားကုန်ဆွဲပြီး အော်နေခြင်းဖြစ်သတဲ့။ တနာရီလောက် ကြာအောင် ဖွတ်နဲ့လွန်ဆွဲနေတဲ့ဆေးမှုး၊ (ဆင်ဦးစီးနိုး လာလို့သာ… နို့မဟုတ်လျှင် ဘယ်အချိန်ထိအောင် ဇွဲနှင့်အော်နေမည်မသိ) ဆင်ဦးစီးကို သစ်ရွက်ခြောက်တွေ သစ်ခေါင်းထဲထည့်ပြီိး မီးရှို့ခိုင်းလိုက်မှ ဖွတ်မီးခိုးမွှန်ပြီး ဆေးမှုးလက်ထဲ ပါလာတော့တယ်။
အဲ့ဒီညက ကျမတို့ထမင်းဝိုင်းလေးက စိုစိုပြည်ပြည်လေးဖြစ်ခဲ့ပါတယ်။ လွန်ဆွဲပွဲမှာ အနိုင်ရအောင်ကူညီခဲ့တဲ့ ဆင်ဦးစီးအတွက် ဖွတ်သား ဟင်းတခွက်ကို ဆေးမှုးကလာပို့ ပေးလို့ပါ။ မှိုကြော်နဲ့ဖွတ်သားဟင်း အရသာရှိရှိလေးကို လင်မယားနှစ်ယောက် မျက်နှာချင်းဆိုင် စား ကြတော့မယ်ပြင်ကာမှ ဆင်ဦးစီးက သူဗိုက်မဆာသေးလို့ စားနှင့်ပါတဲ့။ အင်းလေ.. သူတို့အစီအစဉ် (အဲ့ဒီနေရာမှာ အရက်မသောက်ရ အမိန့်ထုတ်ထားပေမဲ့ နှစ်နာရီ လောက်သွားရတဲ့ထိုင်းရွာက အရက်ဝယ်ပြီး စုသောက်ကြခြင်း) ရှိလို့နေမှာပါအထင်နှင့် တယောက် တည်း မှိုဟင်းများများနှင့်စားလိုက်ရတယ်။ ထမင်းစာပြီး ထမင်းဝိုင်းတခုချန်ကာ ကျန်တာတွေရှင်းပြီး အဆင်သင့်ဆွဲထားတဲ့ စစ်ပုခက်ထဲ ဝင်ပြီးနှပ်နေလိုက်တယ်။ သူတို့ဝိုင်းစုကြပြီဆို ကိုယ်ကဒီလိုပဲ တယောက်တည်းနှပ်နေကြလေ။ ဒါပေမဲ့ဆင်ဦးစီးက ဘယ်မှမသွားဘဲကျမ နဲ့လှမ်းစကားပြောနေခဲ့ပြီး သိပ်မကြာခင်မှာ ထမင်းဝင်စားတော့တယ်။ ကျမက အစီအစဉ်မဖြစ်ဘူးလားမေးတော့ အစကတည်းကမရှိ ပါဘူးတဲ့။ ဗိုက်မဆာလို့ စောင့်နေတာတဲ့။ ကျမအနည်းငယ်တော့အဲ့သြခဲ့ပါတယ်။ အသားဟင်းကြိုက်တဲ့ဆင်ဦးစီးက အသားဟင်းပါတဲ့ နေ့မှ ဗိုက်အဆာနောက်ကျလို့လေ။
အိမ်ထောင်သက် ငါးနှစ်ပြည့်ပြီး သမီးနှစ်ယောက်ရပြီးမှ သူ့ရဲ့အချစ်ကိုကျမသိခွင့် ရခဲ့ပါတယ်။ တနေ့သူ့မိတ်ဆွေတွေနှင့် စကားပြော ရင်း မှိုတောင့်တဲ့အကြောင်းပါလာပြီး ဆင်ဦးစီးဗိုက်အဆာနောက်ကျခဲ့တာမဟုတ်ဘဲ မှိုဟင်းတောင့်မှာစိုးသောကြောင့် ကျမစားပြီး တ နာရီကြာမှ စားခဲ့ခြင်းဖြစ်သည်တဲ့။ အကယ်၍ နှစ်ယောက်အတူတူစားပြီး တခုခုဖြစ်နေခဲ့လျှင် တယောက်နှင့်တယောက်မကူညီနိုင်ဘဲ ဒုက္ခရောက်မည်စိုးသောကြောင့် သူဆာပေမဲ့ စောင့်နေခြင်းဖြစ်သည်တဲ့။ ဆင်ဦးစီးရဲ့ ကျမအပေါ်ချစ်ခြင်းဟာ ဘယ်လောက်အထိ စိတ်ချလုံခြုံမှုရှိလိုက်သလဲဆိုတာ...။
ချွန်း
Monday, September 15, 2008
ပခုက္ကူ - စက်တင်ဘာ နဲ့ သမိုင်းစဉ်ထဲက ရွှေဝါရောင်မှတ်တိုင်များဆီ....(ဝင်းတင့်ထွန်း)
စက်တင်ဘာလထဲ ရောက်ကတည်းက၊ သြော် - ရွှေဝါရောင်လှုပ်ရှားမှုကြီး နှစ်ပတ် လည် တိုင်ခဲ့ပါပေါ့ လား...ဆို တဲ့အတွေးတွေ ရင်ထဲမှာ တရိပ်ရိပ်ဝေလာခဲ့ရပြန်ပါတယ်၊၊ ရွှေဝါ ရောင်လှုပ်ရှားမှု - သံဃာ့လှုပ်ရှားမှု - ဆိုတဲ့ အသံတွေနဲ့အတူ၊ တဆက်တည်းလိုလိုရင်ထဲ ပြေးဝင်လာတာက ‘ပခုက္ကူ’ ‘ပခုက္ကူ’ ဆိုတဲ့ အမည်နာမပါပဲ၊၊
ပခုက္ကူ ဆိုတာ ကျနော်တို့အမိဗမာနိုင်ငံတော်ကြီးရဲ့ အလယ်ပိုင်းဒေသက ထင်ရှားတဲ့ မြို့ကြီးတမြို့ ရဲ့ နာမည်ဆို တာ လူတိုင်းသိကြပြီးသားပါ ပဲ၊၊ ဗမာဆန်တဲ့ အညာဟန်ကို ချစ်သူ ပခုက္ကူသား ပခုက္ကူနွယ်တချို့ကတော့၊ သူတို့ ကိုယ်တိုင် ပခုက္ကူကို အညာမြေ အညာဒေသအ ဖြစ် နှစ်နှစ်ကာကာ သတ်မှတ်ပြောဆို ရေးဖွဲ့ကြတာတွေလဲ ရှိ ပါတယ်၊၊ ပခုက္ကူနယ်သား ဖြစ်တဲ့ ဆရာမြသန်းတင့်ကတော့၊ သူ့မွေးရပ်မြေကို တမာရိပ် မန်ကျီးရိပ် ထနောင်းရိပ် တွေနဲ့ လွမ်းစရာ့အညာဒေသအဖြစ် လှလှပပ ဆွတ်ဆွတ်ပျံ့ပျံ့ ရေးခြယ်ဖွဲ့နွဲ့ခဲ့ဖူး ပါတယ်၊၊ ပခုက္ကူဟာ စာပေအနု ပညာသမားတွေ ထွက်သလို၊ နိုင်ငံရေးသမားတွေလဲ ထွက်တဲ့ သမိုင်းရှိတဲ့ မြို့တမြို့ ပါ ၊၊ သမိုင်းစဉ်ဆက် ထင်ရှား တဲ့ သံဃာတော် ဆရာတော်ကြီးတွေလဲ ထွန်းတောက် ပေါ်ထွက် သီတင်းသုံးခဲ့ကြတဲ့ ဘူမိနက်သန်အထင်ကရ မြို့ကြီးတမြို့လဲ ဖြစ်ပါတယ်၊၊ ကျနော်တို့ ဗမာ နိုင်ငံရဲ့ ထေရဗုဒ္ဒဘာသာသာသနာသမိုင်းမှာ- ပရိယတ္တိသာသနာနဲ့ပတ်သက်ရင်၊ ကုန်းဘောင် နောက်ဆုံးမင်းဆက် ထီးနန်းစိုက်ရာ ရတနာပုံမန္တလေးမြို့ကြီး ပြီးရင်အထက်ဗမာနိုင်ငံမှာ အထင်ရှားဆုံးဖြစ်တာကတော့ ပခုက္ကူမြို့ကြီးပါပဲ၊၊ စာပေပရိယတ္တိ လိုက်စားကြမယ့် သံဃာ တော်အရှင်သူမြတ်တွေအတွက်ပရိယတ္တိစာပေသင်အံပို့ချရာကျောင်းတိုက်ကြီးတွေ အစီအရီ ပေါ်ထွန်းခဲ့ ရာမှာ၊ မန္တလေး၊ အမရပူရ တို့နဲ့အပြိုင်၊ ပခုက္ကူစာသင်တိုက်ကြီးတွေဟာလဲ ထင်ရှားခဲ့ပါတယ်၊၊
သံဃာ့လောကမှာ အစဉ်အလာကြီးတဲ့ မြို့တမြိြုဲ့ဖစ်ခဲ့ပါတယ်၊၊ အနီးခေတ်သံဃာ့လောကမှာ ပရိယတ္တိစာပေနဲ့ ပတ်သက်ပြီး နေတဆူ၊လတဆူ ကျော်စောထင်ရှားခဲ့တဲ့၊ အမရပူရ မဟာ ဂန္ဒာရုံစာသင်တိုက်ကြီးကို စနစ်တကျ တည်ထောင်ခဲ့တဲ့၊ ထေရဝါဒဗုဒ္ဒဘာသာစာပေ ကျမ်းဂန် ပေါင်းများစွာကို ရေးသားပြုစုသွားခဲ့တဲ့ ရှင်ဇနကာ ဘိဝံသလို ဆရာတော်ကြီးပင်လျှင်၊ ငယ် ရွယ်စဉ် ပထမကြီးတန်းအောင်ပြီးစဉ်က ပခုက္ကူမြို့ မဟာဝိသုတာရာမ ကျောင်းတိုက်ကို သွားပြီး စာဝါတက်ခဲ့ရဖူးပါတယ်၊၊ ပရိယတ္တိစာပေကို ပခုက္ကူမှာသွားပြီး ဆည်းပူးလေ့ လာသင် အံခဲ့ ရဖူးပါတယ်၊၊ အထက်ဗမာနိုင်ငံမှာ မန္တလေးမြို့ ကြီးပြီးရင်၊ သံဃာ့မြို့လို့တောင် ပြောရလောက် တဲ့နေရာဟာ ပခုက္ကူ မြို့ကြီး ဖြစ်ခဲ့ပါတယ်၊၊
ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် ထပ်မံပြီးတွေ့ရတာကတော့၊ အမိဗမာနိုင်ငံတော်ရဲ့ ဗုဒ္ဓြွဘာသာသာသနာ သမိုင်းလမ်းကြောင်းမှာ -ပခုက္ကူဟာ အဲဒီလို ပရိယတ္တိသာသနာ စည်ပင် ထွန်းကားရေးနဲ့ ထဲထဲဝင်ဝင်ဆက်နွယ် ပတ်သက်နေတဲ့ မြို့ကြီး ဖြစ်ရုံမက၊ ဗမာ့နိုင်ငံရေးလှုပ် ရှားမှုသမိုင်းလမ်းကြောင်းမှာ - အမျိုး ဘာသာ သာသနာ အတွက် စွမ်းစွမ်းတမံရွက်ဆောင် ဖေါ်ပြသွားခဲ့ကြတဲ့ သံဃာ့အာဇာနည်ကြီးတွေနဲ့လဲ ဆက်နွယ်ပတ်သက်နေတဲ့ မြို့ကြီးတမြို့ ဖြစ်ခဲ့တယ် ဆိုတာပါပဲ၊၊ ဘာ့ကြောင့်လဲ၊ ဘာကို ဆိုလိုတာလဲ၊၊
ဗမာ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ- ဗမာပြည်က ဘယ်နိုင်ငံရေးသမား တော်လှန်ရေး သမားမဆို၊ လေးလေးစား စားတန်ဖိုးထား ဦးခိုက်အသိအမှတ်ပြုရထားရမယ့်၊ အငြင်းပွား ဖွယ်မရှိ - တကယ့်အထင်ကရ သံဃာ့အာဇာနည် ကြီးနှစ်ပါး ရှိခဲ့ပါတယ်၊၊ အဲဒါကတော့- ဆရာတော်ဦးဥတ္တမနဲ့ ဆရာတော် အရှင်ဦးဝိစာရပါပဲ၊၊
နယ်ချဲ့အင်္ဂလိပ်အစိုးရ ရဲ့လက်အောက်၊ အမိဗမာပြည်ကြီးတခုလုံး ကျရောက်နေရပေမဲ့၊ အင်္ဂလိပ်ဘုရင်ခံ ‘ဆာ ရယ်ဂျီနယ် ကရက်ဒေါက်’ကို‘ဟေ့ - ကရက်ဒေါက် ပြန်သွား’ လို့ အားနဲ့ မာန်နဲ့ မောင်းထုတ်ပြခဲ့သူဟာ ဆရာ တော်ဦးဥတ္တမပါ ၊၊ ဆရာတော်ဦးဥတ္တမ ရဲ့ ‘ကရက်ဒေါက်-ပြန်သွား’ဆိုတဲ့ အဲဒီ ရဲရဲတောက်အသံဟာ မကြောက် တရားရဲ့ ပဲ့တင်သံ၊ ဗမာပြည် ပြည်သူလူထုတရပ်လုံးကို လှုပ်နှိုးပစ်လိုက်တဲ့ ရဲတင်းသံ၊ နယ်ချဲ့ဆန့်ကျင်ရေး အ တွက် ဟစ်ကြွေးလိုက်တဲ့ တပ်လှန့်သံလဲ ဖြစ်ခဲ့ပါတယ်၊၊ ၁၉၂၁ ခုနှစ်မှာ ဒေးဒရဲနယ် ဆူးကလပ်ရွာ တရားပွဲမှာ အစိုးရကို အကြည်ညို ပျက်စေမှု နဲ့ ပထမဆုံးအကြိမ် ထောင်ဒဏ် (၂)နှစ်၊၊ ၁၉၂၄ ခုနှစ်မှာ မန္တလေးမှာ အဓိက ရုဏ်းကိစ္စနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် ထောင်ဒဏ် (၃)နှစ်၊၊နယ်ချဲ့အစိုးရက ဖမ်းဆီးထောင်ချ ပြခဲ့ တယ်။ ဆရာတော်က ခေါင်းမော့်မပျက် ထောင်ထဲ ရဲရဲဝံ့ဝံ့ ဝင်ပြခဲ့တယ်၊၊ ဗမာပြည်မှာ နိုင်ငံရေးလုပ်မှု နဲ့ ပထမဆုံးထောင်ဒဏ် အပြစ် ပေးခံရတဲ့ သံဃာတော်အဖြစ် မော်ကွန်းထူပြသွားခဲ့တဲ့ သံဃာ့အာဇာနည်ကြီး ဖြစ်ခဲ့တယ်၊၊
ဆရာတော်ဦးဥတ္တမ ထောင်ချခံရ ပြီးနောက်၊ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ရဲရဲရင့်ရင့် ရောက်လာခဲ့တဲ့ သံဃာ တော်အရှင်မြတ်ကတော့၊ ဆရာတော်ဦးဝိစာရပါပဲ၊၊ နယ်ချဲ့ အင်္ဂလိပ် ဆန့်ကျင်ရေးကို သတ္တိသွေးနဲ့ ဖေါ်ကျူးပြသ ခဲ့ပါတယ်၊၊ နယ်ချဲ့အစိုးရ ရေးဆွဲချမှတ်ပေးတဲ့ ‘ဒိုင်အာခီ’ကို ပြတ်ပြတ်သားသားသပိတ်မှောက်ခဲ့သလို၊ နယ်ချဲ့အ စိုးရကို အခွန်မပေးရေး တိုက်ပွဲတွေ၊ ‘နယ်ချဲ့အစိုးရနဲ့မဆက်ဆံဘူး’ ‘ဒိုင်အာခီအုပ်ချုပ်ရေးကို အသိအမှတ်မပြု ဘူး’‘ နယ်ချဲ့နိုင်ငံထွက် ပစ္စည်းတွေကို အသုံးမပြုဘူး’ဆိုတဲ့ကြွေးကြော် သံတွေနဲ့ထွက်ပေါ်လာတဲ့ ‘ဘူးအသင်း’ လှုပ်ရှားမှုတိုက်ပွဲတွေမှာ ရှေ့တန်းကနေ ပါဝင်ပြသခဲ့ပါတယ်၊၊ နယ်ချဲ့အင်္ဂလိပ် အစိုးရက ဆရာတော်ဦးဝိစာရ အရှင်သူမြတ်ကိုလဲ ၁၉၂၆ ခုနှစ် နိုဝင်ဘာ (၂)ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ထောင်ဒဏ် (၂)လချခဲ့ပါ တယ်၊၊ ပုဒ်မ (၁၈၈)အာဏာဖီဆန်မှု နဲ့ ထောင်ချပြခဲ့တာပါ ၊၊ သာရဝေါတိုက်နယ် ဓနော်ညောင်ကုန်းတရားပွဲမှာ အာဏာကိုဖီဆန်ပြီး တရားဟောခဲ့တဲ့အတွက် ဖြစ်ပါတယ်၊၊ ၁၉၂၇ ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့မှာ ထောင်က အ လွတ်၊ ဗူးဝမှာပဲ ပြန်ဖမ်းပြီး၊ အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ (၁၂၄-က)နဲ့ ဒုတိယ မြောက်အဖြစ် ထောင် ဒဏ်(၁) နှစ်နဲ့(၉)လ-ထပ်မံချတာ ခံရ ပြန်ပါတယ်၊၊ ထောင်ထဲမှာ ရဟန်းတော်များနဲ့ထိုက်တန်တဲ့အခွင့်အရေးတွေရဖို့ ဆရာတော်ဦးဝိစာရ ဟာ၊ အကြိမ်ကြိမ် အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဆင်ခဲ့ပါတယ်၊၊ ထောင်က လွတ်ပြီးတဲ့နောက်မှာလဲ ဆရာတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေကို ရဲရဲရင့်ရင့်ဆက်လက်ဟောကြားခဲ့ပြီး၊ ၁၉၂၉ ခုနှစ် မတ်လ (၁၅)ရက်နေ့မှာ သုံးခွမြို့နယ် ဖရုံကန်ရွာအစည်း အဝေးဟောပြောမှုနဲ့ထပ်မံဖမ်းဆီးတာ ခံရပါတယ်၊၊ တတိယအကြိမ်မြောက်အဖြစ်၊ ပုဒ်မ(၁၂၄-က)နဲ့ အလုပ် ကြမ်းနဲ့ထောင်ဒဏ် (၆)နှစ် ချမှတ်တာခံခဲ့ရပြန်ပါတယ်၊၊ ထောင်ထဲမှာ ဆရာတော်ဟာ ရဟန်းတော်ပီပီ သင်္ကန်း ဝတ်ရုံ ခွင့်၊ သိမ်ဝင်ဥပုသ်ပြုခွင့်တွေအတွက် အကြိမ်ကြိမ်တောင်းဆိုတိုက်ဝင်ခဲ့ပြီး ရဲရဲရင့်ရင့် အစာငတ်ခံဆန္ဒပြ ခဲ့ပါတယ်၊၊ အစာငတ်ခံဆန္ဒပြတယ်ဆိုတာ ထောင်တွင်းတိုက်ပွဲတွေထဲမှာ အမြင့်ဆုံးတိုက်ပွဲပုံသဏ္ဍာန်တခု ဖြစ် ပါတယ်၊၊ တကယ်မသေရဲ ပဲ၊ ပိုင်းဖြတ်ချက်နဲ့သံဓိဌာန် လေးလေးနက်နက်မခိုင်မာပဲ ဆင်နွဲလို့ရတာမျိုး မဟုတ်ပါ ဘူး၊၊ ဆရာတော်ဦးဝိစာရဟာ အာဇာနည်ပီပီ ဘာမထီစိတ်ဓါတ်နဲ့ နောက်ဆုံးသွေးတစက်အထိ၊ အသက်ခန္တာ ကြွေတဲ့အထိ အသေခံအစာငတ်ခံဆန္ဒပြသွားခဲ့ပါတယ်၊၊
ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ၊ ထောင်တွင်းနိုင်ငံရေးတိုက်ပွဲများသမိုင်းမှာ၊ ရက်ပေါင်း (၁၆၆)ရက်ကြာ အောင် အစာငတ်ခံဆန္ဒပြသွားခဲ့ပြီး သေတဲ့အထိ နယ်ချဲ့ဆန့်ကျင်ရေးအလံကို မြင့်မြင့်မားမားလွှင့်တင်ခဲ့ရင်း၊ စံချိန်တင် စိုက်ထူပြသသွားခဲ့ပါတယ်၊၊ ဆရာတော်အရှင် သူမြတ်ရဲ့ သေတဲ့အထိ၊ ရက်ပေါင်း(၁၆၆)ရက်တိုင်တိုင် အစာငတ်ခံဆန္ဒပြသသွားနိုင်မှု စံချိန်ကို အခုချိန်အထိ ဘယ်သူမှ မချိုးနိုင်ကြသေးပါဘူး၊၊ ချစ်မြတ်နိုးတော်မူလှတဲ့ ဗမာပြည် ပြည်သူတွေကို ဆရာတော် နောက်ဆုံးမှာကြားသွားခဲ့တဲ့စကားကတော့ ‘လိမ္မာရစ်ကြပါ’ တဲ့၊၊
ဆရာတော်ဦးဥတ္တမဟာ ဗမာပြည်ပြည်သူတွေကို ရဲမောင်းတင်ပေးခဲ့တဲ့၊ မကြောက် တရားကို ဟောကြားပြသ သွားတဲ့၊ ကမ္ဘာ့အခြေအနေတွေနဲ့အမှီ- နားမျက်စေ့ပွင့်အောင် ဖွင့်ပေး သွားခဲ့တဲ့၊ ဗမာပြည်လွပ်လပ်ရေးကြိုးပမ်း လှုပ်ရှားမှုသမိုင်းမှာ မော်ကွန်းတင်ထားရမယ့် ပထမ ဆုံးသောသံဃာ့အာဇာနည်ကြီးပါ၊၊
ဆရာတော်ဦးဝိစာရ အရှင်မြတ်ဟာ နယ်ချဲ့ဆန့်ကျင်ရေးအလံကို နောက်ဆုံးသွေးတ စက်ကျန်တဲ့အထိ အသေခံ လွှင့်ထူပြသသွားခဲ့တဲ့၊ စိတ်ဓါတ်ခိုင်ကျည်မှုမှာ နမူနာယူစရာ စံချိန် ထူ ပြသသွားခဲ့တဲ့၊ အမျိုးဘာသာ သာသနာ အတွက် သံဃာတော်တွေပါ ပါဝင်ကြရေးကို အသက်ပေးပြီး လက်တွေ့ဖေါ်ကျူးပြသသွားတဲ့၊ တကယ့်စံထားဖွယ် ရာ သံဃာ့အာဇာ နည်ကြီးပါ၊၊
ကျနော့် တဦးချင်းအမြင်အရ ပြောရမယ်ဆိုရင်-
ဆရာတော်ဦးဥတ္တမဟာ - ဝံ့ဝံ့စားစားဆင်နွဲရေး၊ မကြောက်တရားစိုက်ထူရေး၊ ရဲရဲရင့်ရင့် လုပ်ဆောင်ရေး၊ ချုပ်ပြီးပြောရရင်- လုပ်ရဲရေးအတွက်……
စံနမူနာရှင် ၊၊
ဆရာတော်ဦးဝိစာရ ဟာ - ပြတ်ပြတ်သားသားတိုက်ကြရေး၊ ခိုင်ခိုင်မာမာရပ်တည်ရေး၊ အနစ်နာခံကာ စွန့်ဝံ့ရေး၊ ချုပ်ပြီးပြောရရင် - ခံရဲရေးအတွက်…..
စံနမူနာရှင် ၊၊
အမျိုး ဘာသာ သာသနာအတွက် ရဲရဲရင့်ရင့်ရွက်ဆောင်ပြသခဲ့ကြတဲ့ ဒီ သံဃာ့အာဇာ နည်ဆရာတော်ကြီး နှစ်ပါးလုံးဟာ ပခုက္ကူဇာတိမဟုတ်ရပေမဲ့၊ပခုက္ကူနဲ့ပတ်သက်နေကြတာ ဟာလဲ ထူးထူးခြားခြားတိုက်ဆိုင်နေပြန် ပါတယ်၊၊
ဆရာတော်ဦးဥတ္တမဟာ ရခိုင်ပြည်နယ် စစ်တွေဇာတိဖြစ်ပြီး၊ အသက်(၁၅)နှစ်သားမှာ ရှင်သာမဏေပြု ၊ ကလကတ္တားသွား ပညာသင်၊ (၁ဝ)တန်းအောင်တဲ့အခါ ဗမာနိုင်ငံပြန် လာတဲ့အခါမှာတော့ - ပခုက္ကူ ရေစကြို ကျောင်းတိုက်မှာ ပရိယတ္တိစာပေတွေကို လေ့လာ လိုက်စားခဲ့ပါတယ်၊၊ စာဝါတက်ခဲ့ပါတယ်၊၊ ရဟန်းခံတော့လဲ ပခုက္ကူမှာပဲ ရဟန်းခံခဲ့ပြီး၊ ပခုက္ကူမှာပဲ ရဟန်းဘဝရောက်ရှိ ခံယူတော်မူခဲ့ပါတယ်၊၊ ဆရာတော်ရဲ့ထေရု ပ္ပတ္တိဟာ ပခုက္ကူနဲ့ထဲထဲဝင်ဝင်ပတ်သက်နေတာတွေ့ရပါတယ်၊၊
ဆရာတော်ဦးဝိစာရဟာလဲ ပခုက္ကူသားမဟုတ်၊ စစ်ကိုင်းတိုင်း အမြင့်မြို့အပိုင် ကမ်းနိမ့် ရွာဇာတိဖြစ်ခဲ့ပေမဲ့၊ ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက်မှာ စာချဆရာတော်ဖြစ်ခဲ့ရုံမက၊ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ စတင် ရောက်ရှိလာခဲ့တဲ့နေရာဟာ ပခုက္ကူမှာပဲ ဖြစ်ပါတယ်၊၊ ဆရာ တော်ဟာ ပခုက္ကူသံဃသာမဂ္ဂီဝင် ရဟန်းတော် တပါးဖြစ်ခဲ့ပါတယ်၊၊ ပခုက္ကူမှာပဲ သံဃသာ မဂ္ဂီဝင် ရဟန်းတော်တပါးအနေနဲ့ အမျိုးဘာသာသာသနာအတွက် နိုင်ငံရေးတရား တွေကို တက်တက်ကြွကြွစတင်ဟောကြားခဲ့တာ တွေ့ရပါတယ်၊၊
ဒါ့ ကြောင့် ပခုက္ကူဟာ - ဗုဒ္ဓြွဘာသာ သာသနာသမိုင်းကနေ ကြည့်ရင်- ပရိယတ္တိ သာသနာထွန်းကားရေး နဲ့ပတ် သက်နေတဲ့ သမိုင်းရှိတဲ့ မြို့တမြို့ဖြစ်ရုံမက၊ ဗမာပြည်နိုင်ငံရေး လှုပ်ရှားသမိုင်းကနေ ကြည့်ရင်၊ အမိနိုင်ငံလွပ် လပ်ရေးအတွက် စွမ်းစွမ်းတမံရွက်ဆောင် ခဲ့ကြတဲ့ သံဃာ့အာဇာနည်ကြီးတွေနဲ့ပါ ဆက်စပ်ပတ်သက်နေတဲ့ မြို့တမြို့လို့ဆိုခဲ့တာပါ၊၊ သမိုင်းရှိတဲ့မြို့ လို့ ဆိုခဲ့တာပါ ၊၊
ဒီလို သံဃာ့အာဇာနည်ကြီး နှစ်ပါး သီတင်းသုံးခဲ့ကြဖူး၊ ဆက်စပ်ပတ်သက်ခဲ့ကြဖူးတဲ့၊ သမိုင်းနောက်ခံ ရေခံမြေခံ ကောင်းရှိခဲ့လို့ပဲလား မပြောတတ်၊မနှစ် (၂ဝဝရ)ခုနှစ်က သံဃာ တော်တွေရဲ့ အမျိုးဘာသာ သာသနာအတွက် ဆုတောင်းမေတ္တာပို့သ လမ်းလျှောက်ပွဲကြီးတွေ ပေါ်ပေါက်လာချိန်မှာတော့၊ပခုက္ကူ - ပခုက္ကူ ဆိုတဲ့ နာမည်ဟာ ဟိုးလေးတကျော် ဖြစ်ခဲ့ရ ပါတော့တယ်၊၊ သံဃာ့လှုပ်ရှားမှုဖက်က ကြည့်ရင် စာတင်ထားရမယ့် အထင်ကရ ဖြစ် မှုကြီးတွေ ရှိခဲ့သလို၊ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ကမ်းကုန်အောင် ရက်စက်ယုတ်မာ မှုအလီလီကို အပီအပြင် စာရင်းတင်ကြည့်ကြမယ်ဆိုရင်လဲ၊ ပခုက္ကူ ရဲ့အဖြစ်အပျက်ဟာ ဘယ်တော့မှ မမေ့နိုင်ကြေး မှတ်တမ်းထားရ လောက်အောင် ဟိုးလေးတကျော် ဖြစ်ခဲ့ ရပါတယ်၊၊ တပြည်လုံးအတိုင်းအတာ၊ တခုလုံးအတိုင်းအတာနဲ့ပြောရ မယ်ဆိုရင်၊ ၂ဝဝ၇-ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ စတင်ရာဟာ ပခုက္ကူ လို့တောင် ပြောရပါလိမ့်မယ်၊၊
စက်တင်ဘာ (၅)ရက်နေ့ဟာ ပခုက္ကူမှာ စစ်အစိုးရ ရဲ့ လက်ကိုင်တုတ် အာဏာပါး ကွက်သား လူယုတ်မာ လူရမ်း ကားတွေက ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်မေတ္တာပို့သနေတဲ့ သံဃာတော်တွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် စော်ကား နှိပ်ကွပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်၊၊ တတိုင်းပြည်လုံး ကြားရသူတိုင်းရင်ဆို့ရ ဒေါသအမျက် ချောင်းချောင်း ထွက်ရလောက်အောင်၊ စစ်အာဏာရှင်အစိုးရရဲ့ လက်ပါးစေ ခွေးမျိုးတွေက သံဃာတော်တွေအပေါ် မတော် မလျော်ရိုင်းစိုင်းယုတ်မာခဲ့ကြပါတယ်၊၊ သံဃာတော်ရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး၊ ဓါတ်တိုင် မှာ ကြိုးနဲ့တုပ်ချည် ဖမ်းဆီးပြတဲ့အထိ ယုတ်ယုတ်မာမာနှိပ်ကွပ်စော်ကားခဲ့ပါတယ်၊၊ ပခုက္ကူက ဒီအဖြစ်အပျက်ဟာ တနိုင်ငံလုံးက စစ်မှန်တဲ့သံဃာတော်အားလုံးရဲ့ နှလုံးသားထဲကိုသာမက၊ ဗုဒ္ဓြွဘာသာဝင်ပြည်သူလူထုတရပ်လုံးရဲ့ ရင်ထဲအသဲထဲကိုပါ နက်နက်ရှိုင်းရှိုင်း ခါးခါးသည်း သည်း ထိခိုက်နာကျည်းစေခဲ့ရပါတယ်၊၊
စက်တင်ဘာ တလလုံးလိုလို မဆုံးနိုင်တဲ့ ရွှေ ဝါရောင်လှုပ်ရှားမှုကြီး၊ နိုင်ငံအနှံ့ဖြစ် ပွားပေါ်ထွန်းခဲ့ရပါတယ်၊၊
သံဃာတော်တွေက အမျိုးဘာသာ သာသနာအတွက် သတ္တိသွေးကို ထုတ်ဖေါ်ပြသ ခဲ့ကြပါတယ်၊၊ ဒီလထဲမှာပဲ သံဃာတော်တွေ နေရာအနှံ့ သွေးမြေကျခဲ့ရပါတယ်၊၊ စက်တင်ဘာ ဟာ သံဃာ့အာဇာနည်တွေရဲ့ သွေးတွေနဲ့ စွန်းပေနေခဲ့ရတဲ့ နေ့စွဲတွေ၊ ပြည့်နှက်နေတဲ့ လတလလဲ ဖြစ်နေခဲ့ရ ပြန်ပါကလား၊၊
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊၊ ဒီမှာလဲ ထပ်မံတိုက်ဆိုင်နေပြန်တာက- သံဃာ့အဇာနည် ဆရာတော်၊ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူခဲ့ရတာကလဲစက်တင်ဘာ..၊ သံဃာ့အာဇာ နည်ကြီး ဆရာတော်ဦးဝိစာရ ပျံလွန်တော်မူခဲ့ ရတာကလဲ စက်တင်ဘာ…၊၊
တိတိကျကျ ပြောရမယ်ဆိုရင်၊ ဆရာတော်ဦးဝိစာရ က- ၁၉၂၉ ခုနှစ် စက်တင်ဘာ (၁၉)ရက်နေ့မှာ ပျံလွန်တော် မူခဲ့ရပြီး၊ ဆရာတော်ဦးဥတ္တမက၁၉၃၉ ခုနှစ် စက်တင်ဘာ (၉)ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်၊၊
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးထဲမှာကော…
သံဃာ့အာဇာနည်ကြီးတွေရဲ့သွေးတွေ…
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာ၊ သိ၈င်္ုတ္တရ ကုန်းမြေ - ကုန်းခြေကပါ သိပါတယ်၊၊
ဗမာပြည် အရပ်ရပ် အနယ်နယ်…. ပခုက္ကူ - ရန်ကုန်-သင်္ကန်းကျွန်းတို့ကနေ၊ ရခိုင်ပြည် နယ်စစ်တွေ၊ ကချင်ပြည်နယ်မြစ်ကြီးနား-ဗန်းမော်အထိ၊သွေးတွေ…သွေးတွေ……….၊၊ သံဃာ တော်တွေ အသိဖြစ်ပါတယ်၊၊
ဗုဒ္ဓြွဘာသာမှာ ဒုက္ခအရာရာကင်းအောင်ပ..
ရန်ငုတ်ရန်ပင်ကို မကျန်သုတ်သင်လို့ ရှင်းမဟဲ့ လို့၊
အမယ်မင်း - သတင်းလှလှ အဆင်းမြရယ်နှင့်
မင်းတရာ့ခေါင်းထက် တောင်ပန်တမော်မော် ဝဲခဲ့တဲ…
အိုကွယ် - ယင်းမဌမ တကောင်းအဆက်ဆီက၊ ဒေါင်းငှက်အောင်လံ တော်ကဘဲ ၊၊
(ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဇေယျဒေါင်းလံဘွဲ့လေးချိုးကြီး-မှ )
ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ-အမျိုးဘာသာ သာသနာအတွက်၊ အမိနိုင်ငံ တော်အတွက် စွန့်လွှတ်အ နစ်နာခံရွက် ဆောင်တိုက်ပွဲဝင်ခဲ့ကြသူ တိုင်းချစ် ပြည်ချစ် နိုင်ငံချစ် သူတွေ ခေတ်တိုင်းခေတ်တိုင်းမှာ ပေါ်ထွန်း ခဲ့ကြပါတယ်၊၊ အဲဒီထဲမှာ သံဃာတော်အရှင် သူမြတ်တွေလဲ ပါဝင်ခဲ့ပါတယ်၊၊ အ၈င်္လိပ်နယ်ချဲ့သမားလက်အောက် ကျွန်သဘောက်ဘဝက လွတ်မြောက်ရေးအတွက် နယ်ချဲ့သမားကို ရရာလက်နက်နဲ့သူ့ကျွန်မခံတွန်းလှန်တိုက်ပွဲ ဆင်ခဲ့ကြတဲ့လက်နက်ကိုင်တိုက်ပွဲကြီးတွေထဲမှာတောင်၊ လောကုတ္တရာနယ်သားဖြစ်ပေမဲ့ နိုင်ငံ ကိုချစ်လွန်းလှတဲ့ ရဟန်းတော်မြတ်တချို့ဟာမခံချင်လွန်းလှလို့ ပါဝင်ခဲ့ဖူးတာရှိပါတယ်၊၊ ဝံသာနုလှုပ်ရှားမှုခေတ်မှာတော့၊ ရဟန်း သံဃာတော်တွေ ထုနဲ့ထည်နဲ့ နိုင်ငံရေးလှုပ်ရှားမှု တွေထဲ တက်တက်ကြွကြွပါဝင်ခဲ့ကြပါတယ်၊၊ ၁၉၁၈-၁၉ ဝန်း ကျင်မှာတော့ သံဃသာမဂ္ဂီ အဖွဲ့ကြီးတွေတောင် ဖွဲ့စည်းပြီး၊ အမျိုးဘာသာသာသနာအတွက် အုံနဲ့ကျင်းနဲ့ပါဝင် လှုပ်ရှား တော်မူခဲ့ကြပါတယ်၊၊ ရန်ကုန်မှာ ဗဟိုထားတဲ့ သံဃသမဂ္ဂီအဖွဲ့ချုပ်နဲ့ မန္တလေးမှာ ဗဟိုပြုတဲ့ သံဃ သာ မဂ္ဂီအဖွဲ့ချုပ်ကြီးတွေ ပေါ်ထွန်းခဲ့သလို၊ အဲဒီနှစ်ဖွဲ့လုံးကိုစုပေါင်းပြီး ‘နိုင်ငံလုံးဆိုင်ရာ မဟာသံဃသာမဂ္ဂီ အဖွဲ့ချုပ် ကြီး’ ဖွဲ့နိုင်ခဲ့တဲ့အထိတောင် တိုးတက်ကြီးထွားခဲ့ပါတယ်၊၊ ဝံသာနု ၈ျီစီဘီအေအသင်းချုပ်ကြီးကို အားပေးထောက် ခံခဲ့ကြပြီး ဝံသာနုလှုပ်ရှားမှုတွေမှာ ရှေ့တန်း ကနေ ပါဝင်ခဲ့ကြပါတယ်၊၊ ၁၉၂၄ခုနှစ်က ကျင်းပတဲ့ ဂျီစီဘီအေ ကွန်ဖရင့်မှာ နိုင်ငံလုံးဆိုင်ရာ သံဃသာမဂ္ဂီအဖွဲ့ချုပ်ဥက္ကဌ၊ သက်တော်(၈၂)နှစ်ရှိ ဘေးမဲ့ဆရာတော်ကြီး အပါအ ဝင် သံဃာတော်(၇ဝဝဝ)ကျော်တောင် ပါဝင်တက်ရောက်ခဲ့ပါတယ်၊၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဒိုင်အာ ခီဆန့်ကျင် ရေး၊ ‘ဘူး’အသင်းလှုပ်ရှားမှုတွေမှာ သံဃာတော်တွေ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်၊၊ ရန်ကုန်အလယ်တောရ ဆရာတော်၊ ဝေဠုဝန်ဆရာတော်၊သာဓုဆရာတော်၊ ဗားကရာ ဆရာတော်၊ အလုံဇောတနာရာမဆရာတော်၊ သရက်တောကျောင်းတိုက် မှန်ကင်းဆရာတော်၊ ပြည်မြို့ ပွင့်လှသိမ်ကုန်းဆရာတော်တို့လို ထေရ် ကြီး ဝါ ကြီး သံဃာတော်ကြီးတွေကိုယ်တိုင် သံဃသာမ၈္ဂီ အဖွဲ့ကြီးတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြပါတယ်၊၊ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရ၊ ဦးနာ၈ိန္ဒ၊ဦးဝိသုဒ၊ဦးစန္ဒောဘာသ၊ သရက်ဦးဝိမလဗုဒ္ဒ..မလှိုင်၊ ဦးဒေဝိန္တ၊ အာလံဦးလာဘ၊ သာယာဝ တီဦးညေယျ ၊ ဆင်ဖြူကျွန်းစိန်ရောင်ခြည်ဦးအာစရ၊ ကိုးထောင်စံဦးဃောသ၊ ရှင်အရိယ၊ အုတ်ဖိုဦးအရိယဝံသ၊ ဦးအာသဖ၊ ရေနံချောင်းဦးနန္ဒ၊ ကြို့ပင်ကောက် ဦးဝိမလ- စတဲ့ ထင်ရှားတဲ့ သံဃသာမဂ္ဂီကိုယ်တော်ကြီးတွေ ပေါ် ထွန်းပါဝင်ခဲ့ကြပါတယ်၊၊ တို့ဗမာအစည်းအရုံးပေါ်ပေါက်လာတဲ့ တို့ဗမာသခင်လှုပ်ရှားမှုခေတ်ကို ရောက်ရှိလာ တော့လဲ၊ သံဃာတော်ကြီးတွေ ပါဝင်ခဲ့ကြတာပါပဲ၊၊ တို့ဗမာအစည်းအရုံးဝင်တွေ ‘သခင်’ရှေ့ကတပ်ပြီး၊ သခင် နာ မည်ကို ရဲရဲတောက်ခံယူပြီး၊ နယ်ချဲ့ဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုကြီးတွေ လုပ်ကြတော့လဲ၊ ‘သခင်’နာမည် ပြောင်အတိအလင်းခံယူထားတဲ့ သံဃာတော်တွေ ပေါ်ပေါက် ခဲ့ပါတယ်၊၊ တို့ဗမာအစည်းအရုံး - သာယာဝတီကွန်ဖရင့်မှာ၊ ‘သခင်ဆရာတော်များ၏ ထုတ်ပြန်ချက်’ ဆိုပြီးတော့တောင် ‘သခင်’ရှေ့ ကတပ်ပြီး အတိအလင်းထုတ်ပြန်ခဲ့တာမျိုး ရှိခဲ့ပါတယ်၊၊ သခင်ဆရာတော် ဦးကွာပိန္ဒာဓိပတိ၊မဟာသုဗောဓာရုံတိုက်- လက်ပံတန်း၊ သခင်ဆရာတော် ဦးပဏ္ဍိစ္စ၊ သခင်ဆရာတော် ဦးဝိလာသ၊ တောင်ပန်ဆွဲ-သုံးဆယ်၊ သခင် ဆရာ တော်ဦးအရိယဝံသ၊သခင်ဆရာတော် ဦးဝိစိတ္တ - စတဲ့စတဲ့ သံဃာတော်တွေ ရှိခဲ့ပါတယ်၊၊ သခင်လှုပ်ရှားမှုကြီးအတွင်း မားမားမတ်မတ်ပါဝင်လှုပ်ရှားတော်မူခဲ့ကြပါတယ်၊၊
တနိုင်ငံလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားရတဲ့ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ ပေါ်ထွန်းပေါက် ဖွားလာခဲ့ရတဲ့ အခါမှာလဲ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေနဲ့အတူ သံဃာ တော်တွေ ပါဝင်ခဲ့ပါတယ်၊၊ မန္တလေးမှာ နယ်ချဲ့အ၈င်္လိပ်ရဲ့လက်ချက်နဲ့ ‘အာဇာနည် (၁၇)ဦး’ကျဆုံးရတဲ့အခါမှာလဲ၊ အာဇာနည်(၁၇)ဦးမှာ (၇)ဦးဟာ သံဃာတော်တွေဖြစ်တာ တွေ့မြင်နိုင်ပါတယ်၊၊ ဦးပဏ္ဍိတ၊ ဦးပညာဇောတ၊ ဦးဝေပုလ္လ၊ ဦးဇနိတ၊ ဦးအာလောက၊ ဦးကေလာသ၊ ဦးကေတု-စတဲ့ ရဟန်းတော်(၇)ပါး အသက်ပေးလှူကျဆုံးခံခဲ့ရပါတယ်၊၊ အာဇာနည်(၁၇)ဦး ကျဆုံးရ ပြီးတဲ့နောက်၊ နယ်ချဲ့အစိုးရက မန္တလေးမှာ ရဟန်းပျိုအဖွဲ့ ချုပ်ဥက္ကဌဆရာတော်ဦးကလျာဏ၊ ရွှေမျက် မှန်ဦးသြဘာသ နဲ့အာဇာနည် ဦးသုမန တို့ကို ဆက်လက်ဖမ်းဆီးထောင်ချခဲ့ပါသေးတယ်၊၊
၈ျပန်ဖက်ဆစ်ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးခေတ်မှာလဲ သံဃာတော်တချို့ တက်တက်ကြွကြွပါဝင်ခဲ့တာ ရှိပါတယ်၊၊ ဖက်ဆစ်တော်လှန်ရေးကြီးအတွင်း ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရတဲ့ ရဟန်းတော်တွေ ရှိခဲ့ပါတယ်၊၊ သခင်နန္ဒသာရ (ဘီလူးကျွန်း-အဘင်ဆရာတော်)၊ ဦးစန္ဒန နဲ့သခင်၈န္ဓြွမာ-စတဲ့ သံဃာတော်တွေ ဖြစ်ပါတယ်၊၊ ဗမာပြည်ကြီး လွတ်လပ်ရေး ကျေညာပြီး နောက်ပိုင်း ခေတ်တလျောက်မှာလဲ၊ မဆပလအစိုးရလက်ထက်မှာ ဖဆပလအစိုရကို ဆန့်ကျင်ခဲ့တဲ့ သံဃာတော်တွေ ရှိခဲ့ပါတယ်၊၊ ဝန်ကြီးချုပ် ဦးနုက ဆွမ်းဆန်စိမ်းလောင်းလှူတာကို လက်မခံ၊ ဆွမ်းဆန်တောင်း မှောက်ပြန်ခဲ့ကြတဲ့ ကိုယ်တော် တွေရှိခဲ့ပါတယ်၊၊ နေဝင်း-စန်းယုစစ်အစိုးရလက်ထက်မှာလဲ ပြည်သူလူထုဘက်ကနေ စစ်အာ ဏာရှင်တွေကို ရဲရဲရင့်ရင့် ဆန့်ကျင် ပြခဲ့ကြတဲ့ ကိုယ်တော်တွေ ပေါ်ထွက်ခဲ့ပါတယ်၊၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှာ သံဃာတော်တချို့ ပါဝင်ခဲ့ ကြသလို၊ ၁၉၇၅ခုနှစ် ဇွန်(၆)နှစ် လည်အရေးအခင်းမှာလဲ ပါဝင်အားပေးခဲ့ကြပါတယ်၊၊
၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး မြေတုန်ဟည်းအောင် ပေါ်ထွန်းလာချိန်မှာတော့၊ ကျောင်းသားတွေနဲ့ အတူ၊ အုံနဲ့ကျင်းနဲ့ အင်တိုက်အားတိုက်ပါဝင်လာသူတွေကတော့၊ တိုက်ပွဲ အဆက်ဆက်-မရပ်မနားမပျက် ပါဝင် လာခဲ့ကြလေ့ရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေပါပဲ၊၊ ကျောင်းသားထုရဲ့ ခွပ်ဒေါင်းအလံနဲ့အတူ၊ သံဃာတော် တွေရဲ့ သာသနာ့အလံဟာ အတူယှဉ်တွဲ တလူလူဝေနိုင်ခဲ့ ပါတယ်၊၊ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ - ဦးပြေညိန္ဒ၊ ဦးကဝိန္ဒ၊
ဦးခေမာစာရ ၊ ဦးကာဝိယ၊ ဦးကလျာဏ၊ ဦးရေဝတ-တို့လို၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သံဃာ့ရှေ့ဆောင် ကြီးတွေ ထွက်ပေါ်လာခဲ့ပါတယ်၊၊ ရဟန်းပျိုအဖွဲ့ချုပ်၊ ရဟန်းငယ်အဖွဲ့နဲ့ မန္တလေး-လေးပြင်လေးရပ် သံဃသာ မဂ္ဂီအဖွဲ့ချုပ်တို့လို သံဃာ့အဖွဲ့အစည်းတွေ မားမား မတ် မတ် ထွက်ပေါ်လာခဲ့ပါတယ်၊၊
ပြည်သူလူထုကြီးတရပ်လုံးရဲ့ အုံးအုံးကျွက်ကျွက် တခဲနက်တောင်းဆိုနေကြတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးကို၊ ရက်ရက်စက်စက် လက်နက်နဲ့အတင်းအဓမ္မဖြိုခွင်းပြီး နောက် ထပ်လက်သစ် စစ်အာဏာရှင်တသင်း တက်လာ တော့လဲ၊ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ် သားသားဆန့်ကျင်ခဲ့ကြရာမှာ၊ သံဃာတော်တွေ ရှေ့တန်းနေရာက ပါဝင်ခဲ့ကြပါတယ်၊၊ ဗမာနိုင်ငံသမိုင်းမှာ အဖေါက်ပြန်ဆုံးသော နဝတ-နအဖစစ်အစိုးရ ရဲ့မတရားအုပ်စိုးမှုကို နည်းအမျိုးမျိုးနဲ့ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြရာမှာ သံဃာ့အာဇာနည်တွေ ပါဝင်ခဲ့ပါတယ်၊၊ ထောင်တန်းအကျ ခံရ ရုံမက၊ သေဒဏ်တောင်အချ ခံရတဲ့ သံဃာတော်တွေ ရှိခဲ့ပါတယ်၊၊ သံဃာတော်ကို သေဒဏ်ချမှတ်တယ်ဆိုတာ ဘယ်ခေတ်ဘယ်နေရာမှာမှ မကြားဖူးပါ ၊၊ ဗမာပြည်မှာ နဝတ-နအဖဆိုတဲ့ အယုတ်မာဆုံးစစ်အစိုးရလက်ထက် မှာပဲ ရှိခဲ့တယ်လို့ သမိုင်း တင်ရ မှာပါ၊၊ ဒါကြောင့်လဲ ဂုဏ်ရောင်ပြောင်တဲ့သံဃာတော်တွေကနေ ဦးစီးပြီး၊ အင် မတန်ဖေါက်ပြန်ယုတ်မာလှတဲ့နဝတနအဖစစ်အစိုးရကို‘ပတ္တနိက္ကုဇ္ဇန’သပိတ်ကံဆောင်တာကို နှစ်ကြိမ်နှစ်ခါပြန် တောင် ပြုလုပ်ခဲ့ကြပါတယ်၊၊ ပထမဆုံးအကြိမ်က ၁၉၉ဝပြည့်နှစ်ထဲမှာ သံဃာ့မြို့တော် မန္တလေးမြို့ကြီးမှာ၊ လေးပြင်လေးရပ်သံဃသာမဂ္ဂီ အဖွဲ့ကြီးကနေ ဆရာတော် ဦးရေဝတ တို့ဦးဆောင်ပြီး၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြပါတယ်၊၊ နဝတစစ်အစိုးရ အဖို့ အူနုကျွဲခတ် ဆတ်ဆတ်တုန်အောင်ဖြစ်ခဲ့ရ ပြီး၊ ၁၉၉ဝပြည့်နှစ်ကုန်ပိုင်းမှာပဲ နဝတဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် ဆိုသူကိုယ်တိုင် မန္တလေးအထိဆင်းလာပြီး၊ ကိုယ်တိုင်ဦးစီး ညွှန်ကြားကာ ဘုန်းကြီးကျောင်းပေါင်း(၃၅ဝ)ကျော်ကို စစ်တပ်နဲ့အတင်းဝင် ရောက်စီးနင်း ရှာဖွေတာတွေ လက်ရဲဇက်ရဲ လုပ်ဆောင်စေခဲ့ပါတယ်၊၊ သံဃာတော်တွေ ရာနဲ့ချီပြီးအဖမ်း အဆီး ခံခဲ့ကြရပါ တယ်၊၊ အဲဒီလိုတွေ ယုတ်ယုတ်မာမာပြုလုပ်ခဲ့တာကြောင့်လဲ၊ နောက်ဆုံးမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ဘယ်လို ဇာတ်သိမ်းသွားခဲ့ရ ပါသလဲ၊၊ ရူးကြောင်ကြောင်ဘဝနဲ့ပဲ ဇာတ်သိမ်းသွားခဲ့ရတာ အားလုံးအသိပါ ၊၊
ဒုတိယအကြိမ်အဖြစ် ‘ပတ္တနိက္ကုဇ္ဇန’ကံဆောင်မှု ကြီးကိုတော့၊ ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်းမှာပဲ၊ နဝတတဖြစ်လဲ နအဖစစ်အစိုးရ အပေါ်၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ ရဲရဲတောက်သံဃာတော်တွေကနေ ပြုလုပ်ခဲ့ကြပါတယ်၊၊ နဝတ-နအဖစစ်အစိုးရဟာဗမာပြည်သမိုင်းမှာသာမက၊ သာသနာ့သမိုင်း မှာပါ ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးတဲ့၊ သံဃာတော်များရဲ့ နှစ်ကြိမ် နှစ်ခါ နှစ်ထပ်ကွမ်း ကံ ဆောင်ကံပြု ခြင်းခံထားရတဲ့ အစိုးရအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့မှာ သေချာလှပါတယ်၊၊ ၂ဝဝ၇ ခုနှစ်က ပေါ် ထွန်းခဲ့တဲ့ ဒီ ရွှေဝါရောင်လှုပ်ရှားမှု ကြီးဟာ သံဃာတော်တွေရဲ့ သမိုင်းဝင်လှုပ်ရှားမှု ကြီးအဖြစ် ဗမာပြည်သမိုင်း မှာ မော်ကွန်းတင် ထားခဲ့ပြီးပြီ ဖြစ်ပါတယ်၊၊ ဒီ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ကြီးအတွင်းမှာ၊ ဦးဂမ္ဘီရ ၊ဦးသြဘာသ၊ ဦးဇဝန၊ ဦးတေဇ စတဲ့ စတဲ့ ရဲရဲတောက်သံဃာတော်တွေလဲ ထွက်ပေါ်လာခဲ့ပါတယ်၊၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ကြီးရဲ့ ရလဒ်အဖြစ်၊ သံဃာ့တပ်ပေါင်းစုကြီးနဲ့၊ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များရဲ့ သာသနာ့ ဥသျှောင်အဖွဲ့ကြီးလဲ ငွါးငွါးစွင့်စွင့် ပေါ်ထွန်းလာတာ တွေ့ရပါတယ်၊၊ ယခု ပျံလွန်တော်ရှာပြီ ဖြစ်တဲ့၊ အမေရိကန်ရောက် မစိုးရိမ်ဆရာတော်ကြီးနဲ့ ကမ္ဘာ့သာသနာပြု အကျော်အမော် ပီနန်ဆရာတော်ကြီးတို့ ဦးစီးဦးဆောင်ပြု ဖွဲ့စည်းပေါ်ထွန်းခဲ့တဲ့၊ ဒီ သာသနာ့ သျှောင်အဖွဲ့ကြီးဟာ အဆက်မပြတ်ဆက်လက်ကြီးထွားရှင်သန်နေရင်း၊ အမိဗမာနိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ သာသနာတော်ရဲ့အကျိုးစီးပွားကို ရောက်ရာနေရာကနေ စွမ်းစွမ်းတမန် ရွက်ဆောင်နေတာကိုလဲ တွေ့မြင်နေရပါတယ်၊၊
‘အမျိုး ဘာသာ သာသနာ’ ဆိုတဲ့ ကြွေးကြော်သံဟာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကြွေးကြော်သံ ဖြစ်ပေမဲ့၊ အခုချိန်အထိ ရှင်သန်နေဆဲ ဖြစ်တာကိုလဲ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပါတယ်၊၊ သမိုင်းစဉ်တလျောက်မှာ နိုင်ငံနဲ့ပြည်သူတွေ ဖက်ကနေ၊ အမျိုး ဘာသာ သာသနာနဲ့ အမှန်တရားဖက်ကနေ၊ ဂုဏ်ရောင်ပြောင်စွာ ရဲရဲရင့်ရင့် စွန့်လွှတ်အနစ်နာခံကာ၊ ရွက်ဆောင်ဖေါ်ပြ ချီတက် လျှောက်လှမ်းခဲ့ကြတဲ့ သံဃာ့အာဇာနည် တွေအားလုံးကိုလဲ ဦးခိုက် ကြည်ညိုလိုက်မိပါတယ်၊၊ ၊၊
( ဝင်းတင့်ထွန်း )
Sunday, July 6, 2008
ကျဆုံးသွားသော ရဲဘော်ဆန်းလင်းအောင်အမှတ်တရ......
တချို့လည်းဖတ်ပြီးကြမှာပါ..ဒါပေမဲ့..ရဲဘော်ကြီးအတွက်အမှတ်တရ ပြန်ဖေါ်ပြလိုက်တာပါ။
ကျွန်တော် စိတ်လှုပ်ရှားမှုများဖြင့် ငြိမ် သက်စွာငေးမောနေသည်။ အမိုးပြော နေသည့် စကားလုံးတိုင်းက ရင်ကို စူးစိုက်နေသည်အလား။ “မိုးဦးအကျ စောမယ်ဆိုတာကလည်း တကယ် တော့ လောကဓံတွေပါလား အမေ ရယ်” ဆရာချောနွယ်၏ ကဗျာ စာသားများက ရင်ကို နာနာကျင်ကျင် တို့ထိ လျက်ရှိသည်၊ ဟုတ်ပါသည်။ အမိုးပြောနေသည့် အကြောင်းအရာ များက အကြွေစောသည့် ပန်းငုဝါလေးတွေ အ ကြောင်း။
[၁]
အမိုး၏စကားသံများက လောကဓံနှင့် အရင်းနှီးကြီး ရင်းနှီးနေသူ၏ လေသံ များအတိုင်း တည်ငြိမ်ခြင်းနှင့်အတူ လေးပင် ပြတ်သားခြင်း တို့ ရှိနေသည်။ ကံကြမ္မာကို ရိုးမယ်ဖွဲ့နေတာလား၊ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းလို့ ဖြေသိမ့်နေတာလား၊ ဒါမှ မဟုတ် ဘာဆိုဘာမှ စဉ်းစားမနေချင်တော့တာလား၊ သူမက ဘယ်လိုခံစားနေရသလဲ ဆိုတာ ကျွန်တော်က ခွဲခြမ်းစိတ်ဖြာကြည့်နေ ဖြစ်သည်။
ရဲဘော်ထူးအောင်ကတော့ စကားလုံးတွေကို စတင်နားလည်ကာစ ကလေးတယောက်လို သူပြောမည့် စကားများအတွက် အပြန်ပြန်အလှန်လှန် စဉ်းစားရင်း “သူ ... ကျသွားတယ်ဆိုတာကတော့ တကယ်ပါပဲ အမိုး” အသူတရာနက်သော ချောက်ထဲသို့ ထိုးဆင်းကျ ရောက်သွားသည့် စက္ကန့်နာရီများ၊ ထိုင်နေသူ အားလုံးဆီ တပြိုင်နက် အန်ကျလာသည့် သက်ပြင်း လှိုင်းပုတ်သံများ၊ ထိုစက္ကန့်ပိုင်းအ တွင်း သွေးလေရပ်တန့်သွားသည်ဟု ခံစားလိုက် ရသည်။ ဒီဖြစ်ရပ်ကို သိနေကြသူတွေ ဖြစ်ကြ ပေမယ့် ဒီစကားတွေ ပြန်ကြားရတော့ တုန်လှုပ်ခြောက်ခြားရသည်ကအမှန်၊ အထူးသဖြင့် စနစ်ဆိုးကြီးက ဝါးမြိုခြင်းဒဏ်ခံထားရသည့် မိခင်တယောက်ရှေ့မှာ သားတ ယောက်ရဲ့ ကံကြမ္မာကို အတိုရှင်းဆုံး စကားလုံးတွေနဲ့ ဖွင့်ဆိုပြနေရသည်က တုန်လှုပ် ခြောက်ခြားမှု နယ်ပယ်ကို ကျယ်သည်ထက် ကျယ်ဝန်းစေသည်။
“ရဲဘော်ဆေးရေ ... ရင်နှင့်အမျှ ကြေမွ နေကြရကုန်ပြီဗျာ”
[၂]
သူရဲ့မြန်မာအမည်က ‘ဆန်းလင်းအောင်’ ဒါပေမယ့် သူက ကရင်လူမျိုး။ စောဆေးကိုလို ကျနော်တို့ အားလုံးကတော့ သူ့ကို ‘ရဲဘော်ဆေး’ လို့လည်း ခေါ်တယ်။ သူနဲ့ ကျွန်တော် ကျောင်းသားတပ်မတော် (၆ဝ၁) တပ်ရင်းသို့ ရောက်ခဲ့ကြသည်က ရှေ့ဆင့်နောက်ဆင့်။ ပြည်တွင်း လူဘောင်သစ်ပါတီဝင်။ အလံ (၃) လက်ကို ကြံ့ခိုင်သူ။ အမှတ် (၆ဝ၁) တပ်ရင်း၏ ၁၉၉၂ စည်းရုံးရေး ခရီးစဉ်အတွင်း ၃/၈ လုပ်ဟန်အရ လူထုနဲ့အတူ တည်ဆောက်ခဲ့သူ။ သူတို့မြို့သား အဆိုတော် ကိုခင်ဝမ်းရဲ့ ပြည်မှာဆောင်းကို ဆွတ်ပျံ့ဖွယ် တီးခတ်သီဆိုတတ်သူ။
“သြော်...အနေဝေး၊ ရေဝေးမှာ ပြည်မှာဆောင်းကို ဆုံးရှုံး သွားခဲ့ပါပေါ့လား၊ ရဲဘော်ဆေးရယ်” သူက စိတ်လိုလက်ရ ဖြစ်တဲ့အခါ ကဗျာ ရေးလေ့ရှိတယ်။ ‘ဒီကမ္ဘာလောကမှာ သူရဲကောင်းဝါဒ ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း မဟစ်ကြွေးပါနဲ့ မစ္စတာဂျော့’။ ဇွဲ ရှိသူတွေသာ အောင်ပွဲခံမှာပေါ့။ ‘နှင်းရည်တွေ သိုင်းဝိုင်းနေတဲ့ ရှမ်းရိုးမရဲ့ည မီးပုံနံဘေးမှာ သူကိုယ်တိုင် ရွတ်ပြခဲ့တဲ့ သူ့ရဲ့ကဗျာလေး’။ အခုတော့လည်း လွမ်းရ စေတော့ ရဲဘော်ဆေး ရေ။
သူက ဟာသဓာတ်လည်း ရှင်သန် ထက်မြက်နေတဲ့သူ။ အခြေခံဒေသ ထိုးဖောက်ရေး ထိုးစစ်ခရီးမှာ ကျွန်တော်တို့ အတူတကွ ချီတက်ခဲ့ ကြ သူရဲကောင်းဆန်စွာ ကျဆုံးခဲ့ရ။ သူရှိရင် မငြီးစတမ်း။ သူ့ ပြည်မြို့ရဲ့ ဟာသအကြောင်းတွေ။ သူနဲ့ သူ့သူငယ်ချင်းတွေရဲ့ အမြီးအ မောက်မတည့်တဲ့ ရယ်စရာဖြစ်ရပ်တွေ။ သူရဲ့ စက်မှုအထက် တန်းကျောင်းသား ဘဝဖြစ်စဉ်။ အမှုန့်ကြိတ် စက်ရုံ အလုပ်သမားဘဝ။ လူ့ဘောင်သစ် ပါတီဝင်အဖြစ် စွန့်စားခန်းတွေ။ ငတ်ပြတ်သူတွေ။ ပြည်မြို့ရဲ့ အာဇာနည်နေ့ လွမ်းသူပန်း ခွေချပွဲ သည်းထိတ်ရင်ဖို နိုင်ငံ ရေးထိုးစစ်။ နောက်တော့ သူ့မိသားစုအကြောင်း။ အဖေရယ်၊ အမိုးရယ်၊ သူရယ်၊ သူ့ညီမလေးရယ်။
“အေးဗျာ ... ကျွန်တော် တောခိုလာတော့ ညီမလေး တော်တော်ခံစားရမှာ ပဲ”
[၃]
‘ဗျာ ...’
“ဟုတ်တယ် ဖိုးခွား ... အငယ်ကောင်လည်း ဆုံးသွားပြီ။ အမိုး အိမ်ပြန်ရောက်တော့ သူ့အဖေလည်း ဆုံးသွားပြီ”
ဒါဟာ မတော်တဆ တိုက်ဆိုင်မှုလား။ မဟုတ်နိုင်ပါဘူး။ မဟုတ်နိုင်ပါဘူး။ ကျွန်တော့် စိတ်တွေဟာ အရက်မူးသမားလိုမျိုး ယိမ်းယိုင်ပြီး ဆောက်တည်ရာ မရ ဖြစ်နေသည်။ ရဲဘော်ဆေး ပြောပြဖူးသည့် သူ့မိသားစုဘဝ ပုံရိပ်များက အပ်ချည်ကြိုးတစကို တဘက်က ကိုင် ထားရင် အပ်ချည်ကြိုးလုံး ပြုတ်ကျသွား သလိုမျိုး ဝရုန်းသုံးကား ပြုတ်ကျလာသည်။
“အဖေနဲ့ အမေက နယ်မြေလုရင်း ကျွန်တော်တို့ ၂ ယောက် ငယ်ငယ်ကတည်း က အတူမနေဖြစ်ကြတာဗျ”။
အမိုးရယ် လောကဓံဆိုတာ ရှစ်ပါးထက် မပိုဘူးဆိုပေမယ့် အမိုးအတွက်တော့ ပြင်းထန်လှချည်လားဗျာ။ ဘယ်လို ဖြစ်ရတာလဲ အမိုးရယ်။ ထောက်လှမ်းရေးတွေကလည်း အိမ်ကို ခဏခဏ လာမေးနေတယ်။
‘ဆေးကိုလို တောခိုသွားပြီး သိပ် မကြာဘူး။ သူ့အဖေက အိပ်ယာထဲ လဲတော့တာပဲ။ သူ့အဖေက နဂိုကတည်းကလည်း ကျန်းမာရေး သိပ်ကောင်းလှတာ မဟုတ်တော့။ ဆုံးသွားရှာတယ်။ သူဆုံးခါနီး သူသားကြီးကို သိပ်တွေ့ချင်ရှာခဲ့တယ်။ ဟင်း ...’
အမိုးဟာ ရှည်လျားစွာ စကားပြော နိုင်ဖို့အားယူတာလား။ ဒါမှမဟုတ် နာ ကျင်စိတ်တွေ လိပ်တက်လာလို့လား မသိ။ သက်ပြင်းတခုချပြီး ဆေးပေါ့လိပ်ကို ကောက် ဖွာလိုက်တယ်။ အနုမြူပြာလဲ့ နေတဲ့ မီးခိုး ငွေ့များကို ကြည့်ရင်း ကျွန်တော့် စိတ်တွေ အနုမြူဗုံးဒဏ် သင့်နေပြီ လားလို့ တွေးမိတယ်။ တကယ်တော့လည်း ဗမာတပြည်လုံးဟာ အနုမြူရောင်ခြည်တွေ လွှတ်ထားပြီး အဆိပ်သင့်နေတဲ့ လှောင်ချိုင့်ကြီးနဲ့ အတူတူပဲ မဟုတ်လား။ ကျွန်တော်တို့ အားလုံးဟာ အသက်ရှူသံ မျှဉ်းမျှဉ်းလေးတွေကိုတောင် ကြားနေရတဲ့အထိ တိတ်ဆိတ်စွာ အမိုး ကို ကြည့်နေကြတယ်။ အဲဒီ တိတ်ဆိတ်မှုကြီးဟာ ကြောက်စရာ ကောင်းတဲ့ တိတ်ဆိတ်မှု ကြီးပါပဲ။
အဲဒီအချိန်က အိမ်မှာ သူတို့အဖွားရယ်၊ အဒေါ် အပျိုကြီး နှစ်ယောက်ရယ်၊ အငယ်ကောင်ပဲ ကျန်ခဲ့တယ်။ သူ့ဦးလေး တယောက်ရှိပေမယ့် သူက ရန်ကုန်မှာ။ တခါတလေမှပဲ ပြည်ကိုရောက်လာလေ့ရှိ တယ်။ သူ့ဦးလေးကိုတော့ အငယ်ကောင်က ကြောက်တယ်။ ဒါပေမယ့် အပျို ကြီး အဒေါ်တွေကိုတော့ နည်းနည်းမှ ကြောက်ဘူး။
အဒေါ်တွေကလည်းဆုံး အဖေက လည်းဆုံး၊ အကိုကလည်း တောထဲမှာကျဆိုတော့ မဆူရက်၊ မပြောရက်၊ ပိုက်ဆံကလည်း တောင်းသ လောက်ရနေတော့ အငယ်ကောင်က ပျက်စီးလာတယ်။ မြန်မာပြည်မှာ အရက်နဲ့ မူးယစ်ဆေးဝါးက အရမ်းပေါတယ်။ အငယ်ကောင်က အပေါင်းအသင်းမှားပြီး ဘိန်းဖြူ စွဲသွားတယ်။
အမိုးဟာ ပြောလက်စ စကားကို ရပ်ပြီး မီးခြစ်လိုက်ရှာနေသည်။ မီးခြစ်ကို တွေ့သောအခါ မီးခြစ်ပြီး ဆေးလိပ်ကို မီးညှိ၏။ အမိုးရယ် အဲဒီ မီးခြစ်ထဲက မီးခတ် ကျောက်လိုမျိုး ကျွန်တော့် နှလုံးသားတွေ ပဲ့ကျနေရပါတယ်။ အမိုးက ဆေးလိပ်ကို အားပါးတရ ရှိုက်ဖွာပြီး မီးခိုးများ ကို မှုတ်ထုတ်လိုက်၏။
အမိုးရဲ့စိတ်တွေက ထိုမီးခိုးများလို အုံ့မှိုင်း ရှုပ်ထွေးနေပေလိမ့်မည်။
“သူ့အဒေါ်တွေက သူ့ဦးလေးဆီကို လှမ်းအကြောင်းကြားပြီး ဆေးဖြတ်ဖို့ ကြိုးစားတယ်။
ဒါပေမယ့် သူကလက်မခံဘူး။ သူ ဆေး မဖြတ်ချင်တော့ဘူးတဲ့။ သူ ဆေးဖြတ် လိုက်ရင် အခုဖြစ်နေတဲ့ သူ့ဘဝကိုသူ ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးတဲ့၊ သူ့ကိုယ်သူ သတ်သေသွားတာ မြင်ချင်ရင် ဆေးဖြတ်ပေးကြလို့ ပြောတယ်။ အင်း ... ခုတော့လည်း ဘိန်းဖြူနဲ့ပဲ ဆုံးပါးသွားရတာပါပဲ။”
[၄]
အမိုးနှင့် ကျွန်တော်တို့ ဆုံမိကြသည်က ညီလာခံကာလ၊ အမိုးက တယောက်တည်း စိတ်ကူးတဲ့ရာ သွားလာနေထိုင်ရင်း စိတ်ကို ဖြေ ကြည့်ဖို့ ကြိုးစားနေသည်မှာ ကြာပြီ။ အခု ရောက်လာသည်က ရဲဘော်ဆေးကို ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတာ တွေ့ရသည် ဟူ၍ သတင်းကြားသောကြောင့် ဖြစ်သည်။ ထိုသတင်းကို အမိုးက မယုံသော်လည်း အဒေါ် အပျိုကြီး နှစ်ယောက်က အတင်း လွှတ်သော ကြောင့် စုံစမ်းရင်း၊ မေးမြန်းရင်း ကျွန်တော့်ဆီ ရောက်လာခြင်း ဖြစ်သည်။ အမိုးက အရာရာကို မတုန်မလှုပ် ရင်ဆိုင်ဖို့အသင့်ရှိနေပေမယ့် တုန်လှုပ်ခြောက်ခြားနေ ရသူတွေက ကျွန်တော်တို့။
“အင်း ... သူတို့ အဖွားကိုတော့ ဆေးကိုလို ကျသွားတာ ပြောမပြရဲဘူး၊ သူ့အဖွားက အကြီးကောင်ကို ပိုချစ်တယ်။ အခုတော့ ပိုဆိုးသွား တာပေါ့၊ သားလည်း ဆုံး၊ မြေးအငယ်ကလည်းဆုံးဆိုတော့ ဆေးကိုလိုအကြောင်း နည်းနည်းမှ မဟရဲဘူး။ သူ့အဖွားကတော့ သူ့မြေးကြီး ပြန်လာလိမ့်မယ်လို့ပဲ ထင်နေတာ။”
အမိုးက ရှည်လျားစွာ ရှင်းပြပြီး၊ ငေးရင်းမောရင်း ဆေးလိပ်ကိုသာ တွင်တွင် ဖွာ နေတော့သည်။ အမိုးက ဗလာနယ်ထဲ လွင့်ကျသွားတာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ မှာလည်း အမိုးပြန်ရင် သူ့မြေး ပြန်အလာကို မျှော်နေမယ့် အဖွားဆီ သတင်းစကား ပါးလိုက်စရာ ဘာမျှ မရှိတော့ပြီ။
“ရဲဘော်ဆေးရေ ရင်နှင့်အမျှ ကြေမွ နေရပါပြီဗျာ”။
[ဆေးကိုလိုမိုးနှင့် တွေ့ဆုံခဲ့စဉ်များ
အမှတ်တရ]
ညိုထက်(လမ်းသစ်ဦး)
Monday, June 30, 2008
‘ မိစ္ဆာ ဗာလ အလစ်တော ရော ရှု - နိဗ္ဗာန ပစ္စယော ဟောတု ’
ဝင်းတင့်ထွန်း
(၁)
‘မောင်မောင်’ ဆိုတဲ့ကောင်ဟာ စီးပွားရေးသမားတယောက်ပါ။ စီးပွားရေးသမားတွေထဲမှာ‘ဘနဖူးသိုက်တူးချင်’ တဲ့ကောင်တွေ တော်တော်များများရှိတာမှန်ပေမဲ့၊ အဲသလောက်လောဘ ဇောတိုက်တဲ့စီးပွားရေး သောင်းကျန်းသူမျိုးတွေထဲမှာ မောင်မောင် တယောက်မပါခဲ့ဖူးဘူးဆိုတာ တော့ကျမ်းကျိန်ပြောရမယ်ဆိုရင်လဲပြောရဲပါတယ်၊ တကယ်ပါ။ဒါကြောင့်လဲ ကိုယ့်ဟာ ကိုယ် အမြဲလိပ်ပြာသန့်သန့်နဲ့နေနိုင်ခဲ့သလို မောင်မောင့်အပေါ် ယုံကြည်သူတွေလဲရှိခဲ့ပါတယ်။ စီးပွားရေးကလဲ ဖြစ်ထွန်းသင့် သလောက်တော့ ဖြစ်ထွန်းခဲ့ပါတယ်။ ကျောင်းကနေဘွဲ့ရပြီးကတည်းက စီးပွားရေးလောကထဲ ခြေစုန်ပစ်ရောက်လာတော့လဲ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကြီးကြီးကျယ်ကျယ် ပြသာနာမရှိခဲ့ပါဘူး။ မိဘတွေဆွေမျိုးသားချင်းတွေ ကိုယ်တိုင်ကလဲ ကုန်သည် ကြီးမျိုးရိုးတွေ မဟုတ်လား။
လူကတရုတ်သွေးပါတော့။ ကျောင်းကပြီးလို့ စီးပွားရေးလုပ်တော့ မယ်ဆိုတော့။ မိဘတွေ ကရော ဆွေမျိုးသားချင်းတွေကပါ တရုတ်-ဗမာနယ်စပ်သွားလုပ်ဖို့ပဲ တိုက်တွန်းကြတာပေါ့။တရုတ်စာ တရုတ်စကားကလဲ တတ်ပြီးသားဆို တော့။ နယ်စပ်မှာ ဘာမှသိပ်ပြီးမကြာလိုက်ပါဘူး။ ကိုယ်လဲ ရာဘရိတ်ထောင်ဘရိတ်လောက် တော့ကိုင်နိုင်တဲ့ စီးပွားရေးသမား တယောက် ဖြစ်လာခဲ့တာပေါ့။ မိဘဆွေမျိုးအ၀န်းအ၀ိုင်း တွေဖက်က ရေခံမြေခံရှိပြီးသားဆိုတော့။ တရုတ်ပြည်ဖက်က ဘယ်ကုန် ယူချင်သလဲ။ ကြိုက်သလောက် ယူလို့ရပါတယ်။ ရောင်းပြီးငွေချေ ဒါမှမဟုတ် နှစ်ကုန်မှ စာရင်းရှင်း၊ ကြိုက်တဲ့ကုန်ကိုကြွေးယူလို့ ရပါတယ်။ ဒါနဲ့ နှစ်ဆယ်နဲ့ချီပြီး ကြာလာတဲ့အခါ ကိုယ်လဲ ကုန်သည်ကြီးတယောက် စီးပွားရေး သမားကြီးတယောက်အဖြစ်တော့ ရောက်လာခဲ့ရပါတယ်။ ကုန်သည်ဆိုတာ မြတ်မယ့်ဥစ္စာ လိုက်လုပ်ကြလေ့ရှိ တယ်ဆိုပေမဲ့ ကျနော်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ ကိုယ်သန်ရာသန်ရာ တလိုင်းကောင်း နှစ်လိုင်းကောင်းပဲ လုပ်ခဲ့ပါတယ်။ နယ်စပ်မှာ ကုန်သည်ကြီးတွေ တော်တော်များများဟာ သွင်းကုန်ရော ပို့ကုန်ပါ လုပ်ကြလေ့ရှိပေမဲ့။ ကျနော်ကတော့ သွင်းကုန်ပဲ အဓိက ထား လုပ်ခဲ့ပါတယ်။ သွင်းကုန်ဆိုတာ ဗမာပြည်ဖက်က သွင်းမယ့်ကုန်။ တရုတ်ကုန်ကိုပဲသွင်းပြီး လက်ကားဖြန့်တဲ့အလုပ်ကိုပြောတာပါ။ အဲဒီတော့ ကုမ္မဏီတော့ ထောင်ရ တာပေါ့။ဒီခေတ်က ကုမ္မဏီခေတ် မဟုတ်လား။ကိုယ်ပိုင်ကုမ္မဏီမရှိပဲ ဘယ့်နှယ်လုပ် သွင်းကုန်ပို့ကုန်လုပ်ငန်းလုပ်မလဲ လက်ကား ဖြန့်တဲ့အခါ ပိုပြီးအဆင်ပြေအောင် ရန်ကုန် မှာလဲ ကုမ္မဏီခွဲတခု ထောင်ထားပါတယ်။ ကိုယ်တိုင်ကတော့ နယ်စပ်မှာပဲ ထိုင်ထား လိုက်တယ်။ ဒီဖက်ကနေ ဖုန်းနဲ့ပြော ဖုန်းနဲ့လုပ်ပေါ့ ။
လူက နယ်စပ်မှာပဲ အနေကြာလာတော့ ရန်ကုန်တို့မန္တလေးတို့မှာလဲ မနေချင်ဘူး။ ကိစ္စ၀ိစ္စရှိလို့ သွားရတာတောင် ရာသီ ဥတုကကိုယ်နဲ့သိပ် သဟဇာတမတည့် သလို ဖြစ်ဖြစ်လာတယ်။ နယ်စပ်ကမှ ကိုယ်နဲ့ပိုတည့်သလိုလို ခံစားလာရတယ်။ ဒါပေမဲ့ လူက တရုတ်သွေးတာ ပါတာ ကိုယ့်ကိုမွေးလာခဲ့တာက ရန်ကုန်လဲ မဟုတ်သလို မန္တလေးလဲ မဟုတ်ပါဘူး။ မြို့ကြီး ပြကြီးလဲ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်မှာတောင် ပင်လယ်ဝမှာ မွေးလာခဲ့တာဗျ မူလတန်း ကျောင်းသားထိအောင် ပင်လယ်ဝမှာပဲနေ လာခဲ့ရတာဗျ အရွယ်ရောက်တော့ ရန်ကုန်မှာလဲ အကြာကြီး ဘွဲ့ရတဲ့အထိနေခဲ့ဖူးသလို။ မန္တလေးမှာလဲနေခဲ့ထိုင်ခဲ့ဖူးပေမဲ့ ရင်ထဲမှာ စွဲနေမိတာက မြစ်ဝကျွန်းပေါ်ပဲ၊ ပင်လယ်ဝပဲ။ မကြာမကြာ သတိတရ ဖြစ်ဖြစ်နေတတ်တာကလဲ ပင်လယ်ဝပဲ။ အုပ်လိုက်မျောသွား တတ်တဲ့ ဗေဒါအုပ်တွေကို သတိရတယ်။ လမုတောနဲ့ဓနိတောကို သတိရတယ်။ တရှဲရှဲ အသံပေးရင်း ဘယ်ညာယိမ်းထိုးနေတတ်တဲ့ အုန်းတန်းအုန်းတော အုန်းလက် အုန်းရွက်တွေကိုလဲ သတိရတယ်။ အိပ်မက်တွေထဲထိအောင် သတိရနေတတ်တာကတော့။ နေ၀င်ခါနီးမှာ နေလုံးနီနီကြီး ပင်လယ်ထဲ တရွေ့ရွေ့ငုပ်ဆင်းသွားတဲ့ မြင်ကွင်းပါပဲ။ ကဗျာ ဆန်ဆန်ပြောရရင်တော့ ၀င်တော့ မယ့်ဆည်းဆာမှာ နေလုံးနီနီကြီး ပင်လယ်ထဲ ရေသောက်ဆင်း သွားတဲ့ မြင်ကွင်းပါပဲ။ ငယ်ငယ်တုန်းကဆိုရင် အဲဒီအချိန် အဲဒီမြင် ကွင်းကို တမေ့တမောကို ထိုင်ထိုင်ကြည့်နေတတ်ဖူးတာ ခဏခဏပါပဲ။ ပြောချင်တာက ကျနော်ဟာ ကျနော့်မွေးရာဇာတိ ကိုဘယ် တော့မှ မမေ့နိုင်ခဲ့ဘူးဆိုတာပါပဲ။ လူကရှမ်းကုန်းပြင်မြင့်မှာ လာပြီးအခြေချမိထားတော့။ စိတ်ကသာ ရောက်ပေမဲ့။ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်ဝကို ကိုယ်တိုင်မရောက်နိုင်တာတော့ ကြာပြီပေါ့ဗျာ။ ဟော...ရောက်မယ့်ရောက်ရတော့လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ စိတ်မ ကောင်းခြင်းကြီးစွာနဲ့ တက်သုတ်ရိုက်ပြီး ရောက်ခဲ့ရတော့တယ်ဗျာ။ ဘာလို့လဲ သိလား။ နာဂစ်ကြောင့်ပေါ့ဗျာ...နာဂစ် ကြောင်...နာဂစ်ကြောင့် ...
(၂)
နာဂစ် ၀င်မွှေသွားတဲ့အတွက် ရန်ကုန်ရော မြစ်ဝကျွန်းပေါ်တခုလုံး တော်တော်ကို ခံလိုက်ရတယ်ဆိုတဲ့သတင်း စ၀င်လာ တော့။ တော်တော်ကို တုန်လှုပ်သွားမိတယ်။ စီးပွားရေးအရ ရန်ကုန်ကကုမ္မဏီခွဲ ပြုတ်ပြုတ်ပြုန်းသွားနိုင်တာကို တွေးမိပြီး စိုးရိမ် သွားလို့ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်ဖက်မှာ အထူးသဖြင့် ပင်လယ်ဝနဲ့ ဘိုကလေးနယ်ဖက်မှာ လူတွေတော်တော်ကို သေကြေကြ တယ် ဆိုတဲ့သတင်း ကြားလိုက်ရလို့ပါ။ ရန်ကုန်က ကုမ္မဏီက လူတွေက နာဂစ်ဝင်မွှေပြီး နောက်နှစ်ရက်မှာပဲ နည်း အမျိုးမျိုးနဲ့ကြိုး စားပြီး ချက်ချင်းသတင်းပို့လို့ ကိုယ့်ကုမ္မဏီကဘာမှ ထိခိုက်ဆုံးရှုံးမှု မရှိလိုက်တာကိုလဲ သိလိုက်ပါတယ်။ ဘယ်သူသေသေ စိတ် သာရှိရင် အမြတ်ထုတ်ချင်တောင် အမြတ်ထုတ်လို့ရတဲ့အခြေအနေတွေတောင် ပေါ်လာပါသေးတယ်။ ဟုတ်တယ်လေ... ကျနော့် ကုမ္မဏီက စက်ပစ္စည်းတွေ ဖြန့်နေတဲ့ကုမ္မဏီလေ ရေစုပ်စက်၊ မော်တာ၊ပန့်နဲ့ ချိန်းစော လို့ခေါ်တဲ့ လွှစက်တွေ အဓိကဖြန့်နေတဲ့ ကုမ္မဏီပဲ။ တချို့ကုမ္မဏီတွေများ စက်တွေကို ဈေးနှစ်ဆသုံးဆ ခုန်တက်ပစ်လိုက်ကြတယ်။ အရင်ကရောင်း ဈေးတသိန်း နှစ်သောင်းသုံးသောင်းရှိတဲ့ ချိန်းစောလွှစက်တလုံးကို နှစ်သိန်းခွဲသုံးသိန်း ဖြစ်သွားတယ်။သွပ်တချပ်တသောင်းဖြစ်သွားတယ်။ အိမ်ရိုက်သွပ်သံတချောင်း သုံးရာအထိ ဖြစ်သွားတယ်။ အိမ်ခေါင်မိုးတွေအကုန်လန် သွပ်ပြားတွေ ပြုတ်ပျက်ထွက်ကုန်ကြတော့ မ၀ယ်မဖြစ် ပစ္စည်းတွေ မဟုတ်လား။ ရောင်းတာတောင် တံခါးပိတ်ပြီး ရောင်းရတဲ့ပစ္စည်းတွေ ဖြစ်သွားတာ ခင်ဗျားလဲ ကောင်း ကောင်းကြားမှာပါ။ကုန်သည်ဆိုတာ လုပ်ငန်းရှင်ဆိုတာ အမြတ်ကောင်း ကောင်းရချင်တယ်ဆိုပေမဲ့ သူများတွေ ဒုက္ခ သုက္ခအကြီး အကျယ် ရောက်နေကြတုန်း အမြတ်ထုတ်မှ ရမယ့်အမြတ်ငွေမျိုး ကျနော်မယူချင်ဘူး။ မောင်မောင်ဆိုတဲ့ကောင် မယူချင်ဘူး။ ဒါကြောင့် ကျနော် ဘယ်လို လှမ်းအမိန့်ပေးခဲ့သလဲ သိလား။ ဒို့ကုမ္မဏီက စက်ပစ္စည်းတွေဘာမှထပ်ပြီး ဈေးမတက်နဲ့အရင် ရောင်းမြဲ ဈေးအတိုင်းရောင်း။ ဘယ်ကုမ္မဏီတွေ ဈေးတက် တက်ဈေးတက် မရောင်းနဲ့လို့ ချက်ချင်း အမိန့်ပေးခိုင်းလိုက်တယ်။ အဲဒီမှာ ကျနော့်လိုပဲ စက်ပစ္စည်းတွေပဲ ရောင်းနေတဲ့ကုမ္မဏီတချို့က ကုန်သည်ကြီးတချို့က ‘မောင်မောင် မင်းရူးနေ သ လား - တဲ့။ အရောင်းအ၀ယ်ဆိုတာ ၀ယ်လိုအားနဲ့ ရောင်းလိုအား ကြည့်ပြီး။ ၀ယ်လိုအား Demand ကသိပ်များနေပြီး ရောင်းလိုအား သွင်းနိုင်အား Supply က သိပ်နည်း နေရင်။ ကုန်ဈေးနှုန်းဟာ တက်လာရမှာပဲ။ တက်ရောင်းရမှာပဲ။ ဒါ တရားပဲ။
ဒါမှမဟုတ် မင်းက ဒို့ဈေးတက်ရောင်းတာကို တမင်ဂွတိုက်ပြီး လုပ်ပြလိုက်တာလား-တဲ့။ ပြီးတော့ ထပ်ပြောကြ သေးတယ်။ အဲဒီလိုဆိုရင် -မင်းကုမ္မဏီထဲကရော ဂိုဒေါင်ထဲလှောင် ထားတာတွေ ရှိသမျှကိုပါ။ ဒို့ ကုမ္မဏီတွေ အခုမင်းရောင်းနေတဲ့ ဈေးနှုန်းအတိုင်းလွှဲပေးလိုက်၊ ဒို့အကုန်ချုပ်ပြီး ၀ယ်မယ်။ မင်းရောင်းနေတဲ့ ဈေးနှုန်း အတိုင်း အကုန်ပေးမယ်။ မင်း ပစ္စည်းတွေ အားလုံးကို ဒို့ဝယ်မယ်-တဲ့ ’။ မကျေမနပ် နဲ့ပြောလိုက်ကြတာဗျာ။ မောင်မောင် ပြုံးနေလိုက်တယ်။ပြီးတော့ မောင်မောင် ပြော လိုက်တယ်။ ဟေ့ ဘယ်သူ့မှ ပစ္စည်းတွေအားလုံး ချုပ်ပြီးမရောင်းဘူး။ ကိုယ့်ပစ္စည်း ကိုယ့်ဟာကိုယ်ပဲ ရောင်းမယ်ပြောပြီး။ တကယ်လိုအပ်လို့ မလွှဲသာလွန်းလို့ လာဝယ်ကြ သူတွေကိုပဲ ဈေးမတက်ပဲ အရင်ရောင်းနေကြဈေးအတိုင်းပဲ လက်လီ နှစ်လုံးချင်းသုံးလုံးချင်းပဲ ဆက်အရောင်းခိုင်းလိုက်တယ်။ ကျနော် ပိုက်ဆံမလိုချင်လို့ မဟုတ်ဘူးဗျ။ ပိုက်ဆံတွေတအားကြီးကို ချမ်းသာနေလို့လဲ မဟုတ်ပါဘူး။ဒါပေမဲ့ လူတွေအ သက်တွေသေကြ၊ ဒါလောက်တောင် ဒုက္ခသုက္ခတွေရောက်နေကြတဲ့အချိန်မှာ မတန်တဆ ဈေးတက်ရောင်းလဲ မလွှဲသာမရှောင်သာဝယ်ကြရရှာတော့ မယ့်အချိန်မျိုးမှာ ကျနော် သူတို့ အပေါ်လည်မြိုညှစ် မယူချင်ဘူးဗျာ။ မတော်မတရားအမြတ်ထုတ် မယူချင်ဘူး ဗျာ။ အမြတ်ထုတ်ပြီး ပြန်ရောင်းစားမယ့်သူတွေလက်ထဲလဲ ရောက်မသွား ရအောင် ကုမ္မဏီက ကောင်တွေကိုလဲ လှမ်းပြောထားလိုက်တယ်။ တကယ်ဒုက္ခရောက်လို့ တကယ်သုံးမယ့်သူတွေလက် ထဲ ရောက်အောင်ရောင်းကြကွာ...လို့။ ဈေးလဲ လုံးဝ မတက်ရဘူး...လို့။ အဲဒီတော့ ရန်ကုန်က ကျနော့်ကုမ္မဏီမှာ လာ လာ ၀ယ်လိုက်ကြပုံများ ဘာပြောကောင်းမလဲ။ ဒီဆိုင်က ဈေး ချိုတယ် ဟ၊ သဘောထားကောင်းတယ် ဟ..နဲ့ တဲ့။ ဘုန်းကြီးတွေ ဦးပဇင်းတွေပါ ဆိုင်ကိုလာပြီး ၀ယ် ကြသတဲ့။ ခင်ဗျားတို့လဲ ကြားကြ သိကြတဲ့အတိုင်းပဲလေ။ နာဂစ် ၀င်ပြီးမွှေသွား ရက်စက်သွားလို့ ရန်ကုန်ရော မြစ်ဝကျွန်းပေါ်ရော တုန်းလုံးပက်လက်ဖြစ်သွားရတာတွေက သစ်ပင်ကြီးတွေ ဧရာမသစ်ပင်ကြီးတွေ ကုန်သလောက် နီးပါး မဟုတ်လား။ လမ်းတွေပေါ်ရော အိမ်တွေ ပေါ်မှာပါမြင်မကောင်းအောင် အလဲလဲအပြိုပြိုဖြစ်ကုန် ဖိမိကုန် ထိခိုက်ကုန်ကြ ရတယ် မဟုတ်လား။ မုန်တိုင်းစဲတာနဲ့ မရှင်းမဖြစ် စရှင်းကြရတဲ့ ပြသာနာက အမြစ်ကနေပါ ကျွတ်ထွက်လဲပြိုနေတဲ့ ဒီတုံးလုံး ပက်လက် သစ်ပင်အိုကြီးတွေကို မဟုတ်လား။ ဒါလောက်ကြီးတဲ့ သစ်ပင်ကြီးတွေမျိုးစုံကို လက်ထိုးလွှလေးတွေလောက်နဲ့ ရှင်းနေ လို့ကတော့ ဘယ်ပြီးတော့မလဲ။ ချိန်းစောကြီးတွေ စက်လွှကြီးတွေနဲ့ ရှင်းရတော့တာဗျ။ အဲဒီတော့ အဲဒါ ကြီးတွေဘယ့် လောက်ရောင်းကောင်းလိုက်မလဲ။ ခင်ဗျားစဉ်းစားကြည့်၊ ပုံမှန်ဈေးထက် နှစ်ဆကျော် ခုန်တက်တောင် ရောင်းကြတယ်။
ကျနော်လဲ ဈေးတက်ရောင်းရင် ရတာပဲ။ လာ လာ ၀ယ်ကြတဲ့အထဲ ဘုန်းကြီးတွေ ဦးပဇင်းတွေကိုယ်တိုင် လာကြတယ်ဗျာ။တပါး နှစ်ပါး။တကျောင်းနှစ်ကျောင်းနဲ့ ပိုက်ဆံမတတ် နိုင်တော့တဲ့ ကိုယ်တော်တွေ ကျောင်းတွေက။ စုပေါင်းပြီး တောင်လာဝယ်ကြသတဲ့။ ပြီးတော့ အဲဒီသံဃာတော်တွေကိုယ်တိုင် သင်းပိုင်ကို ခါးတောင်းကျိုက်ပြီး လွှဆွဲကြ အမြင်မတော် တာတွေ ရှင်းပေးကြတော့တာလဲ အားလုံးတပြည်လုံးအသိ၊ တပြည်လုံးအမြင်ပါပဲဗျာ။ အဲဒီလို အခြေအနေမှာ သံဃာတော်တွေ လူထုတွေ အပေါ်မှာ ကျနော်ဘယ်လိုမှ အမြတ်မထုတ်ချင် ဘူး။အမြတ်မထုတ်နိုင်ဘူးဗျာ။ ဒါကြောင့်မို့ တချို့လူတွေက သောက်ရူးလို့ ကင်ပွန်းတပ်ပေးကြ ပြောနေကြတဲ့အထဲကကို ကျနော် အဲသလိုပုံမှန်အတိုင်းပဲ ရောင်းခဲ့တာဗျ။ကျနော့်ဘ၀မှာ တသက်နဲ့တကိုယ် ပီတိအဖြစ်ရဆုံးအချိန်ကို ပြပါဆိုရင်။ ကျနော် အဲဒါကို ပြလိုက်မှာပဲ။ စိတ်မကောင်းတဲ့ ကြားကနေ ဖြစ်လိုက်ရတဲ့ ပီတိပေါ့ဗျာ။ ခင်ဗျားတို့ အနုပညာသမားတွေရဲ့ ဝေါဟာ ရ နဲ့ဆိုရင်- ကြေကွဲ ပီတိ ပေါ့ဗျာ။ အဲ-အဲ-နောက်ထပ် ပီတိတခု ရှိသေးတယ်။ အဲဒါကိုလဲ ဘယ်လို ပြောရမလဲ။ ကျနော်တော့ ဝေါဟာရရှာလို့ မရဘူး။ တသက်နဲ့တကိုယ် ဒီလိုအ ကြီးအကျယ် ဒုက္ခရောက်နေကြချိန်မှာ တကယ်ဒုက္ခရောက်နေကြသူတွေကို ကိုယ် တိုင်ကိုယ်ကျ ကြိုးစားပန်းစားနဲ့မရောက်ရောက်အောင် သွားပြီးတတ်နိုင်သမျှ အောင်အောင်မြင်မြင် အ ကူအညီ ပေးနိုင်ခဲ့တာကိုပဲ ပြောရ မှာဗျ၊ အောင်အောင်မြင်မြင် ကြိုးစားပန်းစား ရောက်အောင်သွားပြီး ကူညီနိုင်ခဲ့တာ အကူအညီပေးနိုင်ခဲ့တာအပေါ်မှာတော့ တဖက်ကနေပြောရရင် ကျေနပ်တယ်။ ၀မ်းသာ တယ်။ ပီတိဖြစ်ရတယ်။ ဒါပေမဲ့...
တဖက်ကနေပြောရရင်လဲ တော်တော်ကို စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေရော။ အကြီးအကျယ် ဒေါသထွက်စရာ အော့နှလုံးနာစရာတွေပါတွေ့ခဲ့ရတယ်ဗျာ။ ပီတိက အေးအေး မြမြ ကြည်ကြည်လင်လင်လေး ဖြစ်နေရမယ့်အစား။ ပူလောင်ရတာ တွေရော- နောက်ကျိ ရတာတွေပါအကုန်ကို ရောနေရတော့တာပါပဲဗျာ။ သောမန တွေရော...ဒေါမနတွေပါ အကုန် ခံစားလိုက်ရတော့တာပါပဲဗျာ။ အဲဒီတော့...ဒီလို ပီတိမျိုးကိုဘာပီတိလို့ ကင်ပွန်းတပ်ရမလဲ၊ ခင်ဗျားဟာခင်ဗျားပဲ ကြိုက်သလိုသာ နာမည်တပ်ပေရော့။ ကျနော်ကတော့ ကျနော်လက် တွေ့ကြုံတွေ့ခဲ့ရသလို၊ ခံစားရသလိုပဲ ပြောပြမယ်။
မုန်တိုင်းဝင်ပြီးပြီးချင်း ရန်ကုန်ရဲ့အခြေအနေပဲ စကြားကြရတာလဲ အားလုံးအသိပါပဲ။ နောက်မှ မီဒီယာတွေကျေးဇူးနဲ့ တဖြေးဖြေးချင်းကြားလိုက်ကြရတာက နာဂစ်ကြောင့် အထိ အနာဆုံးနေရာဟာ မြစ်ဝကျွန်းပေါ်ဆိုတာပဲ။ မြစ်ဝကျွန်းပေါ်မှာမှ ဘိုကလေးနဲ့လပွတ္တာဟာ ကျောကော့အောင် ခံလိုက်ကြရတာ သိလိုက်ရတယ်။ သေဆုံးသွားကြရရှာသူတွေလဲ သောက် သောက်လဲမဟုတ်လား။ ဘိုကလေးနဲ့ပင်လယ်ဝ လို့ကြားလိုက်ရတာနဲ့ ရင်ထဲ ကျင်ကနဲနေအောင် ခံစားလိုက်ရပြီး။ တော်တော် ကိုစိတ်မချမ်းမသာ ဖြစ်မိတယ်။ ဘိုကလေးနယ်နဲ့ ပင်လယ်ဝဟာမောင်မောင့် ချက်မြှုပ်မွေးရာဒေသမဟုတ်လား။ မောင်မောင် ဆိုတဲ့ ကောင်ဟာ တရုတ်သွေးပါတဲ့ ကောင်ပေမဲ့။ ဇာတိသွေးကပဲ စကားပြောလာသလား မသိပါဘူးဗျာ။ ငါ့ ဇာတိချက်မြှုပ် နယ်ကိုတော့ မရောက်ရောက်အောင်သွားပြီး ငါတတ်နိုင်သမျှ အကူအညီသွားပေးမယ်။ လှူနိုင်သမျှလှူဒါန်းမယ်ဆိုတဲ့ စိတ်ကတ ဖွားဖွားနဲ့ ၀င်လာခဲ့တယ်ဗျ။ ကိုယ်နဲ့ရင်းတဲ့ ကုန်သည်ကြီးတွေထဲက သဒ္ဒါတရားထက်သန်သူတချို့ကိုလဲ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေး နွေးပြီး ကျနော်ကိုယ်တိုင်က သိန်း(၁၀၀)မတည်လိုက်တယ်ဗျာ။ ကျနော်လုပ် ချင်တာကို နားလည်ယုံကြည်တဲ့လူ လေးငါးဦး ကလဲ အသီးသီးဝိုင်းဝန်းထည့် ၀င်ပါဝင်ကြတော့။ သိန်း(၂၀၀)လောက် ဖြစ်သွားတယ်။ ဒီထဲက လိုက်နိုင်တဲ့သူ အလှူရှင်နှစ်ယောက် ကိုပါအတူခေါ်ပြီး။ နာဂစ်အပြီး တပတ်အကြာမှာပဲ ရန်ကုန်အရောက် ဆင်းခဲ့ကြတယ်။ နယ်စပ်က ရနိုင်သမျှ သင့်တော်မယ်ထင်ရတဲ့ အ၀တ်အထည်လေးတွေကိုလဲ သိမ်းကျုံးပြီးဆွဲခဲ့ ၀ယ်ခဲ့ကြတယ်ဗျ။ လေဘေးဒုက္ခသည်တွေ ဝေဖို့အတွက် ဆိုတော့။ ကလေးဝတ် ရော လူကြီးဝတ်ရော။ ယောက်ကျားဝတ်ရော မိန်းမ၀တ်ပါ ရသမျှအစုံပါပဲဗျာ။ ပီနံအိတ်ကြီးတွေနဲ့(၁၈)လုံး အပြည့်အသိပ်ထည့်ပြီး သယ်သွား ခဲ့ကြတယ်ဗျ။ အဓိကကျတဲ့ဆန်နဲ့ရေသန့်ပုလင်းတွေကိုတော့ ရန်ကုန်ကျမှ ၀ယ်မယ်ဆိုပြီး တက်သုတ်ရိုက်သွား ကြတယ်။ အဲ...ရန်ကုန်မှာ စိတ်ချရတဲ့နေရာသွားပြီး ဆန်သွားဝယ်တော့။ ဆန်ရောင်းတဲ့ ဆန်ကုန်သည် အမျိုးသမီးက ‘လေဘေး ဒုက္ခသည်တွေကို ဝေဖို့ လှူဖို့ ဆန်ဝယ်ချင်တာ မဟုတ်လား...တဲ့။ ဒုက္ခသည်တွေ ဝေဖို့ဆိုရင်။ ဒီလိုဈေးပေါပေါ ဆန်ကိုပဲ ၀ယ်သွားလို့’ အကြံပေးပြီး ကျနော်တို့ကို ထိုးပြတာက တော်တော်ကို ညံ့တဲ့ဆန်တွေဗျာ။ဆန်တွေက ဖုံစုတ်စုတ် ၀ါတာတာအ ရောင်တွေဗျ။ ရေစို ဆန်တွေပေါ့ဗျာ။ ဈေးလဲအနိမ့်ဆုံး အမျိုးအစားတွေပေါ့။သူကတော့ အိတ်များများရတော့ လူများများ ပြီများများ ဝေနိုင်အောင် အကြံကောင်း ဥာဏ်ကောင်း ပေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မောင်မောင်က မြစ်ဝကျွန်းပေါ် မွေးလာတဲ့ကောင်ပဲ။ ဒီလိုဆန်မျိုးက မြစ်ဝကျွန်းပေါ်မှာ ၀က်ကျွေးတဲ့ဆန်လောက်ပဲ အဆင့်ရှိတာ သိတာပေါ့။အဲဒီတော့ ..ဟာ..ဒီဆန်မျိုးတော့ ကျနော် မဝေဘူး။ မပေးဘူး။ ဆန်ဖြူဖြူပဲပေး။ လူစားလို့သင့်လျော်မယ့် ဆန်ပဲ လိုချင်တယ်လို့ပြောပြီး ကောင်းတဲ့ဆန်ပဲဝယ် လိုက်တယ်။ ဆန်ချောမဟုတ်ပေမဲ့ ဆန်ကြမ်းထဲမှာတော့ လူစားလို့ကောင်းမယ့်ဆန်မျိုးပဲ ရွေးပြီး အိတ်(၅၀၀)၀ယ်လိုက်တယ်။ ပြီးတော့ ကဒုံ ဧရာ ပင်လယ်ဝအထိ လိုက်မယ့် မော်တော်ကြီးကြီးတစီး လိုက် ရှာရ ငှါးရ ပြန်တယ်ဗျ။မော်တော်ကလဲ ရှားလိုက်တာဗျာ။ ပင်လယ်ဝအထိ လိုက်ချင်တဲ့ မော်တော်က တော်တော်ကို ရှာရတယ်။ အကြောင်းက အပြန်မှာ ဟိုသတ္တ၀ါတွေကမော်တော်ကိုပေါ်တာဆွဲလိုက်မှာကိုလကြောက်သလို။ ရာသီဥတုကလဲ သိပ်ငြိမ်သေးတာမဟုတ်တော့ နည်းနည်းတော့ စိုးရိမ်နေ ကြသေးတာကိုး၊နောက်တကြောင်းကတော့ ..ဟိုကသည်က အာဏာပိုင်အဆင့်ဆင့်ဆိုတဲ့ ကောင်တွေ ကလဲ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တာတားမြစ်တာ ဟန့်တားနှောက် ယှက်တာတွေအကြီးအကျယ် လုပ်နေတဲ့အချိန်ကြီး မဟုတ်လား။ ပြီးတော့ ဆီဈေးတွေကလဲ ခေါင်ခိုက်အောင်ကို ထိုးပြီးတက်နေချိန်ဗျာ၊ ဆီဈေးက တဂါလံကို တသောင်း အထိတောင် ခုန်တက်သွားတယ် မဟုတ်လား။ နာဂစ်လက်ချက်နဲ့ မော်တော်တွေ စက်လှေတွေ သင်္ဘောတွေ တော်တော်များများကလဲ ဆုံးရှုံးပျက်စီးသွားကြ တာတွေက မနည်းမနောဆိုတော့ ရေယာဉ်တွေကလဲ သိသိသာသာကို နည်းနေတဲ့အချိန်ဖြစ်နေပြန်တယ် ဗျာ။အဲဒီကြားထဲကပဲ မဖြစ်ဖြစ်အောင် သွားမယ်ဆိုပြီး ကြိုးစားပန်းစား လိုက်ပြီး ရှာကြတော့။ မော်တော်ကြီးကြီးတစင်းကို ရှာလို့ရလာတယ်ဗျာ။မော်တော်ပိုင်ရှင်က သူလိုက်ပို့မယ်...တဲ့။ ဈေးကတော့ တပြားမှ မဆစ်နဲ့။ ဆီဈေးက ဒီလောက်တောင်ကြီး နေတာ။ အသွားအပြန် သိန်း(၃၀)ပေးရမတဲ့။ ဒါတောင်...ကျနော်တို့သွားမှာက ပင်လယ်ဝဖက်ဆီက မုန်တိုင်းသင့်ဒုက္ခရောက် နေသူတွေဆီ အကူအညီသွားပေးမှာ။ အလှူအတန်းသွားလုပ်မှာ ဖြစ်လို့၊ မွန်မြတ်တဲ့ကုသိုလ်ခရီး ဖြစ်နေလို့လိုက်မှာ ဖြစ်တယ် လို့ဆိုသဗျ။ ကျနော်ကလဲ - ကိုင်း -မထူးဘူး။ သုံးဆယ်ဆိုလဲသုံးဆယ်ပေါ့ဗျာ၊ လိုအပ်တဲ့ဆီ လုံလုံလောက် လောက်သာထည့်ထား။ ရာသီဥတုအခြေအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကောင်းကောင်းမွန်မွန်သင့်တော်မယ့် စက်ဆရာနဲ့အလုပ်သမားတွေသာ လုံလုံ လောက်လောက်ဖြစ်အောင် ထည့်သွင်းစီစဉ်ပေးလိုက်၊ ကျနော်ငှါးမယ် ဆိုပြီး စင်းလုံးပြတ်အော်ဒါ ငှါးလိုက်တယ်။ အဲ...အဲဒီလို မော်တော်လဲ ရှာပြီးပြီ ၊ဆန်အိတ်တွေလဲ အိတ်(၅၀၀)တင်ထားပြီးပြီ၊ တရုတ်ဖက်ခြမ်းကနေ ဆွဲလာခဲ့တဲ့ အ၀တ်အစားမျိုးစုံ ပီနံအိတ်ကြီး(၁၈)လုံးလဲ တင်ထားပြီးပြီ။ လမ်းခရီးစားစရာ သောက်စရာတွေလဲ တပတ်ဆယ်ရက်စာ မပူရအောင် ဖြည့်ဆည်း ထားပြီးပြီ ဆိုတဲ့အချိန်မှာ ဘယ်လိုထွက် မှာလဲ။ လမ်းမှာ အကုသိုလ်တွေ သတ္တ၀ါတွေ မိစ္ဆာတွေ ဂြိုလ်ဆိုးတွေက တနေရာရာကနေ တားဆီးပြီး ရစ်လာရင် နှောက်ယှက်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူ့ခွင့်ပြု မိန့်နဲ့ထွက်လာ သလဲဆိုပြီး ၀ိုင်းပြီး ဗျင်းကြရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာကြီးက ထပ်ပြီး ပေါ်လာပြန် တယ်ခင်ဗျ။လှူချင်တာတောင် လွယ်မှတ်သလား။ အဲ...အဲဒီမှာ ကိုယ့်စေတနာ ကိုယ့်အကျိုး ပေးလာတယ်လို့ပဲပြောရမလား။ ဘယ်လိုပြောရမလဲ မသိပါဘူး။ နာမည်ကြီး ဆရာတော်ကြီး တပါးနဲ့သွားပြီး တိုက်တိုက်ဆိုင်ဆိုင်ကြုံလိုက်ရတယ်။ ဘယ်ကနေဘယ်လို တိုက်ဆိုင်သွားရ သလဲဆိုတော့။ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် နော်၊ ကျနော်တို့ အဲဒီလို ဖြစ်နေတာ ဆရာတော်က ကြားသွားတော့။
‘ဟ...အဲဒီကုမ္မဏီက ကောင်တွေလား...တဲ့။ လွှစက်တွေ ဈေးမတက်ပဲ ရောင်းနေတဲ့ ကုမ္မဏီကကောင်တွေလား...တဲ့။ ဒို့သံဃာတွေ ဦးပဇင်းတွေတချို့ သစ်ပင် ကြီးတွေ တုံးလုံးပက် လက်ဖြစ်နေတာ ရှင်းပစ်ဖို့ မရှိရှိတဲ့ငွေလေးတွေနဲ့ စုပေါင်းစပ် ပေါင်းလုပ်ပြီး လွှစက်တွေ ၀ယ်ရာမှာဈေးမတက်ပဲနဂိုဈေးအတိုင်း ရောင်းပေးလို့ သူတို့ ကိုယ်တိုင် ကိုယ်တော်တွေအချင်း ချင်းကြား ပြောဆိုနေသံတွေ သာဓုခေါ်သံတွေ ထွက်လာနေတဲ့ကုမ္မဏီက တကာတွေလား’တဲ့။ ‘ဟုတ်ပါတယ် ဘုရား’လို့လျှောက် ထားသူ တွေက လျှောက်ထားလိုက်ကြတော့။ အဲဒီ ဆရာတော်ကြီးကပဲ ‘ငါ လုပ်ပေးမယ်။ ငါ ဆောင်ရွက်ပေးမယ်။ ငါ့အစီအမံနဲ့ လာတယ် ဆိုတာ ပြော-’ဆိုပြီး သူ့နည်း သူ့ဟန်နဲ့သူ စီစဉ်ကူညီပေးလိုက်တော့ ကျနော်တို့လဲ တက်သုတ်ရိုက်ပြီး ထွက်နိုင်တော့တာပေါ့ဗျာ။ နာဂစ်ပြီးလို့တပတ်အကျော်(၁၁)ရက်နေ့မှာပဲ ကျနော်တို့ မော်တော်ကြီး ရန်ကုန်ကနေအောင်အောင်မြင်မြင် ထွက်နိုင်လာခဲ့တာပေါ့ ဗျာ။ ကျနော်နဲ့အတူ အလှူရှင်တွေလဲဖြစ်တဲ့ ကျနော့်မိတ်ဆွေလေးယောက် ကိုယ်တိုင်ကိုယ်ကျမော်တော်နဲ့ လိုက် လာခဲ့ကြတယ်ဗျ။ မော်တော်ထွက်ခါနီးမှာပဲ သောက်ရေသန့်ပုလင်းအတွဲလိုက် အတွဲလိုက် (၂၀၀) ကျော်လောက်ကိုလဲ ဆွဲပြီးတင်လာခဲ့ကြသေး တယ်ဗျ။ ခေါက်ဆွဲခြောက် ထုပ်ဖာတွေ ကိုလဲ အနားကနေ ရနိုင်သမျှ တော်တော်များများ ဆွဲပြီးတင်လာခဲ့ကြသေးတယ်ဗျ။
အင်း...လမ်းခရီးတလျောက် သိပ်ပြီးထူးထူးထွေထွေဘာပြဿနာမှ မပေါ်ခဲ့ပေမဲ့၊ ကိုယ့်ဇာတိ ကိုယ်ပြန်ပြီး အောင်အောင် မြင်မြင်လှူနိုင်တော့မယ်ဆိုပြီးပီတိလေး တောင်ဖြစ်လိုက်မိသေးပေမဲ့။ မော်ကျွန်းကျော်ကတည်းက ရင်ထဲကို ထစ်ဆို့ဆို့ကြီး ဖြစ်လာ တာပါပဲ၊ ပတ်ဝန်းကျင်တခုလုံးဟာ မြင်မကောင်းအောင်ပါပဲဗျာ။ ဘာတခုမှ ရှုရက်စရာ မရှိတော့အောင်ကို အပျက်အစီးတွေက နေရာတိုင်းလိုလိုပါပဲ။ ရန်ကုန်ကအထွက်ကတည်းက အပျက်အစီးတွေ နာဂစ်ရဲ့ခြေရာလက်ရာတွေကိုတော့ နေရာအနှံ့တွေ့ခဲ့ ရပေမဲ့ ဘိုကလေးနယ်ထဲဆီ ၀င်လာလေလေ အပျက်အစီးတွေက မြင်မကောင်းရှုမကောင်းအောင် များလာလေလေလို့ခံစား လိုက်ရတယ်ဗျာ၊ တကယ်ဗျာ...တကယ် တကယ်၊ မြစ်ဝကျွန်းပေါ်ဇာတိ မဟုတ်တဲ့ ကျနော့် မိတ်ဆွေတယောက်ကတောင် ဟင်းကနဲ ဟင်းကနဲ သက်ပြင်းရှည်ကြီးကို ခဏခဏချနေရ လောက်အောင် မြင်ကွင်းတွေ က ဆို့နင့်စရာကြီးတွေချည်းဖြစ်နေတော့။ မြစ်ဝကျွန်းပေါ်သား ဇာတိစစ်စစ်ဖြစ်ခဲ့တဲ့ ကျနော့်လိုကောင်ရဲ့ရင်ထဲ ဘယ့်နှယ်ဖြစ်နေမလဲဆိုတာ ခင်ဗျားဟာ ခင်ဗျားပဲ မှန်းကြည့် ပေရော့။ ဘိုကလေးနား နီးလာလေ အလောင်းတွေက ဟိုနားတလောင်း ဒီနားတလောင်း စပြီးတွေ့လာရတယ်ဗျ။ရေပေါ်မှာ ပေါလောပေါလောနဲ့ပေါ့။ဘိုကလေးလဲ ကျော် ရော အလောင်းတွေက ပိုပိုပြီးများလာလိုက်တာ ဟိုနားတစု ဒီနားတစု ခပ်စိပ်စိပ်ကို တွေ့လာရတယ်။ စိတ်မကောင်းစရာဗျာ။ အလောင်းတွေထဲမှာ ကလေးလေးတွေရော သက်ကြီးရွယ်အိုတွေရော အစုံမှ အစုံဗျာ။ အလောင်းတွေကလဲ ဖေါင်းကား ဖူးရောင်လို့။ မှောက်ရက်ရော ပက်လက်ပါ ရေပေါ်မှာ ပေါလောပေါလောနဲ့။ မော်တော်ပေါ် ပါလာတဲ့ မော်တော်အလုပ်သမားလေးတယောက်က ပြောတယ်။ ‘ ဒါ...ဘာ များအုံးမလဲ။ ပြီးခဲ့တဲ့ သုံးလေးရက်ကဆိုရင် မော်တော်တွေစက်လှေတွေ ဖြတ်သွားရတာ အလောင်းတွေနဲ့ချည်း တိုးတိုးနေရလို့။ စက်နဲ့ လာမငြိရအောင် ဟိုဖက်ဒီဖက် နှစ်နေရာကနေ ထိုးဝါးကြီးတွေကိုယ်စီကိုင်ပြီး မျောလာနေတဲ့ အလောင်းတွေ ကိုထိုးဝါးတွေ နဲ့ချည်း ထိုးထိုးဖယ်ဖယ်ပစ်ပြီးတောင် သွားရတာ။ အခုဟာက ဘာဟုတ်သေးလဲ’တဲ့။ ကဲ ခင်ဗျားဟာ ခင်ဗျား မှန်းသာ ကြည့်ပေရော့ဗျာ။ ကျနော်တို့မော်တော်ကြီး သွားနေ တော့လဲ ရေလယ်မှာသာ အလောင်းတွေက ဒီလောက်မများ တော့တာ။ ဟိုနား တမျောမျော ဒီနား တမျောမျော - ကြည့်လေရာ တွေ့နေရတုန်း။ ဒီထဲမှာ ကျွဲသေကြီးတွေ နွားသေ ခွေးသေတွေကလဲ မနဲဘူး။ ကျွဲ ဆိုတာ တော်တော်ကို ခံနိုင်ရည်ရှိတဲ့ သတ္တ၀ါ၊ ရေ လဲ အင်မတန်ကြိုက်၊ ရေထဲလဲ တနေကုန် ရေစိမ်ခံပြီး နေနိုင်တဲ့ အကောင်မျိုး၊ အဲဒီလိုအကောင်မျိုးတွေတောင် ဒီနာဂစ်နဲ့ ကျတော့ အတုံးအရုံးဖြစ်ပြီး သေသွားရတယ်ဆို တော့ ဒီမုန်တိုင်းဟာ ဘယ့်လောက်ပြင်းမလဲ ဆိုတာ စဉ်းစားသာ ကြည့်ရော့ဗျာ။ အဲ...မိန်းမလှကျွန်းနားလဲရောက်ကရော။အလောင်းတွေကတော့ မြင်မကောင်းအောင်ကို တွေ့ရတော့တာပါပဲ။ ကမ်းစပ်တွေမှာရော ကျွန်းပေါ်တွေမှာပါ။ သစ်ပင်ကြားတွေ မှာရော။
တောစပ်တွေမှာပါ ဘယ်နေရာကြည့်ကြည့် လူသေအလောင်းတွေချည်းပါပဲဗျာ။ စစ်ဖြစ်ထား တဲ့စစ်မြေပြင်မှာ အလောင်း တွေ တုန်းလုံးပက်လက်ဖြစ်နေတဲ့ မြင် ကွင်းတွေ ဓါတ်ပုံတွေ ကင်မရာရိုက်ချက်မျိုးတွေကို ကျနော် အများကြီးမြင်ဖူးတွေ့ဖူးတာပေါ့။ အဲဒီမြင် ကွင်းတွေက သွေးရဲရဲ သံရဲရဲတွေပဲပိုမယ်။ ဒါလောက် ခြောက်ချားစရာ မကောင်းဘူးလို့တောင် ပြောလိုက်ချင်တယ်။ အခုဟာကဗျာ...အလောင်းတွေကိုက ဖူးရောင်ဖေါင်းကားပြီး သပြေသီးမှည့်ရောင် ပေါက်နေကြပြီး တကယ့်ကို အလောင်း ဒိုက်ပုံတောကြီးလိုကို ဖြစ်နေတာ။ တကယ့်ကို မြင်မကောင်းရှုမကောင်းအောင်ပါဗျာ၊ မော်တော်ကလဲ ဖြေးဖြေးချင်းခုတ်နေရတာ ဆိုတော့၊ ပထမတော့ ကျနော် စိတ်နဲ့လိုက် ပြီး တလောင်းနှစ်လောင်း လိုက်ပြီးရေတွက်ကြည့်နေမိသေးတယ်။ ထောင်ဂဏန်း လောက်ရောက်လာတော့ ဆက်ပြီးတော့ကို မရေနိုင်တော့ဘူးဗျာ၊ အနဲဆုံး ဟောဒီမိန်းမ လှကျွန်းတ၀ိုက်မှာကို ကျနော်တို့ မော်တော်ပေါ်ကနေ မြင်ရတာကို အနဲဆုံးငါးထောင်အထက်ရှိတယ်။ ရန်ကုန်ကနေ ကျနော်နဲ့လိုက်လာခဲ့တဲ့ ကျနော့်သူငယ်ချင်း တရုတ်မျက်နှာတောင် တုန်တုန်ရီရီနဲ့ ဖြူပတ်ဖြူလျော် ဖြစ်သွားတယ်။ လူကတရုတ်သွေး ပါတဲ့အပြင် အစားကောင်းအသောက် ကောင်းတွေ ကြိုက်လွန်းစားလွန်း လို့အမြဲလိုလို ပန်းရောင်သန်းနေတဲ့ ကျနော့်သူငယ်ချင်းရဲ့မျက်နှာဟာ တကယ်ကို ဖြူပတ် ဖြူရော်ဖြစ်သွားတယ်။ အလောင်းတွေကို ကြည့်ပြီးသွေးမရှိတော့သလိုကို ဖြစ်သွားတယ်။ ဘယ်နေရာ ကြည့်ကြည့်။ အလောင်း တွေချည်းလေဗျာ။ မိန်းမလှကျွန်းဆိုတာ မိုင်နှစ်ဆယ်ပတ်လည် လောက်ရှိတဲ့ တကယ့်ကျွန်းကြီးဗျ။ ဟိုတုန်းကဆိုရင် အမြဲတန်းစိမ်း လန်းစိုပြေနေတဲ့ တကယ့်ဒီရေတောကြီး။ ဘေးမဲ့တောကြီးဗျ။ အဲဒီမှာလူနေအိမ်ခြေမရှိပဲနဲ့ ဒီအလောင်းတွေက ဘယ်ကနေရောက် လာသလဲဆိုတော့ ဘိုကလေးနယ်တလျောက် ပတ်ပတ်လည်က ဓါးမြချောင်း လောက်အထိ ရွာတွေရွာတွေက ရွာလုံးပြုတ် ကွင်း လုံးပြုတ်သွားရတဲ့နေရာတွေကနေလာတင်ရတဲ့ အလောင်းတွေပဲဗျ။ ဒီမိန်းမလှကျွန်း တလျောက်ကအခြေအနေ မြင်ရရှုရတာတွေနဲ့ မော်တော်သမားလေးတွေ ပြောတာတွေနဲ့တင် ချိန်ထိုးကြည့်ရရင်။ ကျနော့်အထင်... ဒီ ဘိုကလေးနယ်တခုထဲမှာတင် အနဲဆုံး သေဆုံးရသူ သိန်းဂဏန်း ရှိလောက်တယ်ဗျာ။ အဲဒါ သူတို့က ပြောတယ်။ ဒါ ခင်ဗျားမြင်ရတာ ကမ်းစပ်လောက်ပဲ ရှိသေးတယ်။ ကမ်းစပ်ကနေ မြင်ရတာလောက် ရှိသေးတယ်။ ကျွန်းပေါ်မှာလဲ အများကြီး ရှိသေးသတဲ့။ ကဲ...စဉ်းစားသာ ကြည့်တော့ဗျာ။ ဘုန်းကြီးကျောင်းလေး တကျောင်းပဲ ကျန်ခဲ့တဲ့ရွာမှာ ဘုန်းကြီးကျောင်းတောင် ကျောင်းတိုင် တိုင်ငုတ်လောက်ပဲ ကျန်ခဲ့တာတို့။ တရွာလုံး အိမ်တိုင်ငုတ်တိုလေး သုံးလေး ငုတ်ပဲ ကျန်ခဲ့တာတို့။ ဘာမှတောင် မကျန်ခဲ့ပဲ ရေပြင်ဖြစ် ကျန်ခဲ့တာတို့ အို... ကြားရ ကြားရ နားဝမသက်သာတွေကလဲ အများကြီးမှအများကြီးဗျာ။ တယောက် ပြောတာကတော့ဗျာ။ အဲဒီတုန်းက ရေတက်နေ တုန်းကများ။ ရေပြင်ပေါ် ရောက်နေတဲ့ မော်တော်ပေါ် သင်္ဘော ပေါ်ကနေအောက်ကို ခြေထောက်ချ ကြည့်လိုက်မိရင်။ တချို့ နေရာတွေများ အိမ်ခေါင်မိုး ခြေထောက်နဲ့တိုက်မိ စမ်းမိတာမျိုးအထိတောင် ရှိသတဲ့။
မုန်တိုင်းပြီးလို့တပတ်ကျော်မှ ကျနော်တို့ ရောက်တာတောင် အလောင်းတွေက ဒီလောက်များ နေသေးတယ်ဆိုတော့။ ဒီတပတ်ကျော်အတွင်းလှိုင်းတွေ ဒီရေတွေနဲ့ ပင်လယ်ထဲအထိ ရောက်သွား မျောသွား ပါသွားပြီးသားကလဲ ဘယ်လောက်တောင် ရှိနေပြီလဲ။ ဘယ်သူမှရေတွက်လို့ရနိုင်မှာ မဟုတ်ဘူး။ ရွာလုံးကျွတ်သွားရတဲ့ နေရာတွေမှာ ရွာတောင်မရှိတော့တာ ဒီအလောင်း တွေကို ဘယ်သူကမှလဲလာပြီး ဆယ်တော့ မြှုပ်တော့မယ့်သူ မရှိတော့ဘူးဆိုတော့ စဉ်းစားကြည့်လိုက်မိရင်။ တော်တော်ကို ကြေကွဲ စရာ စိတ်မချမ်းမြေ့စရာ ကြီးပါဗျာ။ အဲ...ဒီကြားထဲမှာ...လူမဆန်တဲ့ကောင်တွေကလဲ ရှိလိုက်သေးဗျာ။ ဘယ်လို လူမဆန်တယ် မှတ်သလဲ။ လှေတွေသမ္မာန်တွေ လေးငါးစင်းလောက်နဲ့ အလောင်းတွေကို လှန်လှောရှာဖွေပြီး ရွှေတိုရွှေစ လိုက်လံရှာဖွေ ဖြုတ်ယူနေကြတဲ့ အကောင်တွေလေဗျာ၊ကျွန်းပေါ်အထိတက်ပြီး လိုက်လံရှာ ဖွေနေကြတဲ့ကောင်တွေကလဲ အယောက်နှစ်ဆယ် လောက်တောင်ရှိမတဲ့။ အဲဒီလို ရွှေတိုရွှေစ ရှာနေကြတဲ့အကောင်တွေကို ကျနော်တို့ ကိုယ်တိုင်လှမ်းမြင်ရတယ်။ သူများမှာ ကံဆိုး မိုးမှောင်ကျလို့သေကြရ ရှာတဲ့အကြားမှာ သူတို့မှာ အတော်တွက်ခြေကိုက်တဲ့ လုပ်ငန်းကြီးတခု ရလိုက်ကြသလိုပါ့။ ဘယ့်လောက် များ လူမဆန်လိုက်တယ် မှတ်သလဲ။ အလောင်းကလက်မှာ လက်ကောက်ပါတာတွေ့ရင်။ လက်ကနေတောင် ချွတ်မယူဘူး။ မြန်မြန်ဆန်ဆန်ယူရအောင် လက်ကိုဖြတ်ယူတယ်။ နားက နားကပ်ပါတာ တွေ့ရင် နားရွက်ကို ဖြတ်ယူ သတဲ့ဗျာ။ တောက်...လူက မွေးတဲ့ကောင်တွေမှ ဟုတ်ရဲ့လား မသိပါဘူးဗျာ။ တချို့လူတွေကတော့ ‘သေပြီးသွားမှပဲဗျာ။ ဒီလို လုပ်ယူသွားလို့ အဲဒီလိုယူတဲ့ သူတွေအဖို့ ရွှေငွေအဖိုးတန်ပစ္စည်းတွေ ရလိုက်တယ်ဆိုရင်လဲ အလကားမဖြစ်တော့ပဲ သူတို့မှာ သုံးစရာ စွဲစရာလေးတွေ ဖြစ်သွား သေးတယ်လို့သဘောထား ကြည့်လိုက်ပေါ့ဗျာ’လို့ပြောချင် ပြောကြမယ်။ ကျနော်ကတော့ ဘယ်လိုမှကို လက်မခံနိုင်ဘူး။ ဒါ...လူ မဆန်တာပဲဗျ။အဲဒီတုန်းက အဲဒီလို ရလာတဲ့ ရွှေတို ရွှေ စတွေကို အဲဒီလို လူတွေက ဘိုကလေးမြို့ပေါ်အထိ တက်ရောင်းကြတာ ရှိသတဲ့ဗျ။ အဲဒီလို ရွှေတိုရွှေစကို ၀ယ်တဲ့သူတွေကလဲ လက်ခံပြီးဝယ်တာ ရှိသတဲ့ဗျ။ ဈေးကောင်းကောင်း နှိမ်ပြီး ခိုးကြောင် ခိုးဝှက်ဝယ်ကြရာမှာ ရွှေဈေးက တကျပ်သား တသိန်းတောင်မပေးရဘူးဆိုပဲ။ အပြင်ပေါက်ဈေးက ရွှေဈေး(၅)သိန်း ကျော်ဖြစ် နေချိန်မှာ တသိန်းတောင် မပေးရပဲ ၀ယ်ကြဆိုပဲ။ ကျနော်တို့နိုင်ငံမှာ ဒီလောက်တောင်ဖြစ်နေကြပြီလားလို့တောင် တွေးလိုက်မိပြီး တဖက်က တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ စာရိတ္တတွေ အဖျက်စီးခံထားလိုက်ကြရတာဟာ တော်တော်နဲ့ကုစားလို့တောင် ရတော့မှာ မဟုတ်ပါဘူးဗျာ။ သူဌေးဆိုတဲ့ကောင်ကလဲ သူဌေးအလျောက်။ အခြေအနေမဲ့ဆိုတဲ့ကောင် ကလဲ အခြေအနေမဲ့ ဆိုတဲ့ အလျောက် တော်တော်ကို စာရိတ္တတွေက ထိခိုက်ကုန်ကြပြီဗျ။..ဒီမင်း..ဒီစိုး..ဒီသူခိုး..နဲ့..ဒီမိုး..ဒီလေ..ဒီလူတွေ...ဖြစ်ကုန်ကြ ရတော့ တာပါပဲဗျာ။
အဲ...လမ်းခရီးအတွေဏ္ဍအကြုံတွေ ဆက်ပြောအုန်းမယ်။ လမ်းမှာ လှေအိုလေးတွေရရာ သမ္မာန်စုတ်လေးတွေနဲ့ အပြေး အလွှား လှော်ခတ်လာကြပြီး စားစရာ သောက်စရာ ၀တ်စရာလေးတွေ တတ်နိုင်သမျှ ကူညီခဲ့ပါဗျာ...လို့ကျနော်တို့ မော်တော်နား အထိ ကပ်လာပြီး တောင်းကြတယ်။ တချို့လဲ ခပ်လှမ်းလှမ်းဆီကနေအော်ပြီး အကူအညီတောင်းကြတယ်။ ကျနော်တို့လဲ ရေသန့် ပုလင်းအတွဲတွေ ခေါက်ဆွဲခြောက်ထုပ်ဖာလေးတွေ ပစ်ပေးခဲ့ပါတယ်။ အနားထိ ရောက်လာတဲ့ အကူအညီတောင်းလာ သူတွေကို တော့ ဆန်တအိတ်စ နှစ်အိတ်စ ချပေးခဲ့တာတွေ ရှိသလို။ အ၀တ်အိတ်ထုပ်ဖေါက်ပြီး သင့်သလို စွန့်ကြဲဝေငှပေးခဲ့တာတွေ ရှိပါတယ်။ ဘယ်သူမှတော့ လက်ချည်း ဗလာဖြစ်မသွားရအောင် ချင့်ချိန်ပြီး ပေးပစ်ဝေပစ်ခဲ့ပါတယ်။ အဓိက ဝေဖို့လှူဖို့ ရည်မှန်း သွားခဲ့တာက ကျနော့်ဇာတိမွေးရာ ကဒုံကနိဖက်ကိုဆိုတော့။ လမ်းမှာ တွေ့ရတာ တွေ များများစားစားတော့ မဝေခဲ့နိုင်ဘူးပေါ့ဗျာ။ တတ်နိုင်သမျှ မလွတ်ရအောင်တော့ ပေးခဲ့ ကမ်းခဲ့ ကူခဲ့ပါတယ်။ ဘိုကလေးတနယ်လုံးဟာလဲ ကိုယ့်နယ်ပဲ မဟုတ်လား။
ကျနော့် မွေးရပ် ဇာတိရွာလေး ရောက်တော့။ တော်တော်ကို ၀မ်းနည်းဝမ်းသာ ခံစားရတယ်။ နာဂစ်ရဲ့ဒဏ်ကို ဘယ်သူမှ မလွတ်အောင်ခံထားရတယ်။ ဒါပေမဲ့ အဆိုးဝါးဆုံး ခံလိုက်ရတဲ့ တခြားရွာတွေနဲ့စာရင်တော့ တော်တော် တော်သေးတယ်လို့ ပြောရမှာပဲ။ ရွာလုံးပြုတ်ဖြစ် သွားတဲ့အထဲမပါဘူး။ ဒဏ်ရာတွေ ကြားထဲမှာ ရွာအဖြစ် ရပ်အဖြစ်တော့ ပီပီသသကျန်နေရစ် ပါသေး တယ်။ တခြားတခြားသော ဆိုးဆိုးဝါးဝါး ခံလိုက်ကြရတဲ့ရွာတွေက ပြေးလာကြ တက်လာကြတဲ့ ဒုက္ခသည်တွေတောင် တော် တော် များများ ရောက်လို့ဗျ။ဒီဖက်ကနေ ဘိုကလေး တက်သွားကြ။ မအူပင်ရောက်သွားကြသူတွေလဲရှိလို့။ ကျနော်တို့ရောက်တဲ့ အချိန် မှာတော့ တခြားရွာက ဒုက္ခသည်တွေ အရင်ရက်တွေကလောက် မများတော့ပဲ ရွာခံရပ်ခံတွေပဲ အများဆုံး ရှိတော့တယ်လို့ ပြောကြသဗျ။ဟာ...ဒုက္ခသည်တွေကတော့ ရှိတာပေါ့။ဒီမှာလဲ ထိတော့ ထိထားတာပဲဟာ။ နာဂစ်လက်ချက်နဲ့တော့ ဘယ်လွတ်မ လဲ။ နည်းတာနဲ့များတာ၊ ကုန်းကောက်စရာ မကျန်အောင် ခံလိုက်ကြရတာနဲ့ အဲသလောက်အထိ မခံလိုက်ကြရတာ။ ဒါ လောက်ပဲ ကွာတာ။ ခံတော့ ခံလိုက်ကြရတာ ချည်းပါပဲ။ အခံရကြီးနဲ့ အခံရလေးပဲကွာတာ။ အဆိုးဆုံး ခံလိုက်ကြရသူတွေဟာ အဆင်းရဲ ဆုံးလူတွေချည်းပေါ့ဗျာ။ မုန်တိုင်းရဲ့ ပြင်းအားက အတူတူဆိုရင်။ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတဲ့ တိုက်တွေ အိမ်တွေက ခေါင်မိုး လန်တာ မှန်တွေ တံခါးတွေ ကွဲအက်ယိုင်ရွဲ့သွားတာလောက်ပဲ ရှိမယ့်အချိန်မှာ။ အိမ်အိုနဲ့ တဲစုတ်တွေ။ အဖြစ်လောက် ဆောက် ထားရတဲ့ ဆင်းရဲသားအိမ်တွေမျိုးကတော့ စုတ်ပြတ်သတ်သွားရတော့မှာပေါ့။ တဲလေးတွေ ထရံကာလေးတွေကတော့ ဘယ်ရောက် သွားမှန်းမသိရအောင်ကို တစစီ လွင့်စင်သွားရတော့တာပေါ့။ဆင်းရဲလေလေခံရလေလေသာမှတ်။ ကျနော်တို့ရွာမှာလဲ နာဂစ်ပြီး တော့ အကြမ်းဖျင်းအားဖြင့် လူအတန်းအစား သုံးမျိုးလောက် ဖြစ်လာတာ တွေ့ရတယ်။ ချမ်းသာတဲ့လူတွေနဲ့အာဏာပါဝါ ရှိတဲ့ ကောင်တွေ။ အာဏာပိုင်အဆင့်ဆင့်ရဲ့ လက်ကိုင်ဒုတ် လိုကောင်မျိုးတွေက တအုပ်စု။ ဆင်းရဲ မွဲတေပြီး အကြီးအကျယ်ဒုက္ခ ရောက်နေကြသူ လက်တွေ့ကပ်ဆိုးဒဏ်သင့်နေကြရသူတွေက တအုပ်စု။ အစက ဒီရွာကမဟုတ်ပဲ မုန်တိုင်းဒဏ်ကြောင့် ရွာလုံး ပြုတ်သွားကြရရွာပျက်သွားကြရတဲ့ အနီးအပါး နေရာပေါင်းစုံ ရွာပေါင်းစုံကနေ ဒုက္ခသည်တွေအဖြစ် ရောက်လာကြသူတွေက တအုပ်စု။ အုပ်စုသုံးစုလောက် ဖြစ်နေ တာ သွားတွေ့ရတယ်။ အဲဒီထဲမှာ ငယ်တုန်းက ကျောင်းနေဖက်တချို့ ငယ်သူငယ်ချင်းတချို့ သိဟောင်း ကျွမ်းဟောင်းတွေတချို့လဲ ပြန်တွေ့ရတယ်ဗျ၊ တယောက်နဲ့ တယောက်ကတော့ ဘယ်ထပ်တူ တူမလဲဗျာ၊ သူတို့ ဘ၀တွေ အခြေအနေတွေကလဲ အမျိုးမျိုးပဲ၊ ဘာပဲဖြစ်ဖြစ် ခုတင်ကပြောတဲ့ အုပ်စုသုံးမျိုးထဲက တမျိုးမျိုးတွေချည်းပါပဲ။ ကျနော် ရောက်လာတာမြင်တော့ အားလုံးလိုလိုကတော့ ၀မ်းသာအားရ ဖြစ်သွားကြတယ်လို့ပြောရမှာပဲ။ ဘာပဲပြောပြော ကျနော်က ကျနော် တတ်နိုင်သလောက် ရွာကိုကူ ညီဖို့လာတဲ့သူကိုးဗျ။အဲဒီထဲမှာ လက်ရှိရွာမှာ အာဏာပါဝါရှိနေ တဲ့ကောင်တချို့လဲပါတယ်။ ကျနော်ကလဲ ခင်ဗျားသိတဲ့အတိုင်းပဲ။လူအမှမဟုတ်တာ။ကုန်သည်ကြီး မျက်စေ့ ကလဲ ရှိပြီးသားပဲဟာ။ အဲဒီတော့ ကိုယ်လှူမယ့် တန်းမယ့်ဟာလေး အဖု အထစ်မရှိရအောင်ရော။ သူတို့တွေလဲ ကျေကျေနပ်နပ်ဖြစ်သွားအောင်ပါ တွက်ချက်ပြီး။ အဲဒီ အာဏာပါဝါ ရှိနေတဲ့ အသိကောင်တွေကိုရောက်ရောက်ချင်း ‘ငါကတော့ ကိုယ့်ရွာကိုယ် မမေ့လို့။ ဒုက္ခရောက်နေကြတဲ့သူတွေကို လာပြီး သံယောဇဉ်စိတ်နဲ့ လာလှူတာ တန်းတာ ကူညီတာပဲကွာ။ အဲဒါ...မင်းတို့လဲ ငါ့ကို ၀ိုင်းကူညီကြအုန်း’ လို့ပြောလိုက်တယ်။ ပြီးတော့ ဦးဦးဖျားဖျား အဲဒီကောင်တွေအိမ်အတွက်လဲ ဆန်အိတ်တအိတ်စီ အရင်ဆုံး ပေးပစ်လိုက်တယ်။ ယူလာတုန်းက ပီနံအိတ်ကြီး (၁၈)လုံးပေမဲ့။ လမ်းမှာ တလုံးဖေါက်ပြီး ဝေငှပစ်ခဲ့လို့(၁၇) လုံးကျော်ကျော်ပဲ ရှိတော့တဲ့တရုတ်နယ်စပ်က အ၀တ် အထည်အိတ်ကြီး တွေကိုလဲ အဲဒီထဲက တယောက်ရဲ့အိမ်ထဲအထိသယ်ပြီး ချထားလိုက်တယ်။ သင့်မယ်အ၀တ်အထည်လေးတွေ ရွေးပြီးတယောက် မကျန် ထိုက်သင့် သလောက်စီ အရင်ဆုံး လက်ဆောင်ပေးပစ်လိုက်တယ်။ ပြီးတော့မှ အခုရွာမှာ လူဘယ်နှယောက်လောက် ရှိနေသလဲ။ အိမ်ထောင်စုက ဘယ်နှအိမ်ထောင် စုလောက် ရှိနေသလဲ။ ဘယ်ကနေ ရောက်လာ ရောက်လာ အခုရှိနေတဲ့ ဒုက္ခသင့် နေကြသူအားလုံး ရွာရှိလူကုန်သာ အကုန်ပါအောင် တွက်ချက်ကြည့်ပေးကွာ...လို့ပြောပြီး။ နယ်စပ် ကတည်းကပါလာတဲ့ ကျနော့်မိတ်ဆွေ ကုန်သည်ကြီးနှစ်ယောက်ရော။ ရန်ကုန်ကလိုက်လာတဲ့ မိတ်ဆွေကိုပါ အတူခေါ်ပြီး ရွာလည်လမ်းကနေ နေရာအနှံ့ လိုက်ကြည့်မိတယ်။ ပြီးတော့ အိမ်ပြန်ရောက်တော့ သူပြောတဲ့ လူဦးရေနဲ့ ကျနော်တို့သယ်လာတဲ့ ဆန်အိတ်(၅၀၀)နီးပါးကို ပြီဖွဲ့ပြီး။ တယောက် ဘယ်နှပြီလောက် ဝေလို့ရနိုင်မလဲဆိုတာ တခါတည်းတွက်ကြည့်လိုက်မိတယ်။ လမ်းမှာနည်းနည်းပါးပါး ချပေးခဲ့တာ တွေလဲ ရှိသေးတော့ ဆန်ကအိတ်(၅၀၀)နီးပါးပဲ ကျန်တော့တာပေါ့ဗျာ။ တွက်ကြည့်လိုက် တော့ တယောက် နှစ်ပြီ နှုန်းတော့ ကောင်းကောင်းဝေနိုင်သေးတာ တွက်မိပြီး။ လူတယောက် နှစ်ပြီနှုန်း လိုက်ပြီး အဝေခိုင်းလိုက်တယ်။ကျနော်တို့ကိုယ်တိုင်လဲ ကိုယ်တိုင် ကိုယ်ကျ ချင်ပြီး ဝေပေးတာတွေ လိုက်ဝေပေးတာ တွေ ရှိသလို။ သူတို့တွေကိုလဲ အဝေခိုင်းလိုက်ရတာ ရှိတာပေါ့။
ဘယ်လိုလုပ်ပြီး ကိုယ့်ဟာကိုယ်ချည်းတော့ နေရာစုံရောက်အောင် နှံ့အောင် လူစေ့အောင် ဝေပေးနိုင်မလဲဗျာ။ ပြီးတော့ ကိုယ်တိုင်ကလဲ မြန်မြန်ဆန်ဆန် ပြီး အောင် ဝေလိုက်ချင်တာပါတော့။ ကိုယ်ကိုယ်တိုင်လဲဝေ။ သူတို့ကိုလဲ လိုက်ဝေပေးပါ လို့ပြောလိုက်ရတာပေါ့ဗျာ။ အဲဒီမှာ...ဘာ ထပ်တွေ့လိုက်ရ ပြန်သလဲ သိလား။ ဒီခေတ် မှာ ရွာလူကြီး ရပ်လူကြီး လူတွင်ကျယ် လုပ်နေကြသူတွေထဲမှာ အကျင့်ဆိုး ဥာဉ်ဆိုးက ဘယ်လောက်ပါနေကြသလဲ သိလား။ သူတို့ကို ဦးဦးဖျားဖျား တအိမ် ဆန်တအိတ်စီ ပေးထားပြီးသား ဖြစ်တဲ့ကြားထဲက။ ဆန်အိတ်ကို ထပ်ပြီး ကဲ့ထား ခိုးထားလိုက်ကြသေးတယ်ဗျာ။ ကိုယ်ကိုယ်တိုင်က ဆန်အိတ် ထမ်းပြီး အိမ်ပေါက်စေ့ လူတိုင်းစေ့အောင် လိုက်ဝေနိုင်တာ မဟုတ်တော့။ သူတို့တွေကိုပါ လိုက်အဝေခိုင်းရတာဆိုတော့။ အဲဒီလို သူတို့ကိုယ်တိုင်လိုက်ဝေပေးရတဲ့အချိန်လေး နေရာလေးတွေကြားထဲမှာ မဖြစ်ဖြစ်အောင် ကဲ့ထားလိုက်ကြ ယူထားလိုက်ကြ တာပေါ့ ဗျာ။ ကျနော်တို့က ဒီဖက်ခြမ်း သွားဝေနေရင်။ သူတို့က ဟိုဖက်ခြမ်း သွားဝေနေရင်းက။ ရသမျှအချိန် လေးတွေကြားထဲမှာ သူတို့ အတွက် ထပ်ပြီး ကဲ့ထားလိုက်ကြ ယူထားလိုက်ကြတာမျိုးပေါ့။ အကြံအဖန်လုပ်ပြီး ကဲ့ထား ယူထားလိုက်ကြတာမျိုး ပေါ့။အိတ် (၁၀၀)လောက်နဲ့လောက်ရမယ့် ရပ်ကွက်တခုမှာ (၁၀၂)အိတ်လောက် ကုန်သွားတာမျိုးလုပ်ပြီး (၂)အိတ်လောက်က ကိုယ် တွက် ချန်ထားပြီး ဝေပေးလိုက်တာမျိုးပေါ့ဗျာ။ ကိုယ်ကလဲသူတို့ကို ဟုတ်မဟုတ် ဘယ်လိုသွား စာရင်းစစ်ကြည့်လို့ဖြစ်မတုန်း။ ဒုက္ခသည် တွေကလဲ ကိုယ်ရတာလေးပဲ ကိုယ်ယူပြီး။ ဆန်တွေ ဘယ်လောက်စာရင်းကွာနေပါတယ်။ ဘုံးသွားတာတွေ ရှိနေပါတယ်လို့ ဘယ်လိုလုပ်ပြီး စောဒက တက်မတုန်း။ ရတာလေးနဲ့ပဲ ယူသွားရမယ့်သဘောချည်းဆိုတော့။ အဲဒီကောင်တွေ ကြိုက်သလို ကဲ့ဖို့ အခွင့်အလမ်းကလဲ ပွင့်နေတာကိုးဗျ။ရှိသမျှ လူတွေ ကြီးကြီးငယ်ငယ် အကုန်လာကြပါ ။ ကျနော် ဆန်လှူချင်လို့ပါ...လို့ပြောပြီး။ တန်းစီလာသမျှတွေကို ဆွမ်းကြီးလောင်းသလို တယောက်ချင်း ကိုယ်ကိုယ်တိုင် အကုန်ဝေပေးနိုင်တယ် ဝေခွင့်ရတယ်ဆိုရင် တော့လဲ။ အဲဒီလို ဘယ် ကဲ့လို့ခိုးလို့ရ မလဲဗျာ။ အခုဟာက သူခိုးကို သွားပြီး အကူအညီတောင်း အဝေခိုင်း ရတာမျိုး ဖြစ်နေတယ်။ ယုန်ကို မုံလာဥ ဂိုဒေါင်အစောင့် ခိုင်းထားလိုက်ရသလိုမျိုး ဖြစ်နေတာကိုး။ များများမခိုးတာ အကုန်မဘုံးလိုက်တာကိုပဲ ကြံဖန် ပြီး ကျေးဇူးတင် ရဦးမယ့်ကိန်းမျိုး ဖြစ်နေတယ်။
လှူချင်တာတောင် စိတ်တိုင်းကျ ကြိုက်တဲ့ပုံစံနဲ့မှ လှူလို့မရတာ။ နဲနဲပါးပါး အဲဒီလို အကဲ့ခံလိုက်ရတာ အဘုံးခံလိုက်ရတာ ရှိပေမဲ့။ အလှူကတော့အလှူ မြောက် သွားခဲ့ပါတယ်။ လူတိုင်းလူတိုင်း ဆန်နှစ်ပြီစီတော့ အကုန်ရသွားကြတယ်ဗျ။မရလိုက်တဲ့သူ မရှိဘူး။ ကျန်သွား တဲ့လူတော့ မရှိဘူး။ ခိုးတဲ့ကောင်တွေ ခိုးလိုက်ကြတာ ကိုတော့ သူ့အကုသိုလ်နဲ့သူ။ သူ့အပြစ် နဲ့သူ...လို့ပဲ သဘောထားလိုက်ရတော့တာပဲ။ ဒုက္ခသည်တွေအတွက်ထဲကတောင်။ သူတပါးရဲ့ အလှူအတန်း ဒါနထဲကတောင်။ ရက်ရက် စက်စက် ခိုးရက်လိုက်တာ။ မျက်နှာပြောင်လိုက် တာ-လို့ပဲ သဘောထားလိုက်ပါတယ်။ အဲ...အဲဒီလိုပဲ။ ဆန်တွေမှ မဟုတ်ဘူးဗျ။ တရုတ်နယ် စပ်ကနေ ဆွဲလာခဲ့တဲ့ အ၀တ်အထည်အိတ် ပီနံအိတ်ကြီး(၁၈)လုံးထဲက(၁၇)လုံးခွဲကျော်ကျော်လောက်ထဲကလဲ နည်း နည်းပါးပါးတော့။ သမခံလိုက်ရတယ်။ ချထားရတဲ့အိမ်က မိသား စုဝင်တွေက သူတို့ကြိုက်တဲ့အ၀တ်အစားလေးတွေ ကောင်းတာ လေးတွေကို စိတ်တိုင်းကျ ရွေးချယ် ယူထားလိုက်ကြပြီး။ ကိုယ့်ဟာကိုယ် ခွဲတမ်းယူထားလိုက်ကြတာမျိုး။ ဦးဦးဖျားဖျား ရထားပြီးသား ဖြစ်တာတောင်။ အားမရနိုင်သေးပဲ ထပ်ပြီး နှိုက်ထားလိုက်ကြတာမျိုးပေါ့ဗျာ။ တရုတ်နယ်စပ်ကနေ အသစ်တွေချည်း ၀ယ်သွားတာဖြစ်ပေမဲ့။ အားလုံးက တမျိုးတစားထဲတွေချည်းမှ မဟုတ်တာ။ အမျိုးမျိုးအစားစားကိုးဗျ။ဈေးပေါတာလဲပါ။ ဈေးသင့် တာလဲပါ။ လှတာလဲပါ မလှတာလဲပါ။ အရောင်အသွေး ဒီဇိုင်းမျိုးစုံ ဆိုက်စုံဆို တော့။ လူကြီးအိမ်က မိသားစုဝင် တွေကတော့ အရင်ဦးအောင် ဖေါက်ပြီး။ ဘိုးဘွားပိုင်ပစ္စည်း စိတ်တိုင်းကျ ခွဲယူသလို ယူထား လိုက်ကြတာဗျ။ကျန်တာမှ တွေ့သမျှ ဒုက္ခသည် တွေကို ရော့..အင်..ဆိုပြီး။ စေတနာသုံးတန် ပြဌာန်းပြီး မြန်မြန်ဆန်ဆန် ဝေငှပေးလိုက်ရတယ်။ တော်တော်များများ တော့ရသွားကြပါတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ သာဓု ခေါ်သွားကြ ၀မ်းသာသွားကြတာတွေလဲ ကိုယ်တိုင်ကိုယ်ကျမြင် လိုက်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ပေးလိုက်ရရင်း ပီတိသောမန၏တွေ ခံစားလိုက်ရတာလဲ ရှိပါတယ်။ ခုတင်က ပြောသလို နဲနဲပါးပါးတော့ စိတ်မကောင်းဖြစ်စရာတွေ ဒေါမနဿ ဖြစ်စရာတွေလဲ ရှိတော့ရှိတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အလှူအတန်းတော့ မြောက်ပါတယ်။ နယ်စပ်ကလိုက်လာတဲ့ အလှူရှင်တွေရော ရန်ကုန်ကမှ ပါလာတဲ့ ကျနော့်မိတ်ဆွေတွေရော။ အခုလို လှူလိုက်ရ ကမ်းလိုက်ရ ပေးလိုက်ရ ဝေလိုက်ရတာအပေါ်မှာတော့ စိတ်မကောင်းစရာ တွေကြားထဲကနေ ၀မ်းသာပီတိတွေတော့အားလုံး ကိုယ်စီကိုယ်ငှ ခံစားလိုက်ကြရပါတယ်။ အောင်အောင်မြင်မြင် လှူဒါန်းလိုက်နိုင်တယ်ပေါ့ဗျာ။
အဲ...ရွာမှာ အဲဒီလို ရောက်ပြုနေရတုန်း ဘာထပ်ပြီး တွေ့ခဲ့ရသေးလဲဆိုတော့။ နိုင်ငံတော်အစိုးရမင်းများက မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေအတွက်ဆိုပြီး စစ်တပ်ကတပ်ခွဲ တခွဲ ချထားတယ်ခင်ဗျ။လုံခြုံရေးတို့ ဘာတို့ဆိုတဲ့ခေါင်းစဉ်နဲ့ နေမှာပေါ့ဗျာ။ တပ်မ(၆၆)က တပ်ခွဲဆိုလား ဘာလား မသိပါဘူး။အဲဒီက တာဝန်ရှိသူ အရာရှိ ဆိုတဲ့ကောင်ကလဲ မနက်လင်း ကတည်းက အရက်တစွတ်စွတ်သောက်ပြီး တနေကုန်မူးနေတာ ခင်ဗျ။ ရွာက တာဝန်ရှိတဲ့ လူကြီးဆိုတဲ့သူတွေက သူ့ကိုပဲ ကျေနပ်အောင် ဧည့်ခံပြုစုနေရတာလဲ တွေ့ခဲ့ရတယ်။ အဲဒီအရာရှိ ဆိုတဲ့ကောင်ဆီက ဘာအကူအညီမှ မရပဲ သူ့ကိုပဲ ပြုစုဧည့် ခံနေရတာနဲ့ အချိန်ကုန်တဲ့သူက ကုန်။ အရက်နဲ့မြည်းဖို့ ကြက်ရှာပေးရ ငါး ရှာပေးရပေါ့ဗျာ။ ကျနော့်ကျောင်းနေဖက် တယောက် ကလဲ ရွာမှာ အာဏာပါဝါရှိသူတယောက်အဖြစ် ပါနေတော့။ ကျနော်တို့ လှူခဲ့တန်းခဲ့ရာမှာ ဘာပြဿနာမှ မပေါ်ခဲ့ရပါဘူး။ စောစောက ပြောခဲ့သလို ကျနော်တို့ကလဲ အုတ်အော်သောင်း တင်းဖြစ်အောင် ဘာမှမလုပ်ပဲ တက်သုတ်ရိုက်ပြီး မြန်မြန်ဆန်ဆန် လှူခဲ့ တန်းခဲ့ ဝေခဲ့ငှခဲ့တာလဲဖြစ်တော့။ အရက်မူးနေတဲ့ အဲဒီတပ်ခွဲမှူးဆိုတဲ့ကောင်ဆီက ဘာပြဿနာရှာတာမှလဲ မကြုံခဲ့ရပါဘူး။ ကျနော်တို့ကလဲ ညဆိုရင် ရွာထဲတောင်မအိပ်ခဲ့ပါဘူး။ ကိုယ့်မော်တော်ပေါ် ကိုယ်ပြန် အိပ်ခဲ့ကြပြီး နှစ်ရက်ထဲနဲ့ အကုန်အောင် အောင်မြင်မြင် ပြီးမြောက်လာခဲ့ကြပါတယ်။ နှစ်ရက်ပဲကြာပြီး ပြန်လာခဲ့ကြတော့။ အပြန်လမ်း မှာ ဘိုကလေးကို ခဏတော့ဝင်ကပ်ခဲ့ ကြည့်ခဲ့ကြ သေးတယ်ဗျ။ဘိုကလေးမှာကတော့ ဒုက္ခသည်တွေ အများကြီးပေါ့ဗျာ။ ကျနော်တို့ ရောက်တဲ့အချိန်မှာ ဦးတေဇတို့ ဘာတို့ဆိုတဲ့ ထူးကုမ္မဏီကဟာတွေလဲ ရောက်နေတဲ့ အချိန်ကြီးပေါ့။ ဟိုကုမ္မဏီ ဒီကုမ္မဏီက ဆိုတဲ့ဟာတွေလဲ အများကြီး တွေ့ခဲ့ရ သပေါ့။တချို့ကလဲ လှူ တာတန်းတာက နဲနဲရယ်။ပစ္စည်းတွေ ရှေ့ကချပြီး ဓါတ်ပုံရိုက်ခံတဲ့သူက ဓါတ်ပုံရိုက်ခံကြ။ မှတ်တမ်းတင် ဗီဒီယို ရိုက်တဲ့သူက ရိုက်ပေါ့ဗျာ။ ရှိုးပြနေတဲ့သူက ခပ်များများပါ။လမ်းမှာတွေ့ လိုက်ရတဲ့ ဒုက္ခသည် သုံးလေးဦးပြောပြတာကတော့။ သူတို့မှာ အခုမှ ဆန်နို့ဆီဗူး နှစ်လုံးစီနဲ့ အာလူးက သုံးလုံးလားပဲ ရသေး ဆိုပဲဗျ။ဒါ -ရီစရာ ပြောတာမဟုတ်ဘူးနော်။ အဲဒီဒုက္ခသည် တွေကိုယ်တိုင် ပြောပြသွားတာ။ ကျနော် ပြောတာမဟုတ်ဘူး။ ကျနော်တို့မှာကလဲ ပင်လယ်ဝ ဖက်မှာ ယူသွားတာတွေ အကုန်လှူခဲ့ပြီးပြီဆိုတော့။ သြော် - ဒုက္ခ ဒုက္ခ...လို့ပဲ စိတ်မ ကောင်းခြင်းကြီးစွာနဲ့ ကိုယ့်ဟာကိုယ် ရင်ထဲညည်းပြီး သက်ပြင်းချရင်း အသာတပ်ခေါက် ပြန်လာခဲ့ရတယ်။ ဘိုကလေးမြို့ကနေ ပြန်အလာမှာ ကျနော့် သူငယ်ချင်း တယောက်က ကျနော် ငယ်ငယ်ကတည်းကပုစွန်တုပ် ကြိုက်တတ်တာ သိလို့။ မော်တော်ပေါ်ကို ပုစွန်တုပ် ခြောက်ကောင်လားပဲ ၀ယ်တင်လာခဲ့တယ်။ ကျနော် စားရအောင်ဆိုတဲ့ စေတနာနဲ့ပေါ့။ဘိုကလေးဈေးထဲကပဲ ၀ယ်လာတာနဲ့တူပါတယ်။ ပုစွန်ထုပ်ကြီးတွေက အကြီးကြီးဗျာ။ ခြောက်ကောင်ကို တပိသာလောက်တောင် ရှိမလားပဲ။အမှန်အတိုင်း ပြောရရင်။ ပထမတော့ ကျနော်လဲ တော်တော်ကို ပျော်သွားတယ်ဗျ။အပြန်လမ်းမှာ ကနေ့ညစာတော့ ပုစွန်ထုပ်ကြီး တွေနဲ့အားရပါးရစားလိုက်ကြမယ်ပေါ့။ ကိုယ်ရည်မှန်းထား တဲ့အတိုင်း ကိုယ့်ကိုမွေးခဲ့တဲ့ ဇာတိ ရပ်ရွာအထိ ရောက်အောင်သွားပြီး ကိုယ်ပဲ ကမကထပြုပြီး။ အခုလို အချိန်ကြီးမှာ ကိုယ်တတ် နိုင်သမျှ အောင်အောင်မြင်မြင် လှူဒါန်းကူညီနိုင်ခဲ့ပြီးပြီ။ တတ်နိုင်သ လောက် ကျေးဇူးဆပ်နိုင် ကျေးဇူးပြုနိုင်ခဲ့ပြီးပြီ ဆိုတဲ့အတွေးနဲ့ စိတ်ညစ်ညူးစရာတွေကိုလဲ ခေါင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်တယ်ဗျ။ အစက သိန်း(၁၀၀)ပဲ မတည် ရည်စူးထားခဲ့တာက နောက်ထပ် (၃၀)ကျော် လောက် ထပ်ဆောင်းလိုက်ရပြီး ကိုယ်ကပဲ သိန်း(၁၃၀)။ ကျန်တဲ့ ကိုယ့်မိတ်ဆွေရင်းတွေကလဲ စေတနာပေါက်ပြီး ပါကြထည့်ကြနဲ့စုစုပေါင်း သိန်း(၂၀၀)ဖိုး လောက်တော့ လှူနိုင်ခဲ့ကြပြီပြီဆိုပြီး ပီတိဖြစ်စရာတွေဆီပဲ လှည့်ပြီး အာရုံပြုနေလိုက်မိပါတယ်။ တရုတ်တွေဆိုတာ အထူး သဖြင့် စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ကြကိုင်ကြတဲ့ တရုတ်တွေဟာ ရည်မှန်းထားကြတဲ့ လုပ်ငန်းဆောင်တာတခုခု ပြီးမြောက်ပြီးပြီဆိုရင်။ ညစာစားပွဲကြီးလိုဟာမျိုးနဲ့ စားတတ်သောက်တတ် အထိမ်း အမှတ်ပြုတတ်ကြတယ် မဟုတ်လား။ ကျနော်ကလဲ ဗမာပြည်မှာမွေးပြီး ဗမာပြည်ကို ချစ်တတ်တဲ့ကောင်ပေမဲ့။ တရုတ်သွေးတော့ ပါတဲ့ကောင်မဟုတ်လား။ စီးပွားရေး လုပ်တော့လဲ တရုတ်နယ်စပ်မှာပဲ အခြေစိုက်ပြီး တရုတ်တွေနဲ့ပဲ တော်တော်ဆက်နွယ်လုပ် ကိုင်နေရပြန်တော့ တရုတ်အကျင့်တွေ ဓလေ့တွေနဲ့ကလဲ တော်တော်ကို ကျင့်သားကျ နေရတဲ့ကောင်မဟုတ်လား။ ဒီတော့ ကနေ့ည ညစာကိုတော့ ကိုယ့်အကြိုက်ဆုံး ပုစွန်ထုပ်ကြီး တွေနဲ့လဲ ကြုံနေရပြန်တော့။ ကောင်းကောင်းစားပစ် လိုက်မယ်လို့လဲ စိတ်ကို ဒုံးဒုံးချပစ်လိုက် မိတယ်ဗျ ။
မော်တော်အုံနာကိုယ်တိုင်ကလဲ မော်တော်သမားလေးတွေကို ကောင်းကောင်းခိုင်းထားတော့ ကောင်လေးတွေကလဲ ပုစွန်ထုပ်ကြီးတွေကို စပယ်ရှယ်ချက်ပြုတ် နေကြတယ်ပေါ့ဗျာ။ နယ်စပ်ကနေ လိုက်လာတဲ့မိတ်ဆွေတွေရော။ ရန်ကုန်က လိုက်လာတဲ့ သူငယ်ချင်းတွေ ကိုပါ ကြည့်လိုက်တော့လဲ။ သူတို့အားလုံး ရင်ပေါ့သွားကြသလို ပုံမျိုးတွေ့ရတယ်ခင်ဗျ။ လမ်းမှာ တချက်တချက် စိတ်အနှောက်အယှက်ဖြစ်ရတာကတော့ တခါတခါ တွေ့နေရသေးတဲ့ လူသေအလောင်းတွေနဲ့ အပုပ်နံ့တွေပဲ။ မိန်းမလှ ကျွန်းနားတ၀ိုက်တုန်းက ပင်လယ်ဝအသွား တုန်းက တွေ့ခဲ့ရသလောက်။ ရန်ကုန်အပြန်လမ်းမှာ လူသေအလောင်းတွေ တွေ့ရတာမများ တော့ပေမဲ့။ အပုပ်နံ့တွေကတော့ ဗျာ...လေအဝှေ့မှာ သိသိသာသာကို နံနေတုန်း ရနေတုန်းဗျ။ ထမင်းစား ဖို့အသင့်ဖြစ်ပြီလို့မော်တော်သမားလေးတွေ ပြောလာလို့ထမင်းစားပွဲကြီး ပြင်ထားရာဆီ ကျနော်တို့ မိတ်ဆွေတသိုက် လာခဲ့ကြ တော့။ ထမင်းဝိုင်းက မော်တော်အုံနာအပါအ၀င် ကျနော်တို့ခြောက်ယောက်စာအတွက်ပဲ သီးသီးသန့်သန့် ကောင်းကောင်း မွန်မွန်ပြင်ထားတာ ခင်ဗျ။အဲဒီမှာ ပုစွန်ထုပ်ကြီးတွေကိုစပယ်ရှယ်ချက်ထားတဲ့ပန်းကန်ကြီးကို သပ်သပ်အုပ်ဆောင်း နဲ့တောင်အုပ်ပြီး အလယ်တည့်တည့်မှာ ခင်းကျင်းထားတာ တွေ့ရတယ်။ အမှန်အတိုင်း ပြောရရင် ကျနော့်အကြိုက်ပေါ့ဗျာ။ အဲ...အဲ...အုပ်ဆောင်း လေး အသာမလိုက်ပြီး ပုစွန်ထုပ်ကြီး ပန်းကန်ကိုလဲ ကြည့်လိုက်ကရော။ အခုမှ အိုးပေါ်က ချထားခါစ အငွေ့တထောင်း ထောင်းထနေတုန်းပုစွန်ထုပ်တွေဆီက အနံ့တမျိုး ထောင်းကနဲရလိုက်တယ်။ ဘာနံ့မှတ်သလဲ။ လမ်းတလျောက်လုံးရနေရတဲ့ လူသေ အလောင်းတွေဆီက ပုပ်နံ့မျိုးဗျာ။ တကယ့်ကို လူသေပုပ်နံ့မျိုး။ ကိုယ်မှ စိတ်ထဲစွဲနေလို့ဒီအနံ့မျိုး ရတာလား ထင်မိပြီး။ တခြားသူတွေမျက်နှာ ဆီကြည့်လိုက်မိတော့လဲ။ သူတို့တတွေလဲ စိတ်မသက်သာဖြစ်သွားကြတဲ့ပုံ အထင်းသားပေါ် နေတယ်။ တယောက်က ပုစွန်ထုပ်တကောင်ရဲ့ခေါင်းကို ဇွန်းနဲ့ဖိပြီး ဖဲ့လိုက်တော့။ အနံ့က ပိုပြီးတောင် စူးကနဲဖြစ်ပြီး သိသိသာသာ အဲဒီအနံ့ကြီးထွက်လာတယ်။ စားချင်စိတ်ကို တခါထဲ ပျောက်သွားရတာပါပဲဗျာ။ ဒါတောင် ပုစွန်ထုပ်နော်။ ဂဏန်းလိုအကောင် မျိုးသာ ဆိုလို့ကတော့။ ဒိထက် ပိုဆိုးနိုင်တယ်။ လူသေအလောင်းတွေ ထိုးဆွကိုက်ဖဲ့စားပြီးကြီးထွားလာရလို့ လားတော့ မသိပါ ဘူးဗျာ။ အနံ့ကတော့ အဲဒီအနံ့မှ အဲဒီအနံ့အစစ်။ ကျနော်က မြစ်ဝကျွန်း ပေါ်မှာမှ ပုစွန်ပေါတဲ့ ပင်လယ်ဝမှာ မွေးလာကြီးလာရ တဲ့ကောင်ပဲ။ ပုစွန်ရဲ့အနံ့ဟာ ဘယ်လို အနံ့ဆိုတာ ကောင်းကောင်းကျွမ်းပြီးသိပြီးသားပဲ။ တချက်တောင် ပြို့ကနဲ ဖြစ်သွားမိတယ်။ ထမင်းဝိုင်းက လူတွေအားလုံးမျက်နှာဟာလဲ ဇာတ်မတိုက်ထားရပဲ တပုံစံထဲ ဖြစ်သွားတယ်။ အားလုံး သက်ပြင်းကြီးတွေ ကြိတ်ချ လိုက်မိကြတယ်။ ဘယ်လိုလုပ်ထမင်းစားနိုင်တော့မလဲဗျာ။ ထမင်းဝိုင်းကို အသိမ်းခိုင်းလိုက်ရပြီး။ အဲဒီနေ့ညစာကို ခေါင်ဆွဲခြောက် ထုပ်လေး ရေနွေး စိမ်ပြီး ဗိုက်ပြည့်ပြီးရော စားလိုက်ကြရ တော့တာပေါ့။
(၃)
အဲဒါတွေကတော့ ကျနော့်ရဲ့ နာဂစ်ဒဏ်သင့် အလှူခရီးအတွေ့အကြုံတွေပေါ့ဗျာ။ လူဆိုတာ ကိုယ်ရွေးချယ်ခွင့်မရှိပဲ မွေးဖွားလာခဲ့ကြရတယ်ဆိုပေမဲ့။ ကိုယ့်ကို မွေးဖွားလာခဲ့ရာ ဇာတိရပ်မြေဆိုတာ မမေ့ကောင်းတဲ့အရပ်။ တတ်နိုင်သမျှ ကျေးဇူးဆပ် အပ်တဲ့အရပ်ဆိုတော့ ကျနော်တတ်နိုင်သမျှလှူခဲ့တန်းခဲ့ ပေးကမ်းခဲ့ပြီးပါပြီ။ အောင်အောင်မြင်မြင် သွားရောက် နိုင်ခဲ့တာအပေါ် ကျနော် ကျေနပ်ပါတယ်။ ပီတိလဲ ဖြစ်ခဲ့ရပါတယ်။ ပီတိနဲ့အတူ စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေလဲ တွေ့ခဲ့ရတာတော့ အမှန်ပါပဲ။ ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့ ပြောရရင် ကိုယ်ပြုနိုင်သမျှ ကုသိုလ်လေး စေတနာသုံးတန် ပြဌာန်းပြီး ပြုခဲ့ရပြီးပါပြီ။ ခိုးကြ ၀ှက်ကြ ကဲ့ကြ ယူကြတာ တွေအပေါ်လဲ ကောင်းကောင်းမြင်သိ ရှုမြင်လိုက်ရပြီး တရားရမိပါတယ်။ ဘယ်လိုနှလုံးသွင်း ရမယ်ဆိုတာလဲ သဘောပေါက်ပါတယ်။..ဒီမင်း..ဒီစိုး..ဒီသူခိုး..နဲ့..ဒီမိုး..ဒီလေ..ဒီလ..တွေကိုးဗျ။ အဲဒီတော့ ကျနော့်ရဲ့ဒီအလှူ ဒီခရီးစဉ်တခုလုံးအပေါ် နိဂုံးချုပ်ပြီး ပြောရမယ်ဆိုရင်...
ကျနော့်တယောက်ချင်းအနေနဲ့ကတော့ ... ‘မိစ္ဆာ ဗာလ အလစ်တော ရော ရှု ရ ပြီး။ နိဗ္ဗာန ပစ္စယော ဟောတု ’ ပါပဲခင်ဗျာ။
ဟုတ်တယ် ... မိစ္ဆာ ဗာလ အလစ်တော ရော ရှု ။ နိဗ္ဗာန ပစ္စယော ဟောတု ... ပါပဲ ခင်ဗျာ။
( ၀င်းတင့်ထွန်း )
၂၂-၆-၂၀၀၈
( မှတ်ချက်။ တရုတ်-မြန်မာနယ်စပ်မှ ကုန်သည်ကြီး ‘ကို - -’သို့ ရည်ညွှန်းအပ်ပါတယ်)


ပန်းချီ ပေါ့အိုင်း


