Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts
Tuesday, July 6, 2010
Tuesday, July 14, 2009
မမေ့ထက်တိုင်

မေ့မရကောင်းတဲ့ အာဇာနည်ကြီးတွေ မြန်မာ့လွတ်လပ်ရေးအတွက် အသက်စတေးခဲ့ကြရတယ်။ ဒီအာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့သမိုင်းကို ငါတို့မျိုးဆက်တွေ ငါတို့ခလေးလေးတွေကို မျှဝေကြရမှာ တို့တာဝန်ပဲ...။
Labels:
ဓါတ်ပုံ
Thursday, January 8, 2009
သမီးကြီး မွေးနေ့
ဒီပုံလေးတွေကတော့ သမီးကြီး ပေါ့အိုင်း (လင်းလက်ထွန်းထွန်း) (၁၀) နှစ်ပြည့်မွေးနေ့ပွဲက ပုံလေးတွေပါ။ သူ့မွေးနေ့ပွဲလေးရောက်ရင် မိဘမဲ့ခလေးတွေကို လက်ဆောင်ပေးချင်တယ်တဲ့၊ သမီးရဲ့ရင်ထဲကလာတဲ့စကားလေးပါ။ သူတို့အမေက အမြဲတမ်းလိုလို ကိုယ်ကကောင်းကောင်းနေနေရပေမဲ့ ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးတွေမှာ ဘေးဒုက္ခတွေ မရေမတွက်နိုင်အောင်ရှိနေတဲ့အကြောင်း ခလေးတွေကို အမြဲတမ်းပြောပြနေလေ့ရှိပါတယ်။ အထူးသဖြင့် SAW အဖွဲ့က မိဘမဲ့ခလေးတွေအကြောင်းလေးတွေပေါ့။ ဒီအဖွဲ့လေးဖြစ်ပေါ်လာရတာက ၂၀၀၀ ခုနှစ်မှာပါ၊ အေးအေးမာ (SAW - ရဲ့ ဒါရိုက်တာ) သူကလက်တွေ့သမား လက်တွေ့ ကိုယ့်နိုင်ငံသားတွေကို ဘယ်လိုကူညီမလဲဆိုတာ ရိုးရိုးလေးစဉ်းစားခဲ့ရာကစခဲ့တာပါပဲ။ စဖွဲ့တာဘာမှရှိတာမဟုတ်ဘူး အေးမာ သူရတဲ့သတင်းထောက်လစာထဲက ရအောင်စုပြီးလုပ်လာတာ ကျနော်တို့လဲတတ်နိုင်သလောက် ကူညီခဲ့တာပါ၊ ကိုယ့်နိုင်ငံသားတွေအတွက် တတ်နိုင်သလောက် တကယ်စေတနာနဲ့လုပ်တော့ နောက်ဆုံးအောင်မြင်လာတယ်ဆိုပါတော့ ဗျာ မုဒိတာပွားစရာပါ။ ကျနော့်သမီးအငယ်မလေး ပိအိုင်းက SAW ကစဖွင့်တဲ့ နေ့ခလေးထိန်း ကျောင်းမှာ တက်ခဲ့ဘူးတယ် တခါက ကျနော်က လမ်းကြုံလို့ ခလေးကိုသွားကြိုလိုက်တယ်။ ခလေးတွေတော်တော်များများကို အမကြီးမမေကြည်က ယိုးဒယား စက်တတ် ဆိုက်ကားနဲ့လိုက်ပို့နေကြ အပြင်ကခလေးတချို့ပေါ့လေ မိဘမဲ့ခလေးလေးတွေက အဲ့ဒီ့မှာပဲနေကြရတာ သမီးငယ်ကကျနော့်တွေ့ တော့ အဖေဆိုပြီးပြေးထွက်လာရော မိဘမဲ့ခလေးလေးတွေက မျက်လုံလေးတွေကြောင်ပြီး ကျနော်ကိုကြည့်နေကြတာ ကျိန်းသေတယ် သူတို့ရဲ့မျက်လုံးတွေမှာ အဖေဆိုတဲ့အသံတွေကို အရောင်တွေအဖြစ်ဖေါ်ပြနေကြတာ။ ရင်နာစရာပေါ့ဗျာ ကျနော်နောက်ဆို သမီးကို သွားမကြိုတော့ဘူး ကျန်တဲ့ခလေးတွေကြည့်တာကို မခံနိုင်တော့လို့ပါ။
ဒီတော့ဗျာ SAW အဖွဲ့ရယ် ဒီကလေးတွေရယ် ကျနော်တို့ နှစ်တိုင်းသမီးမွေးနေ့ကို အဲ့ဒီ့မှာပဲလုပ်တယ်။ သမီးတွေကလဲသဘောကြ တယ်၊ ကျနော်တို့လိုပဲ ဒီကလေးတွေအကြောင်း SAW အဖွဲ့ဘာတွေလုပ်နေတယ်ဆိုတဲ့အကြောင်း သိချင်ရင် ဒီနေရာလေး မှာ သွားကြည့်ကြပါဗျား။ အားလုံးလဲမုဒိတာပွားနိုင်အောင် ကိုယ်နိုင်ငံသားခလေးတွေရဲ့ တကယ့်ဒုက္ခတွေကို ကိုယ်ခြင်းစာ ကူညီခံစားနိုင်အောင်လို့ပါ၊ တချို့သိပြီးသလို မသိသေးရင်လဲ သွားရောက်လေ့လာကြစေခြင်ပါတယ်။
Labels:
ဓါတ်ပုံ
Subscribe to:
Posts (Atom)





