Monday, June 22, 2009

ဦးနှောက်စားသူများအကြောင်း...(ထူးအံ့)



ဦးနှောက်တွေနဲ့ 
ဦးနှောက်
ကစားနေရတာရှိတယ်။

ဦးနှောက်တွေနဲ့ 
ဘောလုံးကန်နေရတာ
ရှိတယ်သလို
ဦးနှောက်တွေ နဲ့ 
အရောင်းအ၀ယ်တွေလုပ်နေရတယ်။

ဦးနှောက်တွေကြောင့်ပဲ
ချော့သိမ့်ရတာရှိပြီး
ဦးနှောက်တွေနဲ့ ပဲ
လိပ်ပြာမသန့် နေတာတွေ
ရှိတယ်။

ဦးနှောက်တွေနဲ့ ပဲ
စစ်တိုက်နေရသလို
ဦးနှောက်တွေနဲ့ ပဲ လိပ်ပြာမလုံတာတွေ
တွေ့ ရမယ်။

ဒါပေမယ့်
ဦးနှောက်တွေကြောင့်ပဲ
ငွေကြေးတန်ဘိုးတွေ
ထိုးကျသွားရသလို။

ဦးနှောက်တွေကြောင့်ပဲ
ငြိမ်းချမ်းရေးတွေ တည်ဆောက်
ညီညွတ်ရေးတွေ...
တစ်မျိုးတစ်မြည်...အဓိပ္ပါယ်ပြယ်သွားကြ။

သြော်......
အဲဒီဦးနှောက်ကြောင့်လည်း
ငါ့ ...ကိုယ်ပိုင်ဦးနှောက်ကလေး
တလွဲအသုံးချ ခံလိုက်ရတယ်။

ထူးအံ့ ။ ၀၆-၂၀-၂၀၀၉(စနေနေ့ညနေ-နယူယောက်တိုင်းစံတော်ချိန် ၅နာရီနှင့်၃၅မိနစ်တွင် ထိုကဗျာကို ရေးချင်စိတ်ရှိလာလို့ ရေးနိုင်အောင်ထမ်းဆောင်ရင်း ရေးလိုရသွားလို့ ကဗျာလေးတစ်ပုဒ်ဖြစ်သွားပုံကို မှတ် တမ်းပြုလိုက်ရပါသည်။

မှတ်ချက်။ ဓာတ်ပုံကို ဂူဂယ်မှရပါသည်။

1 comments:

ခြေလှမ်းသစ် June 23, 2009 at 3:08 PM  

ဦးနှောက် က နေရာတိုင်းမှာ အသုံးတည့် နေတော့ မကောင်းတလဲ သူဘဲ ကောင်းတလဲ သူဘဲ ဖြစ်နေတယ် ဘာဖြစ်ဖြစ်ဗျာ ကဗျာလေးကတော့ ဦးနှောက် အကြောင်းကို ဖော်ညွှန်းသွားပါတယ်

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့