Friday, July 17, 2009

အနီကဒ်.....။ (ယဉ်ထွန်း)

လမ်းအသစ်ဖောက်ရတာ ပင်ပန်းလားဗျ
ပင်ပန်းတာပေါ့ဗျာ
ဆူးညှောင့်ခလုပ်ကအစ အိုအစအဆုံး
မပင်ပန်းရှိမလား...။

ဖောက်ပြီးသားလမ်းမှာ လျှောက်ရတာရော
ပင်ပန်းတာပါပဲဗျာ
ခွန်အားသုံးရ နေပူပူမိုးရွာရွာ
ပင်ပန်းတာပါပဲဗျို့...။

ကဲကိုယ့်လူရေ လှည်းယာဉ်ကလေးနဲ့ရောဗျာ
အင်းလေဗျာ
ညောင်းညာသလိုပဲဗျ
တော်..တော် ကိုယ့်လူ
လှည်းပေါ်ကကန်ချမခံချင်ရင် မြန်မြန်သာဆင်း...။

ယဉ်ထွန်း

5 comments:

ခြေလှမ်းသစ် July 17, 2009 at 4:59 AM  

ဒီလိုလူမျိုးက ငပျင်းဗျ... ဘာမှ မစိုက်ထုတ်ချင်တဲ့လူဗျ ဒီလိုလူမျိုးကို လက်တွဲဖြုတ်ရမယ်ဗျ...
ကိုဇော်

ဆောင်းယွန်းလ July 17, 2009 at 3:37 PM  

ကဗျာကောင်းတပုဒ်ပါပဲအကိုရေ
ကြိုက်တယ်ဗျာ.....ဒီလိုကဗျာမျိုးတွေဖတ်ချင်နေတာဗျ

Apprenticeship July 18, 2009 at 6:46 PM  

:D တစ်ချို့ဘ၀တွေကအဲလို ကံကောင်းကြတယ်နော်...

Unknown July 22, 2009 at 7:02 PM  

the best poem in present

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့