Monday, July 19, 2010

၆၃ကို တိုင်တည်ခြင်း



၆၃ကို တိုင်တည်ခြင်း

ကြာနေပြီ ---
ဥသြဆွဲသံ မေလှမြိုင်လွမ်းချင်း တိတ်ဆိပ်ခြောက်ကပ်၊
မကောင်းဆိုးဝါးခေတ်မှာ ---
အာဇာနည်ပုံရိပ်ပင် မမြင် ဦးညွှတ်ဂါရဝ မပြုရ၊
ခံစားမှုစာမျက်နှာ ပြန်ဖတ် ---
အတိတ်ဟာ စိတ်နာစရာ မကြေနပ်ချက် အပြည့်၊
ဒီအချိန် စစ်ကျွန်ဘဝ ရလိုသူများ -
သိက္ခာသုတ်သင်ပွဲ အိုးမဲအပြန်အလှန်လူး လုဝင်နေ၊
မျိုးဆက်ပွင့်သစ် ---
အနာဂတ်တွေ လှပဖို့ 
အာရုံဖြစ်သမျှ ဘယ်တော့မှ မမေ့ မပြေ ရင်ဆိုင် ပုန်ကန်မြဲဟေ့ ။ ။

ဒေါင်းနီ
ဝ၇ - ၁၆ - ၂ဝ၁ဝ

1 comments:

ခြေလှမ်းသစ် July 19, 2010 at 7:10 AM  

ဟုတ်တယ်ဗျ ... သူတို့က မေ့ပျောက်အောင် လုပ်လာ လေ ကျနော်တို့က ပိုလို့ သတိရလေပဲဗျ ....

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့