အော်ရီဂွန်ပြည်နယ်၌ရောက်ရှိနေကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် နှီးနှောဖလှယ်ပွဲကြီးတရပ်
ကျင်းပနိုင်ရေးအတွက် အော်ရီရွန်ပြည်နယ်သို့ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစု များ၊ မြန်မာ့ အရေးတက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူများပါဝင်သည့် ပဏာမညှိနှိုင်းပွဲတရပ် ကို အော်ရီဂွန်ပြည်နယ် ၊ ပေါ့တလန်းမြို့ ရှိ ပြောင်းရွှေ့အခြေချနေထိုင်သူများအား အကူအညီပေးလျှက်ရှိနေသည့် လူသာရမ်ကွန်ုမြူနတီရုံး (Lutheran Community Services) 605 SE 39th- Ave, Portland- OR- 97214.) ၌ မတ်လ(၃)ရက်နေ့ နေ့လည် (၂)နာရီမှ (၅)နာရီအထိ ကျင်းပပြုလုပ် ခဲ့ကြပါသည်။
၎င်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာအဖွဲ့ကိုယ်စားပြုသူများ တသီးပုဂ္ဂလများ စုစုပေါင်း(၂၅) ဦးခန့်တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးပွဲ၏ သဘာပတိများအဖြစ် ဦးကင်းမိုင်ဇန်၊ ဦးဌေးအဲရယ်၊ ဦးမျိုးလွင်တို့မှဆောင်ရွက်ခဲ့ကြပြီး အခန်းအနားမှူးအဖြစ် ဦးထွန်းထွန်းနှင့် မှတ်တမ်းတင်ခြင်းကို ဦးပံသုနှင့် ဦးရှိုင်းကိုကိုဦးတို့မှ ဆောင်ရွက်ခဲ့ကြ ပါသည်။ တက်ရောက်လာသော အော်ရီဂွန်ပြည်နယ်ရောက်မြန်မာပြည်သားများမှ လက်ငင်းပြည်ထောင်စုမြန် မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေများအပေါ်၌ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး လူမျိုးပေါင်းစုံပါဝင်သည့်နှီးနှော ဖလှယ်ပွဲတရပ်ကို အော်ရီဂွန်ပြည်နယ်၌ စုပေါင်းကျင်းပသွားကြရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပါသည်။ ဆက်လက်၍ ညိုနှိုင်းဆောင်ရွက်မှုများကို ယနေ့အစည်း အဝေးပွဲသို့မတက်ရောက်နိုင်သည့် အခြားသောစိတ်ပါဝင်စားသူပြည်ထောင်စုမြန်မာနိုင်ငံ သားများဖြင့် လာမည့် မတ်လ(၂၄)ရက်နေ့တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံလူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲ (အော်ရီဂွန်ပြည်နယ်)၏ ဖြစ်မြောက်ရေးကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ နှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်သွားမည့်ရည်ရွယ်ချက်၊လုပ်ငန်းစဉ်များကို လာမည့်မတ်လ(၂၄) ရက်နေ့တွင်ထပ်မံပြုလုပ်မည့် အစည်းအဝေးအပြီး၌ အသေးစိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
Monday, March 5, 2012
''အော်ရီဂွန်ပြည်နယ်၌ နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရန်ပြင်ဆင်"
Subscribe to:
Post Comments (Atom)
1 comments:
Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog
Post a Comment