ဓါတ်ပုံ
ကျနော်ညက
ကျနော့်ဓါတ်ပုံနဲ့တွေ့တယ်..
ဓါတ်ပုံက..
အရောင်ရှိတယ်
ခံစားချက်ရှိတယ်
အရုပ်မရှိဘူး
ကျနော်မေးတယ်..
သူပြန်ဖြေတယ်
မင်းအရုပ်ပေါ်ချင်ရင်
မင်းကိုယ်ပေါ်က
အတ္တခြုံလွှာကြီး
ဝတ်မလာပါနဲ့တဲ့
ကျနော်…
စောဒကတက်တယ်
သူထပ်ရှင်းပြတယ်
အတ္တဆိုတာ
လူတိုင်းထမ်းထားကြတာပဲ..
မင်းထမ်းထားတာများနေလို့တဲ့
ကျနော်ထပ်မေးတယ်
ခင်ဗျားရောဗျာ
ငါ့အတ္တတွေကို
လာလာသယ်သွားကြတာပဲတဲ့
ဘယ်သူတွေလဲဆိုတော့…
မင်းတို့လိုကောင်တွေပဲတဲ့….။
ဂင်ကြီး
မှတ်ချက်။ ။ တခုခုကိုသိပ်အာရုံစိုက်လွန်းသော အခါ မိမိဖြစ်တတ်သော ကမူးရှူးတိုးအကျင့်အား ဒီကဗျာလေးဖြင့်..ဆုံးမတာပါ..။
Thursday, November 6, 2008
ဓါတ်ပုံ
Subscribe to:
Post Comments (Atom)
3 comments:
ကိုယ့်ကိုကိုယ် ဆုံးမသွားတယ် ဦးဂင်
ခြစ်ချူပ်ပြီး လူပြီးသစွာ ရှိသင့်သလောက်တော့ ထမ်းပိုးကျင့်ကြံ နေထိုင်တာပါပဲ ဦးဂင်ရေ......။
ကိုဂင်...
ကဗျာကို ကြိုက်တယ်....
ဒီကဗျာမျိုးက လိပ်ပြာမလုံရင် ...
ကျေဖတ်ပြီး..မှန်ကြည့်ရဲမှာတောင် မဟုတ်ဘူး...။
Post a Comment