Saturday, December 20, 2008

ယဉ်ကျေးမှုကို လေးစားခြင်း..။

ကျနော်တို့ရဲ့မိတ်ဆွေကြီး ဆူးပြတိုက် က တဂ်ထားတဲ့အကြောင်း လေးတွေ ရေးဘို့ပါ။ ဒါပေမဲ့ အကြောင်း အရာတော့ ပြောင်းရေး လိုက်ပါရစေ။ ကျနော်သိသလောက် လူဆိုတာ ကိုယ့်ကိုကိုယ် တော်တော်ချစ်တတ်တဲ့သဘောရှိပါတယ်။ သို့သော်လည်း လူပီသအောင် နေနိုင်ဘို့ဆိုရင် မိမိကိုယ်ကို ဝေဖန်ဆန်းစစ်တဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ ရဲရဲဝေဖန်ဘို့လိုနေတာပါ။ ကျနော့်မိတ်ဆွေကြီးဆိုလိုတာကို ကျနော်က ဒီလိုသဘောပေါက်ပြီး၊ ဒီ တဂ် ထားတာ လေးရေးမှာပါ။ ဒါကလဲဘလော့ဂါလောကရဲ့ ယဉ်ကျေးမှုလေးဖြစ်နေပြီကိုး။ ကျနော်ကတော့ မုန်းတဲ့အချက်ဆိုတာထက် မိမိအားနည်း နေတဲ့ မိမိပြင်ဆင်သုံးသတ်နေထိုင်ရမဲ့ အချက်တွေအဖြစ် မိမိကိုယ်ကို ဝေဖန်သွားပါရစေကိုဆူးသစ်ရေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဟန်မဆောင်ချင်ဘူး စာလေးနဲ့ရေးပြပြီး ကိုယ်ကိုကိုယ် တကယ့်လက်တွေ့ ဝေဖန်ဆန်းစစ်မှု၊ မိမိရဲ့အမှားတွေကို တတ်နိုင်သလောက်ပြုပြင်မှု၊ လူ့အဖွဲ့အစည်းမှာ လူပီသအောင်နေထိုင်မှု စတာတွေ မလုပ်ပဲနေရင် အလကားလူပဲဖြစ်နေမှာပဲလို့ ခံယူထားလို့ပါ။
(၁) ကျနော်ရဲ့ဒေါသကြီးတဲ့အကျင့် လူတော်တော်များများရှိတတ်ကြ ပါတယ်။ ကျနော်က သူများထက် နည်းနည်းပိုနေတယ်။ မကောင်းပါဘူး လျှော့ချရမယ် တတ်နိုင်သမျှထိမ်းချုပ် သင့်တယ်။ ဒေါသကြီးတာ ပူလောင်ပါတယ်။
(၂) အစွဲအလန်းကြီးတာ ဇွဲနပဲထားတာနဲ့ရောနေလို့ ပြင်ရပါအုံးမယ် ပြင်လဲပြင်နေပါတယ်။ မလိုအပ်ပဲ အစွဲအလန်းကြီးတော့ စိတ္တဇဆန်တတ်တာပေါ့။
(၃)မာနကြီးသလိုဖြစ်နေတာ တကယ်က အဲ့လိုမဟုတ်ပါဘူး ဒါပေမဲ့ မိမိကိုယ်ကို ယုံကြည်တာ နဲ့ တလွဲမာနနဲ့ရောနေတတ်တာ ဒါလဲမကောင်းဘူး။
(၄) သံသယကြီးတတ်တာ တစ်ခါတရံကလွဲလို့ ခပ်များများကတော့ အကောင်းထက် အပျက်ဘက်ကိုဦးတည်တာများတယ်။ သိတ်ကောက်ကျစ်တဲ့ရန်သူကို ရင်ဆိုင်ရပါများလာတော့ ကျနော်တို့ရဲဘော်တွေ တော်တော်မျာများမှာ သံသယစိတ်တွေ လိုအပ်တာထက်များနေကြတာ။ ကျနော်လဲ အဲ့ဒီအထဲမှာပါပါတယ်။ ပြုပြင်နေပါတယ် ဆက်ပြင်သွားရအုံးမယ်။
(၅) အာရုံလွန်တာ တခုခုလုပ်ရင် အာရုံစူစိုက်တာနဲ့ အာရုံလွန်တာနဲ့ရောနေတတ် တယ်။ အာရုံလွန်တာဟာ ဘယ်နေရာမှာမှမကောင်းဘူး ဖြစ်နေဆဲပဲ သိတာနဲ့ပြင်တော့ပြင် နေပါတယ်။
(၆) အစားကြူးတာ ကျနော်ကအစားမက်တဲ့ကောင်ပါ ဒါပေမဲ့လိုအပ်တာထက်မက်ရင် ဒုက္ခဖြစ်တယ်ဆိုတာ သိတာမကြာသေးဘူး။ မနည်းဆင်ခြင်နေရတာ သူငယ်ချင်းတွေနဲ့ ဆွေမျိုး တွေအကုန်လုံး ဒီအချက်ကို သိနေကြတာပါ။ ဆက်လက်ဆင်ခြင်သွားမှ ကောင်းမှာပါ။
(၇) လက်စားချေတတ်တာ ကျနော်လက်စားချေတတ်တဲ့အကျင့်ရှိတယ်။ တကယ်မကောင်း ပါလားလို့သိတာမကြာသေးဘူး။ ဒါလဲမာန်မာနကြောင့်ဖြစ်တာပဲ သိပေမဲ့ဆင်ခြင်ရတာခက်နေတယ် ကျိုးစားပြီး ဆင်ခြင်နေပါတယ်။
(၈) စကားတဲ့ထိုးပြောတတ်တာ သူနေရာနဲ့သူသင့်တော်တာ မသင့်တော်တာ တခါတခါ မရွေးတတ်လို့မိတ်ပျက်ရတာတွေရှိတယ်။ စကားဆိုတာသင့်တော်သလို ပြောတတ်ဘို့ ကျနော်လိုနေသေးတယ်။
(၉) ကျနော်ကြောက်တတ်တာ ဟုတ်တယ် မိုးတွေလေတွေတအားကြမ်းရင် မိုးဦးကျ ကျနော်သိတ်ကြောက်တတ်တာ။ အဲ့ဒီ့စိတ္တဇကို ဆုံးမနေတာ အခုထက်ထိဆုံးမနေရတုန်း။ နည်းနည်းကြာသွားရင်လဲ မကြောက်တော့ဘူးဗျ။ တော်တော်ဆိုးတဲ့ဟာဗျာ။
(၁၀) နောက်ဆုံးတခုကတော့ တယ်ဆိုးသဗျို့ အသုံးအစွဲကြီးတာဗျို့ တောက်လျှောက် ဖြစ်လာတာ တော်တော် မကောင်းဘူး မနည်းဆင်ချင်နေရတာ ဒုက္ခရာက်ပေါင်းလဲ များလှပါပြီဗျာ မိန်းမ မည်တွန်တောက်တီးတာလဲ ခံရသဗျ။ ကိုဆူးသစ်ရေ ကျုပ်တို့က အလံဖြူအောက်ကလူတွေဗျ။ ကဲရေးပြီးသွားပြီကိုဆူးသစ်ရေ ဒီလောက်ပဲ ဆင်ခြင်ရသေးတယ်ဗျာ။ အဲ့ဒါအရှိအတိုင်းရေးတာပဲ။ လာလည်ဖတ်ရှုကြတဲ့ မိတ်ဆွေတွေ အားလုံးလဲ ဘဝမှာ လူပီသအောင် ကျင့်ကြံနေထိုင်နိုင်ကြပါစေဗျား။

ဦးဂင်ကြီး

8 comments:

သစ်နက်ဆူး December 20, 2008 at 5:39 AM  

ကိုဂင်...
ဦးဦးဖျားဖျားကို လာဖတ်သွားတယ်..
အကုန်လုံးကို လက်ခံတယ်..
အမှန်တော့ ဒီတက်ဂ် တဲ့ အကြောင်းက မုန်းတယ်ဆိုတာ
ကိုယ့်အားနည်းချက်တွေကို တစ်ဖက်လှည့်နဲ့ ဖော်ခိုင်းတာပါဘဲ...
ကျနော်ကအစ တခြားသူတွေအားလုံး
မကောင်းတဲ့ အကျင့် ကောင်းတဲ့ အကျင့်တွေ ရှိကြတာဘဲ...
ကျနော်တို့ ကသာမန်လူသားတွေလေ...
ဒါတွေကရှိမှာဘဲ...
ဒီလူဒီအကျင့်ရှိလို့  မကောင်းဘူးလို့ ..သတ်မှတ်လို့ မ၇ကောင်းပါဘူး....
ပိုပြီးခင်မင်စရာတော့ကောင်းပါတယ်...
ကိုယ့်မိတ်ဆွေရဲ့ အကျင့်စိတ်ဓါတ်တွေကို သိထားရတော့ ပိုကောင်းတယ်...
ဥပမာ...
ကိုဂင်ကြီး..ကျနော့်အိမ်လာလည်မယ်ဆို...
ထမင်း ၂ပြည်လောက်ချက်ထားရတော့မယ်ဆိုတဲ့ သတိလေးပေါ့...ဟေးးးဟေးးး။
ကျေးဇူးဘဲ ကိုဂင်ရေ...။

mirror December 20, 2008 at 5:40 AM  

ဦးဂင်ကြီးရေ..မိုးတွေလေတွေလာရင် မိုးဦးကျဆို သိပ်ကြောက်တာ ဆိုလို့ သဘောကျမိပါရဲ့ ညီမလည်း ထိုနည်း၎င်းပါပဲ။မိုးထဲမွေး၊မိုးထဲနေ၊မိုးထဲကြီးခဲ့ရပေမယ့် အစစခေါင်ဆုံးမိုးကိုဆို ဘာလို့ကြောက်မှန်းကိုမသိဘူး။သွပ်သံနဲ့ ကျယ်လွန်းနေရင် နေစရာမရှိအောင်ကို ကြောက်တာ။ :)

ခင်မင်လျက်ပါ
ညီမ
Mirror

Anonymous,  December 20, 2008 at 6:07 AM  

ကိုဂင်ရေ ဒေါသကြီးတာတော့လျှော့ဗျ၊ ကျနော်လည်း အရင်က ဒေါသသိပ်ကြီးတတ်တာအခုက စိတ်တိုလာရင် ငြိမ်ငြိမ်လေးနေလိုက်ပြီး အသက်မှန်မှန်လေးရှူလိုက်ရင် ခဏနေရင်ပျောက်သွားရော၊ အလံဖြူအောက်မှာ ကြီးဘဲနေတယ်ဆိုတော့ မိန်းမကြောက်တယ်ပေါ့၊ အဟီး အချွန်နဲ့မသွားတာနော်၊

ယောနသံစင်ရော် December 20, 2008 at 9:04 AM  

ဦးဂင် ..ကျနော်ကတော့ မိုးတွေအရမ်းချိမ်းရင် ကြောက်တတ်တယ်

ခေါင်ခေါင် December 20, 2008 at 10:00 AM  

သမီးလဲ မိုးစရွာတာနဲ့ နေစရာမရှိအောင် ကြောက်တယ်.. ဦးဂင် နဲ့တူတူပဲပေါ့.. ဟိဟိ

ATN December 20, 2008 at 12:21 PM  

ကိုယ့်ဆရာ...
အလံက... အလံပြာဖြစ်ရမှာ မဟုတ်လား...
ဘယ့်နှယ်... အလံဖြူ ဖြစ်နေရသတုန်းဗျ...း)

ဦးဂင်ကြီး December 20, 2008 at 12:40 PM  

ကိုအောင်သာငယ်ရေ ကြောက်ကြောက်နဲ့ ရပ်မိရပ်ရာ ရပ်မိတာနဲ့တူပါတယ်ဗျား ဟားးးးးးးဒီမှာရောက်မှဗျ အရင်တုန်းကမကြောက်ပါဘူး ရောဂါကူးသွားတာဖြစ်မယ်နော....ဟီးဟီး

ဦးဂင်ကြီး December 20, 2008 at 12:52 PM  

အဖြူအောက်ကလူက မိန်းမရပ်ခိုင်းလို့ပါလို့ ပြောတယ်မဟုတ်လားဗျ ဟီးးးးးးး

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့