Saturday, August 8, 2009

(၂၁) မြောက်ရှစ်လေးလုံးဒီမိုကရေစီ လူထုအရေးတော်ပုံအခမ်းအနား (အော်ရီဂွန်)



















(၂၁) မြောက်ရှစ်လေးလုံးဒီမိုကရေစီ လူထုအရေးတော်ပုံအခမ်းအနားကို အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့တွင် မြန်မာ့ဒီမိုကရေစီ အင်အားစုများလှုပ်ရှားမှုကော်မတီမှ ဦးဆောင်ကျင်းပခဲ့ ပါသည်။ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ

၁။ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ မဆလ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်း ပစ်လိုက်နိုင်သော်လည်း စစ်မှန်သောကြားဖြတ်အစိုးရတရပ် ဖော်ဆောင်နိုင်ရေးကို မလုပ် ဆောင်နိုင်ခဲ့ခြင်း။

၂။ ထိုလူထုအရေးတော်ပုံကြီး၏ အဆုံးသတ်တိုက်ပွဲမဆင်နွဲနိုင်မီ စစ်အုပ်စုမှ ရက်စက်စွာ ဖြိုခွင်း အာဏာသိမ်းခဲ့ခြင်း။

၃။ ထိုအာဏာသိမ်းစစ်အုပ်စုမှ တိုင်းပြည်ကို ၂၁ နှစ်တိုင်တိုင် စစ်ကျွန်ပြုအုပ်ချုပ်မှုခံရခြင်း စသည့်အခြေအနေပေါင်းစုံသည် လတ်တလောဗမာပြည်သူလူထုတရပ်လုံး ခံစားနေရသော လက်ငင်းလူမှုရေး အနိဌာရုံများအဖြစ် တည်ရှိနေပေသည်။ ထိုအနိဌာရုံများမှ ပြည်သူလူထု ရေးတရပ်လုံးလွတ်မြောက်ရေးအလို့ငှာ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ပွဲ ဝင်သွားရေးနှင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် စစ်အုပ်စုအလိုကျ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်သွားရေး၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေးအတွက် ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲပြီိး ဆက်လက်တွန်းလှန် တိုက်ပွဲဝင်နိုင်ရေးအတွက်ရည်ရွယ်ပြီး ဒီကနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်။

ဒီကနေ့အခမ်းအနားကို အော်ရီဂွန်ပြည်နယ်ရောက် မကဒတရဲဘော်ဟောင်းများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ ဇိုမီးအမျိုးသားကွန်ဂရက်မှ ရဲဘော်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ရိုဟင်ဂျာအမျိုးသားများ၊ ဒီမိုကရေစီလိုလားသော မြန်မာပြည်သူပြည်သားများ စုပေါင်းဆင်နွဲခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့အခမ်းအနားမှာ အဖွဲ့အစည်းအသီးသီးမှပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး၏ စိတ်ဓာတ်ကိုကိုင်စွဲကာ စစ်အုပ်စုအား ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ပွဲဝင်သွားရန် ရဲဘော်အသီးသီးမှ ဆွေးနွေးဟောပြော သွားခဲ့ ကြပါသည်။

2 comments:

ခြေလှမ်းသစ် August 9, 2009 at 7:52 AM  

အော်ရီဂွန်က မြန်မာနိုင်ငံသားများကို လေးစားမိပါတယ် ယခုလို ရှစ်လေးလုံး စိတ်ဓါတ်ကို ဆက်လက်သယ်ဆောင် လာတဲ့အတွက် ဂုဏ်ယူမိပါတယ်..

မမသီရိ August 9, 2009 at 9:20 PM  

အကိုရေ ဓါတ်ပုံတွေ လာကြည့်တယ်
အဒြီပွဲမှာ ကလေးတွေ လူငယ်တွေပါမြင်ရတော့
တကယ်အားရမိပါတယ်

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့