Thursday, August 13, 2009

တောထုတ်ခြင်း



တောထုတ်ခြင်း

မိတ်ဆွေ ဒါနိုင်ငံရေးလုပ်နေတာ
တူတူရေဝါး သားအမိကစားနေတာမဟုတ်
ပါရမီမရှိသူတွေဟာ ကျားမြီးဆွဲတတ်ပါကလား
မလုပ်နဲ့မောင် ကျားကိုက်တတ်တယ်။

မိတ်ဆွေ ဒါနိုင်ငံရေးကစားတာလား
(ဂျကာတာ)သွား တောလားတောင်လား
ရာသီမသိသူတွေ တောမလိုက်တတ်ပါဘူး
ပိုးသာကုန် မောင်ပုံစောင်းမတတ်ပါကလား။

မိတ်ဆွေ ဒါရပ်တည်ချက်စစ်ဆေးနေတာ
အဆိတ်ခွက်နဲ့ ဆေးခွက်မမှားစေနဲ့
အနာသိဆေးရှိတယ်ဆိုပေမဲ့
ဆေးမသိရင် ဘေးထိတတ်တယ်နော်။

မိတ်ဆွေ ဒါပျာ်ပွဲစားနေတာမဟုတ်ဘူး
ကျားသတ္တဝါကိုမှ သနားစရာငိုပြရသလား
မယားအသပြာပိုရအောင်
သားရတနာပိုလှအောင်
ခါးမှာသာ ဟိုပလင်း(ပုလင်း)ဆောင်။

အိုအောင်မင်းအောင်ပေါင်းချင်ရင်တော့
ကိုယ့်လူတို့ရေ…
သနပ်ခါးလိမ်းပြီး ပန်းစိမ်းသာပန်လိုက်ပါတော့လေ
အမျှပေးဝေ ဒူဝေဝေပေါ့
နတ်လူသာဓုခေါ်..စေ…သောဝ်……။

ယဉ်ထွန်း

2 comments:

ဂျေဂျူဝိုင် August 14, 2009 at 1:50 AM  

ကဗျာလေးကို သေချာ ဖတ်မှတ်သွားပါတယ်။ တကယ့်ကို ကောင်းတဲ့ ကဗျာလေးပါ။

ခြေလှမ်းသစ် August 14, 2009 at 5:18 AM  

ကဗျာလေးက သင်ခန်းစာပေးတဲ့ ကဗျာလေးပါ ... ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်တဲ့လူတွေက ဒီလိုပြောလဲ နားလည်မှာမဟုတ်၊ နာ မယ်မဟုတ်ပါဘူး..

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့