Sunday, January 23, 2011

အော်ရီဂွန်ပြည်နယ်မှ HIV- AIDS ဝေဒနာရှင်များအတွက် ရံပုံငွေဈေးရောင်းပွဲ မှတ်တမ်းဓာတ်ပုံများ



မြန်မာနိုင်ငံအတွင်းရှိ HIV လူနာများအတွက် ရံပုံငွေဈေးရောင်းပွဲကို အော်ရီဂွန်ပြည်နယ် ပေါ့တလန်မြို့ IRCO အားကစားခန်းမတွင် ဇန္နဝါရ်ီလ(၂၂)ရက် နံနက်(၁၀)နာရီမှ နေ့လည် (၄) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲတော်ကျင်းပမှုကို အော်ရီဂွန်ပြည်နယ်မှ စေတနာ ရှင်မြန်မာမိသားစုများ၊ ပြည်သူ့ဂုဏ်ရည်ဝိုင်းတော်သားများ၊ အော်ရီဂွန်လူငယ်များမှ တက်ကြွ စွာလုပ်အားပေးဆောင်ရွက်ကြပြီး မြန်မာမိသားစု(၁၆)စုနှင့် အော်ရီဂွန်လူငယ်များမှ ဈေးဆိုင် များတည်ခင်းရောင်းချကြပါတယ်။
ဈေးရောင်းပွဲတော်သို့မြန်မာမိသားစုများနှင့်အမေရိကန်မိတ်ဆွေတချို့လာရောက်အားပေးခဲ့ကြပါတယ်။ စုစုပေါင်းလူဦးရေ (၃၀၀) ဝန်းကျင်လာရောက်အားပေးခဲ့ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အော်ရီဂွန်ပြည်နယ်ရှိ လူငယ်များကိုပေးပို့သော အမှာစကား ဗွီဒီယိုဖြင့် ပွဲတော်ကိုစတင်ဖွင့်လှစ်ကာ ကာရာအိုကေသီချင်းများသီဆိုခြင်း၊ စုံလင်လှသော မြန်မာ့အစား အစာပေါင်းစုံတည်ခင်းရောင်းချမှုများကိုအားပေးခြင်းများဖြင့် ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ပွဲတော်၏အဆုံးသတ်အစီအစဉ်အဖြစ် အော်ရီဂွန် လူငယ်များမှ Heal the World သီချင်းကို စုပေါင်းသီဆိုခဲ့ကြပါတယ်။
ပွဲတော်တွင်တည်ခင်းရောင်းချမှုမှရရှိသော အလှူငွေစုစုပေါင်းဒေါ်လာ(၂၂၀၀)တိတိကို မြန်မာ ပြည်အတွင်းရှိ HIV ဝေဒနာသည်များအတွက် ပေးပို့လှူဒါန်းသွားမယ်လို့ သိရှိရပါတယ်။

0 comments:

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့