Sunday, October 4, 2009

တဂ်ထားတဲ့ စာရေးခြင်း...။


ညီလေး ဆောင်းယွန်းလ(ချိုတူး) က (တဂ်)ထားတော့ ရေးလိုက်တာပါ၊ ဒီတလော ခရီးလေး ဘာလေးလဲသွားနေတော့ ရေးတာနောက်ကြသွားတာခွင့်လွတ်ပါ ငါ့ညီရေ အကို့ဘဝမှာ ပထမ ဦးဆုံးဂီတကို အမေ့ဆီကစကြားရတာပဲ ကိုယ့်တုန်းကအမေဆိုပြခဲ့တဲ့ သီချင်းလေးတွေကို မ မှတ်မိပေမဲ့ ညီမလေးမွေးလာတော့ အမေက ညီမလေးကို သီချင်းနဲ့ ထပ်ချော့သိတ်ပြန်ရော မှတ်မိနေတဲ့သီချင်းလေးကတော့ xxx ညီမလေးရေ အိပ်ပါတော့xxxရောင်နီလာလှပေါ့xxx တကျော့နှစ်ကျော့ တေးကိုသီ ငှက်ကျားနှုတ်ပလီxxx။ ဒီသီချင်းလေး အမေကဆိုနေကြလေ ဒီတော့ ညီမလေးကို အမေက ပုခက်လွှဲပြီးသိတ်ခိုင်းရင် အကိုအဲ့ဒီသီချင်းလေး ဆိုခဲ့ဘူးတယ်။ ၃ တန်းလောက်ရောက်တော့ စပြီးနားထဲစွဲမိတဲ့သီချင်းကတော့ စတီရီယိုလောကရဲ့ ပထမဦး ဆုံး လမ်းစဖောက်တဲ့သူတယာက်ဖြစ်တဲ့ တက္ကသိုလ်ထွန်းနောင်ဆိုတဲ့ သီချင်း(မာမီရေရှာပေး ကွယ် ရည်းစားလိုချင်တယ်တဲ့) ကိုယ်ထင်တတာတော့ ဒီသီချင်းဟာ မြန်မာပြည်မှာ ပထမဆုံး စတီရီယိုသီချင်းလို့ အကိုတော့ထင်တာပဲ အဲ့ဒီသီချင်းလေးနားစွဲသွားတယ်။ နောက် ၄ တန်း ၅ တန်းလောက်မှာတော့ လားရှိုးသိန်းအောင်(ဂျင်မီဂျက်) ဆိုတဲ့ အမေတခုသားတခုဆိုတဲ့ သီချင်းလေးပါ တရုတ်သီချင်းကိုကော်ပီလုပ်ထားတာ ဒါပေမဲ့အကိုတို့က ကော်ပီမှန်းတောင်မ သိဘူး အဆိုတော်က တရုတ်လိုပါဆိုထားတာတောင် မသိခဲ့တာကွ မမကြီးယောင်္ကျားကပြော ပြမှ တရုတ်သီချင်းမှန်းသိခဲ့ရတာလေ။ အမေနဲ့ခွဲနေရတဲ့ အနှစ်နှစ်ဆယ်လုံးလုံးသတိရရင် ဆို နေတာပဲလေ အခုလဲဆိုနေတုန်း အမေနဲ့မှမတွေရပဲကိုး..။

၁၅ နှစ်သားလောက်ပေါ့ကွာ ဂစ်တာတီးလေးစသင်တာပေါ့ သင်ပေးတဲ့ဆရာတွေကလဲ လမ်း ဘေးမှာဂစ်တာတီးနေတဲ့အကိုတွေလေ သူတို့ဟိုဟာဒီဟာလေးတွေ ဝယ်ခိုင်းရင်လဲ ဝယ်ပေး ရသေးတယ်ကွ ဒါပေမဲ့အကိုသူတို့ကိုလေးစားတယ်၊ သူတို့ကြောင့်ပဲဂစ်တာကို ပိုစွဲလန်းခဲ့ရ လို့ပါပဲ။ အကိုစသင်တဲ့သီချင်းက မန္တလေးရောက်ရှမ်းတယောက် ၁၆နှစ်သားလောက်ကြတော့ လူစုံရင်အရက်လေးဘာလေးသောက်တတ်လာတော့xxxx ကောင်မလေးမင်းကြောင့် ငါအရက် သောက်ပြီးလေး သစွာ xxx မရှိတဲ့ဆံတိုမလေးရယ်ပေါ့ကွာ xxx အခုတွေးကြည့်တော့ ရီမိ တယ်ကွ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းကတော့ အင်မတန်းဆိုးနေတဲ့ ရောဂါပေါ့ကွာ မဟုတ်ဘူး လား။ နောက်တော့ အကိုတို့ပဲ ကံကောင်းတာလားတော့မသိဘူး စတီရီယိုလောကမှာ စိုင်း ထီးဆိုင်၊ ခင်ဝမ်း၊ ခင်မောင်တိုး၊ ခိုင်ထူး၊ ဖိုးချို၊ မွန်းအောင်..စတဲ့စတဲ့ ကိုယ်ပိုင်သံစဉ်ဂီတသမားတွေ ခေတ်စားလာတော့ မဇ္ဈိမလှိုင်းကဖန်တီးတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေက အကို့ဘဝမှာ စွဲလန်း နှစ်သက်မိခဲ့တယ်လေ မဟာဆန်သူ၊ ကြိုးကြာသံ၊ ပြည်မှဆောင်း၊ ဧရာဝတီ... အဲ့ဒီခေတ်တွေဆီက ခေတ်စံနစ်ရဲအရိပ်တွေပါတဲ့သီချင်းတွေ တီးဖြစ်တယ်။ လိုက်စားဖြစ်တယ်။ အဲ့ဒီ့သီချင်းတွေရဲ့ လေးနက်တဲ့ အဓိပ္ပါယ်နဲ့စကားလုံးသံစဉ်တွေက ဒီကနေ့အထိကြိုက်နေတုန်းပေါ့။

နောက် ရောခ်ဂီတ တွေခေတ်စားလာတော့ ရောခ်သီချင်းတွေလဲ တီးဖြစ်တယ် ကြိုက်ရင်လဲ ဆိုဖြစ်ပါတယ်။ မှတ်မှတ်ရရ ၁၉၈၄ ခုနှစ်က ကျိုက္ကဆံကွင်းမှာ ခိုင်ထူးဆိုပြီး ကိုနေဝင်းရေးတဲ့ စစ်နဲ့ငြိမ်းချမ်းရေးဆိုတဲ့သီချင်းပါ စတိတ်ပေါ်မှာဆိုခွင့်တော့ရတယ် ထုတ်ခွင့် မဆလ ခေတ်မှာ ပိတ်ထားတယ်လေ။ အဲ့ဒီသီချင်းအခုထက်ထိကြိုက်တယ် စစ်ဆန့်ကျင်ရေးသီချင်းလေ စစ်လို လားတဲ့သူတွေ၊ စစ်ဝါဒီတွေကတော့ ဘယ်ကြိုက်မလဲလေ။ အဲ့ဒီသီချင်းတွေဟာ ကိုယ့်ကိုလွှမ်း မိုးခဲ့ယုံမက အတွေးအခေါ်မောင်းနှင်အားတခုဖြစ်ခဲ့တယ်လေ။ ဒီတော့ ငြိမ်းချမ်းရေးတိုက်ပွဲxxx xငြိမ်းချမ်းရေးအတွက်xxxxတိုက်ပွဲရှိရမယ်။

အကိုကကော်ပီတွေရော ကိုယ်ပိုင်တွေပါ တီးတယ် ဆိုတယ် ဒါပေမဲ့ ကိုယ်ပိုင်ဖန်တီးတဲ့ ဂီတ၊ သီချင်း၊ သံစဉ်တွေကသာ တန်ဘိုးအားဖြင့်တကယ်မြင့်မားတယ်လို့ခံယူထားတယ်။ ကိုယ်မတတ်ခင်၊ မဖန်တီးနိုင်ခင် ကော်ပီတွေတီးခြင်တီး၊ ဆိုချင်ဆို ဒါပေမဲ့ ကျိန်းသေပြောရဲတာက ကော်ပီနဲ့ကျော်ကြားလာသူဖြစ်ပါစေ ကိုယ်ပိုင်တွေမဖန်တီးနိုင်ရင် သူဂီတသမိုင်းမှာ ကိုယ်ပိုင် ရှိမှာမဟုတ်ဘူးဆိုတာပါပဲ။ ဒီတော့ အခုဘာလုပ်နေသလဲဆိုရင် ဘာသီချင်းတွေညည်းနေသ လဲ တီးနေသလဲဆိုရင် ကိုယ်ပိုင်အယူအဆနဲ့ ဖန်းတီးထားတဲ့ သီချင်းလေးတွေလုပ်နေတယ်။ xxxရဲရင့်လက်တွေဆက်xxxမင်းရေးခဲ့တဲ့ ဒီသမိုင်းတွေxxxဆူးခင်းတဲ့အနာဂတ်xxx တိုးဖြတ် ခဲ့ပြီသူငယ်ချင်းရေxxx ယုံကြည်ချက်xxx ယုံကြည်ချက်ပြင်းထန်xx ကျဆုံးသွားတဲ့ရဲဘော်ရေ…..ဆိုတဲ့ စာသားလေးတွေပါတဲ့ သီချင်းလေးတွေ ဖန်တီးနေတယ် ဒီသီချင်းတွေက အကို့ ကို လွမ်းမိုးနေတယ် ညီလေးရေ….။

အော်..ရေးဘို့လိုသွားလို့ပြောရအုံးမယ် မြန်မာ့ဂီတကို အင်မတန်မြတ်နိုးမိတယ်။ ပဒေသရာဇ် အရိပ်မပါတဲ့ သီချင်းတွေ အုပ်စိုးသူလူတန်းစားကိုဖားထားတဲ့သီချင်းတွေ ဘုန်းတော်ဘွဲ့တွေမဟုတ်ရင် အကုန်ကြိုက်တယ်။ ဆိုင်းဝိုင်းနဲ့လည်း သီချင်းလေးဘာလေးဆိုခဲ့ဘူးတယ်။ ခေတ်နဲ့အညီတီထွင်ဖန်တီးနိုင်မှုအပိုင်းတော့ရှိဘို့ လိုတယ်လို့ထင်တယ်။ ဆရာမြိုမငြိမ်းတို့လိုလူတွေ အသီးသီး သူ့ခေတ်နဲ့သူပေါ်ခဲ့ပေမဲ့ သူတို့လုပ်ချင်တာ လုပ်ခွင့်ရမသွားခဲ့ရှာဘူးလေ… ။ ကိုယ် သမီးလေးတွေကို ကိုယ်ချော့သိတ်ခဲ့ရတာ တိမ်လွှာမို့မို့လွင်ဆိုတဲ့သီချင်း သင်္ကြန်တိုင်း တသသဆို တီးနေရတာ မန်းတောင်ရိပ်ခိုလေ… ညီအကိုမောင်နှမတွေအားလုံး ဂီတကို နှစ်သက်ခုံမင်နိုင်ကြပါစေ.. ဂီတနဲ့ တိုင်ပြည်နဲ့လူမျိုးကို အကျိုးပြုနိုင်ပါစေ.... လူသားခြင်းဆက်သွယ် ရေးစနစ်ထဲမှာ ဂီတဟာအမြန်ဆုံးဆိုတာ အားလုံသိနေကြတာပဲနော်။

ဂင်ကြီး

(ဓါတ်ပုံကိုဂူဂယ်လ်ကယူထားတာ)

5 comments:

ဆောင်းယွန်းလ October 4, 2009 at 7:29 PM  

အကိုရေ အခုလိုအမှတ်တရပို့စ်ကို စိတ်ရှည်ရှည်နဲ့ လေးလေးနက်နက်ထားပြီး ရေးပေးတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။
အကိုဆိုပြသွားတဲ့ သီချင်းတွေအားလုံးကို ကျနော်လည်းကြိုက်တယ်ဗျ...အားလုံးကိုလည်းရတယ်.
ကိုယ်ပိုင်သံစဉ်ကို ဖန်တီးနိုင်မှ ကိုယ်ဖန်တီးတဲ့ အနုပညာရယ်လို့ ရဲရဲရင့်ရင့် ပြောနိုင်မှာ သေချာတာပေါ့အကိုရာ...
အကို့ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းလေးတွေကိုလည်း အဆင်ပြေတဲ့ တချိန်ချိန်မှာ နားထောင်ချင်ပါတယ် အကိုရေ.....
ခင်မင်လေးစားစွာဖြင့်
ဆောင်းယွန်းလ

Nge Naing October 4, 2009 at 10:59 PM  

အောက်ဆုံးပိုဒ်မှာ ရေးထားတဲ့ တိမ်လွှာမို့မို့လွင်တို့ မန်းတောင်ရိပ်ခိုတို့က ကျွန်မကြိုက်တဲ့သီချင်းတွေနဲ့ ဦးဂင်ကြီးကြိုက်တဲ့ သီချင်းတွေက ထပ်တူကျနေတယ်။ ဒီလိုဆိုရင်တော့ ကိုဆောင်းယွန်းလက ကျွန်မကိုလည်း tag ထားတယ်ဆိုတော့ ဒီအတိုင်းဆို ရေးစရာမလိုတော့ဘူးထင်တယ်။

မမသီရိ October 5, 2009 at 12:01 AM  

အကို တိတ်တိတ်လေးဆိုနေတဲ့ ကိုယ်ပိုင်သံစဉ် သီးချင်းတွေ နားထောင်ချင်ပါတယ်

အကို သမီးတွေချော့သိပ်တဲ့ တိမ်လွှာမို့မို့ လွင် ကို
ဝင် ဆို သွားပါတယ်

အမေတခု သားတခု သီချင်းဆို အရမ်းကြိုက်တယ်
ကော်ပီတွေ အုန်းတမ်း တွေ မသိပါဘူး..
အသက် ၃ - ၄ နှစ် မှတ်မိတတ်စမှာ ဦးလေးတွေစွဲစွဲလမ်းလမ်းဆိုနေတာ ကြားခဲ့ရသလို.. အောလ်အိန္ဒိယ ရေဒီယိုကလဲ မကြာခဏ လွှင့်ခဲ့တာလေ..

MieMie October 5, 2009 at 4:58 AM  

ကိုဂင်ကြီးရေးသွားတာလေးက ဖတ်လို့ကောင်းလိုက်တာ... ကိုယ်တိုင်ဖန်တီးဖြစ်မယ့်
သီချင်းလေးတွေလည်း ကြားချင်ပါသေးတယ်...

mie nge

ခြေလှမ်းသစ် October 5, 2009 at 8:46 AM  

ကိုဂင်ကြီးရေ တိုင်းပြည်ကို အဆိပ်အတောက် မဖြစ်စေမဲ့ ဘယ်သီချင်းမဆို ကျနော်လဲ ကြိုက်တယ်ဗျ .. ဒီပိုစ့်လေးကို တော့ ကြိုက်သွားပီဗျို့  ကိုဂင်ရဲ့  ဂီတအစွမ်းကိုတော့ လက်တွေ့ တွေ့ဖူးတော့ ပိုပီး လေးစားမိပါတယ်ဗျာ ...

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့