Thursday, October 8, 2009

ညောင်သီးလဲစား လေးသံလဲနားစွင့်..။


ဒီကနေ့ လတ်တလော ဗမာပြည်ပြသာနာနဲ့ပတ်သက်လို့ အင်မတန် အတွေးအခေါ်အရ မရှင်း လင်းတဲ့အခြေအနေကာလဆိုရင်မမှားပါဘူး လောလောဆယ် ဗိုလ်အောင်ကြည်နဲ့ ဒေါ်အောင် ဆန်းစုကြည်(၂) ကြိမ်တွေတယ်၊အခုနောက်ဆုံးကြားရတာက ဗြိတိလျှနဲ့ သြစတြေးလျ သံတ မန်တွေနဲ့တွေ့ခွင့်ပေးတယ် ဒီအခြေအနေပေါ့ဗျာ။ ဒီတော့ ဖြစ်နေကြအတိုင်း အခြေအနေ ကောင်းလာတော့မလား ဒေါ်စုကဘာလုပ်မှာလဲ နအဖကဘာလုပ်လာမလဲ အမေရိကန်ကလဲ ပေါ်လစီအရဆက်ဆံမယ် ပိတ်ဆို့ထားတာမရုတ်သေးဘူး ဒီအခြေအနေတွေပေါ့ဗျာ။ ဒီမှာဘာ သွားတွေ့ရသလဲဆိုတော့ အတိုက်အခံလုပ်မဲ့ရဲဘော်တွေဟာ အတွေးအခေါ်အရ ကိုယ်လုပ်ရ မဲ့အလုပ်ကိုရပ်ပြီးစဉ်းစားကြတာတွေ့ရတယ်။ တနည်းအားဖြင့် မျှော်တော်ယောင်နိုင်ငံရေး လုပ်ကြတာပဲ။ (နအဖ)လုပ်နေတာကရှင်းရှင်းလေး ရည်ရှည်သူ့အနေနဲ့ အနောက်အုပ်စုနဲ့အ ဆင်ပြေခြင်တာပဲ ဒါရှင်းပါတယ်။လက်ရှိအာဏာကသူ့လက်ထဲမှာ မြိုးမြိုးမျက်မျက်စံစားနေရ ပြီး စစ်ဗိုလ်တွေအနေနဲ့ အာဏာနဲ့ဥပဒေအထက်မှာ သူတို့ကရှိနေတာကိုး ဒီတော့ သူတို့အကျိုးစီးပွားမထိခိုက်ပဲ (၂၀၁၀) မှာ စစ်အုပ်စုစိတ်တိုင်းကျရေးထားတဲ့ဥပဒေနဲ့ ရွေးကောက်ပွဲဆိုတာကို ရှေ့ထွက်တီးလုံးအဖြစ် နိုင်ငံတကာမှာ စနစ်တကျထုတ်တီးနေတဲ့ကာလပါ။

ဒီမှာဖြစ်လာတာတွေက နအဖကို ဖိအားပေးမဲ့အုပ်စုရယ် တွေ့ဆုံဆွေးနွေးရေးကတဆင့်သွားမှ ရမယ်ဆိုတဲ့အုပ်စုရယ် ဒီလိုအတွေးအခေါ်အရ နှစ်မျိုးရှိနေကြတာကိုး တခုရှင်းပြခြင်တာက ဒေါ်အောင်ဆန်းစုကြည်ရော NLD ကပါ တွေ့ဆုံဆွေးနွေးရေးဆိုတာကို အစဉ်တစိုက်တောင်း နေတာပါ၊ကျိုးစားနေကြတာပါ။ နောက်ဆုံး သင်ပုန်းချေရေးဆိုတာတောင် ပြောခဲ့ကြတာပါပဲ။ ဒါပေမဲ့ နအဖက တလျှောက်လုံး ဒါကိုမျက်ကွယ်ပြုတယ်၊ ကစားတယ်၊ မရိုးသားဘူး ဒါသိနေ ကြတာပဲ။ ဒါပေမဲ့ နိုင်ငံတကာအခင်းအကျင်းလေး နည်းနည်းလှုပ်ခါလာတာနဲ့ ဖိအားပေးမယ် ဆိုတဲ့သူတွေရော ဒိုင်ယာလော့လုပ်မယ်ဆိုတဲ့သူတွေရော သို့လောသို့လော ဖြစ်သွားတတ် ကြတာပါပဲ။ ကိုယ်လုပ်စရာရှိတာကို ပြည်သူလူထုကိုဦးထိပ်ထားပြီးလုပ်ရမဲ့အစား နအဖ ဘာ လုပ်လာနိုင်မလဲဆိုပြီး ထိုင်စောင့်ကြတော့တာပါပဲ။ စစ်အုပ်စုအသက်ရှုချောင်ချောင်သွားတာ အဲ့ဒါပါပဲ စစ်အုပ်စုလူသတ်တာ၊ မတရားလုပ်တာ၊ စစ်ဗိုလ်တွေမတရားချမ်းသာနေကြတာ က လေးကအစဗမာပြည်မှာသိနေတာပဲ ဒါပေမဲ့ဘာဖြစ်လို့ ဒီစစ်အုပ်စု အသက်ရှုချောင်နေရသလဲ ဆိုတော့ အတိုက်အခံတွေထဲမှာ ကိုယ်အလုပ်ကိုယ်ရှင်းရှင်းလင်းလင်းမလုပ်ကြတဲ့ ပြသာနာ ပဲ။ နိုင်ငံတကာကနိုင်ငံကြီးတွေဆိုတာ သူတို့အကျိုးစီးပွာနဲ့သူတို့ နိုင်ငံခြားရေးပေါ်လစီ တွေချကြတာပဲ အမေရိကန်၊တရုပ်၊အီးယူ အကုန်လုံးက ဒီအတိုင်းသွားနေတာပဲ။ ကုလသမဂ္ဂ ဆိုတာလဲ ဘာထူးလဲ သူ့ကြောင့်ဒီမိုကရေစီမန်မှန်ကန်ကန်ရသွားတဲ့တိုင်းပြည်ရောရှိခဲ့လို့လား ကြာလေ ရုတ်သေးဖြစ်လေဖြစ်နေတဲ့အဖွဲ့ပဲ ဒီတော့ကိုယ်လုပ်စရာရှိတာလုပ်ကြရမှာပဲ။

ဒေါ်စုတို့၊ NLD တို့က တွေ့ဆုံးဆွေးနွေးရေးတောင်းနေတာ ကြာလှပြီ စစ်အုပ်စုက မှန်မှန်ကန် ကန်မလုပ်ဘူး ဒါရှင်းနေတာပဲ ဒီတော့ စစ်အုပ်စုဟာ ဆွေးနွေးပွဲစားပွဲပေါ်ဘယ်အခြေအနေမှာ တက်လာမလဲ ရှင်းနေတာပဲ သူ့အင်အားချည့်နဲ့သွားတဲ့အခါ သက်သာရာသက်သာကြောင်း တွေ့ဆုံးဆွေးနွေးရေး ခေါ်လာမှာပဲလေ ဒီလိုဖြစ်လာအောင် တဖက်ကနေ ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးရေးကိုလုပ်မဲ့သူကလုပ် တဖက်က ဖိအားပေးရမဲ့အလုပ်လုပ်မဲ့လူကလုပ် ဒါပဲ ရှိနေတာပဲ။ တောင်အာဖရိကမှာလည်း ဒီအတိုင်းသွားခဲ့ကြတာပဲ ဒါကို ကော်ပီလုပ်ရမယ်လို့ တော့မပြောလိုပါဘူး ဘာကြောင့်လဲဆိုတော့ ဗမာပြည်က သီချင်းလောက်တင်ကော်ပီလုပ်တာ မဟုတ်ဘူး နိုင်ငံရေးပါကော်ပီလုပ်နေ၊ဖြစ်နေကြတာတွေ့နေရလို့ပါ။ တွေ့ဆုံဆွေးနွေးရေး လုပ်မဲ့လူကလဲ တရားမျှတတဲ့တွေ့ဆုံဆွေးနွေးရေး တနည်းအားဖြင့် တန်းတူရည်တူတွေ့ဆုံ ဆွေးနွေးရေး ဒါဖြစ်လာအောင်လုပ်ရမှာ။ ဖိအားပေးမဲ့အုပ်စုတွေကလဲ နအဖ မဖြစ်မနေ အင် အားချိနဲ့ပြီးနောက်ဆုံး အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးပါ့မယ်ဆိုတဲ့ အခြေအနေဖြစ် လာအောင် ဖိအားကို နည်းလမ်းပေါင်းစုံကနေ လုပ်သွားကြရမှာပါ။

နောက်တခုက ဗမာပြည်နိုင်ငံရေးမှာ ဒေါ်စုတဦးတည်းကိုပဲပုံအပ်လွန်းနေတာပဲ ကျနော်တို့လဲ ဒေါ်စုကိုလေးစားတာပါပဲ ဒါပေမဲ့ တိုင်းပြည်ကိစ္စက အားလုံးဝိုင်းလုပ်ကြရမှာပါ။ အန်တီစုတဦး တည်းရဲတာဝန်မဟုတ်ပါဘူး။သူကိုယ်တိုင်လဲ တဖွဖွပြောနေခဲ့တာပဲ ဒါပေမဲ့ ကျနော်တို့တိုင်း ပြည်မှာသူ့ကိုလေးစားတာထက် ပိုပြီးတာဝန်ပေးသလိုမျိုးလုပ်နေကြတာကြာလှပြီ ဒါကောင်း တဲ့အချက်မဟုတ်ဘူး လူ့သဘော အမှားအယွင်းရှိလာတဲ့အခါ မကောင်းတဲ့တဲ့ဘက်ကို အများ ကြီးသက်ရောက်စေလို့ပါ။ ဒီလိုပြောလို့ လူထုခေါင်းဆောင်ကိုမယုံတာမဟုတ်ရပါဘူး။ အန်တီ စုလည်း လုပ်စရာရှိတာလုပ်နိုင်အောင် ကိုယ်တွေကလဲတဖက်တလမ်းကနေ ဝိုင်းလုပ်ကြရမှာ ပါ။ ဒါမှလဲ့ အမှန်တကယ် သူ့ကိုဝိုင်းရံရာရောက်မှာပါ။ ဒေါ်စုကတွေ့ဆုံဆွေးနွေးအဖြေရှာရေး တချို့လုပ်နေတာက စေစပ်အညံခံရေး အိမ်ချုပ်ကျနေတဲ့သူက နည်းနည်းလေးလှုပ်လိုက်ယုံရှိ သေး အပြင်ကနေ ဘာဖြစ်လာမလဲထိုင်ကြည့်ဘို့ပြင်နေရော မခက်ဘူးလား တကယ်က သူ့ ကိုအရင်ဆုံး လွတ်လွတ်လပ်လပ်ဖြစ်သွားအောင် ဘယ်လိုဖိအားပေးရမလဲ ဒါစဉ်းစားရမှာ လွတ်ပေးပါဗျာလို့မျက်နှာချိုသာသွေးနေ တသက်လုံးမလွတ်ဘူးသာမှတ်။ သိတ်ခေါင်းမာတဲ့ စစ်အုပ်စုကိုး။

၂၀၁၀ ရွေးကောက်ပွဲလို့လဲအော်လိုက်ရော နအဖကအော်လိုက်ယုံရှိသေး ကိုယ်ဖက်မှာအ ထုတ်ပြင်နေကြပြီ ရှင်းရှင်းပြောရရင်တော့ အချောင်သမားတွေရှိနေတာပါလို့ အားနာနာနဲ့ပြော ရမှာပဲဗျို့။ တကယ်လဲ အချောင်သမားတွေက နေရာတကာရှိနေတာကိုး ဖက်ဆစ်တော်လှန် ရေးကာလက ဗိုလ်မှူးချုပ်ကျော်ဇောပြောသလိုပဲ ရဲဘော်တွေက စွန့်လွတ်တိုက်ပွဲဝင်လိုက်ရ တာ နိုင်ငံရေးရောင်နီလေးလဲသန်းလာရော ခေါင်းပေါင်းစတလူလူနဲ့ နိုင်ငံရေးစားဖားတွေပေါ် လာတယ်ဆိုတဲ့စကား တယ်လဲမှန်သကိုး အခုဟာကစစ်အုပ်စုက လေသံလေးပစ်လိုက်တာနဲ့ သွားရည်တမျှားမျှားကျနေကြတာ တော်တော့်ကိုအရုတ်ဆိုးနေတာပါ ဘာရောင်နီမှတောင်မ မြင်ရသေးပါဘူး။

အန်တီစုတို့က တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာသွားနေသလို တဖက်ကနေ ဖိအားပေးမဲ့ အုပ်စုတွေကလဲ စစ်အုပ်စုကို တကယ်တန်းဖိအားပေးနိုင်အောင်ကျိုးစားဘို့ပါပဲ တနည်းအား ဖြင့် အလုပ်ခွဲခြားလုပ်ကိုင်တဲ့သဘောမှာ ကိုယ်အလုပ်ကိုယ်တိတိကျကျ တာဝန်ယူလုပ်ဘို့ပါ ပဲ။ ဖိအားဆိုတာမပေးပဲနဲ့ တနည်းအားဖြင့် နိုင်ငံတကာသံခင်းတမန်းခင်းကစားယုံလောက်နဲ့ တော့ စိတ်သာချ စစ်အုပ်စုက ဘယ်တော့မှအလျှော့ပေးမှာမဟုတ်ဘူးဆိုတာ ရှင်းနေတဲ့ကာ လမှာ မိမိတို့ အတိုက်အခံအင်အားစုတွေအနေနဲ့ ကိုယ့်အလုပ်ကို သေသေချာချာ ခိုင်ခိုင် ကျည်ကျည်နဲ့ လုပ်တတ်ဘို့လိုပါလိမ့်မယ် ဇွဲနဘဲနဲ့လုပ်ရမှာပါလိမ့်မယ် အလှည့်အပြောင်း ငယ်လေးတွေရဲ့ တိုးတိုက်လာတာနဲ့ ယုံကြည်ချက်ပြောင်းသွားကြလို့ကတော့ နောက်ထပ်အ နှစ်နှစ်ဆယ် စစ်အုပ်စုအုပ်စိုးမှုအောက်မှာ အနည်းဆုံးနေကြရလိမ့်မယ်ဆိုတာ မမေ့မလျော့ ရှိနေကြဘို့လိုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုက တရားမဝင်အာဏာသိမ်းအစိုးရနေ ရာမှာ တရားဝင်စစ်အစိုးရနဲ့ အစားထိုးဘို့လုပ်နေတယ်ဆိုတာ အားလုံလဲသိနေကြတဲ့ အရေး ကြီးကာလရောက်နေလို့ပါပဲ။

ထွဏ်းထွဏ်း(လူ့ဘောင်သစ်)

2 comments:

ခြေလှမ်းသစ် October 9, 2009 at 5:21 AM  

ရဲဘော်တွေက စွန့်လွတ်တိုက်ပွဲဝင်လိုက်ရ တာ နိုင်ငံရေးရောင်နီလေးလဲသန်းလာရော ခေါင်းပေါင်းစတလူလူနဲ့ နိုင်ငံရေးစားဖားတွေပေါ် လာတယ်..... ဒီစကားက တကယ်အမှန်တရားဘဲဗျို့  ... အခွင့်အရေးသမား နိုင်ငံရေးသမားတွေက နေရ ရဖို့ တခုတည်းသာ လိုက်ရှာနေကြတာ အနစ်နာခံဖို့ တခုမှ မရှိဘူး ..

---- October 17, 2009 at 7:37 PM  

စစ်အစိုးရကိုဖြုတ်ချရမယ်..
အရပ်သားအစိုးရကိုတင်ရမယ်..
ရွေးကောက်ပွဲဆိုတာ ကောင်တယ်..ဒါပေမဲ့..ရွေးကောက်ပွဲမှာ မရိုးမသားလုပ်တာ မကောင်ဘူး.။
၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေကို လိမ်ပြီးလုပ်တာကိုထောက်ခံရင်.... အဓိကတော့... စစ်အစိုးရကိုထောက်ခံတာနဲ့အတူတူပဲ....လိမ်တာကို အားပေးတာပဲ..
နောင်ဆိုရင်တဦးချင်းနာမည်ထုတ်ပြီးဆဲယုံပဲရှိတော့တယ်...။ ကိုယ့်ထမင်းကိုယ်စားပီး ကျွန်လုပ်ချင်တဲ့လူတွေကိုတော့ မုန်းတယ် ကိုဂင်ကြီး...။ ဒီလောက်ပါပဲ။ ပါတီလဲ မြေးရသင့်ပီ။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့