
ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့အပြောကို (နအဖ) စစ်ခေါင်းဆောင်တွေ တွင်တွင် ကြီးပြောတတ်ကြပါတယ်။ စစ်အုပ်စုအာဏာသိမ်းထားတဲ့တောက်လျှောက် ဥပဒေတွေ၊အမိန့် တွေ တသီကြီးထုတ် ပြီးတော့ သူတို့ထုတ်ထားတဲ့ ဥပဒေကိုပဲ သူတို့ကိုယ်တိုင်မလေးစား၊မ လိုက်နာ လူထုကိုကြတော့ ဥပဒေဖောက်ဖျက်ရင် ပြင်းထန်စွာအရေးယူမယ်လေးဘာလေးနဲ့ ပြောနေလိုက်တာ တော်တော်နားကြားရခက်နေတော့တာပါပဲ။ မနေ့ကပဲ ဗိုလ်သိန်းစိန်ကနေ ဦးသိန်းစိန်ပြောင်းပြီး ပါတီမှတ်ပုံတင်လိုက်ပြန်ပကော နအဖကထုတ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဆိုတာ ဘယ်လိုမှတရားမျှတမှုမရှိဘူးဆိုတာ လူတိုင်းနီးပါးမြန်မာပြည်မှာ သဘောပေါက်နေတဲ့ကိစ္စ ဟောအခု အာဏာရမ္မကလောဘဘယ်လောက်ကြီးနေသလဲဆိုရင် ဝန်ကြီးချုပ်တာဝန်ကြီးတန်းလန်းနဲ့ ပါတီမတ်ပုံတင်လာပြီကောလေ သိန်းစိန်နဲ့ ပါတီမှတ်ပုံတင် စာရင်းမှာပါလာတဲ့ ပါတီခေါင်းဆောင်တွေဆိုတဲ့သူတွေအားလုံး နအဖ စစ်အုပ်စုက သူတို့ကို သူတို့ နိုင်ငံဝန်းထမ်းပါလို့ပြေနေတဲ့ စစ်ဗိုလ်တွေကအများစု ဒီတော့ ဥပဒေဆိုတာကို လိုအပ် ရင်စိတ်ကြိုက်ထုတ်မယ် တရားတာ မတရားတာငါတို့မသိဘူး လိုအပ်ရင်ဗြောင်လည်းလုပ် တယ်ကွာ ဘာတတ်နိုင်တုန်းဆိုတဲ့သဘော လူမိုက်လုပ်တယ်ပြောပါတော့။
တိုင်ပြည်မှာဗြောင်လိမ်ပြောင်စားဘယ်သူတွေလုပ်ပြီး အာဏာကိုဘယ်သူတွေက အငန်းမရ ဖြစ်နေသလဲဆိုတာ ရှင်းနေတာပဲ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲ ကော်မရှင်၊ရွေးကောက် ပွဲဥပဒေဆိုတာတွေကို အဲ့ဒီအချိန်က (နဝတ) စစ်အုပ်စုကပဲ ပြဌာန်းပေးခဲ့တာပဲ တပြည်လုံးက နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဝင်ခဲ့ကြတာပဲ အဲ့ဒီအချိန်က ၈၈၈၈ လေးလုံးလူထုတိုက်ပွဲ အရှိန်က တော်တော်လေးကျန်နေသေးတော့ မဲပေးတာဟာ မနက်အစောကြီးကစတယ် ညနေ မဲရုံပိတ်တော့ မဲရေ(ရည်)ရတယ်။ အဲ့ဒီအချိန်ကကော်မရှင်ဆိုတာဟာ တစုံတရာ လူသိသူသိ ပုဂ္ဂိုလ်တချို့ပါသေးတယ်။ သမာသမတ်တော့ရှိလှတယ်မဟုတ်ဘူး ထားပါတော့ ဒါပေမဲ့ အောက်ခြေ မြို့နယ် ကျေးရွာ၊ ရပ်ကွက်အဆင့်မှာကြတော့ အမှန်အတိုင်းမဲရေ(ရည်)ပေးမဲ့ သူတွေက မဲရုံအများစု ဒီတော့ အားလုံးသိကြတဲ့အတိုင်း NLD ကမဲပြတ်နိုင်ရော စစ်အုပ်စု မျက်ဖြူဆိုက်တော့တာပဲလေ ဒီမှတင် ဗြောင်လိမ်ဗြောင်စား အာဏာအငန်းမရဖြစ်မှုက အရပ် စကားနဲ့ပြောရရင်ပေါ်တင်ကြီးလုပ်တော့တာပဲ အာဏာမအပ်ဘူး လွတ်တော်ခေါ်ဘို့ ဝေလာ ဝေး တောက်လျှောက်ညစ်ပတ်တော့တာပဲ အားလုံးသိပြီးသားအမိန်တွေတသီကြီးထုတ် လွှတ် တော်အမတ်တွေဖမ်း ပါတီတွေမတရားအသင်းကြေငြာ တောက်လျှောက်ပြောင်မတရားလုပ် ခဲ့တာပဲ ရှင်းနေတာပါ။
နောက်အမျိုးသားညီလာခံဆိုတာကို နှစ်ရှည်လများ စိတ်ကြိုက်လုပ် ဥပဒေကို စိတ်ကြိုက်ရေး ရတဲ့နည်းနဲ့ လိမ်ကောက်၊အကြပ်ကိုင်၊ခြိမ်းခြောက် နည်းပေါင်းစုံနဲ့အတည်ပြု လုပ်ခြင်တိုင်း လုပ်ပြီးအတည်ပြုထားတဲ့ဥပဒေအောက်မှာ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးပွဲထုတ်လာတာ ကလား ဒီလိုကလိန်ကျိငြမ်းဆင်လာတာတောင် အားမရဘူး အဲ့ဒီဥပဒေအရ လွတ်တော်ထဲမှာ စစ်ဗိုလ် ၂၅ နှုန်း က ရွေးကောက်ခံစရာမလို အော်တော်မစ်တစ်အနေအထား လွတ်တော်ထဲ မှာ မဲခွဲရင် ၇၅ ရာခိုင်နှုန်း ကျော်မှ အဲ့ဒီဥပဒေပြင်လို့ရမှာ ဒါတောင်အားမရဘူး အခု ကြံဖွံ ပါတီထောင်ပါပြီပေါ့ဗျာ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံတော်လစာစားရင်ဘယ်သူမဆိုဝန်ထမ်းပဲ နိုင်ငံဝန်ထမ်းတွေ နိုင်ငံရေးပါတီမှာဝင်ရင် ဝန်းထမ်းအဖြစ်ကနှုတ်ထွက်ရမယ် ဒါမှမဟုတ်ရင် အဲ့ဒီပါတီကို မှတ်ပုံတင်ခွင့်မရပဲဖျက်သိမ်းပစ်ရမယ်ဆိုတဲ့ ဥပဒေဘယ်ရောက်သွားလဲ ရှင်းနေ တာပဲ စစ်တပ်ကထွက်တယ် ဝန်ကြီးချုပ်ဆက်လုပ်တယ် ဗိုလ်ကိုဦးပြောင်းတာကလွဲလို့ ဘာမှ မထူး။ ဒီတော့…စစ်အုပ်စုက ဥပဒေအပေါ်မှာရှိနေပြီး ကျန်တဲ့ရွေးကောက်ပွဲကနေသွားပါ့မယ် ဆိုတဲ့ပါတီတွေကသာ ဥပဒေအောက်မှာရှိနေတဲ့သဘောပေါ့ ဒီနေရာမှာ မပြောခြင်ပေမဲ့ ပြောရ ပါတော့မယ်။
ရွေးကောက်ပွဲသည်သာ တခုတည်းသောထွက်ပေါက်၊ရွေးကောက်ပွဲကနေ လွတ်တော်ထဲမှာ ပြင်ယူမယ်၊ ဥပဒေတွေကိုမကြိုက်သော်လည်း ရွေးကောက်ပွဲနဲ့သာအဖြေရှာမယ်ဆိုတဲ့ သူ တွေကိုတောင် ဗြောင်စော်ကားလိုက်တာပါပဲ။ မလုပ်ရသေးတဲ့ရွေးကောက်ပွဲဥပဒေဆိုတာ တောင် စစ်အုပ်စုက ဗြောင်စဖောက်နေပြီကွယ်ရို ရွေးကောက်ပွဲမှာ ခင်ဗျားတို့နိုင်မယ်ဆိုရင် တောင်အနည်းစုလေး ဘာမှာကိုလုပ်လို့မရအောင်ကို စစ်အုပ်စုကလုပ်မှာပါ။ လွှတ်တော်ထဲ ရောက်သွားတဲ လွှတ်တော်ကိုယ်စားလှယ်အရုတ်ကလေးတချို့လောက်တော့ ဖြစ်မှာပေါ့နော် (စမ်းကြည့်လိုက်ကြပါ သမိုင်းမှာတော့ မှတ်တိုင်ဖြစ်သွားကြမှာ စိတ်ချ) ဒီတော့ ရွေးကောက်ပွဲ ကိုယ်လက်ခံတဲ့သူတွေနဲ့ လက်မခံတဲ့သူတွေကြားမှာ ကွာတာက ၂၀၀၈ ဥပဒေကိုလက်မခံတဲ့ သူတွေက ရွေးကောက်ပွဲကိုမဝင်ဘူး လက်ခံတဲ့သူတွေက ရွေးကောက်ပွဲဝင်တယ်ဆိုတဲ့ သဘောက ရှင်းနေတော့တာပဲ။
ဒီတော့ ရွေးးကောက်ပွဲကိုအဖက်ဖက်မှ စိတ်ကြိုက်ပြင်ထားတဲ့ စစ်အုပ်စုက ဥပဒေကို ဗြောင်လိမ်ဗြောင်စားလုပ်လာတာဟာ တနည်းအားဖြင့် ဗြောင်ချိုးဖောက်လာတာဟာ ရွေး ကောက်ပွဲကိုလက်ခံတဲ့ ဥပဒေအရဝင်ပြိုင်ပါမယ်ဆိုတဲ့သူတွေမှာ တာဝန်လုံးလုံးရှိလာပြီဖြစ် တယ်။ဒီလိုမတရားတာကို မတရားဘူးလို့ပြောရဲရမဲ့အချိန်ပဲ။ လက်မခံဘူးဆိုတဲ့သူတွေက တောက်လျှောက်ဆန့်ကျင်နေတော့ သူတို့အလုပ်သူတို့ဆက်လုပ်သွားမှာပဲ ဒါကရှင်းပါတယ်။ ဒီတော့ ဒီဥပဒေကိုလက်ခံတဲ့သူတွေ ရွေးကောက်ပွဲဝင်ကြမဲ့ပါတီတွေကို နအဖစစ်အုပ်စုက ဗြောင်လုပ်ပြနေပြီ ခင်ဗျားတို့ကို လွတ်တော်ထဲမရောက်ခင်ကို သွေးတိုးစမ်းနေပြီဆိုတာပါပဲ။
စစ်အုပ်စု စစ်အာဏာရှင်ကို ပြတ်ပြတ်သားသာမြင်တဲ့သူတွေကတော့ ၁၉၆၂ ကလည်းပြောခဲ့ တယ် စစ်အုပ်စု စစ်အာဏာရှင်စနစ်ထူထောင်တာလို့ ၁၉၈၈ ကလည်းပြောခဲ့တယ်။ ၁၉၉၀ ကလည်းသက်သေထူပြီးပြီး။ ၂၀၀၇ ကလည်းမှတ်တိုင်ဖြစ်ခဲ့ပြီ။ ၂၀၁၀ ကတော့ အဆုံး သပ်တိုက်ရပါလိမ့်မယ်။ ဒီတော့ စစ်အုပ်စုကို သမိုင်းမှာဘယ်သူတွေကပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သလဲဆိုတာ ကျနော်တို့ရဲ့နောင်မျိုးဆက်တွေကသပ်မှတ်ကြမှာပါပဲ။ ခေတ်သမိုင်း တိုင်းမှာ မှတ်တမ်းတင်ခဲ့ကြရတယ်မလား။
ထွဏ်းထွဏ်း(လူ့ဘောင်သစ်)
ဓါတ်ပုံကို ကိုဟန်လေး(ဧရာဝတီမှရယူပါသည်)
Saturday, May 1, 2010
ဥပဒေအထက်က စစ်အုပ်စုတဲ့လား...
Wednesday, February 3, 2010
ရာဇဝင်များရဲ့သူတို့သမီး...
Monday, February 1, 2010
အောင်ဆန်းဦးကို ကံဆောင်လိုက်ပြီ ...

Sunday, January 31, 2010
မြို့ပြသူပုန်...... (ခင်မမမျိုး)

(၁)
အချိန်ကား(၁၉၉၉)ခုနှစ်။
နေရာကား-ရှမ်းပြည်တနေရာ။
တောင်ပေါ်ဒေသရဲ့ ဆောင်းတွင်း အအေးဒဏ်ကြောင့် သူမ လက်ဖျားကလေးများ ထုံနေ သလိုခံစားနေရသည်။ သို့ပေမယ့် ချစ်သူနဲ့တွေ့ရတဲ့ ရှားရှားပါးပါးအချိန်လေးကို အအေး ဒဏ်ကြောင့် မကုန်ဆုံးစေချင်ပါ။ တွေ့နေကျ ဒီတောင်ပေါ်ဘုရားလေးပေါ်မှာ ချစ်သူမျက် နှာကို တစိမ့်စိမ့်ကြည့်ရင်း၊ သူပြောသော စကားလေးတွေကို နားထောင်ရတဲ့ အရသာကို သူမဘာနဲ့မှမလဲနိုင်ပါ။ ချစ်သူပြောသော စကားလေးများက စုံလင်လှသည်။ နိုင်ငံရေး၊ တိုင်း ရင်းသားအရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ပညာရေး၊ လူတန်းစားအရေး။ သူမနားလည် သည်များလဲရှိ၊ နားမလည်သည်များလဲရှိ။ သို့ပေမယ့် ချစ်သူပြောသော စကားလုံးလေးတွေမို့ သူမအတွေးထဲမှာအမြတ်တနိုးသိမ်းရင်းနားထောင်ဖြစ်သည်။
မိသားစု၊ အသိုင်းအ၀ိုင်း၊ မိတ်ဆွေ၊ သူငယ်ချင်း။အရာရာကို ဆန့်ကျင်ပြီး လျှောက်ဖို့ ကြိုးစား နေရတဲ့ ဒီလမ်းပေါ်မှာ ချစ်သူသည်သာ လမ်းပြကြယ်စင်။ ချစ်သူသည်သာ သူမရဲ့ဘ၀ဖော်။ အချစ်ကြောင့် ရွေးချယ်ခဲ့သော လမ်းမဟုတ်ပေမယ့် သူမရွေးချယ်ခဲ့သော လမ်းပေါ်မှာ ဆရာ ဆိုလဲဟုတ်၊ ခေါင်းဆောင်ဆိုလဲဟုတ်၊ ချစ်သူဆိုလဲဟုတ်၊ ဘ၀လက်တွဲဖော်လို့ ရည်မှန်းထား သူ ဆိုလဲဟုတ်တဲ့ ဒီလိုလူတယောက်က အဆင်သင့် ပေါ်လာခဲ့တာ သူမရဲ့ ကံကောင်းခြင်း လက်ဆောင်ပဲထင်ပါရဲ့။
“ညီမလေး အရမ်းချမ်းနေပြီလား။ အနွေးထည်က ပါးပါးလေးဝတ်လာတာကိုး။ အစ်ကို့ဂျာကင် ၀တ်ထားလိုက်နော်”
“မလုပ်ပါနဲ့အစ်ကိုရဲ့။ အစ်ကို့က ဂျာကင်ချွတ်လိုက်ရင် ရှပ်အကျီင်္လေးနဲ့ရယ်။ ပိုချမ်းမှာပေါ့”
“ရပါတယ်ညီမလေးရဲ့။ အစ်ကိုက တောင်ပေါ်မှာပဲမွေး၊ တောင်ပေါ်မှာပဲ နေလာတဲ့သူ”
“အောင်မာ။ ညီမလေးလဲ တောင်ပေါ်သူပါပဲနော်” “ခုတော့ မဟုတ်တော့ဘူးလေ။ မြေပြန့်မှာ ကျောင်းသွားတက်နေတာကိုး။ခုပဲကြည့်။အနွေးထည်ထူထူဝတ်မလာဘူး”
အစ်ကိုက ဆူသလိုလေး ပြောရင်း ဂျာကင်အကျီင်္လေးကို ၀တ်ပေးသည်။ အသက်ချင်းကလဲ ဆယ်နှစ်ကျော်ကွာတာမို့ ချစ်သူတပိုင်း၊ မောင်နှမ တပိုင်းလို ဖြစ်နေကြသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အစ်ကို ဂရုဏာဒေါသော အပြောလေးတွေထဲက စိုးရိမ်စိတ်လေးတွေကို သူမသဘော တကျနဲ့ကြည်နူးနေတတ်ခဲ့ပြီ။
“မှန်းစမ်း။ လက်တွေက အေးနေတာပဲ။ သွေးပူသွားအောင် လမ်းထလျှောက်ကြရအောင်။ လမ်းသွားရင်းစကားပြောကြတာပေါ့”
အနီးက တောတန်းလေးဘက်သို့ သူမတို့ ဆက်လျှောက်ခဲ့ကြသည်။ အစ်ကိုဆုပ်ကိုင် ထားသော သူမလက်ကလေးက တစတစ ပြန်နွေးလာသလို ပြောနေကြသော စကားလေး တွေကလဲ အရှိန်ရလာသည်။ ဒီရိုးမတောင်တန်းကြီးပေါ်က လက်နက်ကိုင်တော်လှန်ရေးတွေ အကြောင်း ကြားရတိုင်း သူမသွေးတွေ ဆူပွက်နေကြ။ ဒီသမိုင်းကြောင်းတွေမှာ ကိုယ်တိုင် ကိုယ်ကျမပါဖြစ်ခဲ့ရတာအတွက်လူဖြစ်နောက်ကျသလိုခံစားရတတ်စမြဲ။
“ညီမလေး တောခို ချင်တယ်အစ်ကို။ ဒီစကားကို ပြောနေတာလဲ အကြိမ်ပေါင်းများစွာ မက တော့ဘူး။ဆက်သွယ်ပေးဖို့အစ်ကို့ကိုပြောတိုင်းလဲတားနေတာပဲ”
အကြိမ်များစွာ ဖွင့်ခဲ့ဖူးသော ဓာတ်ပြားဟောင်းကိုပဲ သူမပြန်ဖွင့်ဖြစ်သည်။ ခေတ်ကာလအချိန်၊ နိုင်ငံရေး အခြေအနေတွေအရ လက်နက်ကိုင်တော်လှန်ရေး ရေချိန်ကျလာတာတွေကို သူမ မသိလို့တော့ မဟုတ်။ သို့ပေမယ့် လက်နက်ကိုင်တော်လှန်ရေး ခေတ် လုံးဝ ကုန်သွားပြီလို့ တော့ သူမ မယူဆမိ။ မရှိမဖြစ် လိုအပ်ချက်တရပ်လို့ သူမစိတ်ထဲ ယုံကြည်ထားမိသည်။
“မြို့ပေါ်မှာ နေလို့ ရသေးသရွေ့တော့ တောခိုတာကို အစ်ကိုက အားမပေးချင်ဘူး။ ဒါကြောင့် ညီမလေးကို မြို့ပေါ်မှာပဲ နေခိုင်းတာပါ။ ပညာဆက်သင်။ လူတွေကို စည်းရုံး၊ စာတွေဖတ်၊ ပြင်ဆင်၊ တည်ဆောက်။ အချိန်အခါစောင့်။ အစ်ကိုက ဒီတာဝန်တွေပဲ ညီမလေးကို ဆက်ယူ စေချင်တယ်”
“ညီမလေးကလေ အဲဒီလေ့လာရေးတွေလုပ်၊ ပြင်ဆင်၊ တည်ဆောက်တာတွေကို စိတ်မရှည် တော့သလိုဖြစ်နေတယ်။တခါတည်းသေနတ်ဆွဲပြီးရင်ဆိုင်ပစ်ချင်တယ်”
“ကိုယ့်ထက် အဆမတန် အင်အား ကြီးမားတဲ့ ရန်သူကို ရင်ဆိုင်တဲ့အခါ စိတ်လိုက်မာန်ပါ လုပ်လို့ မရတာတွေ အများကြီးပဲ ညီမလေး။ အားကြီးသူကို အားနည်းသူက ထိပ်တိုက်ရင်ဆိုင်ရင် အားကြီးသူက နိုင်မှာပဲ။ ဒီတော့ သွယ်ဝိုက်ပြီး ရင်ဆိုင်ရတယ်။ ဒီလိုရင်ဆိုင် တဲ့အခါမှာ ဥာဏ်ကို လွှာပြီး အသုံးချနိုင်ဖို့ လိုမယ်။ စစ်သုံးစကားနဲ့ ဆိုရင်တော့ ရန်သူက Conventional attack နဲ့ ရင်ဆိုင်လာတဲ့အခါ ကိုယ့်ဘက်က Conventional Defense နဲ့ ပြန်ရင်ဆိုင်ဖို့ လိုသလို ရန်သူရဲ့ Barbarism ကို ကိုယ့်ဘက်က Guerrilla Warfare Strategy သုံးပြီးအနိုင်ယူဖို့ကြိုးစားရမယ်”
“ဒါကြောင့် အစ်ကို့ကို ညီမလေး ပြောတာလေ။ တောခိုပါမယ်ဆို။ Guerrilla လုပ်ချင်တာ။ သူပုန်လုပ်ချင်တာ”
“ညီမလေးက သူပုန်ဖြစ်နေပြီပဲဥစ္စာ”“အစ်ကိုကလဲ လုပ်ပြန်ပြီ။ ညီမလေးက ဘယ်မှာ သူပုန်ဖြစ်သေးလို့လဲ။ ဘာလက်နက်မှလဲ ညီမလေးလက်ထဲမှာ မရှိသေးဘူး။ ဘာတိုက်ပွဲမှလဲ မတိုက်ရသေးဘူး။ တိုက်ဖို့နေနေသာသာ တောခိုပါမယ်ဆိုတာလဲ အစ်ကိုက ခွင့်မပြုဘူး”
“ဟားဟားဟားဟား”
သူမစကားအဆုံးမှ အစ်ကိုက တဟားဟား ထရီတာကြောင့် သူမ စိတ်တိုသွားရသည်။
“အစ်ကိုနော်။ လူကို မရီနဲ့။ ဘာလဲ။ ညီမလေးက သေနတ်မကိုင်ရဲဘူး ထင်လို့လား”
“မထင်ပါဘူးဗျာ။ ညီမလေး လုပ်ချင်ရင် မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတာ အစ်ကို ယုံပြီးသား။ ညီမလေးပြောပုံကို သဘောကျလို့ ရီမိတာပါ။ အင်း- တကယ်တော့ အစ်ကို လိုသွားတာ။ သူပုန်ဆိုတာမှာ တောခိုပြီး အခိုင်အမာစခန်းတည်ဆောက်၊ ရန်သူကို ရင်ဆိုင်တဲ့ သူပုန်ရှိသလို မြို့ပြသူပုန်လဲရှိတယ်ဆိုတာညီမလေးကိုအစ်ကိုမပြောပြခဲ့မိဘူး”
“မြို့ပြသူပုန်၊ဟုတ်လားအစ်ကို”
စကားလုံးအသစ်လေးကသူမနှလုံးခုန်သံကိုကျယ်လောင်သွားစေခဲ့သည်။
(၂)
“မြို့ပြသူပုန် (urban guerrilla) ဆိုတာကလဲ တောထဲတောင်ထဲမှာ အခြေစိုက် တော်လှန်နေကြသူတွေလိုပဲ ဖိနှိပ်တဲ့ အာဏာရှင်တွေကို တိုက်ပွဲဝင် တော်လှန်နေသူတွေပဲ ညီမလေး။ တခုပဲ ကွာတာက operation area ဖြစ်တဲ့ လှုပ်ရှားနယ်မြေပဲ။ မြို့ပြသူပုန်ရဲ့ တော်လှန်ရေးလှုပ်ရှားနယ်မြေကမြို့ကြီးတွေပဲ”
အစ်ကို ရှင်းပြနေသည်များကို သူမစိတ်ဝင်တစားနှင့် နားထောင်နေမိသည်။ မြို့ပြ သူပုန်ဆိုသော စကားလုံးလေးကို ကြားလိုက်ရကတည်းက သူမရင်ထဲက ရင်ခုန်သံတွေ ကျယ်လောင်လာခဲ့ဖူးသည်။ ဒီစကားလုံးလေးက သူပုန်လုပ်ပြီး မတရားမှုကို ပုန်ကန်လိုသော သူမရဲ့ သွေးတွေကို ပွက်ပွက်ဆူနေစေခဲ့သည်။ ဒါကြောင့်လဲ အသေးစိတ်ရှင်းပြဖို့ အစ်ကို့ကို သူမပြောရသည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်ကာလမှာ အစ်ကိုလဲ အားနေသလို သူမလဲ အားနေသည်။ သူငယ်ချင်း အိမ်တွေသွားမယ်ဆိုပြီး အိမ်ကကားမောင်းသမားကို သူငယ်ချင်း တွေအိမ်မှာ ချခိုင်း၊ ရောက်ရာနေရာမှာ ငါးမိနစ်လောက်နေပြီးမှ တက္ကစီနဲ့ တခါပြန်ထွက်၊ လာကြိုမယ့်အချိန်မရောက်ခင် ကြိုပြန်လာရတာမှ လွဲ၍ သူမ ဆီမှာ အခက်အခဲက သိပ်မရှိလှ။ သူမသိချင်၊ လုပ်ချင်ပြီဆိုလျှင် ဒိထက်ခက်တဲ့ အခက်အခဲ ဘယ်လောက်ပဲ ကြုံကြုံ၊ မရရ အောင်ကြိုးစားလုပ်ဖို့ဇွဲခတ်တတ်တာကလဲသူမရဲ့ဗီဇစိတ်။
“တောမှာ သူပုန်ထရင် သူပုန်နဲ့ ဓားပြတွေ၊ မှောင်ခိုတွေကို ရောထွေးပြီး အထင်လွဲအောင် အာဏာရှင်တွေက လုပ်တတ်တယ်။ ဒီလိုပဲ မြို့မှာ သူပုန်ထရင်လဲ သူပုန်တွေနဲ့ ရာဇ၀တ်မှု လုပ်နေသူတွေကို ရောထွေးပြီး အထင်လွဲအောင် လုပ်ခံရတတ်တယ်။ ဒါပေမယ့် သူပုန်ဆိုတာမှာက ဘာနဲ့မှ မတူတဲ့ ၀ိသေသ တွေရှိတယ်။ သူပုန်တွေဆိုတာက လူထုကို ထိခိုက်အောင် မလုပ်ဘူး။ သူတို့ရဲ့ ပစ်မှတ်က ဖိနှိပ်တဲ့ အာဏာရှင်တွေနဲ့ အာဏာရှင် ယန္တရားတွေပဲ ဖြစ်တယ်။ သူပုန်တွေမှာ နိုင်ငံရေးရည်မှန်းချက်ရှိတယ်။ ပြီးတော့ သူပုန်တွေ ဆိုတာက ဖိနှိပ်တဲ့ အာဏာရှင်တွေကို အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်တော်လှန် ပေးသူတွေဖြစ်တယ်။ ဒါကြောင့် မြို့ပြသူပုန်တယောက်ဟာ လိုအပ်လို့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရတဲ့အခါမှာ ရန်သူစစ်အာဏာရှင် စနစ်ကိုပဲ ပစ်မှတ်ထားရမယ်။ မြို့ပြသူပုန်တယောက် ရဲ့ အဓိက ရည်မှန်းချက်တာဝန်ကတော့ ရန်သူစစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် ဒေါက် တိုင်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖရိုဖရဲဖြစ်စေမှု၊ အက်ကြောင်း ထစေမှု၊ လူထုနဲ့ တော်လှန်ရေး ပေါင်းစပ်နိုင်အောင် ပြင်ဆင်တည်ဆောက်မှုတွေနဲ့ အာဏာရှင်ယန္တရားကိုဖြိုလဲ ပစ်နိုင်ဖို့ပဲဖြစ်တယ်”
“အဲလိုတွေ ဖြစ်အောင်လုပ်ဖို့ ဘာတွေလိုမလဲအစ်ကို။ ဘာတွေ ပြင်ဆင်ရမလဲ”စိတ်အားထက် သန်စွာဖြင့်သူမ၀င်မေးမိသည်။
“အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းပဲ ညီမလေး။ သူပုန်လုပ်မယ့်လူ တယောက်ဟာ သတ္တိရှိရမယ်၊ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိရမယ်၊ နယ်မြေကျွမ်းအောင် လေ့လာထားရမယ်။ ကိုယ်လှုပ်ရှားရမယ့် နယ်မြေက ကိုယ့်နယ် မဟုတ်တဲ့အခါ အစစအရာရာ ကြိုတင်ပြင်ဆင်ရမယ်။ ဒီနယ်ရဲ့ ဓလေ့ထုံးစံ၊ လုပ်ရိုးလုပ် စဉ်တွေ၊ နယ်မြေခံလူထု အခြေအနေတွေ၊ နယ်မြေထဲက ရန်သူ့လူအ၀င်အထွက် အနေ အထားတွေ၊ ရန်သူ့သတင်းပေးတွေကိုပါ တတ်နိုင်သမျှ လေ့လာ ထားရမယ်။ ဆရာဝန်၊ ကျူရှင်ဆရာ၊ စာရေးဆရာစတဲ့ အသက်မွေးဝမ်းကျောင်း တခုခု ပြထားနိုင်ရင် လျှို့ဝှက်လုပ်ငန်းတွေအတွက် အသုံးဝင်တယ်။ မဟုတ်ရင်လဲ နယ်မြေခံလူထုနဲ့ ရင်းနှီးအောင် ကုန်စုံဆိုင်ဖွင့်တာမျိုး၊ စာအုပ်အငှားဆိုင်ဖွင့်တာမျိုး စတာလေးတွေပေါ့။ မြို့ပြသူပုန် တယောက်မှာ ဆက်သွယ်ရေးကိရိယာ၊ လက်နက်ပစ္စည်းစတွေက အားနည်းတယ်။ အလွယ် တကူ သယ်ယူရွှေ့ပြောင်းလို့လဲ မရဘူး။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ နေရာနဲ့ ပတ်သက်ပြီး အ၀င်လမ်း၊ အထွက်လမ်းတွေကို သေချာ ဂရုတစိုက် ရွေးချယ်ရမယ်။ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးဖို့ အခွင့်အလမ်း နည်းပါးတဲ့ နေရာမျိုး၊ ရန်သူုကို ကိုယ့်ဘက်က ကြိုပြီး လက်ဦးမှု ယူနိုင်မယ့် နေရာမျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။ နောက်တချက်က လက်နက်ပစ္စည်း။ တကယ်သာ အသုံးပြုတတ်ရင် မီးဖိုချောင်က ဓားတချောင်းကလဲ သေနတ်တလက်လို အသုံးဝင်ပါတယ်”
အစ်ကို့စကားကြောင့် သူမ မျက်လုံးပြူးသွားသည်။“အစ်ကိုပြောသလိုဆို ဓားပေါက်၊ ဓားထိုး နည်းတောင် သင်ထားရမလိုပဲ” “လိုအပ်ရင် ပြောတာပါ။ ဘာပညာပဲဖြစ်ဖြစ် သင်ထားရင်တော့ မမှားဘူးပေါ့။ မြို့ပြသူပုန်တယောက်ဟာ အရေးကြုံချိန်မှာ အထက်က ညွန်ကြားချက်ကို စောင့်လို့ မရဘူး။ ကိုယ်ကြုံနေရတဲ့ ပြဿနာ အခက်အခဲတွေကို ကိုယ့်ဘာသာကိုယ် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကြိုးစားကြရတယ်။ ဒီအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အတွေးအခေါ်တွေနဲ့ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်မှုက အရေကြီးတယ်။ ဆုံးဖြတ်ချက် ချရမှာကို မကြောက်ရဘူး။ ရန်သူနဲ့ ရင်ဆိုင်ဆုံမိတဲ့အခါ မတွေဝေရဘူး။ အခြေအနေပေါ် မူတည်ပြီး သူပစ်ကိုယ်ပစ်၊ သူသတ်ကိုယ်သတ် လုပ်ရတာလဲ ရှိချင်ရှိမှာပဲ။ အဆိုးဆုံး အခြေအနေတွေနဲ့ ကြုံရတဲ့အခါ သွေးအေးဖို့ လိုတယ်။ သူပုန်တယောက်ဟာ အအိပ်အစား ကိစ္စတွေမှာ ဂျီးမများရဘူး။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် နေနိုင်ရမယ်။ ရန်သူက မရိပ်မိခင်မှာ တခြားအသက်မွေးဝမ်းကျောင်းတွေ ရှေ့ကပြပြီး နပြတတ်ဖို့ လိုအပ်သလို ရန်သူက ရိပ်မိသွားချိန်တွေမှာ ပုန်းအောင်းနေထိုင်နည်းတွေလဲ သိရမယ်။ ပင်ပန်းတာ၊ ဆာ လောင်မွတ်သိပ်တာ၊ ရာသီဥတုဒဏ်၊ နေထိုင်မကောင်းဖြစ်တဲ့ ဒဏ်တွေမှာလဲ စိတ်ဓာတ်ကို အကျမခံပဲ ကျားကန်နိုင်ရမယ်။ သူပုန်တယောက်အတွက် အရေးကြီးဆုံးက စိတ်ဓာတ်ခိုင် မာမှုပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ရင်ဆိုင်ရတဲ့ ရန်သူက ကိုယ့်ထက် အင်အားကြီးတဲ့ ရန်သူ ဖြစ်နေတာကြောင့်ဖြစ်တယ်။ ဒါပေမယ့် ဒီလိုအင်အားကြီးတာကို ဘာမှတွေးပြီး စိုးရိမ်စရာ တော့ မလိုဘူး။ ဘာလို့လဲ ဆိုတော့ ရန်သူအာဏာရှင်တွေ ဆိုတာက လူထုကို ဖိနှိပ်နေတဲ့ လူထုရဲ့ ချဉ်ဖတ်တွေ။ သူပုန်တွေဆိုတာကကျတော့ လူထုရှေ့က ရပ်တည်ပေးနေတဲ့၊ အမှန် တရားအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေ ဖြစ်လိုပဲ။ တချိန်ကျရင် တရားသောစစ်ကပဲ အနိုင် ရပါတယ် ညီမလေး။ တကမ္ဘာလုံးက စစ်အာဏာရှင်စနစ်တွေ အားလုံး တစတစ ပြိုလဲ ကျနေပြီပဲ”
“အဲဒါကတော့ ယုံတယ်အစ်ကို။ ညီမလေးဆီမှာ ရန်သူက အင်အားကြီးလို့ အနိုင်ရမှာပဲ ဆိုတဲ့ အတွေးမျိုးတွေ၊ စိုးရိမ်စိတ်တွေ၊ အားငယ်စိတ်တွေ တခါမှ မ၀င်ဖူးဘူး။ အားကြီးတဲ့လူက အားနည်းသူကို အနိုင်ယူနိုင်တယ်ဆိုတာ တိရစ္ဆာန်လောကမှာပဲ ရှိပါတယ်အစ်ကို။ လူ့လော ကမှာတော့ ဘယ်လောက် အားကြီးတဲ့ အာဏာရှင်တွေပဲဖြစ်ဖြစ် တရားမျှတတဲ့ ပုန်ကန်မှု တွေကို မနှိမ်နင်းနိုင်ပါဘူး။ တော်လှန်ရေး သမားတွေဆိုတာက ဘိုးဘိုးအောင် ၀လုံးလေး တွေလိုပဲ လို့ ညီမလေးတော့ ယုံတယ်။ တယောက်ကို သတ်ရင် နောက်နှစ်ယောက် ထွက်လာမှာပဲ။ ဆယ်ယောက်ကို ထောင်ချရင် အယောက်တရာ ထပ်ထွက်လာဦးမှာပဲ။ ဘာလို့လဲဆိုတော့ အဖိနှိပ်ခံ ပြည်သူတွေ ဆိုတာက ဖိနှိပ်သမျှ လည်စင်းခံပေးနေမယ့် တိရစ္ဆာန်တွေ မဟုတ်လို့ပဲ။ လူတွေ ဖြစ်နေကြလို့ပဲ။ အားမတန်လို့သာ ခဏမာန် လျှော့ချ င်လျှော့ထားကြမယ်။ ရင်ထဲက ပုန်ကန်လိုစိတ်တွေကတော့ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ရင်ထဲမှာ ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူး”
“အစ်ကိုလဲ ဒါကို ယုံတယ် ညီမလေး။ အစ်ကိုတို့ ပြည်သူတွေဟာ တခါတရံမှာ ခေါင်းငုံ့ချင် ငုံ့နေကြမယ်။ ဒါပေမယ့် ဒါဟာ အာဏာရှင်တွေကို ကြောက်ရွံ့ပြီး လုပ်သမျှ လည်စင်းခံပေးဖို့ မဟုတ်ဘူး။ ခေါင်းငုံ့ရင်း ဓားသွေးနေကြတာပါ။ ဓားတွေ ထက်လာတဲ့ တနေ့မှာ အာဏာရှင် ယန္တရားတွေကို တစစီ ဖြစ်အောင် ခုတ်ထစ်ခြေမွကြလိမ့်မယ်။ ဒီလို မခြေမွနိုင်သေးချိန် မှာတော့ အစစအရာရာ ကြိုတင်ပြင်ဆင်ပြီးမှ တိုက်ပွဲဝင်ကြရမယ်။ စိတ်ဓာတ်တွေ ကြံ့ကြံ့ ခိုင်ထားကြရမယ်။ အာဏာရှင်ဘက်တော်သားတွေဟာ ကိုယ့်ထက်သာလွန်တဲ့ လက်နက် တွေကို ကိုင်ထားနိုင်မှာ အသေအချာပဲ။ ဒါပေမယ့် စိတ်ဓာတ်လက်နက်မှာတော့ အစ်ကိုတို့ သူပုန်တွေကို မမှီဘူး။ သူပုန်တယောက်ရဲ့ အရာရာကို စွန့်ထားရဲတဲ့ စိတ်ဓာတ်ဟာ အာဏာ ရှင်ဘက်တော်သားတွေရဲ့ ကြေးစားစိတ်တွေထက် အဆမတန် ပိုမြင့်မြတ်တယ်။ ပိုထက်မြက် တယ်။ အစ်ကိုကတော့ ဆုံးဖြတ်ထားပြီးသား။ အစ်ကို့ဘ၀တ သက်တာမှာ လူ့အသက်နဲ့ ယုံကြည်ချက်စိတ်ဓာတ် အထဲက တခုကိုပဲ ရွေးရတော့မယ်ဆိုရင် အသက်ကိုပဲ အသေခံမယ်။ စိတ်ဓာတ်ကိုတော့ အသေမခံဘူး။ ကိုယ့်ဝိညာဉ်က အသက်မရှိတဲ့ ကိုယ့်ခန္ဓာကို ပြန်ပြီး အလေးပြုနိုင်စေရမယ်။ ယုံကြည်ချက်သေပြီး အသက်ရှင်နေတဲ့ ခန္ဓာကိုယ်ကြီးကို ကိုယ် မလိုချင်ဘူး။ရွံရှာစက်ဆုပ်မိလိမ့်မယ်”
“ညီမလေးလဲ အဲလိုပါပဲ။ ညီမလေးရဲ့ ဘ၀မှာ အသက်စွန့်ဖို့ လိုအပ်လာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ နောက်တွန့်တွေဝေမယ့် သွေးတွေ ညီမလေး သွေးကြောထဲမှာ ရှိမနေစေရဘူး။ တကယ်လို့များ ညီမလေးရဲ့ ကိုယ်ခန္ဓာတထောင့် တနေရာမှာများ ဒီသွေး တွေရှိနေခဲ့ရင်ညီမလေးကိုယ်တိုင်ဖောက်ထုတ်ပစ်မယ်”
စကားများ အဆုံးမှာ သူမတို့ နှစ်ယောက် အကြည့်ချင်း ဆုံမိကြသည်။ တူညီသော စိတ်များအတွက် တယောက်ကိုတယောက် လေးစားတန်ဖိုးထားမိကြသည်။ ဆုပ်ကိုင်မိကြ သော လက်ဖ၀ါးနှစ်ခုမှသည် တော်လှန်ရေးသစ္စာတရားတို့ အပြန်အလှန် စီးဆင်းသွားခဲ့သည် ဆိုတာကတော့အသေအချာပင်။
(၃)
“အစ်ကို ညီမလေးကို ဟိုကိစ္စ သင်ပေးမယ်ဆို”သူမက အားတက်သရော်ပြောတော့ အစ်ကိုက ပြုံးသည်။ မနေ့က နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်သည့် အချက်များကို အစ်ကိုက ပြောပြလေသည်။ ရေကူးခြင်း၊ တောလမ်းခရီးသွားခြင်း၊ ကားမောင်းခြင်း၊ ကားစက်ပြင်ခြင်း၊ ရေဒီယိုအသုံးပြုခြင်း၊ တယ်လီဖုန်းသုံးခြင်း၊ မြေပုံဖတ်ခြင်း၊ ဓာတုဗေဒနှင့် အီလက်ထရောနစ် နည်းပညာ အခြေခံများ၊ စာကူးနည်း၊ စာရိုက်နည်းများ၊ တံဆိပ်တုံး လုပ်နည်းများ၊ ရှေးဦးသူနာပြု၊ ဆေးဝါးအခြေခံစသည်များကို တတ်ကျွမ်းထားသင့်ကြောင်း အစ်ကိုက ပြောရင်း မဖြစ်မနေ သိထားသင့်သည့် ကိစ္စတခုကိုလဲ အခြေခံ သင်ပေးမည်ဟု ဆိုလေသည်။
“ပြောသာပြောရတယ်။ ညီမလေးကလေ မီးမလာရင်တောင် ဖယောင်းတိုင်ပဲ ထွန်းတယ်။ မှန်အိမ်မှာ မီးစာကို မီးညှိတာတောင် လုပ်တာ မဟုတ်ဘူး”သူမက ဆက်ပြောတော့ အစ်ကိုက မပြုံးပဲဝါးလုံးကွဲရယ်လေသည်။“ဒါပေမယ့်လဲ မတူဘူးလေနော်။ လိုအပ်မှာတွေအားလုံးကို အစ်ကိုသင်ပေးထားသမျှ ညီမလေး ကြိုးစားသင်ထားမှာပါ။ တချိန်မှာ မလိုလာဘူးလို့ မှ ပြောလို့ မရတာပဲနော်”သူမတို့ ဆရာ၊ တပည့်နှစ်ယောက်က အဲလိုပဲ အတိုင်အဖောက်ညီ ကြပါသည်။မြို့ပြ တိုက်ပွဲ ပုံဖော်ခြင်း နည်းဗျူဟာများကိုလဲ အစ်ကိုက အသေးစိတ်ရှင်းပြ ပါသည်။ လူထုတိုက်ပွဲနှင့် ပေါင်းစပ်နိုင်ရေး၊ စည်းရုံးရေး၊ သတင်းထောက်လှမ်းရေးများ မည်မျှအရေးကြီးကြောင်းကိုလဲဆက်ပြောပြသည်။
“အရေးကြီးဆုံးကတော့ လက်ဦးမှု ယူနိုင်ဖို့ပဲ ညီမလေး။ အခြေအနေက ကိုယ့်လက်ထဲမှာ ရှိနေရမယ်။ ရန်သူ့လက်ထဲ မရှိရဘူး။ ရန်သူ့အင်အားကို ကိုယ်သိရမယ်၊ ရန်သူ့နေရာကို ကိုယ်သိရမယ်။ ဒါပေမယ့် ကိုယ့်ကို ရန်သူမသိအောင် တတ်နိုင်သမျှ ဖုန်းကွယ်နေရမယ်။ ကိုယ့်နေရာကို ရန်သူမသိစေရဘူး။ ကိုယ့်အင်အားကို ရန်သူ မသိစေရဘူး။ ဘာပဲလုပ်လုပ် လုံခြုံရေးကို နံပါတ်တစ်အနေနဲ့ စိတ်ထဲမှာ ထားရမယ်။ သတင်းမှားတွေ ပေးရမယ်။ ဗယ်ခြောက်ညာလှမ်းတွေ လုပ်ရမယ်။ နယ်မြေကျွမ်းကျင်အောင် လုပ်ရမယ်။ ကဲ- အခု ညီမလေး မန္တလေးမှာ ကျောင်းသွားတက်တယ်နော်။ ညီမလေး နေတဲ့ ရပ်ကွက်ကို ညီမလေး လေ့လာထားဖို့လိုမယ်။ပြီးတော့ မြို့အနှံ့။ ပြီးရင် မြို့ဝန်းကျင်။ ကားလမ်းခရီး၊ ကားဂိတ်တွေ၊ တည်းခိုခန်းတွေ။ ဒီတခေါက်ပြန်ရင် ညီမလေး နယ်မြေကျွမ်းအောင် လေ့လာကြည့်ကြည့်ပါ လား။ ဒါတွေကမြို့ပြသူပုန်တယောက်အတွက် အရေးကြီးတယ်။ သူပုန်တယောက်ဟာ ကိုယ်လှုပ်ရှားမယ့် နယ်မြေရဲ့ ၀င်လမ်း၊ ထွက်လမ်းတွေ၊ ရဲတွေ ရှိတတ်တဲ့ နေရာတွေ၊ မီးပွိုင့်တွေ၊ လူဝင်လူထွက် နည်းတဲ့အချိန်၊ များတဲ့ အချိန်၊ တယ်လီဖုန်း ရှိတဲ့ နေရာတွေ၊ ဈေးဆိုင်တွေ၊ ကိုယ်ယောင်ဖျောက်နိုင်တဲ့ နေရာတွေကို သိနေရမယ်။ ရှောင်ဖို့ လိုတဲ့အခါ ငွေအင်အားရှိရင် လမ်းမတူတဲ့ ကားလမ်းခရီးတွေကို အချိန်တွေ ခွဲဝယ်ပြီး ရန်သူကို ပြန်လှည့်စားဖို့ လိုမယ်။ ရှောင်မယ့် အချိန်ကာလအတွက် နာမည်မတူတဲ့ နောက်ထပ် ကျောင်းသားကတ်ဖြစ်ဖြစ် တခုခု ကိုင်ထားနိုင်ရင် ပိုကောင်းတယ်။ ဒီအချက်က သတင်းအချက်အလက်နဲ့လဲ ပိုပြီး ဆိုင်လိမ့်မယ်။ ရန်သူကို သတင်းအချက်အလက်မှားတွေ ပေးပြီး အချိန်ဖြုန်းပေးဖို့လိုတယ်။ ရန်သူက ကိုယ်ဘာလုပ်နေလဲ ဆိုတာကို မသိစေဖို့ အထူးလျှို့ဝှက် ထားရမယ်။ ဒါပေမယ့် ရန်သူအကြောင်းကိုတော့ ကိုယ်က သိနေအောင် ကြိုးစားဖို့ လိုအပ်တယ်။ ကိုယ်နေတဲ့ ၀န်းကျင်က ရန်သူ့လူတွေကို ခွဲခြားသိနေနိုင်ရင် ပိုကောင်းတယ်။ သူတို့ခြေလှမ်းတွေကို သိနိုင်တယ်။ နောက်ထပ်အရေးကြီးဆုံး အချက်ကတော့ အချိန်အခါနဲ့ အညီ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အရည်အချင်းပဲ။ ဘယ်လောက်ပဲ စီမံချက်တွေက ကောင်းနေပါစေ၊ လုပ်မယ့်လူရဲ့ ဆုံးဖြတ်လုပ်ကိုင်မှု မကောင်းရင် ကြန့်ကြာ မှုတွေ၊စီမံချက်ပျက်သွားတာတွေဖြစ်တတ်တယ်ညီမလေး”
“မြို့ပြသူပုန်ထတဲ့အခါဘယ်လိုစီမံချက်တွေလိုလဲအစ်ကို”
“ဒါကတော့ ကိုယ်တာဝန်ယူရတဲ့ အခြေအနေ၊ နယ်မြေ၊ တာဝန်အကြီးအငယ်၊ အမာလိုင်း၊ အပျော့လိုင်းအရ ကွာမှာပဲ။ တပ်အပ်ပြောလို့တော့ မရဘူး။ လက်တင်အမေရိက နိုင်ငံတွေမှာ ကတော့ အများစုကလက်နက်ကိုင်တာဆိုတော့ ချေမှုန်းရေး လုပ်လေ့ရှိကြတယ်။ ဒီလို ချေမှုန်းတာမှာ ပစ်မှတ်နေရာတွေကတော့ အာဏာရှင်တွေရဲ့ ရုံးဌာနတွေ၊ ရဲစခန်း၊ ယာဉ်တန်း၊ ရဲကား၊ စစ်ကား စတာတွေပဲ။ နောက်ထပ်တမျိုးကတော့ အချိန်အတိုင်း အတာတခုအထိ ၀င်ပြီး စီးနင်းတာပဲ။ ညဘက်ဆိုရင်တော့ ပိုထိရောက်တယ်။ အစောင့် အရှောက်နည်းတဲ့ ရုံးတွေကို ညဘက် ၀င်စီးနင်း၊ လျှို့ဝှက်စာတမ်းတွေယူ၊ ကိုယ့်အတွက် အသုံးမလိုတဲ့ ဖိုင်တွေဆို ဖျက်ဆီးပစ်လိုက်တာမျိုးတွေပေါ့။ နောက်တမျိုးကတော့ လူထုတိုက် ပွဲတွေ ဖြစ်လာတဲ့အခါ တချို့နေရာတွေကို သိမ်းပိုက်ထားတာပဲ။ ဥပမာ- စက်ရုံ၊ ကျောင်းဝင်း စတာမျိုးတွေ။ အဲဒီမှာ အရေးကြီးတာက သပိတ်စခန်းနားကို အာဏာရှင် ဒေါက်တိုင်တွေ အလွယ်တကူ မကပ်နိုင်အောင် အရံအတားတွေ လုပ်တာမျိုးပဲ။ ရန်သူ့ယာဉ်တန်းကို သပိတ် စခန်းတွေဆီ မရောက်ခင် ဖြတ်တိုက်တာတွေ၊ ရန်သူ့ဒေါက်တိုင်တွေ စုတတ်တဲ့ နေရာတွေကို ကြိုတင်ပြီး တိုက်ခိုက်တာတွေ၊ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အစုအဖွဲ့လေးတွေက သူ့နယ်နဲ့သူ ရန်သူ့ဒေါက်တိုင်ဖြိုဖျက်ရေး လုပ်ငန်းဆောင်တာတွေ လုပ်တာမျိုးတွေပေါ့။ ဒါတွေကတော့ အာဏာရှင်ဆန့်ကျင်ရေးမှာ အကြမ်းမဖက် လူထုတိုက်ပွဲပဲ လုပ်မှာလား၊ လူထု တိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပေါင်းစပ်တိုက်ပွဲဝင်မှာလား ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်နည်း လုပ်ဟန်တွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ တော်လှန်ရေးတခုမှာ ခေါင်းဆောင်ရဲ့ လုပ်နည်း လုပ်ဟန် အပေါ် ရွေးချယ် ဆုံးဖြတ်ချက်ဆိုတာက သားသမီးကို ဘာအ၀တ်ဝတ် ပေးမလဲ ဆိုတဲ့ မိဘနဲ့ ဆုံးဖြတ်ချက်နဲ့အတူတူပဲ။ ကိုယ့်သားသမီး အရွယ်အစားနဲ့ အခြေအနေကို သိပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရင်တော့ အမြင်သင့်တော်ပြီး အောင်မြင် မှာပေါ့။ မရွေးချယ်နိုင်ရင်တော့လဲ ကိုယ့်သားသမီးကို အကျီင်္နီလေး ၀တ်ပေးပြီး နွားသိုးရှေ့ ခေါ်သွားတဲ့ မိဘလိုပဲ ဖြစ်မှာပေါ့။ ဒါကတော့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ အတွေး အခေါ်တွေ အပေါ်မှာပဲ မူတည်တာမို့ အစ်ကို သိပ်မပြောတော့ဘူး။ ဘယ်လိုသဏ္ဍာန်နဲ့ ပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကိုယ် ကျေပြွန်ဖို့ကတော့ မြို့ပြသူပုန် တယောက်အတွက် အရေးကြီး ဆုံးပဲ”
“ညီမလေး တခုမေးမယ်နော် အစ်ကို။ လူထုတိုက်ပွဲဖြစ်လာတဲ့အခါ လူတွေအများကြီး လမ်း ပေါ်ထွက်လာမှာပဲ။ လူထုစစ်ကြောင်းတွေဖွဲ့ပြီး ချီတက်ဆန္ဒပြမှာပဲ။ အဲဒီမှာ လူထုနဲ့ စစ်တပ်၊ ရဲတွေ ထိပ်တိုက်တွေ့တဲ့အခါ ဘယ်လို လုပ်မလဲ။ ရန်သူက လူစုခွဲခိုင်းမယ်။ ကိုယ့်ဘက်က မခွဲဘူး။ တရားဟောတာတွေ ဘာတွေလုပ်မယ်။ ပစ်တော့မှ ပြေးမယ်။ တနေရာမှာ ပြန်စုမယ်။ အဲလိုမျိုးပဲလား”
“ညီမလေးကို ခုနတုန်းက အစ်ကို ပြောသလိုပဲ။ ဒီကိစ္စက လူထုတိုက်ပွဲကို အကြမ်းမဖက် ဆန္ဒပြတဲ့ အနေနဲ့ပဲ လုပ်မှာလား။ လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ ပေါင်းစပ်မှာလား ဆိုတာပေါ်မှာ မူတည်တယ်။ ဥပမာ- ဖိလစ်ပိုင်နိုင်ငံတုန်းကတော့ လူထုအင်အားကိုပဲ လုံးဝ သုံးသွားတယ်။ သံချပ်ကာကားတွေ ပင်မ သပိတ်စခန်းကို ချီတက်လာတဲ့အခါမှာ လူတွေက လမ်းမဖယ်ပေးပဲ ငုတ်တုတ်ထိုင်ချလိုက်ကြတယ်။ နောက်ဆုံး သံချပ်ကာကားတွေ ဆုပ်သွား တယ်။ ဒါကအကြမ်းဖက်မှု လုံးဝမပါပဲ လူထုအင်အားတခုတည်းပဲ သုံးခဲ့တဲ့ပွဲ။ ဘရာဇီးတုန်းကတော့ ဘရာဇီးကျောင်းသားတွေက ပြန်ပြီး ခုခံခဲ့ကြတယ်။ ရဲတွေက ရှေ့တိုးလာပြီး ဆန္ဒပြ သမားတွေထဲက ခေါင်းဆောင်လို့ ယူဆသူတွေ၊ အလံကိုင်တွေ၊ ရှေ့တန်းက လူတွေကို ၀င်ဆွဲဖမ်းတဲ့အခါ လူအုပ်က ငြိမ်မနေဘူး။ တိုးလာတဲ့ ရဲတွေကို လူအုပ်ထဲ ကျွံဝင်လာအောင် လုပ်ပြီးမှ ပြန်ဝိုင်းလိုက်ကြတယ်။ တဘက်မှာ ဖရိုဖရဲဖြစ်နေတုန်း၊ အရေးပါတဲ့ ခေါင်းဆောင် တွေကို ဆွဲထုတ်သွားကြတယ်။ ပြီးတော့ ရဲတွေ နေရာယူတတ်တဲ့ နေရာမျိုးတွေကို ကြိုပြီး ခန့်မှန်းတာ၊ သတင်းရယူတာတွေ လုပ်ထားလို့ရတယ်။ အဲဒီအခါ ဆန္ဒပြ စစ်ကြောင်းက ရှေ့နောက်ပိတ်ပြီး ပြန်ဝိုင်းတာမျိုး ဖန်တီးလို့ ရတယ်။ နီးစပ်ရာ အဆောက် အဦးတွေကနေ နေရာကြိုယူုပြီး တိုက်ခိုက်တာတွေ လုပ်လို့ရတယ်။ နောက်တခု အရေးကြီးဆုံးက လူထု အစည်းအဝေးတွေ လုပ်တဲ့အခါ escape plan ရှိဖို့ပဲ။ ဒါတွေ မရှိပဲ ဘယ်တော့မှ လူထု အစည်းအဝေးတွေ မခေါ်ရဘူး။ ချီတက်တဲ့ လမ်းကြောင်းကို ရွေးတဲ့အခါ ဘယ်လိုနေရာမျိုးမှာ ထောင်ချောက် ဆင်ခံရနိုင်တယ်။ ဘယ်လိုနေရာမျိုးမှာ အာဏာရှင် လက်ကိုင်ဒုတ်တွေ စုဝေး ထားနိုင်တယ် ဆိုတာတွေ ကြိုတင်ပြင်ဆင်ပြီးမှ စစ်ကြောင်းတွေ လွှတ်သင့်တယ်။ မလွှတ်ခင် ကတည်းက စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်က အားနည်းချက်ရှိနေနိုင်တဲ့ နေရာ တွေကို ကိုယ့်ရှေ့ပြေးတွေ ကြိုလွှတ်ထားသင့်တယ်။ ဒီလို လူထုနဲ့ တွဲပြီး လူထုတိုက်ပွဲထဲမှာ ပါတဲ့ မြို့ပြသူပုန်ကို လက်တင်အမေရိကနိုင်ငံတွေကတော့ မြို့ပြဆန္ဒပြသူပုန်လိုခေါ်ကြ တယ်”
(၄)
“ဟိုနေ့က အစ်ကိုပြောတဲ့ မြို့ပြဆန္ဒပြ သူပုန်အကြောင်းလေး ဆက်ပါဦးအစ်ကို”
“ မြို့ပြဆန္ဒပြသူပုန်ဆိုတာက လူထုတိုက်ပွဲတွေ ဖော်ဆောင်တဲ့ မြို့ပြသူပုန်ပေါ့။ အစ်ကိုက ဒါ ကြောင့် ညီမလေးကို ပြောတာလေ။ သူပုန်လုပ်ချင်တယ် ပြောမနေနဲ့။ ညီမလေး ကိုယ်တိုင် ကိုက သူပုန်ဖြစ်နေပြီးသား ဆိုတာ။ အဲဒါကို ပြောတာ။ လူထုတိုက်ပွဲဖော်ဆောင်ဖို့ ပြင်ဆင် တာ၊ လှုံ့ဆော်တာ၊ တည်ဆောက်တာ၊ အစုအဖွဲ့သမဂ္ဂတွေ ဖွဲ့စည်းတာတွေ အားလုံးဟာ မြို့ပြဆန္ဒပြသူပုန်တွေရဲ့ လုပ်ငန်းတာဝန်တွေပဲ။ အာဏာရှင်တွေကလဲ ဒါကို သိပ်ကြောက် ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြီးမားကျယ်ပြန်တဲ့ လူထုတိုက်ပွဲတွေဟာ အစိုးရအုပ်ချုပ်ရေးယန္တရားကို ရပ်တန့်ပစ်နိုင်လို့ပဲ။ ဒီနေရာမှာ အစိုးရအုပ်ချုပ်ရေး ယန္တရား ရပ်တန့်တာနဲ့ အစိုးရအဖွဲ့ဝင်တွေ တယောက်က တယောက် ပြောင်းသွားတာ မတူဘူး။ အစ်ကိုတို့ ရှစ်လေးလုံးတုန်းက လူထုတိုက်ပွဲနဲ့ အစိုးရအဖွဲ့ဝင်တွေ တယောက်က တယောက် ပြောင်းသွားအောင်တော့ လုပ်နိုင်ခဲ့တယ်။ ရုံးဌာနတွေ တော်တော်များများ သပိတ်တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ဒါပေမယ့် အစိုးရအုပ်ချုပ်ရေးယန္တရားရဲ့ အသက်ဝင်နေမှုကို မရပ်တန့်နိုင်ခဲ့ဘူး။ အုပ်ချုပ်ရေး ယန္တရားသစ်တခုနဲ့ အစားထိုးပြီး တည် ဆဲအုပ်ချုပ်ရေးကိုအစားမထိုးနိုင်ခဲ့ဘူး။ဒါကြောင့်အာဏာပြန်သိမ်းခံခဲ့ရတာပဲ”
“ညီမလေးက အဲလိုမသိထားခဲ့ဘူး။ အစိုးရသုံးခုပြုတ်ကျခဲ့တယ်လို့ လူပြောသူပြောတာတွေနဲ့ အောင်မြင်ခဲ့တယ်လို့ပဲသိထားခဲ့တာ”
“မအောင်မြင်လို့ပဲ ခုညီမလေးတို့၊ အစ်ကိုတို့ ဆက်တိုက်နေရတာပေါ့ ညီမလေးရဲ့။ တော်လှန်ရေး လုပ်တဲ့အခါ အဲဒီ တ၀က်တပျက် အောင်မြင်မှုတွေနဲ့ ကိုယ့်ကိုကိုယ်ပြန် နှစ်သိမ့်ပြီး သာယာမှုတွေကို ရှောင်နိုင်ရမယ်။ ဒီအချက်က တော်တော် အရေးကြီးတယ်။ ဥပမာ- ဆယ်တန်းကျတဲ့လူက ထုတ်ထားတဲ့ အမှတ်စာရင်းကြည့်ပြီး သူဂုဏ်ထူးသုံးခု ရပါတယ်လို့ ကြည်နူးဝမ်းသာ နေသလိုနဲ့ တူတယ်။ အမှတ်စာရင်းအရ ဂုဏ်ထူးသုံးခုပါ နေပေမယ့် ခြောက်ဘာသာလုံး မအောင်တော့ ကျတာက ကျတာပဲလေ။ အဲဒီပကတိ အမှန်ကို သိပြီး၊ ကိုယ့်အားနည်းချက်၊ အားသာချက်ကို ပြန်ရှာနိုင်ဖို့ပဲ။ မဟုတ်ရင် အထည်ကြီးပျက်စိတ် တွေ ပေါ်လာတတ်တယ်။ တချိန်က ရွှေထီးဆောင်းခဲ့ရတာကို အရသာခံ စိတ်ကူးယဉ်နေလို့ ဘာမှ မထူးဘူး။ လက်ရှိ မိုးရေထဲမှာ ဖိနပ်မပါပဲ လျှောက်နေရတဲ့ဘ၀ကနေ ဘယ်လို တိုးတက် အောင်လုပ်မလဲဆိုတာကပကတိအခြေအနေရဲ့လိုအပ်ချက်တရပ်ပဲ”
“အစ်ကို ပြောလိုက်တော့မှပဲ ညီမလေး သဘောပေါက်သွားတော့တယ်။ ပကတိအခြေ အနေကို သဘောပေါက် လက်ခံဖို့လိုတယ်ဆိုတာ။ ဒီစကားက တော်လှန်ရေးအတွက်တင် မဟုတ်ပါဘူး။ လူ့ဘ၀အတွက်လဲ အရေးကြီးတဲ့ စကားတရပ်လို့ မြင်ပါတယ်။ ညီမလေး တသက်လုံးမှတ်ထားမယ်အစ်ကို”
“အရေးကြီးတယ် ညီမလေး။ လူတယောက်ပဲဖြစ်ဖြစ်၊ တော်လှန်ရေးတရပ်ပဲဖြစ်ဖြစ်၊ နောက် ဆုံး နိုင်ငံတနိုင်ငံပဲဖြစ်ဖြစ် ပကတိအခြေအနေကို သိနေဖို့ အရေးကြီးဆုံးပဲ။မြို့ပြသူပုန်တွေ၊ တော်လှန်ရေးသမားတွေ အတွက်ကတော့ ဒီအချက်ဟာ ကိုယ့်အသက်၊ ကိုယ့်ဘ၀၊ ဒါမှမဟုတ်ရင် ကိုယ့်ရဲဘော်တွေရဲ့ အသက်တွေ၊ ဘ၀တွေနဲ့ပါ ရင်းရလောက်တဲ့အထိ အရေးကြီးတယ်။ လူဆိုတာ ကိုယ့်ပကတိအခြေအနေကို နားလည်ရတယ် ညီမလေး။ ငါဘာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်မေးရမယ်။ မြို့ပြသူပုန်လား၊ တော်လှန်ရေးသမား လား၊ စာနယ်ဇင်းသမားလား၊ မြေအောက်ရဲဘော်လား၊ မြေပေါ်နိုင်ငံရေးသမား ဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်မေးဖို့ လိုတယ်။ ကိုယ့်အခြေအနေကို ကိုယ်သိဖို့ လိုတယ်။ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ပြီး ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေး သမားတယောက်ဟာ ကိုယ့်ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ကိုယ့်ရဲဘော်တွေနဲ့ ကိုယ့်ကို ထောက်ခံနေတဲ့ ပြည်သူတွေ ဒုက္ခမရောက်အောင် အတတ်နိုင်ဆုံး စောင့်ထိန်းနိုင်ရမယ်။ စကားသိပ်များတဲ့ လူတွေ ကိုယ့်ကလာဘ်စည်းထဲ ရောက်လာရင် သတိသာ ထားပေတော့။ လျှို့ဝှက်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုပ်နေတဲ့ လူတွေနဲ့ မြေပေါ်နိုင်ငံရေးမှာ အစည်းအဝေးတွေ၊ စည်းရုံးရေးတွေ ထင်ထင်ပေါ်ပေါ် လုပ်နေရသူတွေကို သီးခြားခွဲ ပြီး တာဝန်တွေ ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ လူ့စိတ်ဆိုတာက ဖောက်လွဲဖောက်ပြန် ဖြစ်တတ်လို့ပဲ။ တခါတရံမှာ ရန်ဖြစ်ငြင်းခုံမှုတွေ ရှိလာတဲ့အခါ လူတွေက သူဘာလဲ၊ ငါဘာလဲ ဆိုတာ ဇာတိပြချင်ကြတယ်။ အဲဒီအခါမျိုးမှာ ငါဘာလဲဆိုတာ ပြနိုင်ဖို့ လျှို့ဝှက် လုပ်ထားတဲ့ လုပ်ငန်းဆောင်တာတွေ ချပြောပြီး ကြွားတတ်ကြတယ်။ လူတွေရဲ့ ပင်ကိုယ်စရိုက်နဲ့ စိတ်ဓာတ်ကို သိချင်ရင် စိတ်ရှုတ်ထွေးအောင် လုပ်ကြည့်လိုက်၊ ရန်ဖြစ် ငြင်းခုံကြည့်လိုက်။ သေချာပေါက်ထွက်လာတယ်”
“ဟုတ်တယ်အစ်ကို။ အဲဒါတော့ အသေအချာပဲ။ ညီမလေး အဲဒါမျိုးနဲ့ ပတ်သက်တဲ့ စာအုပ်တအုပ်ဖတ်ဖူးတယ်။ တခါတလေလဲ အရက်ဝိုင်းမှာ မခံချင်အောင် ဆွပြောပြီးမှ သတင်းနှိုက်ယူတာမျိုးလဲရှိတယ်တဲ့”
“အမှန်ပဲ ညီမလေးရ။ အရက်ဆိုတာ လူတွေရဲ့ သိက္ခာနဲ့ စိတ်ဓာတ်ကို ဖရိုဖရဲဖြစ်စေတယ်။ အရက်ဝိုင်းမှာ နိုင်ငံရေးဆွေးနွေးရင် ဘယ်လိုအကျိုးကျေးဇူးမှ ထွက်လာမှာ မဟုတ်ဘူး။ ငြင်း ခုန်ပြီးပဲ အဆုံးသတ်မှာပဲ။ မြေပေါ်နိုင်င့ရေးသမားတွေအတွက်တော့ အရမ်းကြီးမားတဲ့ ပြဿ နာမရှိပေမယ့် မြေအောက်ရဲဘော်တွေနဲ့ မြို့ပြသူပုန်တွေအတွက်တော့ ဒီကိစ္စဟာ အရမ်း အရေးကြီးတယ်။ ကိုယ်နဲ့ အရမ်းမရင်းနှီးသူတယောက်နဲ့ အတူတူ မသောက်စားမိဖို့ ရှောင်သင့်တယ်။ သောက်စားတာတင် မဟုတ်ဘူး။ ငြင်းခုန်ဆွေးနွေးတာတွေ၊ စကားအများ ကြီးပြောရတာတွေကိုပါမလိုအပ်ရင်ရှောင်နေသင့်တယ်”
“အစည်းအဝေးဆိုရင်ကောအစ်ကို”
“မြေအောက်ရဲဘော်တွေ၊ မြို့ပြသူပုန်တွေအတွက်က စည်းရုံးရေးနဲ့ ကွန်ယက်ချိတ်ဆက်ရေး တာဝန်တွေ ယူထားတာ မဟုတ်ဘူးဆိုရင် တတ်နိုင်သမျှ လူချင်း မဆုံပဲ အလုပ်လုပ် နိုင်ရင်တောင် ပိုကောင်းတယ်။ ဒီခေတ်ကြီးမှာ တယောက်နဲ့ တယောက် လူချင်းမတွေ့ပဲ လုပ်လို့ ရနေတာတွေ အများကြီးပါ ညီမလေးရယ်။ အစည်းအဝေးဆိုတာ အခန့်မသင့်ရင် ကိုယ့်အဖွဲ့တဖွဲ့လုံး ရန်သူက ရိပ်မိပြီး ထောင်ချောက်ထဲ ရောက်သွားနိုင်တယ်။ မဟုတ်ရင်လဲ ဘယ်သူတွေဆိုတာ ရန်သူက သိသွားပြီး နောက်ယောက်ခံ လိုက်ခံရတာတွေ ဖြစ်နိုင်တယ်။ တချို့က နိုင်ငံရေးလုပ်တယ်ဆိုတာကို အစည်းအဝေးလုပ်၊ ဟိုနားစုစု၊ ဒီနားစုစုလုပ်တာ၊ နိုင်ငံရေးစကားလုံး အကြီးကြီးတွေ ပြောရတာတွေလို့ ထင်နေကြတာ ညီမလေးရ။ မြေပေါ်နိုင်ငံရေးမှာတော့ အထိုက်အလျောက် လိုပေမယ့် မြေအောက်နိုင်ငံရေးမှာ ဒါတွေ ပါသွားရင်တော့ ပြဿနာတွေ တက်မှာပဲ။ မြေအောက်သူပုန် တယောက်ဟာ နောက်ဆုံး တိုက်ပွဲတွေ ဆင်နွှဲပြီးရင်တောင် မလိုအပ်ပဲနဲ့ ဒါကို သူ့လက်ချက်ဆိုတာ လူသိမခံရဘူး။ မြေပေါ်နဲ့ မြေအောက်တော်လှန်ရေးမှာ ပြောင်းပြန်ယူဆရမယ့် အချက်တွေက အများကြီးပဲ။ အရေးပါတဲ့ သော့ချက်တခုကတော့ မြေအောက်တော်လှန်ရေးမှာ လူအများက ကိုယ်လုပ်နေ တာတွေကို မသိလေလေ၊ ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်း ပိုများလေလေပဲ။ မြေပေါ် နိုင်ငံရေးကျတော့ လူအများက ကိုယ်လုပ်နေတာကို သိလေလေ၊ ကိုယ့်ကို ၀န်းရံမယ့်လူ များလေလေ၊ လုပ်ငန်းဆောင်တာတွေ ပိုအောင်မြင်လေလေပဲ။ ဒါကြောင့် မြေပေါ်နဲ့ မြေ အောက်ကို လိုင်းမပူးပါနဲ့ ဆိုတာကို မြေအောက်ယူဂျီစည်းကမ်း တခုအနေနဲ့ သတ်မှတ် ထားကြတာပေါ့”
“အဲဒီ လိုင်းမပူးဖို့ စည်းကမ်းက အပြောလွယ်သလောက် လက်တွေ့မှာ တော်တော်ခက်တယ်နော်”
“ခက်ပေမယ့် ခံစားချက်ထက် တာဝန်ကို ဦးစားပေးတဲ့ စိတ်ဓာတ်ကို ကိုင်စွဲပြီး လိုက်နာရမယ့် သံမဏိစည်းကမ်း တခုပဲ ညီမလေး။ အဲဒီစည်းကမ်းကို နည်းနည်းလေးပဲ စဖောက်လိုက်မိ ရင်တော့ ပြဿနာမီးပွားတွေ စတော့တာပဲ။ ယူဂျီလုပ်ငန်း ကျဆင်းရတာတွေထဲမှာ ဒီအချက် က နံပါတ် (၁)ပဲ။ မြေအောက်ရဲဘော်ပဲ ဖြစ်ဖြစ်၊ မြို့ပြသူပုန်ပဲ ဖြစ်ဖြစ် လုံခြုံရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို အတိအကျ လိုက်နာဖို့ လိုအပ်တယ်။ ဒီစည်းမျဉ်း၊ စည်းကမ်းတွေဆိုတာက ပြီးစလွယ်၊ တွေ့ကရာချထားတဲ့ စည်းကမ်းတွေမဟုတ်ဘူး။ လူတွေ အများကြီးရဲ့ ဘ၀နဲ့ အသက်တွေနဲ့ရင်းပြီး ပေးထားခဲ့တဲ့ သင်ခန်းစာတွေ။ ဒီစည်းကမ်းတွေ ထဲမှာ သွေးတွေ၊ ချွေးတွေ၊ အသက်တွေ အများကြီးပဲ ပေါင်းစပ်ပါဝင်နေ တယ်လို့ဆိုနိုင်တယ်”
“မြို့ပြသူပုန် စည်းကမ်းတွေကကော အစ်ကိုတခါပြောထားတဲ့ ယူဂျီစည်းကမ်းတွေနဲ့ အတူ တူပဲလား”
“တာဝန်ပေါ် မူတည်ပြီး ကွဲပြားတာလေးတွေ တချို့တော့ ရှိတာပေါ့ညီမလေး။ ဥပမာ- ချေမှုန်းရေးနဲ့ သပိတ်တိုက်ပွဲဖော်ဆောင်ရေးကတော့ ကွဲပြားမှာပေါ့။ ဒါပေမယ့် ဘယ်လို ပဲဖြစ်ဖြစ် ယေဘုယျအခြေခံ အချက်တွေက တော့ အတူတူပါပဲ။ လိုင်းတွေမပူးရဘူး။ မလိုအပ် ပဲ စကားအများကြီး မပြောရဘူး။ လိပ်စာစာအုပ်တွေ၊ တယ်လီဖုန်းမှတ်တမ်းတွေကို အသုံးပြုပြီးတာနဲ့ ချက်ချင်းဖျက်ဆီးပစ်လိုက်ရမယ်။ စာရွက်စာတမ်းတွေ မသိမ်းဆည်းထား ရဘူး။ လူနာမည်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေ၊ လိပ်စာတွေ၊ မြေပုံကြမ်းတွေ၊ စီမံချက်တွေကို ဦးနှောက်ထဲ စွဲနေအောင် မှတ်ပြီးတာနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်း မှန်သမျှ ဖျက်ဆီးပစ် လိုက်ရမယ်။ ဒါတွေက သိပ်အရေးကြီးတယ်။ ဒီထက် ပိုပြီး အရေးကြီးတာတွေကတော့ ရှောင်ရန် အချက် (၇) ချက်ပဲ။ ပထမ တချက်က ရန်သူကို အထင်သေးတာ။ လျှော့တွက်တာ၊ လုပ်သမျှအားလုံး အဆင်ပြေမယ်လို့ ယူဆပြီး ပေါ့ဆတာတွေပဲ။ ရန်သူရဲ့ ထောက်လှမ်းရေး ဆိုတာက အချိန်တွေ၊ ငွေတွေနဲ့ ရင်းပြီး စနစ်တကျ လေ့ကျင့်ပေးခံထားရတာ။ ဒါကို အထင် ကြီးနေရင်လဲ ကိုယ့်ဘက်က တွန့်ဆုတ်တတ်တယ်။ အထင်သေးပြန်ရင်လဲ ကိုယ့်ဘက်က ပေါ့ဆတတ်တယ်။ ဒီတော့ အထင်လဲ ကြီးစရာ မလိုဘူး။ ဒါပေမယ့် အထင်သေးလို့လဲ မရဘူး။ သဲလွန်စ ဘယ်တော့မှ မကျန်စေနဲ့။ ဒါကို အထူး သတိထားရမယ်။ ဒုတိယ အချက် ကတော့ ကြွားတာ။ မြို့ပြသူပုန်ဆိုတာ မြေအောက်တော်လှန်ရေး အသွင်နဲ့ လှုပ်ရှားသူတွေ ဖြစ်တယ်။ အစ်ကိုပြောသလိုပဲ။ ကိုယ်တကယ် ဘာတွေ လုပ်နေလဲဆိုတာ လုတွေ မသိလေ၊ ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်းတွေ ပိုများနေလေလေပဲ။ ဒီအချက်ကို မလိုက်နာပဲ ကိုယ့်ကို လူအထင်ကြီးတာ ခံစေချင်လွန်းလို့ ကိုယ်ဘာလုပ်လိုက်တယ်ဆိုတာ လိုက်ကြွားတာ ဟာ သိပ်ကြောက်ဖို့ ကောင်းတယ်။ မသိနားမလည်သူတွေကတော့ အထင်ကြီးချင်ကြီး လိမ့်မယ်။ မြေအောက်တော်လှန်ရေးကို နားလည်နေ သူတွေကတော့ အဲလိုလူနဲ့ အလုပ် လုပ်ဖို့ကို တစတစနဲ့ ရှောင်လာကြမှာပဲ။ ဘာလို့လဲဆိုတော့ အဲဒီလိုလူမျိုးဟာ သူ့ကိုယ် သူသာမက သူနဲ့ ပတ်သက်တဲ့ လူတွေကိုပါ ဒုက္ခဖြစ်စေတတ်လို့ပဲ။ တတိယ ရှောင်ရမယ့် အချက်ကတော့ တပ်ဦးကျွံတာပဲ။ တော်လှန်ရေးဆိုတာ လူတဦး တယောက်တည်း၊ တဖွဲ့ တည်းနဲ့ လုပ်လို့ မရဘူး။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းလုပ်မှသာ အောင်မြင်မှာ ဖြစ်တယ်။ လူထုရဲ့ ရေချိန်၊ တော်လှန်ရေးရဲ့ ပကတိအခြေအနေစတာတွေကို စနစ်တကျ တွက်ချက်လုပ်ရတယ်။ ဒါကို ထည့်သွင်းစဉ်းစားခြင်း မပြုတဲ့ တော်လှန်ရေး ခေါင်း ဆောင်တယောက်၊ အစုအဖွဲ့တခု စတာတွေဟာ သူအောင်မြင်မယ်လို့ ထင်တဲ့ လုပ်ငန်း ဆောင်တာတွေကို အများနဲ့ မညှိနှိုင်းပဲ တွန်းလုပ်တတ်လေ့ရှိတယ်။ အဲဒီအခါမှာ အခြေအနေနဲ့အညီ ချိန်ကိုက်မထွက်လာပဲ ကျွံထွက်သွားတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာပြီး၊ ရန်သူကို သွားဆွပေးလိုက်သလို ဖြစ်လာတာပဲ။ ရန်သူက တကယ်စစ်ဆင်လာတဲ့ အခါ ကျတော့ ပြင်ဆင်ပြီးသား မဖြစ်တဲ့အတွက် တော်လှန်ရေးတခုလုံး ချေမှုန်းခံရတတ်တယ်။ စတုတ္ထအချက်ကတော့ ကိုယ့်အင်အားတွေကို ရှိတာထက် ပိုပြီး မြင်တာပဲ။ အဲဒီလို မြင်လာတဲ့ အခါ ရှိတဲ့ လူအင်အား၊ ငွေအင်အားထက် အဆမတန် ပိုပြီး သာလွန်တဲ့ လုပ်ငန်းဆောင် တာကြီးတွေကို လုပ်မိတတ်တယ်။ ပဉ္စမအချက်ကတော့ ကောက်ခါငင်ခါ စိတ်လိုက် မာန်ပါ တိုက်ပွဲဖော်ဆောင်တာပဲ။ လူဆိုတာက ရန်သွားဖြစ်မယ်ဆိုရင်တောင် စိတ်လိုက်မာန်ပါ သွားဖြစ်ရင် ကိုယ်ပဲနာမှာ အသေအချာပဲ။ စောင့်သင့်တဲ့ အချိန်အခါ၊ အခွင့်အလမ်းကို မစောင့်နိုင်ပဲ စိတ်မရှည်ဖြစ်ပြီး၊ ရန်သူကို အလျင်အမြန် ထိပ်တိုက်သွားရင်ဆိုင် မိတာမျိုးတွေ ရှိတတ်တယ်။ အဲဒီအခါမျိုးမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ညီမလေးကို အစ်ကို သတိထပ်ပေးမယ်နော်။ သူသေကိုယ်သေ သွားချလိုက်ချင်တယ်တို့၊ စိတ်မရှည်တော့ဘူး တို့ ဆိုတဲ့ စကားတွေကို ညီမလေးဆီကနေ အစ်ကို ခဏခဏ ကြားရတယ်။ တော်လှန်ရေးသမားကောင်းဆိုတာ အချိန်အခါ၊ အခွင့်အလမ်းကို စိတ်ရှည်ရှည် နဲ့ စောင့်နိုင်ရတယ်ညီမလေး။ မိုက်ရူးရဲ မဆန်ရဘူး။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ ချလိုက်တာနဲ့အန္တရာယ်တွေ့တော့မယ်ဆိုတာကိုညီမလေးအမြဲတွဲတွေးရမယ်နော်”
သူမ မျက်နှာငယ်လေးနှင့် ခေါင်းညိတ်လိုက်မိသည်။ စိတ်လိုက်မာန်ပါ ဖြစ်တတ်သော သူမရဲ့ အကျင့်ဆိုးတွေကိုပြင်နိုင်ဖို့တော်တော်ကြိုးစားရပါဦးမည်။
“နောက်တချက်ကလဲ ခုနတုန်းက အချက်နဲ့ ဆက်စပ်တယ်။ ရန်သူကို ဒေါသအရမ်း ထွက်နေချိန်မှာ သွားတိုက်ခိုက်တာ။ လူတိုင်းဟာ ဒေါသထွက်နေချိန်ဆို အမှားတွေ လုပ်မိ တတ်တယ်။ ဒေါသစိတ်နဲ့ ရမ်း မိတတ်တယ်။ ရန်သူရဲ့ ဟာကွက်တွေကို မမြင်ဘူး။ ဘာအ လုပ်ပဲ လုပ်လုပ် သွေးအေးအေးနဲ့ အစီအစဉ်တကျ လုပ်တတ်သူကသာ ယမ်းပုံမီးကျ စိတ်မ ထိန်းနိုင် ပေါက်ကွဲတတ်သူတွေကို အနိုင်ယူနိုင်တယ်။ ဒေါသနဲ့ အလုပ်တခုကို လုပ်တိုင်း ကိုယ်ရှုံးတော့မယ်ဆိုတာ မှတ်ထားလိုက်တော့။ နောက်ဆုံးတခုကတော့ အလုပ်တွေကို အစီ အစဉ်တကျ မလုပ်တာနဲ့ အလျင်စလို လုပ်တတ်တာတွေပဲ။ ဒါတွေဟာ တော်လှန်ရေး သမား တွေရဲ့ အောင်ပွဲကို အဆုံးအဖြတ်ပေးနိုင်မယ့် အချက်တွေပဲ။ တော်လှန်ရေး တခု အောင်မြင်မလား၊ မအောင်မြင်ဘူးလား သိချင်ရင် လူတွေကို ကြည့်လိုက်။ ဒီအချက်တွေကို ရှောင်နိုင်တဲ့လူ များနေရင် အောင်မြင်လိမ့်မယ်။ ဒီလိုမဟုတ်ပဲ ရန်သူကို အထင်သေးပြီး ကိုယ့်ကိုယ်ကို သိပ်ဟုတ်ပြီလို့ ထင်နေကြရင်၊ လျှို့ဝှက်ထားအပ်တဲ့ လုပ်ငန်းဆောင် တာတွေကို ထုတ်ဖော်ကြွားဝါနေကြရင်၊ အခြေအနေနဲ့ အချိန်အခါကို မဆန်းစစ်ပဲ ဟန် ချက်မညီတဲ့ တွန်းအားတွေ ဖြာထွက်နေရင်၊ ကိုယ်လုပ်နိုင်တာထက် ကျော်လွန်နေတဲ့ စီမံ ချက်တွေကို အကောင်အထည် ဖော်နေကြရင်၊ ဒေါသစိတ်တွေနဲ့ စိတ်လိုက်မာန်ပါ အလုပ် လုပ်နေကြရင် အဲဒီတော်လှန်ရေးဟာ အရှိန်နဲ့ မြောင်းထဲ ထိုးဆင်းနေပြီဆိုတာ ယူဆလို့ရ တယ်။ အဲဒီလက္ခဏာတွေ ပေါ်နေရင် ခေါင်းဆောင်တွေ တိုင်ပင်ညှိနှိုင်းပြီး ပြင်သင့်တာပြင်ဖို့ လိုသလို တော်လှန်ရေးသမားတိုင်းကလဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ပြန်ပြီး ထိန်းညှိနိုင်ဖို့ လိုအပ်တယ်။ ဒီအချက်တွေကို ညီမလေး သေချာမှတ်ထားပါ။ ရှောင်သင့်တာတွေ ရှောင်နိုင်ဖို့ ကိုအထူးကြိုးစားရမယ်နော်ညီမလေး”
“ဟုတ်ကဲ့အစ်ကို။ စိတ်ချပါ။ အစ်ကို့ တပည့်မလေးပဲ ဥစ္စာ။ ဆရာ့မျက်နှာကို ဘယ်တော့မှ အိုးမဲမသုတ်ဘူး”
“အစ်ကိုကသိထားအပ်တာတွေပြောတာပါ။ဆရာလုပ်တာမဟုတ်ပါဘူးဗျာ”
“ဆရာလုပ်လုပ်၊ မလုပ်လုပ်။ ဒီကိစ္စရေးရာတွေမှာတော့ အစ်ကိုက ညီမလေးရဲ့ ဆရာရင်းပါ။ အစ်ကိုဖတ်ခိုင်းထားတာတွေကိုလဲ ညီမလေး ညတိုင်း ဖတ်ဖြစ်တယ် သိလား။ ကျောင်းစာသာ မဖတ်ချင်နေမယ်။တခြားစာတွေတော့နေ့တိုင်းဖတ်ပြီးမှကိုအိပ်တာ”
“အဲလိုတော့ မလုပ်ပါနဲ့ ညီမလေးရယ်။ စာမေးပွဲ မအောင်ပဲ နေပါဦးမယ်။ ညီမလေးကို အစ်ကိုက ဘွဲ့ရပညာတတ်လေး ဖြစ်စေချင်တယ်။ ဘွဲ့ယူတယ်ဆိုတာက အောင်လက်မှတ်ကို ယူတာကို ပြောတာမဟုတ်ဘူးနော်။ ပညာကို ယူတာ။ ပညာဆိုတာက ကိုယ့်ဟာကိုယ်လဲ ယူလို့ ရတာမှန်ပေမယ့် ကျွမ်းကျင်တဲ့ ဆရာတွေက စနစ်တကျ သင်ပေးလိုက်တော့ နည်းလမ်းတကျ တတ်မြောက်လွယ်တာပေါ့။ ဆရာမပြရင် ငါးပိဖုတ်တောင် နည်းလမ်း ကျဘူးတဲ့ညီမလေးရဲ့”
“ဟုတ်ကဲ့ပါ ဆရာကြီးရယ်။ ဆရာ့စကားကို မြေ၀ယ်မကျ နားထောင်ပါ့မယ်။ ဒါပေမယ့် ငါးပိဖုတ်တာတော့ သင်ချင်ဘူးနော်။ အစ်ကို ဖုတ်ကျွေးတဲ့ ပဲပုတ်မီးကင်လေးနဲ့ ထမင်းကြော် လေးတော့စားချင်တယ်။ဗိုက်ဆာပြီအစ်ကိုရဲ့”
သူမကစပ်ဖြီးဖြီးလေးနဲ့ပြောတော့အစ်ကိုကသူမခေါင်းကိုလှမ်းထုလေသည်။
“တော်တော်အားကိုးရတဲ့ တပည့်နော်။ ထံနီးလုပ်ကျွေးတဲ့။ တပည့်ကျင့်ဝတ်နဲ့များ ညီပါ့။ ဆရာကတောင် ထမင်းပြန်ကြော် ကျွေးရဦးမယ်”“ဟဲဟဲ။ ဘေးကနေ ကူလုပ်ပေးမယ်နော်။ စကားလဲကူပြောပေးမယ်”
“အင်းပါဗျာ။ ခင်ဗျားလေး အသံလေး ကြားနေရရင်ပဲ တော်ပါပြီ။ ဒီညနေ ထမင်းဝိုင်း လေးကတော့မြို့ပြသူပုန်သင်တန်းဆင်းပွဲထမင်းဝိုင်းလေးပေါ့။ဟုတ်လား”
“မြို့ပြသူပုန်သင်တန်းဆင်းပွဲထမင်းဝိုင်း”
စကားလုံးလေးက ရင်ထဲသို့ တိုးဝင်သွားသည်။ ဒီတညနေ ထမင်းဝိုင်းလေးကို သူမဘယ်လို မေ့လို့ရနိုင်ပါမည်တဲ့လဲ။
ခင်မမမျိုး (၃၁၊ ၁၊ ၂၀၁၀)
Saturday, January 30, 2010
ရွေးကောက်ပွဲကို မျှော်ကြည့်ခြင်း......။

၂၀၁၀ သို့ ၀င်ရောက်ခဲ့ပြီ။ ၂၀၁၀ သည် စစ်အုပ်စုမှ လူသိရှင်ကြား ထုတ်ပြန်ကြေငြာထားသည့် ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ သွားရန် ညွှန်ပြထားသည့် လမ်းပြမြေပုံ၏ အဆင့် ၅ ကို အကောင်အထည်ဖေါ်ရမည့်နှစ်ဖြစ်သည်။ လမ်းပြမြေပုံ အဆင့် ၅ ဆိုသည်က “ရွေးကောက်ပွဲ”…
၂၀၁၀ တွင် ရွေးကောက်ပွဲဖြစ်မည်လား …။ စစ်အုပ်စုရေးဆွဲထားသည့် လမ်းပြမြေပုံက အမှန်တကယ်ပင် အဆင့် ၅ သို့ ရောက်ရှိခဲ့ပြီလား … ဆိုသည်များကို ကျနော်က စဉ်းစားနေမိသည်။ အမှန်တကယ်အဖြစ်အပျက်များ၏ ဖေါ်ပြချက်များက စစ်အုပ်စုအနေဖြင့် လမ်းပြမြေပုံ အဆင့် ၅ ကို လက်တွေ့အကောင်အထည်ဖေါ်ရန် ပြင်ဆင် ချက်များက နှောင့်နှေးလွန်းလှသည်။ အခြေအနေ အရပ်ရပ်ကို တွက်ချက်ကြည့်သောအခါ စစ်အုပ်စု၏ လမ်းပြ မြေပုံ နောက်ဆံငင်နေသည်။
၂၀၀၈ ခုနှစ်က ညောင် ၂ ပင် ညီလာခံထွက် စစ်ဗိုလ်တမတ်သား အခြေခံဥပဒေကို (အနေကဇာ)တင်ပွဲလုပ် သည်။ လူထုဆန္ဒခံယူပွဲ။ ၎င်းသည် လမ်းပြမြေပုံ၏ အဆင့် (၄) ဖြစ်သည်။ ထိုလူထုဆန္ဒခံယူပွဲလုပ်စဉ်ကဗမာပြည် အောက်ပိုင်းကို “နာဂစ်မုန်တိုင်း” မွှေနေသည့်အချိန်ဖြစ်ပြီး တပြည်လုံးအတိုင်းအတာအရ ပူဆွေးသောက ရောက်နေရချိန်ဖြစ်သည်။ ဆွေမျိုးကျွတ်၊ ရွာလုံးကျွတ် အစုလိုက် အပြုံလိုက် သေကြေပျက်စီးနေရသည့် “နိုင်ငံ တော် သောကဗျာပါဒ”ကို ပမာမပြု၊ အမှုမထားပဲ လူထုဆန္ဒခံယူပွဲကို စစ်အုပ်စုမှ ဇွတ်အတင်းအဓမ္မ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကိုယ့်ဆွေမျိုးအလောင်းပင် ကိုယ်ပြန်မကောက်နိုင်ဖြစ်နေရသည့် ဗမာပြည်လူထုသည် ကိုယ်ချင်းစာ တရား ခေါင်းပါးလွန်းလှသည့် စစ်အုပ်စု ရေရှည်အာဏာထိန်းချုပ်ရေးအတွက် စီရင်ထားသည့် အခြေခံဥပဒေကို ထောက်ခံဖို့ မဲရုံသို့သွားခဲ့ရသည်။ မဲရုံများနှင့်အပြိုင် နာဂစ်အလောင်းများက မြစ်ပြင်၊ချောင်းရိုးတလျောက် ဘော လောပေါ်။ ဗမာပြည်လူထုက မျက်ရည်စက်လက်ဖြင့် ထောက်ခံမဲထည့်ခဲ့ရသည်။
ထိုသို့ဖြင့် အခြေခံဥပဒေအား ဗမာပြည်လူထုတရပ်လုံးမှ ထောက်ခံမဲအများစုပေးပြီး အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်အုပ်စုမှ လူသိရှင်ကြား ကြော်ညာသည်။ ၉၀၊ မေ တွင် NLD အား ထောက်ခံမဲပေးသည့် ရာနှုန်းထက်ပင် အခြေခံဥပဒေကို ပိုမိုထောက်ခံခဲ့ကြောင်းလည်း စာရင်းဇယားဖြင့်ချပြသည်။ လမ်းပြမြေပုံ အဆင့် (၄) အောင်မြင် စွာ ပြီးဆုံးခဲ့ပြီဟုလည်း ၀ါဒဖြန့်သည်။ လမ်းပြမြေပုံ၏ အဆင့် (၅) ဖြစ်သည့် ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပပေးမည်ဖြစ်ကြောင်းလည်း တရားဝင်ထုတ်ပြန်သည်။
သို့သော် ….
အမှန်တကယ်အဖြစ်အပျက်များနှင့် စစ်အုပ်စု၏ ထုတ်ပြန်ချက်များကို ချိန်ထိုးကြည့်မိသည်။ ၂၀၀၈ တွင် လမ်းပြ မြေပုံအဆင့် (၄) ပြီးဆုံးသည့်အတွက် ၂၀၀၉ ခုနှစ် တခုလုံးသည် လမ်းပြမြေပုံ အဆင့် (၅) လက်တွေ့ အကောင် အထည်ဖေါ်ရန် ပြင်ဆင်ရမည့်နှစ်ဖြစ်သည်။ စစ်အုပ်စုအနေဖြင့် ပြင်ဆင်မှုများလုပ်ခဲ့သည်။ သို့သော်လည်း ထင် သာမြင်သာသည့် လက်တွေ့အဖြစ်အပျက်များက မရှိ။
စစ်အုပ်စုအနေဖြင့် သူ့အုပ်စုကို ကိုယ်စားပြုပါဝင်ရမည့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအစုအဖွဲ့ ယနေ့တိုင်ချမပြ နိုင်သေး။ ထိုကိစ္စတွင် စစ်အုပ်စုကြား လိပ်ခဲတည်းလဲဖြစ်နေသည်ဟု သတင်းများထွက်နေသည်။ ကြယ်ပွင့်ဖြုတ် ၍ ဘောင်းဘီချွတ်ရမည်ကိစ္စကို အမြီးတစ်နေခြင်းဖြစ်သည်ဟု သိရသည်။ စစ်အုပ်စုကြား သံသယတိမ်လိပ်တို့က ထူထဲနေပုံရသည်။ မူလက ၂၀၁၀ တွင် ပွဲထုတ်မည်ဟု တစ်ပေးခံထားရသည့် ကြံ့/ဖွံ့ သည်လည်း နာမည်ဆိုးဖြင့် ကျော်ကြားနေသည့်အပြင် ယခုတိုင် နိုင်ငံရေးအစုအဖွဲ့ပုံသဏ္ဍာန်ဖြင့် ပွဲထုတ်သည်ကိုမတွေ့ရသေး။ မီဒီယာ မျက်နှာစာမှပင် ပျောက်နေသည်။ လူမြင်ကွင်းတွင်လည်း မတွေ့ရ။
ရွေးကောက်ပွဲ အမှန်တကယ် လုပ်မည်ဆိုလျင် ယခုကဲ့သို့သော ၂၀၁၀ နှစ်ဦးပိုင်းတွင် မုချတည်ရှိပြီးဖြစ်ရမည့် ပါတီများ မှတ်ပုံတင်ခွင့်၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မရှိသေး။ ရွေးကောက်ပွဲနှင့် ပတ် သတ်သည့် အရိပ်အရောင်ဟူ၍ ဗိုလ်သန်းရွှေမိန့်ခွန်းနှင့် ဂျပန်သတင်းစာမှ ကောလဟာလသာ ရှိသေးသည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟုဆိုသော စစ်အုပ်စု၏ထုတ်ပြန်ချက်ကို ထောက်ခံချက်ပေးမည့် ပကတိဘာဝများက မှေးမှိန်ေ၀၀ါးလွန်းလှသည်။ နှောင့်နှေး ကြန့်ကြာလွန်းလှသည်။
ရွေးကောက်ပွဲ အကြိုကာလဟု ဆိုရမည်ဖြစ်သော ၂၀၀၉ ခုနှစ်အတွင်း ထွက်ပေါ်လာသည့် နိုင်ငံရေး အဖြစ်အပျက်များတွင် စစ်အုပ်စု၏ လမ်းပြမြေပုံ အဆင့် (၄) အမှန်တကယ်အောင်မြင်ပြီးစီးမှုရှိ၊ မရှိ ပြန်လည်သုံး သပ်ဖွယ်ရာ အဖြစ်အပျက်များလည်း ရောပြွန်းပါလာသည်။ အခြေခံဥပဒေ အမှန်တကယ်အတည်ပြုနိုင်ခဲ့ပြီလော။
၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဗမာပြည်လူထုမှ တခဲနက်မဲပေးခြင်းခံခဲ့ရသည့် NLD က အခြေခံဥပဒေပါ အချို့ သောအချက်အလက်များကို ပြင်ဆင်မှုလုပ်ပါက ရွေးကောက်ပွဲဝင်မည်ဟု ထုတ်ပြန်ကြေငြာလိုက်ဖြင်းဖြင့် စစ်အုပ်စု၏ လမ်းပြမြေပုံကို နောက်ဆံငင်စေခဲ့သည်။ NLD မပါပဲ ရွေးကောက်ပွဲကျင်းပမည်ဆိုပါကလည်း လူသူ လေးပါး လေးစားသည့် ရွေးကောက်ပွဲဖြစ်လာနိုင်ဖွယ်မရှိ။ ထို့အပြင် အပစ်ရပ်အဖွဲ့အစည်းများနှင့် ပတ်သတ်သည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးပေါ်လစီကလည်း တစ်နေသည်။ အခိုင်အမာအဖွဲ့အစည်းများ၏ ထောက်ခံမှုကိုမရ။ ပင်လုံစာချုပ်ကို ပြန်ကိုင်သူက ကိုင်သည်။ အခြေခံဥပဒေပါ နယ်နိမိတ်ကိစ္စအပါအ၀င် တိုင်းရင်းသားအခွင့် အရေးတွေကို ပြင်ဆင်ပေးဖို့တောင်းသူက တောင်းသည်။ ရွေးကောက်ပွဲဝင်မည် မဟုတ်ဟု ထုတ်ပြန်သူက ထုတ် ပြန်သည်။ ကိုးကန့်ကို စစ်ခင်းသလို စစ်ခင်းလို့ရမည့် အဖွဲ့များလည်းမဟုတ်။ လတ်တလောအထိတော့ ချွတ်နင်း ၍ ၀င်နေသည်။ ထိုသို့ဖြင့် လမ်းပြမြေပုံသည် (၄) နှင့် (၅) ကြား ၀င်္ကဘာ ဖြစ်သွားရတော့သည်။
စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဗမာပြည်ရှိ လူမျိုးပေါင်းစုံ ပြည်သူလူထုက ဖိနှိပ်မှုဒဏ်ကို ဆက်လက်၍ ခံရမည်သာဖြစ်သည်။ လုပ်ဖြစ်သည်ဆိုလျင်လည်း ဒရွတ်ဆွဲ၍ လုပ်ပေလိမ့်မည်။ ဖြစ်ပေါ်လာမည့် အစိုးရသစ်ဆိုသည်ကလည်း ၉၁ ဌာန အုပ်ချုပ်ရေးလောက်ပင် အသုံးဝင်မည်မဟုတ်။ အဓိက လုပ်ရမည်မှာ “သူ့ တီးကွက်အတိုင်း မက နှင့်” ကိုယ့်ကမည့် တီးကွက်ကို ကိုယ့်ဘာသာ ဖန်တီးရေးပင်ဖြစ်သည်။
ညိုထက် (လမ်းသစ်ဦး)
Tuesday, January 19, 2010
နှစ်ဘက်မြင်ကြည့်ခြင်း...။

အခုမှပဲဘလော့ပြန်ရေးဖြစ်ပါတယ် မရေးပဲရပ်ထားတဲ့ကာလတွေမှာ လာရောက်နှုတ်ဆက် သွားကြတဲ့ ညီအကိုမောင်နှမတွေကိုလဲ ကျေးဇူးတင်လို့ကိုမဆုံးပါဘူး။ ဒီလိုလေးအရင်နှုတ် ဆက်ပြီးတော့ ကျနော်အခုတလောမှာ အားလုံးသိနေ၊ ကြားနေကြတဲ့ ဟေတီငလျှင် အ ကြောင်းသတင်းလေးတွေစုံနေတာပဲကိုး အင်မတန်ကြေကွဲစရာတွေပေါ့ဗျာ။ အခုည သတင်း လေးကြည့်ဖြစ်တော့ မိဘတွေက ငလျှင်ကြောင့် အသက်ဆုံးပါးသွားကြတဲ့ ပူတူတူတူး လေး တွေကို လူသားခြင်းစာနာတဲ့သူတွေက မွေးစားကြတဲ့သတင်းပါ အရရင်တုန်းကဆို ခလေးမွေးစားရင်တော်တော်လေးအချိန်ကြာပါတယ် မွေးစားမဲ့သူရဲ့နောက်ခံရာဇဝင်၊ ခလေးကို ပြုစုပျိုးထောင်နိုင်မှုအနေအထား၊ ကိုယ်ကျင့်သိက္ခာပိုင်းတွေပါ သေသေချာချာစစ်ဆေးပြီးမှ ခွင့်ပြုတာကိုး အခုတော့ ခလေးလေးတွေကို မြန်မြန်လေးသဘာဝဘေးကနေ လွတ်အောင်နဲ့တူတယ် ရက်ပိုင်းလေးပဲရှိသေးတယ် ခလေး (၆) ယောက် ဒီကနေ့ ဖလော်ရီဒါကို ရောက်လာတယ် လေဆိပ်မှာလေ လာကြိုကြတဲ့မွေးစားသူတွေက ခလေးတွေကို ပွေ့ဖက်ကြိုဆို နေကြတာ တော်တော်လေးမုဒိတာပွားစရာပါ ဒါနဲ့ပဲရပ်ထားတာကြာပြီးဖြစ်တဲ့ ဘလော့မှာ ထရေးဖြစ်တော့တာပါပဲ။
အော်..တို့နိုင်ငံမှာနာဂစ်ဖြစ်တုန်းက ဒီလိုပဲလူတွေသေကြတာသွားသတိရမိတော့ စိတ်ထဲမ ကောင်းပြန်ဘူး ငတေတွေနဲ့တော့(နအဖ) နဲ့တော့ ကွာလိုက်ပါပိဗျာ တိုင်းပြည်မှာလူတွေ သေနေတာ သဘာဝဘေးကြီးကြုံနေတာကို ကူမဲ့သူတွေစောင့်နေတာတောင်ပေးမဝင်ဘူး ကိုင်း.. ဘယ်လောက်လဲဆိုတော့ အကူအညီတွေသူတို့ဆီက တဆင့်သွားရမယ်ဆိုပြီး လုပ်လိုက်သေးတယ် အဲ့ဒီမှာ ကျနော်တို့လူမျိုးတွေ ပိုဒုက္ခရောက်ကြရတာကို ပြန်တွေးမိလို့ပါ။ ၂၀၀၈ ရွေးကောက်ပွဲဥပဒေကိုတော့ ဆန္ဒခံယူပွဲလုပ်ပြီးသေဘေးတွေ့နေတဲ့သူတွေကိုတော့ မဲထည့်ခိုင်းလိုက်သေးတာကလား စကားလုံးမရှာတော့ဘူးဗျာ တော်တော်စုတ်ပဲ့တဲ့ အစိုးရလို့ပဲပြောတော့မယ်။ သီတဂူဆရာတော်ကြီးရဲတရားတပုဒ်မှာ နာဘူးတယ် နာဂစ် အတွက်အလျှူတရားပွဲတခုမှာပြောသွားတာပါ။ ဆရာတော်ကြီးမိန့်သွားတာက “လူတွေဘေး ဒုက္ခတွေ့နေတာတွေသိရင် ကြားရင် ရင်ထဲမှာနင့်နင့်နဲနဲခံစားပါ။ သူတို့ကြုံတွေနေရတဲ့ ဘေးဒုက္ခတွေကနေ မြန်မြန်ကုစားနိုင်အောင် ကရုဏာတရားကိုအခြေခံပြီး လက်တွေ့ ကူညီကြပါလို့ပြောသွားတာပါ ကြေးစည်လေးထုပြီးအမျှဝေနေယုံလောက်နဲ့တော့ မလုံလောက် ဘူးတဲ့” ပညာရှိစကားမှတ်သားလောက်ပါပေတယ် တရားတော်နဲ့အညီ မိန့်သွားတာပါ ဝေသာလီပြည်မှာ ဘေးဆိုးကြီးကျရောက်တော့ ဘုရားရှင်ကိုယ်တိုင်ကြွရောက်ခဲ့ဘူးတဲ့ အကြောင်း ဟောသွားခဲ့တာပါ။
ကမ္ဘာသူကမ္ဘာသားတွေရော ကျနော်တို့နိုင်ငံသားတွေရော ဘေးဒုက္ခဆိုးကြီးတွေမှ ကင်းဝေး ကြပါစေလို့ဆုတောင်းပါတယ်ဗျာ။ ဖြစ်လာရင်လဲ လူသားခြင်းကမ္ဘာသားခြင်းအခုဟေတီမှာ လိုပဲ ကရုဏာတရားနဲ့ ကူညီစောင့်ရှောက်ကြရမဲ့တာဝန်ရှိပါတယ်နော် နိုင်ငံတာကာက မီးသတ်သမားကြီးတွေ အကူအညီပေးရေးလုပ်သားတွေက လူတွေကို အသက်ကယ် နေကြတာလေ တော်တော်လေး လေးစား၊မုဒိတာပွားစရာကောင်းလှပါတယ်ဗျာ အော်..မေ့လို့ဗျို့ နာဂစ်ဒုက္ခသည်တွေအတွက် နအဖ ကတောင်းထားတဲ့ဘီလျှံနဲ့ချီတဲ့ အကူအညီတွေရသွား လားမသိဘူး သိရင်သိတဲ့သူတွေအသေးစိတ်ပြာပြပေးပါအုံးဗျာ MIG 29 တွေဝယ်တဲ့အထဲ ပါသွားလားသိခြင်လို့ပါ။
ဂင်ကြီး
Saturday, October 31, 2009
စေ့စေ့တွေးလေ ပိုရင်နာမိလေပါပဲလေ….

လွန်ခဲ့တဲ့ (၃) ရက်လောက်က ဘီဘီစီကထုတ်လွင့်သွားတဲ့ ခေတ်အမြင်ခေတ်အရေးကဏ္ဍမှာ မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြ တာ နားထောင်ရပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့လေးကအမကြီးတယောက်ပြော ပြသွားတာလေးနားထောင်ရတာ တော်တော်လေးကို ရင်ထဲထိခိုက်သွားခဲ့မိတယ်။ သူမ ပြော သွားတာရိုးရိုးလေးပြောသွားတာတောင် တော်တော်ခံစားရတော့ လက်တွေ့ကြုံတဲ့သူတွေဆို ပိုခံစားမိမှာပါပဲလို့ ကာယကံရှင်လေးတွေနဲ့ပတ်သက်တဲ့သူတွေဆို တော်တော်ကြေကွဲကြမှာ ပဲလို့လဲတွေးမိတယ်။ သူတို့မြို့လေးမှာဆို ကြေကွဲစရာဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးလို့ အဲ့ဒီ့အမက ပြောသွားပါသေးတယ်။ သားဦးလေးမွေးရမဲ့ ဇနီးမောင်နံအကြောင်းလေးပါ ယောင်္ကျားလုပ်သူ က လက်လုပ်လက်စားလေးတဦးပဲတဲ့ ဇနီးသည်မှာ ကိုယ်ဝန်ကရင့်လာတော့ ဆေးခန်းသွား ပြတဲ့အခါ ခြေထောက်နဲ့ကိုယ်တွေကယောင်ရမ်းနေရောင်နေတော့ နေ့စေ့လစေ့ကလဲဖြစ်နေ တော့ ဆေးခန်းကဆေးရုံတက်ဘို့ပြောပါတယ်။ ကိုယ်ဝန်အဆိပ်တက်ရောဂါခံစားနေရတာကိုး ဒီလို ရောဂါက ကိုယ်ဝန်သည်တချို့မှာဖြစ်လေ့ရှိပါတယ်၊ သေသေချာချာနားလည်တတ်ကျွမ်း တဲ့ ဆရာဝန်နဲ့ပြသင့်တာပေါ့ အနီးကပ်စောင့်ရှောက်မှုခံယူရမယ်လေ လိုအပ်ရင်ခွဲစိတ်မှုလဲ လုပ်ရတယ်။ သွေးပေါင်ချိန်လဲ အဲဒီ့အချိန်မျိုးမှာမြင့်နေတတ်တယ်။ ကျနော်ကဆေးပညာနားမ လည်ပါဘူး သမီးအကြီးလေးမွေးတုန်းက အဲ့ဒီလိုဖြစ်ခဲ့ဘူးတယ် ဆရာမဒေါ်စင်သီယာမောင် ကောင်းခဲ့လို့သာခလေးရောမိခင်ရောအသက်ရှင်ခဲ့ရတာပါ။
ဇီးကုန်းကအကြောင်းလေးဆက်ရရင် ကာယကံရှင်ကိုယ်ဝန်ဆောင်အမျိုးသမီးလေးက ဆေးရုံ သွားတက်ပါတယ်။ နေ့စေ့လစေဆိုတော့ ဆေးရုံကပြောတယ် ခွဲစိတ်ကုသရမယ်တဲ့ ပိုက်ဆံ ၇၀၀၀၀(ကျပ်) လောက်ရှာလာခဲ့ဘို့ပြောတယ်တဲ့။ သူ့အမျိုးသားလေးကလဲ လက်လုပ်လက် စားသမားလေးဆိုတော့ ဒီလောက်ငွေကို ရုတ်တရက်ဘယ်ကသွားရနိုင်မလဲလေ။ ဟိုရှာဒီရှာနဲ့ စက်ဘီးလေးရောင်းတာတောင် ၃၀၀၀၀(ကျပ်) လောက်ပဲရတော့ ယောင်္ကျားလုပ်သူခမျာမှာ ဆေးရုံပြေးရတာပေါ့လေ ဒါပေမဲ့ တော်တော်လေးနောက်ကျမှခွဲစိတ်လိုက်ရတော့ ခလေးရော အမျိုးသမီးလေးပါ ဆုံးပါးသွားခဲ့ရတယ်တဲ့။ ဒီတော့ အမျိုးသားလေးခမျာလဲ ယူကြုံးမရဖြစ်ပြီး သူ့ခမျာပါ အသက်ဆုံးပါးသွားရတဲ့ ကြေကွဲစရာဖြစ်ရပ်မှန်လေးပါ။ နားထောင်ရင်းဖြစ်မှဖြစ်ရ လေလို့ စိတ်ထဲတွေးမိရင်း အော်… ၁၉၉၈ ခုနှစ်က မဲ့ဆောက်မှာသမီးကြီးမွေးတော့ ဆရာမ စင်သီယာမောင်ဆေးခန်းလေးမှာလေ ဆေးမှူးလေးတွေဆိုတာကလဲ တော်လှန်ရေးလုပ်ဖေါ် ကိုင်ဘက်တွေကိုး ဒေါက်တာစင်သီယာမောင် ၂ နာရီခြားကြည့်ပေးနေတာ နောက်ဆုံးတော့ ဆေးရုံပို့မှရတော့မယ် သွေးပေါင်ချိန်က 170/100 ရှိနေပြီ ခြေထောက်တွေရောင် နေတာလဲ မကျတော့ မဲ့ဆောက်ဆေးရုံလွှဲလိုက်တယ် ညဘက်ကြီးရောက်တာနဲ့ ခွဲစိတ်လိုက်တာ ခလေး ရောလူကြီးပါ အသက်ရှင်ခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးနဲ့ ယှဉ်စဉ်းစားလိုက်မိတော့ အော်… ငါတို့နိုင်ငံသားတွေပြည်သူတွေ လက်လုပ်လက်စားလူတန်းစားတွေရဲ့ ဘဝတွေဟာ တော် တော်အဖြစ် ဆိုးနေကြပါလား မြန်မာပြည်မှာ ပြည်သူအများစုကြီးဒုက္ခရောက်နေတာ သိနေ၊ ကြားနေပေမဲ့ တိုက်ဆိုင်တဲ့ အကြောင်းအရာမျိုးဆို ပိုခံစားတတ်တဲ့အကျင့်ကရှိတော့ ပိုခက် တာပေါ့လေ။
ဒီလောက်ကြပ်တည်းဆင်းရဲနေတဲ့ကာလ ကုန်ဈေးနှုန်းတွေခေါင်ခိုက်နေတဲ့ကာလ ပြောရရင် ဗျာ မဆလ တပါတီစံနစ်ထက်တောင် ပိုဆိုးနေတဲ့ စစ်အာဏာရှင်စံနစ်နဲ့အုပ်ချုပ်နေလေတော့ ဒီလိုပြဿာနာတွေက ဒုနဲ့ဒေးနေမှာပါပဲ။ ဒီပြဿာနာတွေဟာ ဗိုလ်နေဝင်း (မဆလ) ခေတ်က တည်းကစလာတာပဲဗျ ကျနော်မှတ်မိသလောက် မြန်မာ့နည်းမြန်မာ့ဟန်ဆိုပြီး သွားလေသူ ဗိုလ်နေဝင်းနဲ့ မဆလ ထိပ်တန်းခေါင်းဆောင်တွေက တိုင်းပြည်ဘဏ္ဍာတွေ လုပ်ချင်ရာလုပ် ရှင်းရှင်းပြောရရင် လာဘ်ပေးလာဘ်ယူတွေ တော်တော်ထွန်းကာလာတာမလား ခေါင်ကစခိုး နေတော့ အောက်ခြေဝန်ထမ်းလောကကြီးထဲမှာလဲ အထက်လူကြီးဖားရတာ ကိုယ့်ဘို့လုပ်ရ တာနဲ့ “အောက်ဆိုက်”ဆိုတဲ့ လုပ်ဟန်ရော ဝေါဟာရကြီးပါ ဒီဘက်ခေတ်မှာ ဝန်ထမ်းလော မှာဆို ရိုးလို့တောင်နေပြီပဲလေ။ လူတွေမှာ ဒီလိုမျိုး မတော်လောဘတွေဖြစ်လာခဲ့ကြတာဟာ လစာနဲ့အကျိုးခံစားခွင့်တွေကို အစိုးရကနေသေသေချာချာ တာဝန် ယူတာ မစီမံခဲ့တာတွေက စလိုက်တော့တာ လူတွေရဲ့လောဘရမက်နဲ့ပေါင်းလိုက်တော့ တကယ်ပဲပိုဆိုးကုန်တာပေါ့ဗျာ။
ကျနော့်ဘဝမှာ အင်မတန်ကြေကွဲခဲ့ဘူးတဲ့ အကြောင်းတခုရှိဘူးသေးတယ်။ ဒီ ဇီးကုန်းက အမ ပြောပြသွားတဲ့ ကြေကွဲစရာဇာတ်လမ်းလေးအကြောင်း တွေးမိတာနဲ့ပြန်ပေါ်လာတာပါပဲ။ ဆရာကြီးရွှေဥဒေါင်းစကားနဲ့ပြောရရင် ကျုပ်ရင်ထဲစူးစူးနစ်နစ်ဝင်သွားခဲ့ဘူးတဲ့ ဆူးတချောင်း ပေါ့ဗျာ။ ၁၉၈၅-၈၆ ခုနှစ်လောက်ကပါ ၁၉၈၁ မှာအဖေက ဗိုလ်နေဝင်းရဲ့ လွပ်ငြိမ်းချမ်းသာ ခွင့်နဲ့ (မဆလ) အကျဉ်းထောင်ထဲ့က ပြန်လွတ်လာခဲ့တယ်။ ထောင်ထွက်အဖေလည်းအပြင်မှာ အလုပ်သိပ်မလုပ်တတ်ဘူး အရင်ကရှိတာလေးလဲ အဖေထောင်ကျသွားတုန်း မိသားစုတွေ ရှာနိုင်သမျှနဲ့ မလောက်ငှရင်ရောင်းချစားကြရတာ နောက်ဆုံးအိမ်ငှားနေရတဲ့ဘဝပါ။ ကျနော့် အမနှစ်ယောက်က အိမ်ထောင်ကျနေကြပြီ ညီမအကြီးလေးက ၉ တန်း အငယ်ဆုံးမလေးက ၅ တန်း အမနှစ်ယောက်နဲ့ အဖေနဲ့ တိုင်ပင်ကြတော့ ညီမလေးနှစ်ယောက်အတွက် ပညာရေး ကအစ တယောက်စီတာဝန်ယူပေးမယ်ဆိုတော့ အရွယ်ရောက်နေတဲ့ကျနော်လဲ ငါ့တာဝန် ကိုယ်ငါယူမယ် ရန်ကုန်မှာသွားနေမယ် ပိုက်ဆံရှာမယ်ပေါ့ ဒီတော့ အဖေနဲ့အမေကလဲ ရှမ်း ပြည်ဘက်တက်ပြီး ငွေရှာကြမယ်ပေါ့လေ မိသားစု ဒီလိုတိုင်ပင်ကြတယ် ဒီတော့မှလဲ မိသားစု တွေမြန်မြန်အဆင်ပြေသွားကြမှာလို့တွက်ကြတာပါပဲ။
ကျနော်လည်းရန်ကုန်မှာ အဖေ့မိတ်ဆွေတယောက်အိမ်မှာနေရင်းအလုပ်လုပ်နေတယ်။ အဲ့ဒီဦး လေးက တော်တော်ကောင်းတယ် သူ့သမီးပျိုးတွေရှိနေတာတောင် သူ့အိမ်မှာကြည်ကြည်ဖြူ ဖြူပေးနေရှာတယ် ဘာမှပေးစရာမလိုဘူး။ အဖေ့မျက်နှာလဲပါတာပေါ့လေ သူတို့က (မဆလ) စစ်အုပ်စုကိုမှ မကြိုက်ကြပဲကိုး။ ကျနော်ကအဲ့ဒီအချိန်က ဘာမှသိတာမဟုတ်ဘူး။ ဖြစ်ရပ်က ဒီလိုပါ တနေ့မှာ အဖေရောက်လာတယ် မနက်အစောကြီး ကျနော်နေတဲ့အိမ်ကဦးလေး ရောကျနော်ရော အစောကြီးထကြည့်လိုက်တော့ အဖေကမျက်နှာတော်တော်မကောင်းဘူး ကျွဲကောသီးတွေသယ်လာတဲ့အိပ်လေးချပြီး “မင်းအမေ အခြေအနေမကောင်းဘူး ငှက်ဖျားဖြစ် တာကွ ဟိုမှာကုတာမရဘူး သတိလစ်လစ်နေလို့ ရန်ကုန်အထိခေါ်လာတာ အခုငါ ဆေးရုံ တင်ထားခဲ့တယ်” “ရန်ကုန်ဆေးရုံကြီးမှာ” မနက်အစောကြီးခေါင်းမီးတောက်သွားတယ် ရင်ထဲ လဲဆို့နေတယ် အဖေတော်တော်စိတ်မာတဲ့သူတောင် တော်တော်မျက်နှာပျက်နေတာ ဒါနဲ့က မန်းကတန်း အိမ်ရှင်ဦးလေးကိုနှုတ်ဆက်ပြီး သားအဖနှစ်ယောက် ဆေးရုံသွားဘို့ထွက်လာ တယ် အဖေ့ကိုကျနော်မုန့်ဟင်းခါးဝယ်ကျွေးတော့ အဖေမစားနိုင်ဘူး “မင်းအမေအခြအနေ မကောင်းလို့ငါရအောင်ပြန်ခေါ်လာတာ တော်ကြာ ကတိမ်းကပါးဖြစ်သွားခဲ့ရင်တောင် ခလေး တွေတွေ့ရအောင်လို့” ကျနော်နားထဲသံရည်ပူလိုပဲလို့ပြောရင် မလွန်ဘူးဗျာ။ ဒါနဲ့သားအဖနှစ် ယောက်ဆေးရုံထွက်လာတယ် အဖေက မင်းမှာပိုက်ဆံရှိလားလို့လဲမမေးဘူး ဆေးရုံကြီး ရောက်တော့ အမေ့ထားတဲ့အဆောင်လဲရောက်ရော ရင်ထဲပိုဆို့သွားလိုက်တာ ခံပြင်းဒေါသဖြစ် လွန်းလို့ မျက်ရည်ကျိတ်ကျခဲ့မိတယ် ဒါကြောင့် အရှေ့မှာတုန်းက ရင်ထဲဝင်ခဲ့ဘူးတဲ့“ဆူး”လို့ ပြောခဲ့တာပါ။
ကျနော့်အမေကို ဆေးရုံရဲ့သံမန်သလင်းမှာချထားတယ်ဗျာ ဖျာအစုတ်တချပ်နဲ့ ဘေးနားက အမတယောက်က “မောင်လေး ပိုက်ဆံလေးနည်းနည်းပေးလိုက်မှ ကုတင်ရတာတဲ့ အမတို့ တုန်းကလဲပေးရတယ်” လူကထူပူနေပါပြီ် “ဘယ်လောက်ပေးရသ လဲအမ”“၂၀(ကျပ်)လောက် ဆိုရတယ်” တဲ့။ ဒါနဲ့ကျနော်လဲ ကမန်းကတန်း ဆေးရုံဝန်ထမ်းတယောက်ကို ငွေ၂၅ ကျပ် ပေးလိုက်မှ ကုတင်ရတယ် အမေကကျန်ာကို သိတ်မမှတ်မိချင်ဘူး ငှက်ဖျားပိုးခေါင်းထဲဝင် ထားတာလို့ ဆရာဝန်ကပြောပြတယ် အဲ့ဒီဆရာဝန်လေးက သဘောကောင်းလို့တော်သေး တယ်။ ကျနော်အဖေ့ကိုလဲသနားတယ် အဖေကျိတ်ခံစားနေတာကျနော်သိတယ်။ ဒါနဲ့ကျနော် လဲ အဖေကိုရှိတဲ့ပိုက်ဆံလေးပေးထားလိုက်ပြီး နယ်ကအမတွေလှမ်းအကြောင်းကြားရတယ်။ နောက်နေ့ အမအလတ်ရောက်လာတယ် ညီမအလတ်မလေးနဲ့ သူကနည်းနည်းလေး မိသား စုထဲမှာချောင်လည်တော့ လှမ်းပြောရတာပေါ့။ နောက်ကံတရားကဖေးမတယ်ဗျာ အမေကပြန် ကောင်းလာတယ် ကျနော့်အမေအခုထိမသေသေးဘူး အမေနဲ့မတွေ့ရတာတော့ အနှစ် ၂၀ ရှိ ပါပြီ။ ပြောချင်တာကတော့ဗျာ အဲ့ဒီခေတ်ကတည်းက တိုင်းပြည်မှာ ဆင်းရဲတဲ့သူသိပ်များပြီး ဆေးရုံ၊ ဆေးဝန်ထမ်း၊ ဆရာဝန်တွေလောကမှာ ဒါမျိုးတွေရှိနေပါပြီ ဒီလိုအကျင့်တွေဖြစ်နေ တာကြာလှပါပြီဗျာ ကျနော်ကတော့ ဒါ အုပ်ချုပ်ရေးစံနစ်ညံ့ဖြင်းမှုကနေ လူတွေရဲ့ ကျင့်ဝတ် တွေပါပျက်စီးနေတာ နှစ်တော်တော်ကြာနေပါပြီ။ ဒီအခြေအနေတွေကို စံနစ်ကောင်းတခုနဲ့ အစားထိုးနိုင်ရင်တောင် လူတွေဖြစ်နေပျက်နေတဲ့အကျင့်ကို တော်တော်လေးပညာပေးကြပ် မတ်ရအုံးမှာပါ။ တိုင်းပြည်တပြည်မှာ တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အစိုးရမှာတိုက်ရိုက်တာဝန်ရှိပါတယ် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ အစိုးရရဲ့တာ ဝန်ယူမှုတွေ သိတ်အရေးကြီးပါတယ် စီမံခန့်ခွဲမှုကအစပေါ့လေ။ အခုဟာက မြန်မာပြည်မှာ ဆေးရုံရှိတယ် ဆေးမရှိဘူး အပြင်ကဝယ်ရတယ် ပိုက်ဆံမရှိရင် တော်ရုံဆေးရုံကကုမပေးချင် ဘူး ဒီတော့ ဆင်းရဲတဲ့ပြည်သူတွေဆို အထက်ကပြောခဲ့တဲ့ ဇီးကုန်းမှာလို ကြေကွဲဖွယ်ရာဖြစ် ရပ်မျိုးတွေဒုနဲ့ဒေးဖြစ်နေပါပြီ။
ဒီနိုင်ငံတွေမှာတော့ဗျာ ကျနော်ဆေးရုံတွေကို ကျနော့်အဖေကိစ္စနဲ့ မကြာခနဆိုသလိုရောက် တယ်ဗျာ ကျန်းမာရေးစောင့်ရှောက်မှုမှာ လူ့အသက်ကိုတော်တော်တန်ဘိုးထားတယ်ဗျ။ ကျ နော့်အဖေဆို အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုပေးထားတာ ဒီမှာသူ့ကိုဆေးကုတာ ကျ နော်တို့ဘာမှပေးရတာမဟုတ်ဘူး ဆေးရုံကဝန်ထမ်းတွေဆိုတာလဲ အားလုံတပြေးညီဆက်ဆံ ကြတာဗျို့ အရင်းရှင်နိုင်ငံကြီးဆိုပြီးမောက်မာလို့မရဘူးဗျို့ ကျန်းမာရေးဝန်းထမ်းတွေက ဆေး ပညာသည်ကျင့်ဝတ်တို့ လူ့အခွင့်အရေးလိုက်နာမှုတို့ တော်တော်ကောင်းတယ်ဆိုရမှာပါ ကျနော်တို့တိုင်းပြည်၊ ကျနော်တို့တိုင်းပြည်ကကျန်းမာရေးစံနစ်၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျင့်သုံးနေပုံတွေ၊ ပြုမူနေပုံတွေဟာ အင်း...တော်တော်ပြုပြင်ပစ်ရမဲ့ဟာတွေပါလားဗျာ။
အော်ဒါနဲ့.. အဲ့ဒီနေ့က ခေတ်အမြင်ခေတ်အရေး အဲ့ဒီကဏ္ဍလေးမှာပဲ လန်ဒန်ကလို့ထင်တယ် မြန်မာဆရာဝန်လေးတယောက်ကပြောသွားတယ် အမေရိကားတို့၊ အင်္ဂလန်တို့မှာ အခုဆိုရင် “အစိုးရတွေက လူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပိုပေးဘို့ အစီအမံတွေထပ်လုပ် နေပါတယ်”လို့ဆွေးနွေးတော့ ဘီဘီစီက ဦးဘမော်ကမေးတယ် “အဲ့ဒါဘာကြောင့်လို့ဆရာထင် ပါသလဲ”ဆိုတော့ ဆရာဝန်လေးကပြန်ပြောတယ်ဗျ “ကွန်မြူနစ်တွေဖြစ်သွားမှာစိုးလို့”တဲ့လေ ကျနော်နဲ့အဖေတောင် သတင်းနားထောင်ရင်း ပြုံးလိုက်မိသေးတယ်။
ဂင်ကြီး
Monday, October 26, 2009
(လွန်တယ်လို့ထင်သလားလို့။)

ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေးကာလတွေတုန်း က ကမ္ဘာ့နိုင်ငံခေါင်းဆောင်းတွေ၊ နိုင်ငံရေးသမားတွေပြောဆိုကြပုံတွေက ရှင်းလင်းလှတယ် ပြတ်သားမှုရှိတယ် သဘောတရားအပြည့်ပါတဲ့ ပြောဟန်တွေကို ခေတ်ရဲ့ပြဌာန်းမှုအရ ပြော ဆိုခဲ့ကြတယ်လို့ထင်တယ်။ ယနေ့ကျနော်တို့ခေတ်ဘက် အထူးသဖြင့် မီဒီယာအားကောင်း မောင်းသန် ၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြတော့ စကားပရိယာယ်အလှတန်ဆာ ဆင်ထားတဲ့ သံတမန်သုံးပြောဟန်တွေ ကြားကောင်းအောင် အဓိပါယ် နှစ်ခွသုံးခွထွက်အောင် ပြောနေကြတာတွေက တယ်လဲများသကိုး(စကားချပ်)။
ဗိုလ်သိန်းစိန်ကနေပြီး အာဆီယံနဲ့ဆွေးနွေးဘက်နိုင်ငံတွေရဲ့ ဆွေးနွေးပွဲတွေမှာ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အခန်းကဏ္ဍတခုက ပါဝင်နိုင်မယ် လို့ သူ့အနေနဲ့ အကောင်းမြင်မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားတယ်ဆိုပြီး ထိုင်းဝန်ကြီး ချုပ် အဘီဆစ် ၀ိတ်ချာချီဝ က တဆင့်ထပ်ပြောပြလို့ မီဒီယာမှာပါလာတာတွေ့ရတယ်။ ဒီလိုကြားလိုက်လို့ သို့လောသို့လောတော့ မထင်လိုက်ကြပါနဲ့ ဒေါ်စုကိုလွတ်ပေးပါ့မယ်လို့ ပြောတာမဟုတ်ဘူး သံခင်းတမန်ခင်းအရ ကြားကောင်းအောင်ပြောလိုက်တာသာဖြစ်ပါတယ်။ စစ်အုပ်စုစိတ်တိုင်းကျရေးဆွဲထားတဲ့၂၀၀၈ ဥပဒေကို အတည်ပြုနိုင်ဘို့ဟာ နအဖအတွက် နှစ် ပေါင်းများစွာပြင်လာခဲ့ရတဲ့ ရေရှည်ဇာတ်ထုတ်ကြီးမလား ဒီဇာတ်ထုတ်ကြီးကို နိုင်ငံတစ်ကာမှာ အခုလိုက်ကြော်ငြာဝင်နေရတာက ၂၀၁၀ ရွေးကောက်ပွဲနဲ့လေ ဒီတော့ တသက်လုံးညစ်ပတ် လာခဲ့တဲ့စစ်အုပ်စုဟာ ဒီခေတ်တွင်ကျယ်နေတဲ့ သံတမန်အကြိုက်ပြောလုံးတွေ တွင်တွင်ထုတ် ပြောလာတယ်ဆိုရင် သတိသာထား အရင်ထက် စံနစ်တကျကိုညစ်ပတ်တော့မယ်ဆိုတာပါပဲ။
၂၀၁၀ ရွေးကောက်ပွဲကို ဘာကြောင့်ပြတ်ပြတ်သားသာဆန့်ကျင်ရသလဲဆိုတော့ စစ်ကျွန်ထပ် မဖြစ်ခြင်လို့ပါပဲလို့ တိုတိုပဲပြောပါရစေ။ အဓိကရေးခြင်တာက နိုင်ငံတကာ အထူးသဖြင့် နိုင်ငံ ကြီးတွေ(အာရှ၊အနောက်ကမ္ဘာ) အာဆီယံတိုင်းပြည်တွေကအစ ကိုယ်ကျိုးစီးပွားဆိုတဲ့အပေါ် မှာပဲ အခြေခံတဲ့စဉ်းစားချက်တွေနဲ့ မြန်မာ့အရေးကိုချဉ်းကပ် နေကြတာကြာလှပါပြီ။ စစ်အေး ခေတ်ကမှ ဗြောင်ရပ်ကြပါသေးတယ် ဒီလိုပြောလို့ စစ်အေးခေတ်ကိုပြန်လွမ်းနေတာတော့မ ဟုတ်။ ဒါပေမဲ့ဗြောင်ကျကျ စံနစ်တကျလေးပရိယာယ်တွေသုံး ရှင်းနေတဲ့ကိစ္စကို ရှုပ်နေသယောင်ပြောနေကြတာ ကြည့်ရတာ စိတ်အချဉ်ပေါက်စရာဖြစ်နေပါပြီ။ ၁၉၈၈ ခုနှစ်က စစ်အုပ် စုမတရားအာဏာသိမ်းတော့ လူသားချင်းစာနာသယောင် လူ့အခွင့်အရေးအလံနဲ့ပဲ မြန်မာ ပြည်ကြီး နေ့ခြင်းညခြင်းပဲပြောင်းသွားအောင်ကူညီမလိုလို တကယ်က လူထုအုံကြွမှုကြီးနဲ့ တိုက်ခဲ့ရတာ နိုင်ငံတကာကဝိုင်းအော်ပေးခဲ့ကြတာက အရံအနေအထားပါ မြန်မာ့အရေးကို တကယ်စာနာတဲ့ နိုင်ငံတကာမိသားစုတွေကို လေးစားပါတယ် ဒီထက်ပိုပြီးအားပေးကြဘို့လဲ တိုက်တွန်းပါတယ်။ ဒါပေမဲ့ အစိုးရတွေ အင်ဂျီအိုအမည်နဲ့ နိုင်ငံရေးကိစ္စတွေနဲ့ တိုက်ရိုက်ပါတ်သက်နေတဲ့အဖွဲ့တွေ ပညာရှင်ဆိုပြီးရှုပ်အောင်လုပ်နေတဲ့လူ(လု)တွေ ကိုဆိုလိုတာပါ။ တကယ်လူ့ အခွင့်အရေးနဲ့ပတ်သက်လို့ ဒါမှမဟုတ် မြန်မာပြည်သူတွေကို အမှန်တကယ် စာနာတဲ့ မြန်မာ့ဒီမိုကရေစီရေးကို တကယ်ပဲပြည်သူထူထုရဲ့ဘဝအမှန်တွေဘက်က ရပ်တည် ပေးတဲ့ အဖွဲ့တွေကိုတော့ အင်မတန်လေးစားမိပါတယ် ဒါက အရေးအတွက်အားဖြင့် သိတ်မများပါဘူး အမှန်အကန်တွေကိုပြောတာပါ။ ဂွင်အဖွဲ့တွေကတော့ဗျာ စုံသလားမမေးနဲ့ ရှင်းရှင်းပြောရရင် အာဆီယံလဲဂွင်ရိုက်နေတာပဲ ကုလသမဂ္ဂ သူကလူကြီးဂွင်သမားပေါ့ဗျာ နိုင်ငံကြီးတွေကရော ဂွင်တွေကြီးပဲဗျ ကြည်စမ်းပါအုံးဗျာ ၁၉၉၀ မှာရွေးကောက်ပွဲ ဒီစစ်အုပ်စုပဲ ဂတိတွေပေးပြီး လုပ်ပေးတယ် ရှုံးလည်းရှုံးရော အာဏာမအပ်တော့ဘူး အခုဒီလူလိမ် စစ်အုပ်စုကပဲ နောက် တခါ သေသေချာချာ့ကို ဥပဒေတွေဘာတွေဆွဲပြီးထပ်ပြင်လာပြန်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို တဖြည်းဖြည်းနဲ့ နိုင်ငံတကာကရော။ အတိုက်အခံပါလို့ပြော ပြောနေတဲ့ စေ့စပ် ရေးသမားလိုလို အကယ့်ဒမစ်လိုလို ဘာလိုလိုတွေကရော ဝိုင်းဂွင်ရိုက် လိုက်ကြတာ အခုတော့ ၂၀၁၀ ဆိုတာ နိုင်ငံတကာမှာ တရားဝင်ကန့်ကွက်တဲ့ အစိုးရဆိုတာရှိ တော့လို့လား လုပ်သင့်တယ် တရားမျှတသင့်တယ် နိုင်ငံရေးအကျည်းသားတွေလွတ်ပေး ရမယ် ပါသင့်ပါထိုက်သူတွေပါရမယ် စုံနေတာပဲဗျာ ဒီတော့ စစ်အုပ်စုကကြိုက်တာပေါ့ဗျာ အခုဆိုရင် ကုလသမဂ္ဂ မှာတောင် လာကြော်ငြာနေပါရောလား ဒီကြားထဲ ဒီရွေးကောက်ပွဲက သာ ထွက်ပေါက်လို့ပြောထွက်တဲ့သူတွေ ပြင်နေတဲ့ခေါင်းပေါင်းစတွေကတမျိုး စုံလည်းစုံသ ကိုး။
ဒီနေ့ စီပွားရေးအင်အားကြီးနိုင်ငံတွေက သူတို့သြဇာကို နည်းမျိုးစုံနဲ့ တည်ထောင်နေတာမှာ ပထဝီနိုင်ငံရေးအရ လိုအပ်ရင်တောင် အကျိုးစီးပွားအရ ဝေစုခွဲတတ်ကြတဲ့သဘောတွေက ရှိနေတာပါ အခုဗမာပြည်ကိစ္စတောင် ဝေစုများခွဲနေကြအုံးမလားမသိပါဘူး။ ဒီတော့ ကျနော် တို့ အတိုက်အခံတွေထဲမှာ ရှင်းရှင်းလေးပြောရရင် စစ်အုပ်စုကို မှန်မှန်ကန်ကန် သုံးသပ်နိုင် တဲ့သူတွေကပဲ လက်ရှိ ပြည်တွင်းမှာဖြစ်ဖြစ် ပြည်ပမှာဖြစ်ဖြစ် မှန်မှန်ကန်ကန်စုစည်းထားဘို့ လိုကိုယ်လိုနေပါပြီ ကြားဘူးကြမှာပေါ့ဗျာ ရဟန်းဝတ်သွားတာတောင် ဖဲရိုက်ဘူးတဲ့အကျင့် လေးကြောင့် ဆွမ်းခံသွားရင်းဖဲချပ်လေးတွေတော့ မသိမသာလှန်ကြည့်သေးတာ ဘူဖြစ်နေ တော့မှဆိုသလိုပဲ နအဖကို စိတ်ကူးယဉ်တတ်တဲ့သူတွေ ၂၀၁၀ ဖဲချပ်လှန်ကြည့် ဘူယုံ တောင်မကဘူး စစ်ကျွန်ဖြစ်သွားမယ်။ သတိထားရမှာက တော်ကြာတိုက်ရမယ်ပြောလိုက် တော်ကြာစေ့စပ်ရမယ်လုပ်လိုက် စေ့စပ်မယ်လို့မသုံးဘူးနော် သူတို့သုံးတတ်တာ စကားလုံး လှတယ် ပြန်လည်ရင်ကြားစေ့ရေးတဲ့ အေးအေးဆေးဆေးနေတတ်တဲ့ မြန်မာလူမျိုးတွေကို ဟိုလိုလိုထင်အောင်သုံးတဲ့ အထက်ကပြောခဲ့သလို သံခင်းတမန်ခင်းပေါ့ဗျာ စကားလုံးအနု စားလေးတွေသုံးတတ်တာ လိုအပ်ရင် အင်္ဂလိပ်လိုပဲ မြန်မာ့ပြည်ကြောင်းလဲပြောတတ်ကြ သေးတာ အဲ့ဒီလိုလူမျိုးတွေကပဲ ဒီကနေလှုပ်ရှားမှုတွေကို၊မြန်မာ့လူထုကို စစ်နွံတွင်းကိုတွန်းပို့နေတာပါလို့ပြောရင် လွန်မယ်မထင်ဘူး။
ထွဏ်းထွဏ်း(လူ့ဘောင်သစ်)
(ကာတွန်း ကိုဟန်လေးရဲ့ပုံပါ။)
Wednesday, October 14, 2009
(ဦးညွတ်ခြင်း)...
ကျောင်းသားတယောက် ထောင်ထဲမှာဆုံးရှာပြီတဲ့
ရင်ကိုခွင်းတဲ့သတင်း
အမယ်မင်းဖြစ်မှဖြစ်ရလေကွယ်..
သေတဲ့အထိတိုက်တဲ့ရဲဘော်
အကသ တဲ့
အခုတော့မင်းဟာ
အကုန်လုံးအတွက် အသက်ပေးသွားပါလားကွယ်။
ယုံကြည်ချက်ကြောင့် အသက်ပေးသွားကြတာ
ရဲဘော် ဂျပန်ကြီး(ကျော်မျိုးသန့်)
ရဲဘော်ကြည်ဆန်း
ရဲဘော်ဆန်းလင်းအောင်
ရဲဘော်ဝင်းကျော်
ရဲဘော်သက်ဝင်းအောင်
စတဲ့စတဲ့ ကျောင်းသားတွေ..။
သူတို့ယုံကြည်တာ
စေ့စပ်ရေးကြေအေးရေးမဟုတ်
အညံခံရေးမဟုတ်
တိုက်ပွဲဝင်ရေး
စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး…။
အာဇာနည်တွေလေ
ပေးခဲတဲ့အသက်
ရေးခဲ့တဲ့သမိုင်း
ခတ်ရိုင်းရိုင်းပြောရရင်
၂၀၁၀ ရွေးကောက်ပွဲ သွားရည်ကျသူများ
ဖောက်ပြန်ရေးသမားများ
ခေါင်းပေါင်းစလွှင့်သူများ
သတိသာထားဗျာ
ရင်းခဲ့ရတာ အသက်တွေ
ဖောက်ပြန်ကြလေမယ်မကြံလေနဲ့
အာဇာနည် ထောင်သောင်းရဲ့
ဝိညာဉ် အပေါင်း စုရုန်းလို့
တောထုတ်တဲ့ပွဲသဘင်မှာ
အိုဘယ့်..
ရှက်ဖွယ်လိလိကြုံကြရမယ်ကွယ်ရို့…။
ထွဏ်းထွဏ်း (လူ့ဘောင်သစ်)
(ကိုသက်ဝင်းအောင်ကျဆုံးခြင်း (၃) နှစ်ပြည့် အမှတ်တရ)
Thursday, October 8, 2009
ညောင်သီးလဲစား လေးသံလဲနားစွင့်..။

ဒီကနေ့ လတ်တလော ဗမာပြည်ပြသာနာနဲ့ပတ်သက်လို့ အင်မတန် အတွေးအခေါ်အရ မရှင်း လင်းတဲ့အခြေအနေကာလဆိုရင်မမှားပါဘူး လောလောဆယ် ဗိုလ်အောင်ကြည်နဲ့ ဒေါ်အောင် ဆန်းစုကြည်(၂) ကြိမ်တွေတယ်၊အခုနောက်ဆုံးကြားရတာက ဗြိတိလျှနဲ့ သြစတြေးလျ သံတ မန်တွေနဲ့တွေ့ခွင့်ပေးတယ် ဒီအခြေအနေပေါ့ဗျာ။ ဒီတော့ ဖြစ်နေကြအတိုင်း အခြေအနေ ကောင်းလာတော့မလား ဒေါ်စုကဘာလုပ်မှာလဲ နအဖကဘာလုပ်လာမလဲ အမေရိကန်ကလဲ ပေါ်လစီအရဆက်ဆံမယ် ပိတ်ဆို့ထားတာမရုတ်သေးဘူး ဒီအခြေအနေတွေပေါ့ဗျာ။ ဒီမှာဘာ သွားတွေ့ရသလဲဆိုတော့ အတိုက်အခံလုပ်မဲ့ရဲဘော်တွေဟာ အတွေးအခေါ်အရ ကိုယ်လုပ်ရ မဲ့အလုပ်ကိုရပ်ပြီးစဉ်းစားကြတာတွေ့ရတယ်။ တနည်းအားဖြင့် မျှော်တော်ယောင်နိုင်ငံရေး လုပ်ကြတာပဲ။ (နအဖ)လုပ်နေတာကရှင်းရှင်းလေး ရည်ရှည်သူ့အနေနဲ့ အနောက်အုပ်စုနဲ့အ ဆင်ပြေခြင်တာပဲ ဒါရှင်းပါတယ်။လက်ရှိအာဏာကသူ့လက်ထဲမှာ မြိုးမြိုးမျက်မျက်စံစားနေရ ပြီး စစ်ဗိုလ်တွေအနေနဲ့ အာဏာနဲ့ဥပဒေအထက်မှာ သူတို့ကရှိနေတာကိုး ဒီတော့ သူတို့အကျိုးစီးပွားမထိခိုက်ပဲ (၂၀၁၀) မှာ စစ်အုပ်စုစိတ်တိုင်းကျရေးထားတဲ့ဥပဒေနဲ့ ရွေးကောက်ပွဲဆိုတာကို ရှေ့ထွက်တီးလုံးအဖြစ် နိုင်ငံတကာမှာ စနစ်တကျထုတ်တီးနေတဲ့ကာလပါ။
ဒီမှာဖြစ်လာတာတွေက နအဖကို ဖိအားပေးမဲ့အုပ်စုရယ် တွေ့ဆုံဆွေးနွေးရေးကတဆင့်သွားမှ ရမယ်ဆိုတဲ့အုပ်စုရယ် ဒီလိုအတွေးအခေါ်အရ နှစ်မျိုးရှိနေကြတာကိုး တခုရှင်းပြခြင်တာက ဒေါ်အောင်ဆန်းစုကြည်ရော NLD ကပါ တွေ့ဆုံဆွေးနွေးရေးဆိုတာကို အစဉ်တစိုက်တောင်း နေတာပါ၊ကျိုးစားနေကြတာပါ။ နောက်ဆုံး သင်ပုန်းချေရေးဆိုတာတောင် ပြောခဲ့ကြတာပါပဲ။ ဒါပေမဲ့ နအဖက တလျှောက်လုံး ဒါကိုမျက်ကွယ်ပြုတယ်၊ ကစားတယ်၊ မရိုးသားဘူး ဒါသိနေ ကြတာပဲ။ ဒါပေမဲ့ နိုင်ငံတကာအခင်းအကျင်းလေး နည်းနည်းလှုပ်ခါလာတာနဲ့ ဖိအားပေးမယ် ဆိုတဲ့သူတွေရော ဒိုင်ယာလော့လုပ်မယ်ဆိုတဲ့သူတွေရော သို့လောသို့လော ဖြစ်သွားတတ် ကြတာပါပဲ။ ကိုယ်လုပ်စရာရှိတာကို ပြည်သူလူထုကိုဦးထိပ်ထားပြီးလုပ်ရမဲ့အစား နအဖ ဘာ လုပ်လာနိုင်မလဲဆိုပြီး ထိုင်စောင့်ကြတော့တာပါပဲ။ စစ်အုပ်စုအသက်ရှုချောင်ချောင်သွားတာ အဲ့ဒါပါပဲ စစ်အုပ်စုလူသတ်တာ၊ မတရားလုပ်တာ၊ စစ်ဗိုလ်တွေမတရားချမ်းသာနေကြတာ က လေးကအစဗမာပြည်မှာသိနေတာပဲ ဒါပေမဲ့ဘာဖြစ်လို့ ဒီစစ်အုပ်စု အသက်ရှုချောင်နေရသလဲ ဆိုတော့ အတိုက်အခံတွေထဲမှာ ကိုယ်အလုပ်ကိုယ်ရှင်းရှင်းလင်းလင်းမလုပ်ကြတဲ့ ပြသာနာ ပဲ။ နိုင်ငံတကာကနိုင်ငံကြီးတွေဆိုတာ သူတို့အကျိုးစီးပွာနဲ့သူတို့ နိုင်ငံခြားရေးပေါ်လစီ တွေချကြတာပဲ အမေရိကန်၊တရုပ်၊အီးယူ အကုန်လုံးက ဒီအတိုင်းသွားနေတာပဲ။ ကုလသမဂ္ဂ ဆိုတာလဲ ဘာထူးလဲ သူ့ကြောင့်ဒီမိုကရေစီမန်မှန်ကန်ကန်ရသွားတဲ့တိုင်းပြည်ရောရှိခဲ့လို့လား ကြာလေ ရုတ်သေးဖြစ်လေဖြစ်နေတဲ့အဖွဲ့ပဲ ဒီတော့ကိုယ်လုပ်စရာရှိတာလုပ်ကြရမှာပဲ။
ဒေါ်စုတို့၊ NLD တို့က တွေ့ဆုံးဆွေးနွေးရေးတောင်းနေတာ ကြာလှပြီ စစ်အုပ်စုက မှန်မှန်ကန် ကန်မလုပ်ဘူး ဒါရှင်းနေတာပဲ ဒီတော့ စစ်အုပ်စုဟာ ဆွေးနွေးပွဲစားပွဲပေါ်ဘယ်အခြေအနေမှာ တက်လာမလဲ ရှင်းနေတာပဲ သူ့အင်အားချည့်နဲ့သွားတဲ့အခါ သက်သာရာသက်သာကြောင်း တွေ့ဆုံးဆွေးနွေးရေး ခေါ်လာမှာပဲလေ ဒီလိုဖြစ်လာအောင် တဖက်ကနေ ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးရေးကိုလုပ်မဲ့သူကလုပ် တဖက်က ဖိအားပေးရမဲ့အလုပ်လုပ်မဲ့လူကလုပ် ဒါပဲ ရှိနေတာပဲ။ တောင်အာဖရိကမှာလည်း ဒီအတိုင်းသွားခဲ့ကြတာပဲ ဒါကို ကော်ပီလုပ်ရမယ်လို့ တော့မပြောလိုပါဘူး ဘာကြောင့်လဲဆိုတော့ ဗမာပြည်က သီချင်းလောက်တင်ကော်ပီလုပ်တာ မဟုတ်ဘူး နိုင်ငံရေးပါကော်ပီလုပ်နေ၊ဖြစ်နေကြတာတွေ့နေရလို့ပါ။ တွေ့ဆုံဆွေးနွေးရေး လုပ်မဲ့လူကလဲ တရားမျှတတဲ့တွေ့ဆုံဆွေးနွေးရေး တနည်းအားဖြင့် တန်းတူရည်တူတွေ့ဆုံ ဆွေးနွေးရေး ဒါဖြစ်လာအောင်လုပ်ရမှာ။ ဖိအားပေးမဲ့အုပ်စုတွေကလဲ နအဖ မဖြစ်မနေ အင် အားချိနဲ့ပြီးနောက်ဆုံး အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးပါ့မယ်ဆိုတဲ့ အခြေအနေဖြစ် လာအောင် ဖိအားကို နည်းလမ်းပေါင်းစုံကနေ လုပ်သွားကြရမှာပါ။
နောက်တခုက ဗမာပြည်နိုင်ငံရေးမှာ ဒေါ်စုတဦးတည်းကိုပဲပုံအပ်လွန်းနေတာပဲ ကျနော်တို့လဲ ဒေါ်စုကိုလေးစားတာပါပဲ ဒါပေမဲ့ တိုင်းပြည်ကိစ္စက အားလုံးဝိုင်းလုပ်ကြရမှာပါ။ အန်တီစုတဦး တည်းရဲတာဝန်မဟုတ်ပါဘူး။သူကိုယ်တိုင်လဲ တဖွဖွပြောနေခဲ့တာပဲ ဒါပေမဲ့ ကျနော်တို့တိုင်း ပြည်မှာသူ့ကိုလေးစားတာထက် ပိုပြီးတာဝန်ပေးသလိုမျိုးလုပ်နေကြတာကြာလှပြီ ဒါကောင်း တဲ့အချက်မဟုတ်ဘူး လူ့သဘော အမှားအယွင်းရှိလာတဲ့အခါ မကောင်းတဲ့တဲ့ဘက်ကို အများ ကြီးသက်ရောက်စေလို့ပါ။ ဒီလိုပြောလို့ လူထုခေါင်းဆောင်ကိုမယုံတာမဟုတ်ရပါဘူး။ အန်တီ စုလည်း လုပ်စရာရှိတာလုပ်နိုင်အောင် ကိုယ်တွေကလဲတဖက်တလမ်းကနေ ဝိုင်းလုပ်ကြရမှာ ပါ။ ဒါမှလဲ့ အမှန်တကယ် သူ့ကိုဝိုင်းရံရာရောက်မှာပါ။ ဒေါ်စုကတွေ့ဆုံဆွေးနွေးအဖြေရှာရေး တချို့လုပ်နေတာက စေစပ်အညံခံရေး အိမ်ချုပ်ကျနေတဲ့သူက နည်းနည်းလေးလှုပ်လိုက်ယုံရှိ သေး အပြင်ကနေ ဘာဖြစ်လာမလဲထိုင်ကြည့်ဘို့ပြင်နေရော မခက်ဘူးလား တကယ်က သူ့ ကိုအရင်ဆုံး လွတ်လွတ်လပ်လပ်ဖြစ်သွားအောင် ဘယ်လိုဖိအားပေးရမလဲ ဒါစဉ်းစားရမှာ လွတ်ပေးပါဗျာလို့မျက်နှာချိုသာသွေးနေ တသက်လုံးမလွတ်ဘူးသာမှတ်။ သိတ်ခေါင်းမာတဲ့ စစ်အုပ်စုကိုး။
၂၀၁၀ ရွေးကောက်ပွဲလို့လဲအော်လိုက်ရော နအဖကအော်လိုက်ယုံရှိသေး ကိုယ်ဖက်မှာအ ထုတ်ပြင်နေကြပြီ ရှင်းရှင်းပြောရရင်တော့ အချောင်သမားတွေရှိနေတာပါလို့ အားနာနာနဲ့ပြော ရမှာပဲဗျို့။ တကယ်လဲ အချောင်သမားတွေက နေရာတကာရှိနေတာကိုး ဖက်ဆစ်တော်လှန် ရေးကာလက ဗိုလ်မှူးချုပ်ကျော်ဇောပြောသလိုပဲ ရဲဘော်တွေက စွန့်လွတ်တိုက်ပွဲဝင်လိုက်ရ တာ နိုင်ငံရေးရောင်နီလေးလဲသန်းလာရော ခေါင်းပေါင်းစတလူလူနဲ့ နိုင်ငံရေးစားဖားတွေပေါ် လာတယ်ဆိုတဲ့စကား တယ်လဲမှန်သကိုး အခုဟာကစစ်အုပ်စုက လေသံလေးပစ်လိုက်တာနဲ့ သွားရည်တမျှားမျှားကျနေကြတာ တော်တော့်ကိုအရုတ်ဆိုးနေတာပါ ဘာရောင်နီမှတောင်မ မြင်ရသေးပါဘူး။
အန်တီစုတို့က တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာသွားနေသလို တဖက်ကနေ ဖိအားပေးမဲ့ အုပ်စုတွေကလဲ စစ်အုပ်စုကို တကယ်တန်းဖိအားပေးနိုင်အောင်ကျိုးစားဘို့ပါပဲ တနည်းအား ဖြင့် အလုပ်ခွဲခြားလုပ်ကိုင်တဲ့သဘောမှာ ကိုယ်အလုပ်ကိုယ်တိတိကျကျ တာဝန်ယူလုပ်ဘို့ပါ ပဲ။ ဖိအားဆိုတာမပေးပဲနဲ့ တနည်းအားဖြင့် နိုင်ငံတကာသံခင်းတမန်းခင်းကစားယုံလောက်နဲ့ တော့ စိတ်သာချ စစ်အုပ်စုက ဘယ်တော့မှအလျှော့ပေးမှာမဟုတ်ဘူးဆိုတာ ရှင်းနေတဲ့ကာ လမှာ မိမိတို့ အတိုက်အခံအင်အားစုတွေအနေနဲ့ ကိုယ့်အလုပ်ကို သေသေချာချာ ခိုင်ခိုင် ကျည်ကျည်နဲ့ လုပ်တတ်ဘို့လိုပါလိမ့်မယ် ဇွဲနဘဲနဲ့လုပ်ရမှာပါလိမ့်မယ် အလှည့်အပြောင်း ငယ်လေးတွေရဲ့ တိုးတိုက်လာတာနဲ့ ယုံကြည်ချက်ပြောင်းသွားကြလို့ကတော့ နောက်ထပ်အ နှစ်နှစ်ဆယ် စစ်အုပ်စုအုပ်စိုးမှုအောက်မှာ အနည်းဆုံးနေကြရလိမ့်မယ်ဆိုတာ မမေ့မလျော့ ရှိနေကြဘို့လိုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုက တရားမဝင်အာဏာသိမ်းအစိုးရနေ ရာမှာ တရားဝင်စစ်အစိုးရနဲ့ အစားထိုးဘို့လုပ်နေတယ်ဆိုတာ အားလုံလဲသိနေကြတဲ့ အရေး ကြီးကာလရောက်နေလို့ပါပဲ။
ထွဏ်းထွဏ်း(လူ့ဘောင်သစ်)

