Saturday, October 31, 2009

စေ့စေ့တွေးလေ ပိုရင်နာမိလေပါပဲလေ….


လွန်ခဲ့တဲ့ (၃) ရက်လောက်က ဘီဘီစီကထုတ်လွင့်သွားတဲ့ ခေတ်အမြင်ခေတ်အရေးကဏ္ဍမှာ မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြ တာ နားထောင်ရပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့လေးကအမကြီးတယောက်ပြော ပြသွားတာလေးနားထောင်ရတာ တော်တော်လေးကို ရင်ထဲထိခိုက်သွားခဲ့မိတယ်။ သူမ ပြော သွားတာရိုးရိုးလေးပြောသွားတာတောင် တော်တော်ခံစားရတော့ လက်တွေ့ကြုံတဲ့သူတွေဆို ပိုခံစားမိမှာပါပဲလို့ ကာယကံရှင်လေးတွေနဲ့ပတ်သက်တဲ့သူတွေဆို တော်တော်ကြေကွဲကြမှာ ပဲလို့လဲတွေးမိတယ်။ သူတို့မြို့လေးမှာဆို ကြေကွဲစရာဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးလို့ အဲ့ဒီ့အမက ပြောသွားပါသေးတယ်။ သားဦးလေးမွေးရမဲ့ ဇနီးမောင်နံအကြောင်းလေးပါ ယောင်္ကျားလုပ်သူ က လက်လုပ်လက်စားလေးတဦးပဲတဲ့ ဇနီးသည်မှာ ကိုယ်ဝန်ကရင့်လာတော့ ဆေးခန်းသွား ပြတဲ့အခါ ခြေထောက်နဲ့ကိုယ်တွေကယောင်ရမ်းနေရောင်နေတော့ နေ့စေ့လစေ့ကလဲဖြစ်နေ တော့ ဆေးခန်းကဆေးရုံတက်ဘို့ပြောပါတယ်။ ကိုယ်ဝန်အဆိပ်တက်ရောဂါခံစားနေရတာကိုး ဒီလို ရောဂါက ကိုယ်ဝန်သည်တချို့မှာဖြစ်လေ့ရှိပါတယ်၊ သေသေချာချာနားလည်တတ်ကျွမ်း တဲ့ ဆရာဝန်နဲ့ပြသင့်တာပေါ့ အနီးကပ်စောင့်ရှောက်မှုခံယူရမယ်လေ လိုအပ်ရင်ခွဲစိတ်မှုလဲ လုပ်ရတယ်။ သွေးပေါင်ချိန်လဲ အဲဒီ့အချိန်မျိုးမှာမြင့်နေတတ်တယ်။ ကျနော်ကဆေးပညာနားမ လည်ပါဘူး သမီးအကြီးလေးမွေးတုန်းက အဲ့ဒီလိုဖြစ်ခဲ့ဘူးတယ် ဆရာမဒေါ်စင်သီယာမောင် ကောင်းခဲ့လို့သာခလေးရောမိခင်ရောအသက်ရှင်ခဲ့ရတာပါ။

ဇီးကုန်းကအကြောင်းလေးဆက်ရရင် ကာယကံရှင်ကိုယ်ဝန်ဆောင်အမျိုးသမီးလေးက ဆေးရုံ သွားတက်ပါတယ်။ နေ့စေ့လစေဆိုတော့ ဆေးရုံကပြောတယ် ခွဲစိတ်ကုသရမယ်တဲ့ ပိုက်ဆံ ၇၀၀၀၀(ကျပ်) လောက်ရှာလာခဲ့ဘို့ပြောတယ်တဲ့။ သူ့အမျိုးသားလေးကလဲ လက်လုပ်လက် စားသမားလေးဆိုတော့ ဒီလောက်ငွေကို ရုတ်တရက်ဘယ်ကသွားရနိုင်မလဲလေ။ ဟိုရှာဒီရှာနဲ့ စက်ဘီးလေးရောင်းတာတောင် ၃၀၀၀၀(ကျပ်) လောက်ပဲရတော့ ယောင်္ကျားလုပ်သူခမျာမှာ ဆေးရုံပြေးရတာပေါ့လေ ဒါပေမဲ့ တော်တော်လေးနောက်ကျမှခွဲစိတ်လိုက်ရတော့ ခလေးရော အမျိုးသမီးလေးပါ ဆုံးပါးသွားခဲ့ရတယ်တဲ့။ ဒီတော့ အမျိုးသားလေးခမျာလဲ ယူကြုံးမရဖြစ်ပြီး သူ့ခမျာပါ အသက်ဆုံးပါးသွားရတဲ့ ကြေကွဲစရာဖြစ်ရပ်မှန်လေးပါ။ နားထောင်ရင်းဖြစ်မှဖြစ်ရ လေလို့ စိတ်ထဲတွေးမိရင်း အော်… ၁၉၉၈ ခုနှစ်က မဲ့ဆောက်မှာသမီးကြီးမွေးတော့ ဆရာမ စင်သီယာမောင်ဆေးခန်းလေးမှာလေ ဆေးမှူးလေးတွေဆိုတာကလဲ တော်လှန်ရေးလုပ်ဖေါ် ကိုင်ဘက်တွေကိုး ဒေါက်တာစင်သီယာမောင် ၂ နာရီခြားကြည့်ပေးနေတာ နောက်ဆုံးတော့ ဆေးရုံပို့မှရတော့မယ် သွေးပေါင်ချိန်က 170/100 ရှိနေပြီ ခြေထောက်တွေရောင် နေတာလဲ မကျတော့ မဲ့ဆောက်ဆေးရုံလွှဲလိုက်တယ် ညဘက်ကြီးရောက်တာနဲ့ ခွဲစိတ်လိုက်တာ ခလေး ရောလူကြီးပါ အသက်ရှင်ခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးနဲ့ ယှဉ်စဉ်းစားလိုက်မိတော့ အော်… ငါတို့နိုင်ငံသားတွေပြည်သူတွေ လက်လုပ်လက်စားလူတန်းစားတွေရဲ့ ဘဝတွေဟာ တော် တော်အဖြစ် ဆိုးနေကြပါလား မြန်မာပြည်မှာ ပြည်သူအများစုကြီးဒုက္ခရောက်နေတာ သိနေ၊ ကြားနေပေမဲ့ တိုက်ဆိုင်တဲ့ အကြောင်းအရာမျိုးဆို ပိုခံစားတတ်တဲ့အကျင့်ကရှိတော့ ပိုခက် တာပေါ့လေ။

ဒီလောက်ကြပ်တည်းဆင်းရဲနေတဲ့ကာလ ကုန်ဈေးနှုန်းတွေခေါင်ခိုက်နေတဲ့ကာလ ပြောရရင် ဗျာ မဆလ တပါတီစံနစ်ထက်တောင် ပိုဆိုးနေတဲ့ စစ်အာဏာရှင်စံနစ်နဲ့အုပ်ချုပ်နေလေတော့ ဒီလိုပြဿာနာတွေက ဒုနဲ့ဒေးနေမှာပါပဲ။ ဒီပြဿာနာတွေဟာ ဗိုလ်နေဝင်း (မဆလ) ခေတ်က တည်းကစလာတာပဲဗျ ကျနော်မှတ်မိသလောက် မြန်မာ့နည်းမြန်မာ့ဟန်ဆိုပြီး သွားလေသူ ဗိုလ်နေဝင်းနဲ့ မဆလ ထိပ်တန်းခေါင်းဆောင်တွေက တိုင်းပြည်ဘဏ္ဍာတွေ လုပ်ချင်ရာလုပ် ရှင်းရှင်းပြောရရင် လာဘ်ပေးလာဘ်ယူတွေ တော်တော်ထွန်းကာလာတာမလား ခေါင်ကစခိုး နေတော့ အောက်ခြေဝန်ထမ်းလောကကြီးထဲမှာလဲ အထက်လူကြီးဖားရတာ ကိုယ့်ဘို့လုပ်ရ တာနဲ့ “အောက်ဆိုက်”ဆိုတဲ့ လုပ်ဟန်ရော ဝေါဟာရကြီးပါ ဒီဘက်ခေတ်မှာ ဝန်ထမ်းလော မှာဆို ရိုးလို့တောင်နေပြီပဲလေ။ လူတွေမှာ ဒီလိုမျိုး မတော်လောဘတွေဖြစ်လာခဲ့ကြတာဟာ လစာနဲ့အကျိုးခံစားခွင့်တွေကို အစိုးရကနေသေသေချာချာ တာဝန် ယူတာ မစီမံခဲ့တာတွေက စလိုက်တော့တာ လူတွေရဲ့လောဘရမက်နဲ့ပေါင်းလိုက်တော့ တကယ်ပဲပိုဆိုးကုန်တာပေါ့ဗျာ။

ကျနော့်ဘဝမှာ အင်မတန်ကြေကွဲခဲ့ဘူးတဲ့ အကြောင်းတခုရှိဘူးသေးတယ်။ ဒီ ဇီးကုန်းက အမ ပြောပြသွားတဲ့ ကြေကွဲစရာဇာတ်လမ်းလေးအကြောင်း တွေးမိတာနဲ့ပြန်ပေါ်လာတာပါပဲ။ ဆရာကြီးရွှေဥဒေါင်းစကားနဲ့ပြောရရင် ကျုပ်ရင်ထဲစူးစူးနစ်နစ်ဝင်သွားခဲ့ဘူးတဲ့ ဆူးတချောင်း ပေါ့ဗျာ။ ၁၉၈၅-၈၆ ခုနှစ်လောက်ကပါ ၁၉၈၁ မှာအဖေက ဗိုလ်နေဝင်းရဲ့ လွပ်ငြိမ်းချမ်းသာ ခွင့်နဲ့ (မဆလ) အကျဉ်းထောင်ထဲ့က ပြန်လွတ်လာခဲ့တယ်။ ထောင်ထွက်အဖေလည်းအပြင်မှာ အလုပ်သိပ်မလုပ်တတ်ဘူး အရင်ကရှိတာလေးလဲ အဖေထောင်ကျသွားတုန်း မိသားစုတွေ ရှာနိုင်သမျှနဲ့ မလောက်ငှရင်ရောင်းချစားကြရတာ နောက်ဆုံးအိမ်ငှားနေရတဲ့ဘဝပါ။ ကျနော့် အမနှစ်ယောက်က အိမ်ထောင်ကျနေကြပြီ ညီမအကြီးလေးက ၉ တန်း အငယ်ဆုံးမလေးက ၅ တန်း အမနှစ်ယောက်နဲ့ အဖေနဲ့ တိုင်ပင်ကြတော့ ညီမလေးနှစ်ယောက်အတွက် ပညာရေး ကအစ တယောက်စီတာဝန်ယူပေးမယ်ဆိုတော့ အရွယ်ရောက်နေတဲ့ကျနော်လဲ ငါ့တာဝန် ကိုယ်ငါယူမယ် ရန်ကုန်မှာသွားနေမယ် ပိုက်ဆံရှာမယ်ပေါ့ ဒီတော့ အဖေနဲ့အမေကလဲ ရှမ်း ပြည်ဘက်တက်ပြီး ငွေရှာကြမယ်ပေါ့လေ မိသားစု ဒီလိုတိုင်ပင်ကြတယ် ဒီတော့မှလဲ မိသားစု တွေမြန်မြန်အဆင်ပြေသွားကြမှာလို့တွက်ကြတာပါပဲ။

ကျနော်လည်းရန်ကုန်မှာ အဖေ့မိတ်ဆွေတယောက်အိမ်မှာနေရင်းအလုပ်လုပ်နေတယ်။ အဲ့ဒီဦး လေးက တော်တော်ကောင်းတယ် သူ့သမီးပျိုးတွေရှိနေတာတောင် သူ့အိမ်မှာကြည်ကြည်ဖြူ ဖြူပေးနေရှာတယ် ဘာမှပေးစရာမလိုဘူး။ အဖေ့မျက်နှာလဲပါတာပေါ့လေ သူတို့က (မဆလ) စစ်အုပ်စုကိုမှ မကြိုက်ကြပဲကိုး။ ကျနော်ကအဲ့ဒီအချိန်က ဘာမှသိတာမဟုတ်ဘူး။ ဖြစ်ရပ်က ဒီလိုပါ တနေ့မှာ အဖေရောက်လာတယ် မနက်အစောကြီး ကျနော်နေတဲ့အိမ်ကဦးလေး ရောကျနော်ရော အစောကြီးထကြည့်လိုက်တော့ အဖေကမျက်နှာတော်တော်မကောင်းဘူး ကျွဲကောသီးတွေသယ်လာတဲ့အိပ်လေးချပြီး “မင်းအမေ အခြေအနေမကောင်းဘူး ငှက်ဖျားဖြစ် တာကွ ဟိုမှာကုတာမရဘူး သတိလစ်လစ်နေလို့ ရန်ကုန်အထိခေါ်လာတာ အခုငါ ဆေးရုံ တင်ထားခဲ့တယ်” “ရန်ကုန်ဆေးရုံကြီးမှာ” မနက်အစောကြီးခေါင်းမီးတောက်သွားတယ် ရင်ထဲ လဲဆို့နေတယ် အဖေတော်တော်စိတ်မာတဲ့သူတောင် တော်တော်မျက်နှာပျက်နေတာ ဒါနဲ့က မန်းကတန်း အိမ်ရှင်ဦးလေးကိုနှုတ်ဆက်ပြီး သားအဖနှစ်ယောက် ဆေးရုံသွားဘို့ထွက်လာ တယ် အဖေ့ကိုကျနော်မုန့်ဟင်းခါးဝယ်ကျွေးတော့ အဖေမစားနိုင်ဘူး “မင်းအမေအခြအနေ မကောင်းလို့ငါရအောင်ပြန်ခေါ်လာတာ တော်ကြာ ကတိမ်းကပါးဖြစ်သွားခဲ့ရင်တောင် ခလေး တွေတွေ့ရအောင်လို့” ကျနော်နားထဲသံရည်ပူလိုပဲလို့ပြောရင် မလွန်ဘူးဗျာ။ ဒါနဲ့သားအဖနှစ် ယောက်ဆေးရုံထွက်လာတယ် အဖေက မင်းမှာပိုက်ဆံရှိလားလို့လဲမမေးဘူး ဆေးရုံကြီး ရောက်တော့ အမေ့ထားတဲ့အဆောင်လဲရောက်ရော ရင်ထဲပိုဆို့သွားလိုက်တာ ခံပြင်းဒေါသဖြစ် လွန်းလို့ မျက်ရည်ကျိတ်ကျခဲ့မိတယ် ဒါကြောင့် အရှေ့မှာတုန်းက ရင်ထဲဝင်ခဲ့ဘူးတဲ့“ဆူး”လို့ ပြောခဲ့တာပါ။

ကျနော့်အမေကို ဆေးရုံရဲ့သံမန်သလင်းမှာချထားတယ်ဗျာ ဖျာအစုတ်တချပ်နဲ့ ဘေးနားက အမတယောက်က “မောင်လေး ပိုက်ဆံလေးနည်းနည်းပေးလိုက်မှ ကုတင်ရတာတဲ့ အမတို့ တုန်းကလဲပေးရတယ်” လူကထူပူနေပါပြီ် “ဘယ်လောက်ပေးရသ လဲအမ”“၂၀(ကျပ်)လောက် ဆိုရတယ်” တဲ့။ ဒါနဲ့ကျနော်လဲ ကမန်းကတန်း ဆေးရုံဝန်ထမ်းတယောက်ကို ငွေ၂၅ ကျပ် ပေးလိုက်မှ ကုတင်ရတယ် အမေကကျန်ာကို သိတ်မမှတ်မိချင်ဘူး ငှက်ဖျားပိုးခေါင်းထဲဝင် ထားတာလို့ ဆရာဝန်ကပြောပြတယ် အဲ့ဒီဆရာဝန်လေးက သဘောကောင်းလို့တော်သေး တယ်။ ကျနော်အဖေ့ကိုလဲသနားတယ် အဖေကျိတ်ခံစားနေတာကျနော်သိတယ်။ ဒါနဲ့ကျနော် လဲ အဖေကိုရှိတဲ့ပိုက်ဆံလေးပေးထားလိုက်ပြီး နယ်ကအမတွေလှမ်းအကြောင်းကြားရတယ်။ နောက်နေ့ အမအလတ်ရောက်လာတယ် ညီမအလတ်မလေးနဲ့ သူကနည်းနည်းလေး မိသား စုထဲမှာချောင်လည်တော့ လှမ်းပြောရတာပေါ့။ နောက်ကံတရားကဖေးမတယ်ဗျာ အမေကပြန် ကောင်းလာတယ် ကျနော့်အမေအခုထိမသေသေးဘူး အမေနဲ့မတွေ့ရတာတော့ အနှစ် ၂၀ ရှိ ပါပြီ။ ပြောချင်တာကတော့ဗျာ အဲ့ဒီခေတ်ကတည်းက တိုင်းပြည်မှာ ဆင်းရဲတဲ့သူသိပ်များပြီး ဆေးရုံ၊ ဆေးဝန်ထမ်း၊ ဆရာဝန်တွေလောကမှာ ဒါမျိုးတွေရှိနေပါပြီ ဒီလိုအကျင့်တွေဖြစ်နေ တာကြာလှပါပြီဗျာ ကျနော်ကတော့ ဒါ အုပ်ချုပ်ရေးစံနစ်ညံ့ဖြင်းမှုကနေ လူတွေရဲ့ ကျင့်ဝတ် တွေပါပျက်စီးနေတာ နှစ်တော်တော်ကြာနေပါပြီ။ ဒီအခြေအနေတွေကို စံနစ်ကောင်းတခုနဲ့ အစားထိုးနိုင်ရင်တောင် လူတွေဖြစ်နေပျက်နေတဲ့အကျင့်ကို တော်တော်လေးပညာပေးကြပ် မတ်ရအုံးမှာပါ။ တိုင်းပြည်တပြည်မှာ တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အစိုးရမှာတိုက်ရိုက်တာဝန်ရှိပါတယ် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ အစိုးရရဲ့တာ ဝန်ယူမှုတွေ သိတ်အရေးကြီးပါတယ် စီမံခန့်ခွဲမှုကအစပေါ့လေ။ အခုဟာက မြန်မာပြည်မှာ ဆေးရုံရှိတယ် ဆေးမရှိဘူး အပြင်ကဝယ်ရတယ် ပိုက်ဆံမရှိရင် တော်ရုံဆေးရုံကကုမပေးချင် ဘူး ဒီတော့ ဆင်းရဲတဲ့ပြည်သူတွေဆို အထက်ကပြောခဲ့တဲ့ ဇီးကုန်းမှာလို ကြေကွဲဖွယ်ရာဖြစ် ရပ်မျိုးတွေဒုနဲ့ဒေးဖြစ်နေပါပြီ။

ဒီနိုင်ငံတွေမှာတော့ဗျာ ကျနော်ဆေးရုံတွေကို ကျနော့်အဖေကိစ္စနဲ့ မကြာခနဆိုသလိုရောက် တယ်ဗျာ ကျန်းမာရေးစောင့်ရှောက်မှုမှာ လူ့အသက်ကိုတော်တော်တန်ဘိုးထားတယ်ဗျ။ ကျ နော့်အဖေဆို အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုပေးထားတာ ဒီမှာသူ့ကိုဆေးကုတာ ကျ နော်တို့ဘာမှပေးရတာမဟုတ်ဘူး ဆေးရုံကဝန်ထမ်းတွေဆိုတာလဲ အားလုံတပြေးညီဆက်ဆံ ကြတာဗျို့ အရင်းရှင်နိုင်ငံကြီးဆိုပြီးမောက်မာလို့မရဘူးဗျို့ ကျန်းမာရေးဝန်းထမ်းတွေက ဆေး ပညာသည်ကျင့်ဝတ်တို့ လူ့အခွင့်အရေးလိုက်နာမှုတို့ တော်တော်ကောင်းတယ်ဆိုရမှာပါ ကျနော်တို့တိုင်းပြည်၊ ကျနော်တို့တိုင်းပြည်ကကျန်းမာရေးစံနစ်၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျင့်သုံးနေပုံတွေ၊ ပြုမူနေပုံတွေဟာ အင်း...တော်တော်ပြုပြင်ပစ်ရမဲ့ဟာတွေပါလားဗျာ။

အော်ဒါနဲ့.. အဲ့ဒီနေ့က ခေတ်အမြင်ခေတ်အရေး အဲ့ဒီကဏ္ဍလေးမှာပဲ လန်ဒန်ကလို့ထင်တယ် မြန်မာဆရာဝန်လေးတယောက်ကပြောသွားတယ် အမေရိကားတို့၊ အင်္ဂလန်တို့မှာ အခုဆိုရင် “အစိုးရတွေက လူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပိုပေးဘို့ အစီအမံတွေထပ်လုပ် နေပါတယ်”လို့ဆွေးနွေးတော့ ဘီဘီစီက ဦးဘမော်ကမေးတယ် “အဲ့ဒါဘာကြောင့်လို့ဆရာထင် ပါသလဲ”ဆိုတော့ ဆရာဝန်လေးကပြန်ပြောတယ်ဗျ “ကွန်မြူနစ်တွေဖြစ်သွားမှာစိုးလို့”တဲ့လေ ကျနော်နဲ့အဖေတောင် သတင်းနားထောင်ရင်း ပြုံးလိုက်မိသေးတယ်။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, October 26, 2009

(လွန်တယ်လို့ထင်သလားလို့။)


ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေးကာလတွေတုန်း က ကမ္ဘာ့နိုင်ငံခေါင်းဆောင်းတွေ၊ နိုင်ငံရေးသမားတွေပြောဆိုကြပုံတွေက ရှင်းလင်းလှတယ် ပြတ်သားမှုရှိတယ် သဘောတရားအပြည့်ပါတဲ့ ပြောဟန်တွေကို ခေတ်ရဲ့ပြဌာန်းမှုအရ ပြော ဆိုခဲ့ကြတယ်လို့ထင်တယ်။ ယနေ့ကျနော်တို့ခေတ်ဘက် အထူးသဖြင့် မီဒီယာအားကောင်း မောင်းသန် ၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြတော့ စကားပရိယာယ်အလှတန်ဆာ ဆင်ထားတဲ့ သံတမန်သုံးပြောဟန်တွေ ကြားကောင်းအောင် အဓိပါယ် နှစ်ခွသုံးခွထွက်အောင် ပြောနေကြတာတွေက တယ်လဲများသကိုး(စကားချပ်)။

ဗိုလ်သိန်းစိန်ကနေပြီး အာဆီယံနဲ့ဆွေးနွေးဘက်နိုင်ငံတွေရဲ့ ဆွေးနွေးပွဲတွေမှာ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အခန်းကဏ္ဍတခုက ပါဝင်နိုင်မယ် လို့ သူ့အနေနဲ့ အကောင်းမြင်မျှော်လင့်တဲ့အကြောင်း ပြောဆိုသွားတယ်ဆိုပြီး ထိုင်းဝန်ကြီး ချုပ် အဘီဆစ် ၀ိတ်ချာချီဝ က တဆင့်ထပ်ပြောပြလို့ မီဒီယာမှာပါလာတာတွေ့ရတယ်။ ဒီလိုကြားလိုက်လို့ သို့လောသို့လောတော့ မထင်လိုက်ကြပါနဲ့ ဒေါ်စုကိုလွတ်ပေးပါ့မယ်လို့ ပြောတာမဟုတ်ဘူး သံခင်းတမန်ခင်းအရ ကြားကောင်းအောင်ပြောလိုက်တာသာဖြစ်ပါတယ်။ စစ်အုပ်စုစိတ်တိုင်းကျရေးဆွဲထားတဲ့၂၀၀၈ ဥပဒေကို အတည်ပြုနိုင်ဘို့ဟာ နအဖအတွက် နှစ် ပေါင်းများစွာပြင်လာခဲ့ရတဲ့ ရေရှည်ဇာတ်ထုတ်ကြီးမလား ဒီဇာတ်ထုတ်ကြီးကို နိုင်ငံတစ်ကာမှာ အခုလိုက်ကြော်ငြာဝင်နေရတာက ၂၀၁၀ ရွေးကောက်ပွဲနဲ့လေ ဒီတော့ တသက်လုံးညစ်ပတ် လာခဲ့တဲ့စစ်အုပ်စုဟာ ဒီခေတ်တွင်ကျယ်နေတဲ့ သံတမန်အကြိုက်ပြောလုံးတွေ တွင်တွင်ထုတ် ပြောလာတယ်ဆိုရင် သတိသာထား အရင်ထက် စံနစ်တကျကိုညစ်ပတ်တော့မယ်ဆိုတာပါပဲ။

၂၀၁၀ ရွေးကောက်ပွဲကို ဘာကြောင့်ပြတ်ပြတ်သားသာဆန့်ကျင်ရသလဲဆိုတော့ စစ်ကျွန်ထပ် မဖြစ်ခြင်လို့ပါပဲလို့ တိုတိုပဲပြောပါရစေ။ အဓိကရေးခြင်တာက နိုင်ငံတကာ အထူးသဖြင့် နိုင်ငံ ကြီးတွေ(အာရှ၊အနောက်ကမ္ဘာ) အာဆီယံတိုင်းပြည်တွေကအစ ကိုယ်ကျိုးစီးပွားဆိုတဲ့အပေါ် မှာပဲ အခြေခံတဲ့စဉ်းစားချက်တွေနဲ့ မြန်မာ့အရေးကိုချဉ်းကပ် နေကြတာကြာလှပါပြီ။ စစ်အေး ခေတ်ကမှ ဗြောင်ရပ်ကြပါသေးတယ် ဒီလိုပြောလို့ စစ်အေးခေတ်ကိုပြန်လွမ်းနေတာတော့မ ဟုတ်။ ဒါပေမဲ့ဗြောင်ကျကျ စံနစ်တကျလေးပရိယာယ်တွေသုံး ရှင်းနေတဲ့ကိစ္စကို ရှုပ်နေသယောင်ပြောနေကြတာ ကြည့်ရတာ စိတ်အချဉ်ပေါက်စရာဖြစ်နေပါပြီ။ ၁၉၈၈ ခုနှစ်က စစ်အုပ် စုမတရားအာဏာသိမ်းတော့ လူသားချင်းစာနာသယောင် လူ့အခွင့်အရေးအလံနဲ့ပဲ မြန်မာ ပြည်ကြီး နေ့ခြင်းညခြင်းပဲပြောင်းသွားအောင်ကူညီမလိုလို တကယ်က လူထုအုံကြွမှုကြီးနဲ့ တိုက်ခဲ့ရတာ နိုင်ငံတကာကဝိုင်းအော်ပေးခဲ့ကြတာက အရံအနေအထားပါ မြန်မာ့အရေးကို တကယ်စာနာတဲ့ နိုင်ငံတကာမိသားစုတွေကို လေးစားပါတယ် ဒီထက်ပိုပြီးအားပေးကြဘို့လဲ တိုက်တွန်းပါတယ်။ ဒါပေမဲ့ အစိုးရတွေ အင်ဂျီအိုအမည်နဲ့ နိုင်ငံရေးကိစ္စတွေနဲ့ တိုက်ရိုက်ပါတ်သက်နေတဲ့အဖွဲ့တွေ ပညာရှင်ဆိုပြီးရှုပ်အောင်လုပ်နေတဲ့လူ(လု)တွေ ကိုဆိုလိုတာပါ။ တကယ်လူ့ အခွင့်အရေးနဲ့ပတ်သက်လို့ ဒါမှမဟုတ် မြန်မာပြည်သူတွေကို အမှန်တကယ် စာနာတဲ့ မြန်မာ့ဒီမိုကရေစီရေးကို တကယ်ပဲပြည်သူထူထုရဲ့ဘဝအမှန်တွေဘက်က ရပ်တည် ပေးတဲ့ အဖွဲ့တွေကိုတော့ အင်မတန်လေးစားမိပါတယ် ဒါက အရေးအတွက်အားဖြင့် သိတ်မများပါဘူး အမှန်အကန်တွေကိုပြောတာပါ။ ဂွင်အဖွဲ့တွေကတော့ဗျာ စုံသလားမမေးနဲ့ ရှင်းရှင်းပြောရရင် အာဆီယံလဲဂွင်ရိုက်နေတာပဲ ကုလသမဂ္ဂ သူကလူကြီးဂွင်သမားပေါ့ဗျာ နိုင်ငံကြီးတွေကရော ဂွင်တွေကြီးပဲဗျ ကြည်စမ်းပါအုံးဗျာ ၁၉၉၀ မှာရွေးကောက်ပွဲ ဒီစစ်အုပ်စုပဲ ဂတိတွေပေးပြီး လုပ်ပေးတယ် ရှုံးလည်းရှုံးရော အာဏာမအပ်တော့ဘူး အခုဒီလူလိမ် စစ်အုပ်စုကပဲ နောက် တခါ သေသေချာချာ့ကို ဥပဒေတွေဘာတွေဆွဲပြီးထပ်ပြင်လာပြန်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို တဖြည်းဖြည်းနဲ့ နိုင်ငံတကာကရော။ အတိုက်အခံပါလို့ပြော ပြောနေတဲ့ စေ့စပ် ရေးသမားလိုလို အကယ့်ဒမစ်လိုလို ဘာလိုလိုတွေကရော ဝိုင်းဂွင်ရိုက် လိုက်ကြတာ အခုတော့ ၂၀၁၀ ဆိုတာ နိုင်ငံတကာမှာ တရားဝင်ကန့်ကွက်တဲ့ အစိုးရဆိုတာရှိ တော့လို့လား လုပ်သင့်တယ် တရားမျှတသင့်တယ် နိုင်ငံရေးအကျည်းသားတွေလွတ်ပေး ရမယ် ပါသင့်ပါထိုက်သူတွေပါရမယ် စုံနေတာပဲဗျာ ဒီတော့ စစ်အုပ်စုကကြိုက်တာပေါ့ဗျာ အခုဆိုရင် ကုလသမဂ္ဂ မှာတောင် လာကြော်ငြာနေပါရောလား ဒီကြားထဲ ဒီရွေးကောက်ပွဲက သာ ထွက်ပေါက်လို့ပြောထွက်တဲ့သူတွေ ပြင်နေတဲ့ခေါင်းပေါင်းစတွေကတမျိုး စုံလည်းစုံသ ကိုး။

ဒီနေ့ စီပွားရေးအင်အားကြီးနိုင်ငံတွေက သူတို့သြဇာကို နည်းမျိုးစုံနဲ့ တည်ထောင်နေတာမှာ ပထဝီနိုင်ငံရေးအရ လိုအပ်ရင်တောင် အကျိုးစီးပွားအရ ဝေစုခွဲတတ်ကြတဲ့သဘောတွေက ရှိနေတာပါ အခုဗမာပြည်ကိစ္စတောင် ဝေစုများခွဲနေကြအုံးမလားမသိပါဘူး။ ဒီတော့ ကျနော် တို့ အတိုက်အခံတွေထဲမှာ ရှင်းရှင်းလေးပြောရရင် စစ်အုပ်စုကို မှန်မှန်ကန်ကန် သုံးသပ်နိုင် တဲ့သူတွေကပဲ လက်ရှိ ပြည်တွင်းမှာဖြစ်ဖြစ် ပြည်ပမှာဖြစ်ဖြစ် မှန်မှန်ကန်ကန်စုစည်းထားဘို့ လိုကိုယ်လိုနေပါပြီ ကြားဘူးကြမှာပေါ့ဗျာ ရဟန်းဝတ်သွားတာတောင် ဖဲရိုက်ဘူးတဲ့အကျင့် လေးကြောင့် ဆွမ်းခံသွားရင်းဖဲချပ်လေးတွေတော့ မသိမသာလှန်ကြည့်သေးတာ ဘူဖြစ်နေ တော့မှဆိုသလိုပဲ နအဖကို စိတ်ကူးယဉ်တတ်တဲ့သူတွေ ၂၀၁၀ ဖဲချပ်လှန်ကြည့် ဘူယုံ တောင်မကဘူး စစ်ကျွန်ဖြစ်သွားမယ်။ သတိထားရမှာက တော်ကြာတိုက်ရမယ်ပြောလိုက် တော်ကြာစေ့စပ်ရမယ်လုပ်လိုက် စေ့စပ်မယ်လို့မသုံးဘူးနော် သူတို့သုံးတတ်တာ စကားလုံး လှတယ် ပြန်လည်ရင်ကြားစေ့ရေးတဲ့ အေးအေးဆေးဆေးနေတတ်တဲ့ မြန်မာလူမျိုးတွေကို ဟိုလိုလိုထင်အောင်သုံးတဲ့ အထက်ကပြောခဲ့သလို သံခင်းတမန်ခင်းပေါ့ဗျာ စကားလုံးအနု စားလေးတွေသုံးတတ်တာ လိုအပ်ရင် အင်္ဂလိပ်လိုပဲ မြန်မာ့ပြည်ကြောင်းလဲပြောတတ်ကြ သေးတာ အဲ့ဒီလိုလူမျိုးတွေကပဲ ဒီကနေလှုပ်ရှားမှုတွေကို၊မြန်မာ့လူထုကို စစ်နွံတွင်းကိုတွန်းပို့နေတာပါလို့ပြောရင် လွန်မယ်မထင်ဘူး။

ထွဏ်းထွဏ်း(လူ့ဘောင်သစ်)

(ကာတွန်း ကိုဟန်လေးရဲ့ပုံပါ။)

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, October 14, 2009

(ဦးညွတ်ခြင်း)...

ကျောင်းသားတယောက် ထောင်ထဲမှာဆုံးရှာပြီတဲ့
ရင်ကိုခွင်းတဲ့သတင်း
အမယ်မင်းဖြစ်မှဖြစ်ရလေကွယ်..
သေတဲ့အထိတိုက်တဲ့ရဲဘော်
အကသ တဲ့
အခုတော့မင်းဟာ
အကုန်လုံးအတွက် အသက်ပေးသွားပါလားကွယ်။

ယုံကြည်ချက်ကြောင့် အသက်ပေးသွားကြတာ
ရဲဘော် ဂျပန်ကြီး(ကျော်မျိုးသန့်)
ရဲဘော်ကြည်ဆန်း
ရဲဘော်ဆန်းလင်းအောင်
ရဲဘော်ဝင်းကျော်
ရဲဘော်သက်ဝင်းအောင်
စတဲ့စတဲ့ ကျောင်းသားတွေ..။

သူတို့ယုံကြည်တာ
စေ့စပ်ရေးကြေအေးရေးမဟုတ်
အညံခံရေးမဟုတ်
တိုက်ပွဲဝင်ရေး
စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး…။

အာဇာနည်တွေလေ
ပေးခဲတဲ့အသက်
ရေးခဲ့တဲ့သမိုင်း
ခတ်ရိုင်းရိုင်းပြောရရင်
၂၀၁၀ ရွေးကောက်ပွဲ သွားရည်ကျသူများ
ဖောက်ပြန်ရေးသမားများ
ခေါင်းပေါင်းစလွှင့်သူများ
သတိသာထားဗျာ
ရင်းခဲ့ရတာ အသက်တွေ
ဖောက်ပြန်ကြလေမယ်မကြံလေနဲ့
အာဇာနည် ထောင်သောင်းရဲ့
ဝိညာဉ် အပေါင်း စုရုန်းလို့
တောထုတ်တဲ့ပွဲသဘင်မှာ
အိုဘယ့်..
ရှက်ဖွယ်လိလိကြုံကြရမယ်ကွယ်ရို့…။

ထွဏ်းထွဏ်း (လူ့ဘောင်သစ်)

(ကိုသက်ဝင်းအောင်ကျဆုံးခြင်း (၃) နှစ်ပြည့် အမှတ်တရ)

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, October 8, 2009

ညောင်သီးလဲစား လေးသံလဲနားစွင့်..။


ဒီကနေ့ လတ်တလော ဗမာပြည်ပြသာနာနဲ့ပတ်သက်လို့ အင်မတန် အတွေးအခေါ်အရ မရှင်း လင်းတဲ့အခြေအနေကာလဆိုရင်မမှားပါဘူး လောလောဆယ် ဗိုလ်အောင်ကြည်နဲ့ ဒေါ်အောင် ဆန်းစုကြည်(၂) ကြိမ်တွေတယ်၊အခုနောက်ဆုံးကြားရတာက ဗြိတိလျှနဲ့ သြစတြေးလျ သံတ မန်တွေနဲ့တွေ့ခွင့်ပေးတယ် ဒီအခြေအနေပေါ့ဗျာ။ ဒီတော့ ဖြစ်နေကြအတိုင်း အခြေအနေ ကောင်းလာတော့မလား ဒေါ်စုကဘာလုပ်မှာလဲ နအဖကဘာလုပ်လာမလဲ အမေရိကန်ကလဲ ပေါ်လစီအရဆက်ဆံမယ် ပိတ်ဆို့ထားတာမရုတ်သေးဘူး ဒီအခြေအနေတွေပေါ့ဗျာ။ ဒီမှာဘာ သွားတွေ့ရသလဲဆိုတော့ အတိုက်အခံလုပ်မဲ့ရဲဘော်တွေဟာ အတွေးအခေါ်အရ ကိုယ်လုပ်ရ မဲ့အလုပ်ကိုရပ်ပြီးစဉ်းစားကြတာတွေ့ရတယ်။ တနည်းအားဖြင့် မျှော်တော်ယောင်နိုင်ငံရေး လုပ်ကြတာပဲ။ (နအဖ)လုပ်နေတာကရှင်းရှင်းလေး ရည်ရှည်သူ့အနေနဲ့ အနောက်အုပ်စုနဲ့အ ဆင်ပြေခြင်တာပဲ ဒါရှင်းပါတယ်။လက်ရှိအာဏာကသူ့လက်ထဲမှာ မြိုးမြိုးမျက်မျက်စံစားနေရ ပြီး စစ်ဗိုလ်တွေအနေနဲ့ အာဏာနဲ့ဥပဒေအထက်မှာ သူတို့ကရှိနေတာကိုး ဒီတော့ သူတို့အကျိုးစီးပွားမထိခိုက်ပဲ (၂၀၁၀) မှာ စစ်အုပ်စုစိတ်တိုင်းကျရေးထားတဲ့ဥပဒေနဲ့ ရွေးကောက်ပွဲဆိုတာကို ရှေ့ထွက်တီးလုံးအဖြစ် နိုင်ငံတကာမှာ စနစ်တကျထုတ်တီးနေတဲ့ကာလပါ။

ဒီမှာဖြစ်လာတာတွေက နအဖကို ဖိအားပေးမဲ့အုပ်စုရယ် တွေ့ဆုံဆွေးနွေးရေးကတဆင့်သွားမှ ရမယ်ဆိုတဲ့အုပ်စုရယ် ဒီလိုအတွေးအခေါ်အရ နှစ်မျိုးရှိနေကြတာကိုး တခုရှင်းပြခြင်တာက ဒေါ်အောင်ဆန်းစုကြည်ရော NLD ကပါ တွေ့ဆုံဆွေးနွေးရေးဆိုတာကို အစဉ်တစိုက်တောင်း နေတာပါ၊ကျိုးစားနေကြတာပါ။ နောက်ဆုံး သင်ပုန်းချေရေးဆိုတာတောင် ပြောခဲ့ကြတာပါပဲ။ ဒါပေမဲ့ နအဖက တလျှောက်လုံး ဒါကိုမျက်ကွယ်ပြုတယ်၊ ကစားတယ်၊ မရိုးသားဘူး ဒါသိနေ ကြတာပဲ။ ဒါပေမဲ့ နိုင်ငံတကာအခင်းအကျင်းလေး နည်းနည်းလှုပ်ခါလာတာနဲ့ ဖိအားပေးမယ် ဆိုတဲ့သူတွေရော ဒိုင်ယာလော့လုပ်မယ်ဆိုတဲ့သူတွေရော သို့လောသို့လော ဖြစ်သွားတတ် ကြတာပါပဲ။ ကိုယ်လုပ်စရာရှိတာကို ပြည်သူလူထုကိုဦးထိပ်ထားပြီးလုပ်ရမဲ့အစား နအဖ ဘာ လုပ်လာနိုင်မလဲဆိုပြီး ထိုင်စောင့်ကြတော့တာပါပဲ။ စစ်အုပ်စုအသက်ရှုချောင်ချောင်သွားတာ အဲ့ဒါပါပဲ စစ်အုပ်စုလူသတ်တာ၊ မတရားလုပ်တာ၊ စစ်ဗိုလ်တွေမတရားချမ်းသာနေကြတာ က လေးကအစဗမာပြည်မှာသိနေတာပဲ ဒါပေမဲ့ဘာဖြစ်လို့ ဒီစစ်အုပ်စု အသက်ရှုချောင်နေရသလဲ ဆိုတော့ အတိုက်အခံတွေထဲမှာ ကိုယ်အလုပ်ကိုယ်ရှင်းရှင်းလင်းလင်းမလုပ်ကြတဲ့ ပြသာနာ ပဲ။ နိုင်ငံတကာကနိုင်ငံကြီးတွေဆိုတာ သူတို့အကျိုးစီးပွာနဲ့သူတို့ နိုင်ငံခြားရေးပေါ်လစီ တွေချကြတာပဲ အမေရိကန်၊တရုပ်၊အီးယူ အကုန်လုံးက ဒီအတိုင်းသွားနေတာပဲ။ ကုလသမဂ္ဂ ဆိုတာလဲ ဘာထူးလဲ သူ့ကြောင့်ဒီမိုကရေစီမန်မှန်ကန်ကန်ရသွားတဲ့တိုင်းပြည်ရောရှိခဲ့လို့လား ကြာလေ ရုတ်သေးဖြစ်လေဖြစ်နေတဲ့အဖွဲ့ပဲ ဒီတော့ကိုယ်လုပ်စရာရှိတာလုပ်ကြရမှာပဲ။

ဒေါ်စုတို့၊ NLD တို့က တွေ့ဆုံးဆွေးနွေးရေးတောင်းနေတာ ကြာလှပြီ စစ်အုပ်စုက မှန်မှန်ကန် ကန်မလုပ်ဘူး ဒါရှင်းနေတာပဲ ဒီတော့ စစ်အုပ်စုဟာ ဆွေးနွေးပွဲစားပွဲပေါ်ဘယ်အခြေအနေမှာ တက်လာမလဲ ရှင်းနေတာပဲ သူ့အင်အားချည့်နဲ့သွားတဲ့အခါ သက်သာရာသက်သာကြောင်း တွေ့ဆုံးဆွေးနွေးရေး ခေါ်လာမှာပဲလေ ဒီလိုဖြစ်လာအောင် တဖက်ကနေ ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးရေးကိုလုပ်မဲ့သူကလုပ် တဖက်က ဖိအားပေးရမဲ့အလုပ်လုပ်မဲ့လူကလုပ် ဒါပဲ ရှိနေတာပဲ။ တောင်အာဖရိကမှာလည်း ဒီအတိုင်းသွားခဲ့ကြတာပဲ ဒါကို ကော်ပီလုပ်ရမယ်လို့ တော့မပြောလိုပါဘူး ဘာကြောင့်လဲဆိုတော့ ဗမာပြည်က သီချင်းလောက်တင်ကော်ပီလုပ်တာ မဟုတ်ဘူး နိုင်ငံရေးပါကော်ပီလုပ်နေ၊ဖြစ်နေကြတာတွေ့နေရလို့ပါ။ တွေ့ဆုံဆွေးနွေးရေး လုပ်မဲ့လူကလဲ တရားမျှတတဲ့တွေ့ဆုံဆွေးနွေးရေး တနည်းအားဖြင့် တန်းတူရည်တူတွေ့ဆုံ ဆွေးနွေးရေး ဒါဖြစ်လာအောင်လုပ်ရမှာ။ ဖိအားပေးမဲ့အုပ်စုတွေကလဲ နအဖ မဖြစ်မနေ အင် အားချိနဲ့ပြီးနောက်ဆုံး အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးပါ့မယ်ဆိုတဲ့ အခြေအနေဖြစ် လာအောင် ဖိအားကို နည်းလမ်းပေါင်းစုံကနေ လုပ်သွားကြရမှာပါ။

နောက်တခုက ဗမာပြည်နိုင်ငံရေးမှာ ဒေါ်စုတဦးတည်းကိုပဲပုံအပ်လွန်းနေတာပဲ ကျနော်တို့လဲ ဒေါ်စုကိုလေးစားတာပါပဲ ဒါပေမဲ့ တိုင်းပြည်ကိစ္စက အားလုံးဝိုင်းလုပ်ကြရမှာပါ။ အန်တီစုတဦး တည်းရဲတာဝန်မဟုတ်ပါဘူး။သူကိုယ်တိုင်လဲ တဖွဖွပြောနေခဲ့တာပဲ ဒါပေမဲ့ ကျနော်တို့တိုင်း ပြည်မှာသူ့ကိုလေးစားတာထက် ပိုပြီးတာဝန်ပေးသလိုမျိုးလုပ်နေကြတာကြာလှပြီ ဒါကောင်း တဲ့အချက်မဟုတ်ဘူး လူ့သဘော အမှားအယွင်းရှိလာတဲ့အခါ မကောင်းတဲ့တဲ့ဘက်ကို အများ ကြီးသက်ရောက်စေလို့ပါ။ ဒီလိုပြောလို့ လူထုခေါင်းဆောင်ကိုမယုံတာမဟုတ်ရပါဘူး။ အန်တီ စုလည်း လုပ်စရာရှိတာလုပ်နိုင်အောင် ကိုယ်တွေကလဲတဖက်တလမ်းကနေ ဝိုင်းလုပ်ကြရမှာ ပါ။ ဒါမှလဲ့ အမှန်တကယ် သူ့ကိုဝိုင်းရံရာရောက်မှာပါ။ ဒေါ်စုကတွေ့ဆုံဆွေးနွေးအဖြေရှာရေး တချို့လုပ်နေတာက စေစပ်အညံခံရေး အိမ်ချုပ်ကျနေတဲ့သူက နည်းနည်းလေးလှုပ်လိုက်ယုံရှိ သေး အပြင်ကနေ ဘာဖြစ်လာမလဲထိုင်ကြည့်ဘို့ပြင်နေရော မခက်ဘူးလား တကယ်က သူ့ ကိုအရင်ဆုံး လွတ်လွတ်လပ်လပ်ဖြစ်သွားအောင် ဘယ်လိုဖိအားပေးရမလဲ ဒါစဉ်းစားရမှာ လွတ်ပေးပါဗျာလို့မျက်နှာချိုသာသွေးနေ တသက်လုံးမလွတ်ဘူးသာမှတ်။ သိတ်ခေါင်းမာတဲ့ စစ်အုပ်စုကိုး။

၂၀၁၀ ရွေးကောက်ပွဲလို့လဲအော်လိုက်ရော နအဖကအော်လိုက်ယုံရှိသေး ကိုယ်ဖက်မှာအ ထုတ်ပြင်နေကြပြီ ရှင်းရှင်းပြောရရင်တော့ အချောင်သမားတွေရှိနေတာပါလို့ အားနာနာနဲ့ပြော ရမှာပဲဗျို့။ တကယ်လဲ အချောင်သမားတွေက နေရာတကာရှိနေတာကိုး ဖက်ဆစ်တော်လှန် ရေးကာလက ဗိုလ်မှူးချုပ်ကျော်ဇောပြောသလိုပဲ ရဲဘော်တွေက စွန့်လွတ်တိုက်ပွဲဝင်လိုက်ရ တာ နိုင်ငံရေးရောင်နီလေးလဲသန်းလာရော ခေါင်းပေါင်းစတလူလူနဲ့ နိုင်ငံရေးစားဖားတွေပေါ် လာတယ်ဆိုတဲ့စကား တယ်လဲမှန်သကိုး အခုဟာကစစ်အုပ်စုက လေသံလေးပစ်လိုက်တာနဲ့ သွားရည်တမျှားမျှားကျနေကြတာ တော်တော့်ကိုအရုတ်ဆိုးနေတာပါ ဘာရောင်နီမှတောင်မ မြင်ရသေးပါဘူး။

အန်တီစုတို့က တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာသွားနေသလို တဖက်ကနေ ဖိအားပေးမဲ့ အုပ်စုတွေကလဲ စစ်အုပ်စုကို တကယ်တန်းဖိအားပေးနိုင်အောင်ကျိုးစားဘို့ပါပဲ တနည်းအား ဖြင့် အလုပ်ခွဲခြားလုပ်ကိုင်တဲ့သဘောမှာ ကိုယ်အလုပ်ကိုယ်တိတိကျကျ တာဝန်ယူလုပ်ဘို့ပါ ပဲ။ ဖိအားဆိုတာမပေးပဲနဲ့ တနည်းအားဖြင့် နိုင်ငံတကာသံခင်းတမန်းခင်းကစားယုံလောက်နဲ့ တော့ စိတ်သာချ စစ်အုပ်စုက ဘယ်တော့မှအလျှော့ပေးမှာမဟုတ်ဘူးဆိုတာ ရှင်းနေတဲ့ကာ လမှာ မိမိတို့ အတိုက်အခံအင်အားစုတွေအနေနဲ့ ကိုယ့်အလုပ်ကို သေသေချာချာ ခိုင်ခိုင် ကျည်ကျည်နဲ့ လုပ်တတ်ဘို့လိုပါလိမ့်မယ် ဇွဲနဘဲနဲ့လုပ်ရမှာပါလိမ့်မယ် အလှည့်အပြောင်း ငယ်လေးတွေရဲ့ တိုးတိုက်လာတာနဲ့ ယုံကြည်ချက်ပြောင်းသွားကြလို့ကတော့ နောက်ထပ်အ နှစ်နှစ်ဆယ် စစ်အုပ်စုအုပ်စိုးမှုအောက်မှာ အနည်းဆုံးနေကြရလိမ့်မယ်ဆိုတာ မမေ့မလျော့ ရှိနေကြဘို့လိုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုက တရားမဝင်အာဏာသိမ်းအစိုးရနေ ရာမှာ တရားဝင်စစ်အစိုးရနဲ့ အစားထိုးဘို့လုပ်နေတယ်ဆိုတာ အားလုံလဲသိနေကြတဲ့ အရေး ကြီးကာလရောက်နေလို့ပါပဲ။

ထွဏ်းထွဏ်း(လူ့ဘောင်သစ်)

အပြည့်အစုံဖတ်ချင်ရင်>>>

Sunday, October 4, 2009

တဂ်ထားတဲ့ စာရေးခြင်း...။


ညီလေး ဆောင်းယွန်းလ(ချိုတူး) က (တဂ်)ထားတော့ ရေးလိုက်တာပါ၊ ဒီတလော ခရီးလေး ဘာလေးလဲသွားနေတော့ ရေးတာနောက်ကြသွားတာခွင့်လွတ်ပါ ငါ့ညီရေ အကို့ဘဝမှာ ပထမ ဦးဆုံးဂီတကို အမေ့ဆီကစကြားရတာပဲ ကိုယ့်တုန်းကအမေဆိုပြခဲ့တဲ့ သီချင်းလေးတွေကို မ မှတ်မိပေမဲ့ ညီမလေးမွေးလာတော့ အမေက ညီမလေးကို သီချင်းနဲ့ ထပ်ချော့သိတ်ပြန်ရော မှတ်မိနေတဲ့သီချင်းလေးကတော့ xxx ညီမလေးရေ အိပ်ပါတော့xxxရောင်နီလာလှပေါ့xxx တကျော့နှစ်ကျော့ တေးကိုသီ ငှက်ကျားနှုတ်ပလီxxx။ ဒီသီချင်းလေး အမေကဆိုနေကြလေ ဒီတော့ ညီမလေးကို အမေက ပုခက်လွှဲပြီးသိတ်ခိုင်းရင် အကိုအဲ့ဒီသီချင်းလေး ဆိုခဲ့ဘူးတယ်။ ၃ တန်းလောက်ရောက်တော့ စပြီးနားထဲစွဲမိတဲ့သီချင်းကတော့ စတီရီယိုလောကရဲ့ ပထမဦး ဆုံး လမ်းစဖောက်တဲ့သူတယာက်ဖြစ်တဲ့ တက္ကသိုလ်ထွန်းနောင်ဆိုတဲ့ သီချင်း(မာမီရေရှာပေး ကွယ် ရည်းစားလိုချင်တယ်တဲ့) ကိုယ်ထင်တတာတော့ ဒီသီချင်းဟာ မြန်မာပြည်မှာ ပထမဆုံး စတီရီယိုသီချင်းလို့ အကိုတော့ထင်တာပဲ အဲ့ဒီသီချင်းလေးနားစွဲသွားတယ်။ နောက် ၄ တန်း ၅ တန်းလောက်မှာတော့ လားရှိုးသိန်းအောင်(ဂျင်မီဂျက်) ဆိုတဲ့ အမေတခုသားတခုဆိုတဲ့ သီချင်းလေးပါ တရုတ်သီချင်းကိုကော်ပီလုပ်ထားတာ ဒါပေမဲ့အကိုတို့က ကော်ပီမှန်းတောင်မ သိဘူး အဆိုတော်က တရုတ်လိုပါဆိုထားတာတောင် မသိခဲ့တာကွ မမကြီးယောင်္ကျားကပြော ပြမှ တရုတ်သီချင်းမှန်းသိခဲ့ရတာလေ။ အမေနဲ့ခွဲနေရတဲ့ အနှစ်နှစ်ဆယ်လုံးလုံးသတိရရင် ဆို နေတာပဲလေ အခုလဲဆိုနေတုန်း အမေနဲ့မှမတွေရပဲကိုး..။

၁၅ နှစ်သားလောက်ပေါ့ကွာ ဂစ်တာတီးလေးစသင်တာပေါ့ သင်ပေးတဲ့ဆရာတွေကလဲ လမ်း ဘေးမှာဂစ်တာတီးနေတဲ့အကိုတွေလေ သူတို့ဟိုဟာဒီဟာလေးတွေ ဝယ်ခိုင်းရင်လဲ ဝယ်ပေး ရသေးတယ်ကွ ဒါပေမဲ့အကိုသူတို့ကိုလေးစားတယ်၊ သူတို့ကြောင့်ပဲဂစ်တာကို ပိုစွဲလန်းခဲ့ရ လို့ပါပဲ။ အကိုစသင်တဲ့သီချင်းက မန္တလေးရောက်ရှမ်းတယောက် ၁၆နှစ်သားလောက်ကြတော့ လူစုံရင်အရက်လေးဘာလေးသောက်တတ်လာတော့xxxx ကောင်မလေးမင်းကြောင့် ငါအရက် သောက်ပြီးလေး သစွာ xxx မရှိတဲ့ဆံတိုမလေးရယ်ပေါ့ကွာ xxx အခုတွေးကြည့်တော့ ရီမိ တယ်ကွ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းကတော့ အင်မတန်းဆိုးနေတဲ့ ရောဂါပေါ့ကွာ မဟုတ်ဘူး လား။ နောက်တော့ အကိုတို့ပဲ ကံကောင်းတာလားတော့မသိဘူး စတီရီယိုလောကမှာ စိုင်း ထီးဆိုင်၊ ခင်ဝမ်း၊ ခင်မောင်တိုး၊ ခိုင်ထူး၊ ဖိုးချို၊ မွန်းအောင်..စတဲ့စတဲ့ ကိုယ်ပိုင်သံစဉ်ဂီတသမားတွေ ခေတ်စားလာတော့ မဇ္ဈိမလှိုင်းကဖန်တီးတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေက အကို့ဘဝမှာ စွဲလန်း နှစ်သက်မိခဲ့တယ်လေ မဟာဆန်သူ၊ ကြိုးကြာသံ၊ ပြည်မှဆောင်း၊ ဧရာဝတီ... အဲ့ဒီခေတ်တွေဆီက ခေတ်စံနစ်ရဲအရိပ်တွေပါတဲ့သီချင်းတွေ တီးဖြစ်တယ်။ လိုက်စားဖြစ်တယ်။ အဲ့ဒီ့သီချင်းတွေရဲ့ လေးနက်တဲ့ အဓိပ္ပါယ်နဲ့စကားလုံးသံစဉ်တွေက ဒီကနေ့အထိကြိုက်နေတုန်းပေါ့။

နောက် ရောခ်ဂီတ တွေခေတ်စားလာတော့ ရောခ်သီချင်းတွေလဲ တီးဖြစ်တယ် ကြိုက်ရင်လဲ ဆိုဖြစ်ပါတယ်။ မှတ်မှတ်ရရ ၁၉၈၄ ခုနှစ်က ကျိုက္ကဆံကွင်းမှာ ခိုင်ထူးဆိုပြီး ကိုနေဝင်းရေးတဲ့ စစ်နဲ့ငြိမ်းချမ်းရေးဆိုတဲ့သီချင်းပါ စတိတ်ပေါ်မှာဆိုခွင့်တော့ရတယ် ထုတ်ခွင့် မဆလ ခေတ်မှာ ပိတ်ထားတယ်လေ။ အဲ့ဒီသီချင်းအခုထက်ထိကြိုက်တယ် စစ်ဆန့်ကျင်ရေးသီချင်းလေ စစ်လို လားတဲ့သူတွေ၊ စစ်ဝါဒီတွေကတော့ ဘယ်ကြိုက်မလဲလေ။ အဲ့ဒီသီချင်းတွေဟာ ကိုယ့်ကိုလွှမ်း မိုးခဲ့ယုံမက အတွေးအခေါ်မောင်းနှင်အားတခုဖြစ်ခဲ့တယ်လေ။ ဒီတော့ ငြိမ်းချမ်းရေးတိုက်ပွဲxxx xငြိမ်းချမ်းရေးအတွက်xxxxတိုက်ပွဲရှိရမယ်။

အကိုကကော်ပီတွေရော ကိုယ်ပိုင်တွေပါ တီးတယ် ဆိုတယ် ဒါပေမဲ့ ကိုယ်ပိုင်ဖန်တီးတဲ့ ဂီတ၊ သီချင်း၊ သံစဉ်တွေကသာ တန်ဘိုးအားဖြင့်တကယ်မြင့်မားတယ်လို့ခံယူထားတယ်။ ကိုယ်မတတ်ခင်၊ မဖန်တီးနိုင်ခင် ကော်ပီတွေတီးခြင်တီး၊ ဆိုချင်ဆို ဒါပေမဲ့ ကျိန်းသေပြောရဲတာက ကော်ပီနဲ့ကျော်ကြားလာသူဖြစ်ပါစေ ကိုယ်ပိုင်တွေမဖန်တီးနိုင်ရင် သူဂီတသမိုင်းမှာ ကိုယ်ပိုင် ရှိမှာမဟုတ်ဘူးဆိုတာပါပဲ။ ဒီတော့ အခုဘာလုပ်နေသလဲဆိုရင် ဘာသီချင်းတွေညည်းနေသ လဲ တီးနေသလဲဆိုရင် ကိုယ်ပိုင်အယူအဆနဲ့ ဖန်းတီးထားတဲ့ သီချင်းလေးတွေလုပ်နေတယ်။ xxxရဲရင့်လက်တွေဆက်xxxမင်းရေးခဲ့တဲ့ ဒီသမိုင်းတွေxxxဆူးခင်းတဲ့အနာဂတ်xxx တိုးဖြတ် ခဲ့ပြီသူငယ်ချင်းရေxxx ယုံကြည်ချက်xxx ယုံကြည်ချက်ပြင်းထန်xx ကျဆုံးသွားတဲ့ရဲဘော်ရေ…..ဆိုတဲ့ စာသားလေးတွေပါတဲ့ သီချင်းလေးတွေ ဖန်တီးနေတယ် ဒီသီချင်းတွေက အကို့ ကို လွမ်းမိုးနေတယ် ညီလေးရေ….။

အော်..ရေးဘို့လိုသွားလို့ပြောရအုံးမယ် မြန်မာ့ဂီတကို အင်မတန်မြတ်နိုးမိတယ်။ ပဒေသရာဇ် အရိပ်မပါတဲ့ သီချင်းတွေ အုပ်စိုးသူလူတန်းစားကိုဖားထားတဲ့သီချင်းတွေ ဘုန်းတော်ဘွဲ့တွေမဟုတ်ရင် အကုန်ကြိုက်တယ်။ ဆိုင်းဝိုင်းနဲ့လည်း သီချင်းလေးဘာလေးဆိုခဲ့ဘူးတယ်။ ခေတ်နဲ့အညီတီထွင်ဖန်တီးနိုင်မှုအပိုင်းတော့ရှိဘို့ လိုတယ်လို့ထင်တယ်။ ဆရာမြိုမငြိမ်းတို့လိုလူတွေ အသီးသီး သူ့ခေတ်နဲ့သူပေါ်ခဲ့ပေမဲ့ သူတို့လုပ်ချင်တာ လုပ်ခွင့်ရမသွားခဲ့ရှာဘူးလေ… ။ ကိုယ် သမီးလေးတွေကို ကိုယ်ချော့သိတ်ခဲ့ရတာ တိမ်လွှာမို့မို့လွင်ဆိုတဲ့သီချင်း သင်္ကြန်တိုင်း တသသဆို တီးနေရတာ မန်းတောင်ရိပ်ခိုလေ… ညီအကိုမောင်နှမတွေအားလုံး ဂီတကို နှစ်သက်ခုံမင်နိုင်ကြပါစေ.. ဂီတနဲ့ တိုင်ပြည်နဲ့လူမျိုးကို အကျိုးပြုနိုင်ပါစေ.... လူသားခြင်းဆက်သွယ် ရေးစနစ်ထဲမှာ ဂီတဟာအမြန်ဆုံးဆိုတာ အားလုံသိနေကြတာပဲနော်။

ဂင်ကြီး

(ဓါတ်ပုံကိုဂူဂယ်လ်ကယူထားတာ)

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့