Monday, July 20, 2009

မမေ့ထက်နိုင်တဲ့ အာဇာနည်နေ့...။







(၆၂)နှစ်မြောက် အာဇာနည်နေ့အခန်းအနားကို အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းမြို့မှာ ဒီက နေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခန်းအနားကို အော်ရီဂွန်ပြည်နယ်မြန်မာ့ ဒီမိုကရေစီရေးလှုပ် ရှားမှုကော်မတီနဲ့ အာဇာနည်နေ့ကို အလေးထားတန်ဘိုးထားကြတဲ့ တိုင်းရင်းသားညီအကိုများ စုပေါင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့အခန်းအနားမှာ အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော်ထွန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အဖိုးဦးအုံးတင်၊ အာဇာနည်ဆိုတဲ့အ ကြောင်းကိုရဲဘော်သန်းဝင်း (မကဒတ ရဲဘော်ဟောင်း)၊ မျိုးဆက်သစ်များရဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အမြင်ကိုရဲဘော်ပါပေါင်း (ဇိုမီးအမျိုးသားကွန်ဂရက်)၊ အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ဂုဏ်ပြုကဗျာကို ရဲဘော်လှစိုး(မကဒတရဲဘော်ဟောင်း) တို့မှ အသီးသီးပြောကြား၊ရွတ်ဖတ်သွားကြပါတယ်။
ဆက်လက်ပြီး ခရစ်ယန်ဘာသာနဲ့အစ္စလမ်ဘာသာတို့မှ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူး ဆု တောင်းမေတ္တာပို့သကြပြီး သီရိမင်္ဂလာကျောင်းဆရာတော်မှ အာဇာနည် ခေါင်းဆောင်ကြီးများနဲ့ပတ်သက်တဲ့ ဩဝါဒစကားနဲ့ ရေစက်ချတရားတော်ဟောကြားခြင်း တို့ကိုပြုလုပ်ပေးပါတယ် ဆက်လက်ပြီး ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လျှူဒါန်းကြပြီး အခန်းအနားကို တက်ရောက်လာသော မြန်မာနိုင်ငံသား(၁၀၀)ကျော်ကိုလဲ နေ့လည်စာထမင်းနဲ့ တည်ခင်းဧည့်ခံခဲ့ကြပါတယ်။
ဒီအခန်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကို ကိုထွန်းထွန်းမှရှင်းပြရာမှာ “ဒီကနေ့ တိုင်းပြည်အာဏာ ကို မတရားရယူထားတဲ့ နအဖစစ်အုပ်စုဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ သမိုင်းတွေကို ဖျောက် ဖျက်ဘို့ စနစ်တကျကျိုးပမ်းနေတဲ့အချိန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တန်ဘိုး နဲ့သမိုင်းကို ရောက်တဲ့အရပ်မှာဖေါ်ထုတ်ရမှာက မြန်မာနိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်လို့ ဒီအခန်းအနားကို စီစဉ်ကျင်းပရတာပါ” လို့ပြောကြားသွား ပါတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, July 17, 2009

အနီကဒ်.....။ (ယဉ်ထွန်း)

လမ်းအသစ်ဖောက်ရတာ ပင်ပန်းလားဗျ
ပင်ပန်းတာပေါ့ဗျာ
ဆူးညှောင့်ခလုပ်ကအစ အိုအစအဆုံး
မပင်ပန်းရှိမလား...။

ဖောက်ပြီးသားလမ်းမှာ လျှောက်ရတာရော
ပင်ပန်းတာပါပဲဗျာ
ခွန်အားသုံးရ နေပူပူမိုးရွာရွာ
ပင်ပန်းတာပါပဲဗျို့...။

ကဲကိုယ့်လူရေ လှည်းယာဉ်ကလေးနဲ့ရောဗျာ
အင်းလေဗျာ
ညောင်းညာသလိုပဲဗျ
တော်..တော် ကိုယ့်လူ
လှည်းပေါ်ကကန်ချမခံချင်ရင် မြန်မြန်သာဆင်း...။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, July 14, 2009

မမေ့ထက်တိုင်


မေ့မရကောင်းတဲ့ အာဇာနည်ကြီးတွေ မြန်မာ့လွတ်လပ်ရေးအတွက် အသက်စတေးခဲ့ကြရတယ်။ ဒီအာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့သမိုင်းကို ငါတို့မျိုးဆက်တွေ ငါတို့ခလေးလေးတွေကို မျှဝေကြရမှာ တို့တာဝန်ပဲ...။

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, July 6, 2009

ယူတီကာညီလာခံ အောင်မြင်စွာကျင်းပပြီးစီး......။








မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင် အားစုများ မဟာဗျုဟာညီလာခံတရပ်ကို မြောက်အမေရိကတိုက်ရှိ မြန်မာ့ဒီမိုကရေစီအင်အား စုများဖြစ်သော သံဃာ့ခေါင်းဆောင်များ၊ ABSDF ရဲဘော်ဟောင်းများ၊ နိုင်ငံရေးအကျဉ်း သားဟောင်းများ၊ တိုင်းရင်းသား ညီအကိုများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ NLD ပါတီဝင်များ၊ (FBF)မှ အဖွဲ့ဝင်များစုပေါင်းပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက် ပြည်နယ်၊ ယူတီကာမြို့မှာ ဂျူလိုင်လ(၃)ရက်၊ (၄)ရက် နှစ်ရက်တိုင်ကျင်းပခဲ့ပါသည်။

၎င်းညီလာခံမှ ညီလာခံကျင်းပရခြင်း၏ အခြေခံမူပေါ်လစီ (၃) ရပ်ချမှတ်နိုင်ရေးအတွက် (၃) လခန့် ကြိုတင် ပြင်ဆင်ကာ အပတ်စဉ်တယ်လီဖုန်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြပြီး အောက်ပါ အခြေခံမူ(၃)ရပ်ကိုချမှတ်ကာညီလာခံကိုကျင်းပခဲ့ပါသည်။

(က)၂၀၁၀ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ဖျက်ရေး။ (ခ) စစ်အာဏာရှင်စနစ်ကို ထိပ် တိုက်ရင်ဆိုင် တိုက်ပွဲဝင်ရေး(နည်းလမ်းပေါင်းစုံ)။ (ဂ) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးဟူသော မူသုံးရပ်ကို ညီလာခံမှ အတည်ပြုခဲ့ကြပြီး စစ်အာဏာရှင်စနစ်အား “ပြတ်ပြတ် သားသား ဆန့်ကျင်တိုက်ဖျက်သွားရေး” ဟူသော မဟာဗျူဟာကိုချမှတ်နိုင်ခဲ့ပြီး ရှေ့လုပ် ငန်းစဉ်များချမှတ်ကာ တိုက်ပွဲစဉ်အဆင့်အလိုက် ရှင်းလင်းစွာ ပြတ်ပြတ်သားသားဆောင်ရွက် နိုင်ရေးအတွက် ကော်မတီ (၆)ရပ် ကိုဖွဲ့စည်းခဲ့ကြပါသည်။ စစ်အာဏာရှင်စနစ်အား ပြတ်ပြတ် သားသားတိုက်ပွဲဝင်မည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို ကျယ်ပြန့်သော မြန်မာ့ အမျိုးသားကွန်ဂရက်တရပ်ကို ဖွဲ့စည်းနိုင်ရန် အင်အားစုအသီးသီးသို့ ကမ်းလှမ်းပြီး၊ စုစည်း ညီညွတ်စွာ စစ်အုပ်စုအား ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း တက်ရောက် လာသော ညီလာခံကိုယ်စားလှယ်များမှ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပြီး။ နောက်ဆက်တွဲ ထုတ်ပြန်ချက်များ၊ ညီလာခံအတွင်း တင်သွင်းခဲ့သောစာတမ်းများ၊ ညီလာခံ၏ အသေးစိတ်ဆုံးဖြတ်ချက်များကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရပါသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့