Wednesday, November 5, 2008

ထော်လေး...(ဂင်ကြီး)


ပန်းချီ စိုးမိုး ဟုသိရပါသည်။
(ထော်လေး)

ကျနော်ခင်မင်ရတဲ့ ချာတိတ်လေးတယောက်ရှိပါတယ်၊ သူ့နံမည်က ထော်လေး လို့ခေါ်ပါ တယ် နံမည်ပြောင်လေးပါ နံမည်အရင်း မြတ်မင်း လို့ခေါ်ပါတယ်၊ သူနဲ့ကျနော် စတွေ့တော့ သူက တနှစ်နဲ့ သုံးလသားလေးပဲရှိသေးတာ ဒါပေမဲ့အရွယ်နဲ့မလိုက်အောင် အင်မတန် တတ်တဲ့ခလေးပါ ရုတ်ပြောင်တွေအမျိုးမျိုးလုပ်ပြတတ်တော့ ကျနော်လဲတွေ့ပြီးသိတ်မကြာ ပါဘူး တအားခင်သွားတာပါပဲ၊ သူ့အဖေနံမည်ကထော်ကြီး ဒါလဲနံမည်ပြောင်ပဲခင်ဗျ ဒီကောင် ကနှုပ်ခမ်းနဲနဲထော်တော့ဗျာ အဲ့ဒါထော်ကြီးဖြစ်သွားရတာပါ ကျနော်တို့ တော်လှန်ရေးရဲဘော် တွေမှာက နံမည်ပြောင်တွေ နံမည်ပြောင်းထားရတာတွေ (အခြေအနေကိုလိုက်လို့ပဲဗျို့) ကျနော့်ကိုလဲတော်တော်များများက ဂင်ကြီးဆိုတဲ့နံမည်ပြောင်ပဲ ခေါ်ကြတာများတယ် ရုတ်စွ အဆုံးမဟေသီကတောင်(ဦးဂင်)လို့ခေါ်တယ်ဗျို့ ထားလိုက်ပါတော့ဗျာ အဲ့ဒါဆက်ရေးရရင် ရှည်တယ်ဗျို့။
ထော်လေးတို့အိမ်ကို ကျနော်ရောက်သွားရတာကတော့ဗျာ ဆေးကုရင်းနဲ့ပါ အဲ့ဒီအချိန်က ထော်ကြီးက အလယ်ပိုင်းဒေသမှာ တာဝန်ကျနေတာလေ ကျနော်တို့ကဗမာပြည်မှာက တည်းက လူ့ဘောင်သစ်မှာ အတူတူလုပ်ခဲ့ကြတော့ ဒီရောက်လို့ပြန်တွေ့ကြတော့လဲ ရဲဘော် ရဲဘက်တွေဆိုတော့ ခင်မင်တယ်ဗျို့ ကျနော်ဆေးနားနေတောသူတို့ချက်စားတာပဲ စားရ တာဗျို့ ကြက်သားစားချင်တယ်ဆိုရင်လဲ့  ထော်ကြီးကမွေးထားတဲ့ကြက် ရိုက်ချက်တာပဲ တခါတလေ အသီအနှံလေးတွေဘာတွေ သူတို့လင်မယားသွားရှာရင် ကျနော်တို့က ထော် လေးထိန်းပေါ့ဗျာ သိတယ်မဟုတ်လား ရဲဘော်တွေလေဗျာ ထော်လေးကိုအကုန်သင် ကောင် မလေးတွေ့ရင်မျက်စေ့မှိတ်ပြတာကအစ ဒီကလေးကသိပ်တတ်လွယ်တာဗျ သင်လိုက်ခဏပဲ တော်တော့ကို တတ်တာဗျို့ ကျနော်တို့မှာပြင်းရင်သူနဲ့ပဲအပန်းဖြေရတာ ဒီခလေးရုပ်ပြောင် တာ ဗီဇသဘောပါမယ်ထင်တယ် သူ့အဖေထော်ကြီးကရုပ်ပြောင်ဟာသ ဝါသနာထုံလေ့ရှိ တယ် တခါတလေဒီကောင်တွေပြောတိုင်အတည်ယူရင် ခင်ဗျားကြပ်ခံထိပြီလို့သာမှတ်လိုက် ဗျာ ကျနော်အိမ်ထောင်ကြတာ သူတို့နားမှာနေရင်းဗျို့ ပြောလက်စနဲ့ နည်းနည်းဆက်ပြော ရရင် ကျနောအမျိုးသမီးကအဲ့ဒီ့်အချိန်က အဲ့ဒီဒေသမှာရှိတဲ့ မိဘမဲ့ခလေးတွေကိုစာသင်ပေးတဲ့ တောကျောင်းလေးမှာ ခလေးတွေကိုစာပြပေးနေရင်း တော်လှန်ရေးတာဝန်ယူနေတာဗျို့ သူနဲ့ ထော်ကြီးက မကဒတ ကျနော်ကအဲ့ဒီအချိန်က လူ့ဘောင်သစ်မှာ ဆရာမတွေဆီသွားလည် ဆရာမတွေက ပြန်လာလည် နောက်တော့ညားကြတာပေါ့ဗျာ ထော်ကြီးတခါတလေ ကျနော့် ကိုကြပ်ရင်ကျနော်က အေးငါကမင်းတို့ကိုတဂိုးသွင်းထားတာကွလို့ ပြောလိုက်ရင် သူငြိမ်ရ တာပဲ အဲ့ဒါနဲ့ဆက်ရရင်ဗျို့ ထော်လေးအမေအကြောင်းလေးလဲပြောမှဖြစ်မယ် အေးနုတဲ့ ကယန်းအမျိုးသမီးလေးပါ တော်လှန်ရေးနယ်မြေမှာ ထော်ကြီးနဲ့တွေ့ပြီးအိမ်ထောင်ကြတာ တော်တော်ရိုးပြီး အနေအေးတဲ့သူလေးပါ သူထော်ကြီးနဲ့ရတော့ ကျနော်ထင်တာတော့ ၁၈ နှစ်မပြည့်ဘူးထင်တာပဲ ထော်ကြီးကတော့ ၁၉ နှစ်ရှိပြီးပြောတာပဲဗျို့ ကျနော်တို့တခါတလေ သောက်တဲ့အခါ မင်းကခလေးမုန့်ပေးကြိုက်တာမဟုတ်လားဆို အသက်ပြည့်ပါပြီလို့ ပဲပြောတာပဲဗျို့ အခုထက်ထိ အေးနုအသက် ထော်ကြီးမှလြွဲ့ပီးဘယ်သူမှအတိအကျမသိပါဘူး...။

တော်လှန်ရေးမှာက နေရာအတည်တကျပုံသေရှိတာမှမဟုတ်တာ ကျနော်တို့လဲနေရာ ပြောင်းရ ထော်လေးတို့လဲ နေရာပြောင်းရနဲ့ နှစ်အနည်းငယ် ကြာတော့မှထော်လေးနဲ့ ပြန် တွေ့ရတယ် သူတို့ကဒုက္ခသည်စခန်းမှာ သူ့အမေနဲ့နေ သူအဖေထော်ကြီးက တာဝန်ကြ ရာသွား တခါတလေမဲ့ဆောက်မှာတွေ့ကြရတယ် ထော်လေးကဘာမှမပြောင်းဘူး ကရင် စကားတွေတောင်တတ်လာသေးတယ် ကျနော်မိန်းမကလဲ သူ့ကိုခင်တယ်လေ ကျနော်လည်း ခလေးတွေရနေပြါ့ပီ သူ့မှာလဲညီလေးတယောက်ရနေပြီ ဒါပေမဲ့ကျနော်တို့ထော်လေးကိုချစ် တုန်းပဲ သူတို့အိမ်ကိုလာရင်ချက်ပြုတ်ကျွေးတာပဲဗျို့ ကျနော်ကအဲ့ဒီအချိန်က မဲ့ဆောက်က ရုံးမှာ တာဝန်ကျနေတာ သူတို့နေတဲဒုက္ခသည်စခန်းမှာ ယမုန်နာဆိုတဲ့ကျောင်းလေး သူတို့ ဖွင့်ထားတယ်လေ အေးနုကအဲ့ဒီမှာကျောင်ဆရာမလုပ်တယ် ကျနော်အဓိကပြောချင်တာက တော့ဗျာ ဒီကနေ့အထိ ကြံကြံခံပြီးနယ်စပ်မှာ ရပ်တည်လုပ်ကိုင်နေရတဲ့ ရဲဘော်တွေရဲ့ သား သမီးတွေရဲ့ ပညာရေးကိစ္စပါ ထော်လေးကဒုက္ခသည်စခန်းမှာ ကျောင်းနေရတယ် သူတို့ ဘယ်လောက်အထိပညာတတ်လာမလဲ ဘယ်သူမှအာမမခံနိုင်ဘူး အာမခံချက်မရှိဘူးပေါ့ဗျာ အဖွဲ့အစည်းဆိုတာကလဲ မူလတန်းပညာလောက်အထိပဲ တာဝန်ယူနိုင်တာလေ ကျနော် တွေးကြည့်တယ်ဗျာ တချို့ကအဖွဲ့အစည်းတာဝန်ရယ် တခြားလူမှုရေး၊ပညာရေး၊ကျန်းမာရေး စတဲ့ အင်ဂျီအို အလုပ်တွေပါတွဲလုပ်တော့ ထိုင်းကျောင်းတွေမှာ ခလေးတွေကို ထားကြတယ် ဗျာ ဒါလဲအာမခံချက်ရှိတာတော့မဟုတ်ဘူး ထိုင်းကဒီကလေးတွေကို ဘယ်နှစ်တန်းအထိ ပညာသင်ခွင့်ပေးမှာလဲ စဉ်းစားစရာတွေအများကြီး ဒါပေမဲ့ ကျန်တဲ့ရဲဘော်တွေရဲ့ခလေးတွေ ကဒုက္ခသည်စခန်းက ပညာရေး ဒါမှမဟုတ် ထိုင်းထဲမှာဗမာလူမှုရေး၊ပညာရေး၊ အဖွဲ့အစည်း တချို့ကဖွင့်ထားတဲ့ မူလတန်းကျောင်းလေးတွေမှာနေ ဒီလိုပဲသွားနေကြရတာ ကျနော် မဲ့ ဆောက်မှရှိနေတုန်းက ကျနော်သမီးလေးတွေလဲ လူ့ဘောင်သစ်ကဖွင့်ထားတဲ့ မူလတန်း ကျောင်းလေးမှာနေကြရတာ အခုတော့ ဒီနိုင်ငံမှာ တကယ့်ကောင်းမွန်တဲ့ပညာရေး သူတို့သင် နေကြရပြီ ဒါပေမဲ့ကျနော်စိတ်မကောင်းဘူး ကျနော်တိုရဲဘော်တွေရဲ့ခလေးတွေက ဒုက္ခသည် စခန်းတွေမှာ၊မဲ့ဆောက်က ဗမာမူလတန်းကျောင်းလေးတွေမှာ၊ ထိုင်းကျောင်းလေးတွေမှာ ဒီလိုပဲနေနေကြရတာပါ သူတို့မိဘတွေကပညာရေးအကြောင်းမသိလို့ မဟုတ်ပါဘူး သူတို့ တာဝန်တွေအရ ယုံကြည်ချက်တွေအရ သူတို့ခလေးတွေရဲ့ဘဝတွေပါ တကယ်တော့… အ ရောင်မှေးနေသလို ဖြစ်နေကြရတာပါ ထော်လေးဆို အခု ၆ တန်းရောက်ပါပြီ မနှစ်က ဆရာမ စင်သီယာမောင်ဖွင့်ထားတဲ့ကျောင်းမှာ နေတယ်တဲ့ ဒီနှစ်တော့ မဲ့ဆောက်မှာနေရတာ အခက် အခဲတချို့ရှိလို့တဲ့ ဒုက္ခသည်စခန်း မှာပဲ ပြန်နေနေရတယ်တဲ့ ထော်လေးကစာသိပ်တော် တာလို့ထော်ကြီးပြောလို့သိရပါတယ်၊ တစ်ရက်ထော်လေးနဲ့ ဖုန်းရတယ် မင်း ကောင်မလေးတယောက်ကို ကြိုက်နေတာဆိုလို့ဆိုတော့ ဟုတ်တယ်တဲ့ ကျနော်ကပွင့်ပွင့်လင်းလင်းပဲတဲ့ ဟေ့ကောင်ထော်ကြီး မင်းသား ကဘယ်အရွယ်ရောက်နေပြီလဲဆိုတော့ ၁၂ နှစ်ကြော်ပြီတဲ့ ဒီကောင်သိပ်ဆိုးတာဗျာ… တဲ့ ဟိုတနေ့က ဥက္ကဌကို ပထမ ဥက္ကဌလို့ခေါ် တယ်တဲ့ နောက်လှမ်းလှမ်းရောက်တော့ မကြားတကြား ယောက္ခမ လို့ခေါ်တယ်တဲ့ ဥက္ကဌကစိတ်ဆိုးလို့လားဆိုတော့ စိတ်မဆိုးပါဘူး တဲ့ ဒီကောင်တော်တော်နောက်တဲ့ကောင် ဆိုပြီးပြောတာပါတဲ့ ထော်လေးကို ငါတို့ငယ်ငယ်ကသင်ပေးခဲ့တာတွေက အခုထက်ထိလက် စောင်းထက်တုန်းပဲပေါ့ကွာလို့ဆိုတော့ လက်စောင်းထက်နေတော်ကြာ ခင်ဗျားပါထိနေအုံးမယ် ဒီကောင်က အရွယ်လေးရလာတော့ ဖွန်ကြောင်ချင်နေပြီတဲ့၊ ထော်ကြီးပြောမှကျနော်သတိထားမိတယ် ကျနော်မွေးထားတာက မိန်းခလေးတွေ တော်ကြာ ငါ့ဖုန်းထဲမှာခေါ် လိုက်မှလို့တောင် စဉ်းစားမိသေးတာ သမီးကြီးတောင်၁၀ နှစ်ရောက်နေပြီလေ အဓိကကတော့ဗျာ တော်လှန်ရေးလုပ်လာတဲ့ လုပ်နေ ဆဲဖြစ်တဲ့ ရဲဘော်တွေမှာ အနာဂါတ် အလင်းရောင်လင်းလက်နေတဲ့ ခလေးတွေနဲ့ အနာဂတ်မရေရာတဲ့ ခလေးတွေရှိကြတယ်ဆိုတာ ပါပဲ…ပြောရရင်တော့ ဗျာ…ထော်လေးတွေအများကြီးရှိနေတာပါ…။


(စာဖတ်သူတွေ အသေစိတ်လေးတွေလေ့လာချင်ရင်)
http://socialactionforwomen.blogspot.com
http://yamounnar.blogspot.com
တို့ကိုသွားစေချင်ပါတယ်။

3 comments:

ဒူကဘာ November 5, 2008 at 6:11 AM  

အိမ်လွမ်းသူ ကပြောတယ် သူ လေးစားတဲ့ ( ဦးဂင်ဖြစ်မယ် မှန်းတယ် )သူကပြောတယ် ဒါတွေဟာ အမှန်တော့ ဆုံးရှုံးတယ်လို့ ထင်နေတာတွေဟာ တကယ်တော့ ရင်းနှီးမြုပ်နှံတာ.... ပေးဆပ်နေတာ.... ငါတို့ပေးဆပ်နေတယ်... ရင်းနှီးနေတယ်တဲ့ ...ကျနော်တို့ လဲ ဘဝမှာ ကျောင်းတက်ရင်း တန်းလန်း ထော်လေးတွေ ဖြစ်ခဲ့ကြရတာပဲ မဟုတ်လားဗျာ ! ဒူထော်လေး ပေါ့

သစ်နက်ဆူး November 5, 2008 at 7:20 AM  

ကိုဂင်....
ထော်လေးကို လာဖတ်သွားပါတယ်... စာရေး ကောင်းတော့ ထော်လေးပုံသဏ္ဏာန်တင်မကဘဲ...
ထော်လေးပေါင်း များစွကို မြင်ယောင်မိနေပါတယ်...။
ကျနော်လဲ ရင်းနှီး မြှုတ်နှံနေတယ် ကိုဂင်ရေ...။
အိမ်လွမ်းသူရဲ့  “ သူတို့ လေးတွေမှာလဲ တာဝန်ရှိတယ်”
ဆိုတဲ့ ပို့ စ်လေးကို ကျနော် လက်ခံ ကျင့်သုံးနေပါတယ်..။
ကျောင်းကလေး ရှိရာကိုလဲ သွားလိုက်ပါဦးမယ်...။
အတွေ့ အကြုံတွေ ဆက်ရေးပါဦး...။

Anonymous,  November 13, 2008 at 10:11 PM  
This comment has been removed by the author.

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့