Wednesday, May 27, 2009

သံတိုင်ကြားက လရောင်ဆီ ...(ဝင်းတင့်ထွန်း)



‘ သံတိုင်ကြားက လရောင်ဆီ ... ’

--------------------------------------
ထောင်နန်းစံရအောင်
ထောင်ဖမ်းကာ အမှုအလီလီဆင်လို့
အာဏာရှင် ထင်ရာစိုင်းပုံက
ရာဇဝင် စာတင်အောင်ရိုင်းပြီမို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း - ကြားလို့မှ မဖွယ်မရာ ..၊၊

အောင်ဆန်းစုကြည် - ဆိုတာ
အောင်လမ်းရှု့ချီရာ လတမင်းပေမို့
လမင်းကို တိမ်အိုဖုံးသော်လဲ
တိမ်ဖုံးပေမဲ့ သာမြဲသာ ... ၊၊

နအဖဆိုတာ ကလိမ်ယုတ်တွေမို့
တိမ်ပုပ်ကနေ မှောင်မဲရင်းသာပါ့
အိမ်ချုပ်ကနေ ထောင်ထဲသွင်းပါလို့
လမင်းကို ထောင်ဒဏ်ချပေမဲ့
သံတိုင်ကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း ...
ကမ္ဘာကပါ မြင်ရရင်း ... ၊၊

ကြယ်နီ တို့ -
ကြယ်ဝါ တို့ -
ကြယ်ဖြူ တို့ -
ကြယ်စင်တို့ ရေ ...
အမှောင်တွေကို တကယ်မုန်းရင်ဖြင့် -
စုရုံးကာ ပိုင်ရာအလင်းတွေနဲ့
လမင်းအနား အတူယှဉ်လို့
ဒီကောင်းကင် ကြည်စင်သစ်ရအောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ်တို့ကို
တောထုတ် ဖြိုခွင်း ...
( ကိုင်း .. ) ပြကြ အလင်း ....၊၊ ၊၊

( ဝင်းတင့်ထွန်း )

(မတရားသဖြင့်အမှုဆင် ရုံးတင်တရားစွဲဆိုခြင်းခံနေရတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် - သို့)

2 comments:

Anonymous,  May 27, 2009 at 8:16 AM  

ကဗျာက ကောင်းလွန်းလို့ မမန့်တတ်တော့ပါ..

Anonymous,  May 30, 2009 at 12:13 PM  

မိစ္ဆာကောင်တွေက အလင်းကိုရင်မဆိုင်ရဲတော့ လမင်းကို ထောင်သွင်းအကျဉ်းချပြီး အမှောင်တိုက်ထဲ သွင်းဖို့ ကြံစည်တဲ့ အတွေးဟာ တော်တော်ရူးသွပ်တာပါ၊ ကဗျာမှာသုံးထားတဲ့ နမိတ်ပုံနဲ့ စကားလုံးတွေက ထိရှိလွန်းလှလို့ ကိုဝင်းတင့်ထွန်းနဲ့ မျှဝေပေးတဲ့ ဂင်ဂင်တို့ကိုကျေးဇူးပါ။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့