Monday, July 6, 2009

ယူတီကာညီလာခံ အောင်မြင်စွာကျင်းပပြီးစီး......။








မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင် အားစုများ မဟာဗျုဟာညီလာခံတရပ်ကို မြောက်အမေရိကတိုက်ရှိ မြန်မာ့ဒီမိုကရေစီအင်အား စုများဖြစ်သော သံဃာ့ခေါင်းဆောင်များ၊ ABSDF ရဲဘော်ဟောင်းများ၊ နိုင်ငံရေးအကျဉ်း သားဟောင်းများ၊ တိုင်းရင်းသား ညီအကိုများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ NLD ပါတီဝင်များ၊ (FBF)မှ အဖွဲ့ဝင်များစုပေါင်းပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက် ပြည်နယ်၊ ယူတီကာမြို့မှာ ဂျူလိုင်လ(၃)ရက်၊ (၄)ရက် နှစ်ရက်တိုင်ကျင်းပခဲ့ပါသည်။

၎င်းညီလာခံမှ ညီလာခံကျင်းပရခြင်း၏ အခြေခံမူပေါ်လစီ (၃) ရပ်ချမှတ်နိုင်ရေးအတွက် (၃) လခန့် ကြိုတင် ပြင်ဆင်ကာ အပတ်စဉ်တယ်လီဖုန်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြပြီး အောက်ပါ အခြေခံမူ(၃)ရပ်ကိုချမှတ်ကာညီလာခံကိုကျင်းပခဲ့ပါသည်။

(က)၂၀၁၀ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ဖျက်ရေး။ (ခ) စစ်အာဏာရှင်စနစ်ကို ထိပ် တိုက်ရင်ဆိုင် တိုက်ပွဲဝင်ရေး(နည်းလမ်းပေါင်းစုံ)။ (ဂ) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးဟူသော မူသုံးရပ်ကို ညီလာခံမှ အတည်ပြုခဲ့ကြပြီး စစ်အာဏာရှင်စနစ်အား “ပြတ်ပြတ် သားသား ဆန့်ကျင်တိုက်ဖျက်သွားရေး” ဟူသော မဟာဗျူဟာကိုချမှတ်နိုင်ခဲ့ပြီး ရှေ့လုပ် ငန်းစဉ်များချမှတ်ကာ တိုက်ပွဲစဉ်အဆင့်အလိုက် ရှင်းလင်းစွာ ပြတ်ပြတ်သားသားဆောင်ရွက် နိုင်ရေးအတွက် ကော်မတီ (၆)ရပ် ကိုဖွဲ့စည်းခဲ့ကြပါသည်။ စစ်အာဏာရှင်စနစ်အား ပြတ်ပြတ် သားသားတိုက်ပွဲဝင်မည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို ကျယ်ပြန့်သော မြန်မာ့ အမျိုးသားကွန်ဂရက်တရပ်ကို ဖွဲ့စည်းနိုင်ရန် အင်အားစုအသီးသီးသို့ ကမ်းလှမ်းပြီး၊ စုစည်း ညီညွတ်စွာ စစ်အုပ်စုအား ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း တက်ရောက် လာသော ညီလာခံကိုယ်စားလှယ်များမှ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပြီး။ နောက်ဆက်တွဲ ထုတ်ပြန်ချက်များ၊ ညီလာခံအတွင်း တင်သွင်းခဲ့သောစာတမ်းများ၊ ညီလာခံ၏ အသေးစိတ်ဆုံးဖြတ်ချက်များကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရပါသည်။

7 comments:

Anonymous,  July 7, 2009 at 1:39 AM  

ဦးဂင်ကြီးရေ........

ကျေးဇူးခုလိုမျှဝေပေးတာ

ယူတီကာရောက်ခဲ့ပါတယ်

ဦးဂင်ကြီးကိုမအားလို့ မနှုတ်ဆက်ခဲံရဘူး

အော်လ်ဘာနီသင်္ကြန်မှာ ၅ ပုဒ်တောင်တီးသွားတယ်နော်

တော်လိုက်တာ

လေးစားစွာဖြင့်

မြူးလေး

မမသီရိ July 7, 2009 at 2:12 AM  

အကို ညီလာခံ အကြောင်း ဝေမျှပေးတာ ကျေးဇူး တင်ပါတယ်
အသေးစိတ်လေးတွေ တင်ပေးပါအုံး

မဆုမွန် July 7, 2009 at 3:17 AM  

လာဖတ်သွားပါတယ်..

ကျောင်းတစ်ဘက် အလုပ်တစ်ဘက်ဖြစ်နေလို့ မအားလပ်နေပေမယ့် ပို့စ်လေး တင်လာမှာကို လာလာချောင်းနေပါတယ် နောက်ဆက်တွဲ သတင်းတွေ ဖတ်ချင်ပါသေးတယ်

ခြေလှမ်းသစ် July 7, 2009 at 5:15 AM  

ကိုဂင်ကြီးရေ ကျနော်တို့ ရဲ့  ညီလာခံကြီးကို အောင်မြင်စွာ ကျင်းပ ပေးပြီး အများပြည်သူကို အမြန်ဆုံး အသိပေးတဲ့ အတွက် ကျေးဇူးပါ

ကိုအောင် July 7, 2009 at 7:37 AM  

အကိုကြီးရေ အားပေးထောက်ခံလျက်ပါ။

Anonymous,  July 10, 2009 at 3:42 AM  

ညီလာခံကပြန်လာပြီလား။ယူတိကာညီလာခံက ချမှတ်ခဲ့တဲ့ မူသုံးရပ်ကို ထောက်ခံကြိုဆိုလိုက်ပါတယ်၊ ထိထိရောက်ရောက်နဲ့ အကောင်အထည် ဖော်နိုင်ကြပါစေဗျာ၊

Nyein Chan Aung July 10, 2009 at 8:20 AM  

ကိုဂင်.. ညီလာခံ ပုံတွေ လာကြည့်သွားတယ်။

ပြီးတော့ အတီးက ပိုကောင်းလာတယ်။ အသံက မကျသေးဘူး။ အရင်အတိုင်းပဲ။ အားပေးလျှက်..

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့