၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားများ၏ အခွင့်အရေး တောင်းဆိုမှုကို ကြုံတွေ့ခဲ့ရပြီး တန်းတူအခွင့်အရေး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ တောင်းဆိုမှုများ ရှိခဲ့သလို ဖယ်ဒရယ်မူကိုလက်ခံသူများ၊ ဖယ်ဒရယ်မူကိုလက်မခံဘဲ ကိုယ့်ကံကြမ္မာကိုယ်ဖန် တီးခွင့်တောင်းပြီး ကိုယ်ပိုင်လွတ်လပ်သောနိုင်ငံထူထောင်လိုသူများ ပေါ်ထွက်လာခဲ့ပြီး ပြည် တွင်းစစ်မီး တောက်လောင်လာခဲ့ရသည်။
ယနေ့အခြေအနေသည် တိုင်းရင်းသားအရေး၊ မြန်မာ့အရေးဟူ၍ ခွဲခြားပြောနေရမည့် အချိန်မဟုတ်ပေ၊ တိုင်းရင်းသားများအရေးသည် မြန်မာ့အရေးဖြစ်သလို၊ မြန်မာ့အရေးသည် လည်း တိုင်းရင်းသားများအရေးပင်ဖြစ်သည်၊ ပြည်တွင်းစစ်သည် တိုက်ခိုက်နေသည့်ဘက်များ အားလုံးသို့ အကျိုးထက်အဆိုးကိုသာဖြစ်စေခဲ့သည်ကို မြန်မာ့သမိုင်းက သက်သေပြခဲ့ပြီးဖြစ် သည်။
ယနေ့မြန်မာနိုင်ငံသည် မြန်မာ့သမိုင်းတွင်မကြုံစဖူးသော စစ်အာဏာရှင်စံနစ်ဆိုး အောက်တွင် ရောက်ရှိနေခဲ့ရသည်၊ မြန်မာပြည်သူတို့သည် မိမိလူမျိုးခြင်းကျွန်ပြုမှုကို ခါး စည်းခံစားနေရသည့်အခြေအနေတွင်ရှိသည်၊ မြေပြန့်တွင်နေထိုင်သည့် ဗမာလူမျိုးများမှအစ တောင်တန်းဒေသတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများအားလုံး စစ်အာဏာရှင်စ နစ်၏ခါးသည်းမှုကို တန်းတူညီမျှခံစားနေရသည်မှာ ယနေ့မြန်မာနိုင်ငံသားများ၏ ပကတိအ ခြေအနေဖြစ်သည်။
စစ်အာဏာရှင်တို့သည် (ငြိမ်းချမ်းရေးကိုလိုလားသူများဖြစ်သည်..) ဟူသော ကြွေး ကြော်ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲခဲ့သည်မှာ နှစ်ပေါင်း(၂၀)တိုင်ပင်ရှိခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်ရာတွင် ရည်ရွယ် ချက်မှာ အမှန်တကယ်ငြိမ်းချမ်းရေးရရှိရန်အတွက်ထက် ၎င်းတို့ ၁၉၈၈ နောက်ပိုင်းတွင် ရင် ဆိုင်နေရသည့် အနီးဆုံးရန်သူအဖြစ် စစ်အုပ်စုမှသပ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား နှိမ်နှင်းသည့်အခါတွင် လွတ်လွတ်လပ် လပ် NLD ကိုသာ ဦးတည်တိုက်နိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
(၁) တိုင်းရင်းသား လက်နက်ကိုင်များကို ယာယီငြိမ်းချမ်းရေးယူ၍ ဦးစွာ NLD ကို နှိမ်နှင်းရန်။
(၂) NLD ကို နှိမ်နှင်းပြီးနောက် ၎င်းတို့ဆက်လက်အာဏာရရှိရေးအတွက် အရပ်သား အစိုးရကို ဖန်းတီးရန်။
(၃) ငြိမ်းတပ်ဖွဲ့များကို တဖွဲ့ချင်းမျိုးဖြုတ်၍ တပြည်လုံးကို စစ်ကွန်ယက်အောက်တွင်ထားရှိရန်။
ဆိုသည့် အဆင့်သုံးဆင့်ကိုချမှတ်ပြီး စံနစ်တကျလုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။
(ပထမ)အဆင့်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ် ပြင်ပအသိုင်းအ၀ိုင်းတွင် မရှိစေရန် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားခြင်း၊ ငြိမ်းအဖွဲ့များကို ရွေးကောက်ပွဲမတိုင်မှီ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရန် တပ်ဖွဲ့ဝင်ဦးရေကိုလျော့ချရန် ဖိအားပေးခြင်းတို့ကို တပြိုင်နက်ပြုလုပ်လာခဲ့ပေသည်။
(ငြိမ်း)အဖွဲ့များကိုဖိအားပေးရာ၌ အင်အားနည်းသောအဖွဲ့များကို စတင်ပြုလုပ်လာပြီး နောက်ဆုံးကိုးကန့်အဖွဲ့အားဖိအားပေးရာတွင် လက်မခံသည့်အတွက် ဥက္ကဋ္ဌ ဖုံကြားရှင်နှင့် ဒုဥက္ကဋ္ဌ ပိုင်းဆုံချိန်တို့ကြား သပ်လျိုဖြိုခဲ့သည်။ KNUနှင့် DKBAတို့ကွဲ့ခဲ့ရသည့်ကို ကိုးကန့် အဖွဲ့မှ နမူနာယူသင့်လျက်မယူနိုင်ခဲ့ခြင်းသည် နအဖ၏ Divide and Rule Policy ကို ပိုမို အားကောင်းသွားစေခဲ့ပေသည်။
သို့ရာတွင် ဖုန်ကြားရှင်တို့၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) သည် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) တို့ပူးပေါင်း၍ မဟာမိတ်ဖွဲ့ထားခြင်းကြောင့် တဖွဲ့ကိုတိုက်လျှင် ကျန်အဖွဲ့ များကိုပါတိုက်ခြင်းဖြစ်သည်ဟု ယူဆထားခြင်းကို ခိုင်မာမှုရှိမရှိ စမ်းသပ်လိုက်ခြင်းလည်းဖြစ် နိုင်ပေသည်။
ကိုးကန့်ကိုတိုက်သည်ကို (ဝ) မှလက်ပိုက်ကြည့်နေလိုက်ပါက နောင်တွင် အင်အား ကြီးသေ(၀)ကိုချန်၍ KIO ကိုတိုက်ပေလိမ့်မည်၊ KIO ပြုတ်သွားလျှင် (၀)ကို နောက်ဆုံးထား ခြေမှုန်းဘို့ ရှိပေသည်။
မည်သူနိုင်မည်နည်း?
KNUသည် DKBAခွဲထွက်သွားပြီးနောက် အင်အားချိနဲ့သွားခဲ့ရသည်။ထို့အပြင် (နအဖ) ၏ တံခါးဖွင့်စီးပွားရေးဝါဒကြောင့် ထိုင်းနိုင်ငံရေး သမားတို့အတွက် ယခင်နယ်စပ်ကုန်သွယ် ရေးထက် အကျိုးအမြတ်ကြီးမားသော (နအဖ) ထံမှ တရားဝင်ကုန်သွယ်ရေးကို ဦးစားပေး လာခဲ့ပြီး KNU နှင့် စီးပွားရေး၊စစ်ရေးအဆက်အသွယ်များ ဖြတ်တောက်ပစ်ခဲ့ပြီး၊ လက်နက် ရောင်းဝယ်မှုကို တင်းကြပ်စွာထိန်းချုပ်လာခဲ့သည့်အတွက် KNU တို့မှာ အားနည်းသည်ထက် နည်းလာခဲ့ရသည်။
သို့ရာတွင် KNUသည် နှစ်ပေါင်း ၂၀ ကျော် ဆက်လက်၍ ခုခံတိုက်ပွဲဝင်နေတုံး ဖြစ်သည်။ ထို့ကြောင့် (နအဖ)အနေနှင့် ၀, ကိုးကန့်, ကေအိုင်အေတို့၏တပ်ပေါင်းစုကို တိုက် မည်ဆိုလျှင် နှစ်ပေါင်း ၂၀ အတွင်း နိုင်အောင်မတိုက်နိုင်ချေ၊ ထို့ပြင် ကိုးကန့်နှင့် ၀ တိုင်းရင်း သားများသည် ကရင်နှင့် မတူညီကြချေ။ ကရင်နှင့် (ယိုးဒယား) ထိုင်းလူမျိုးတို့ များစွာကွဲပြား ကြပါသည်၊ ရုပ်ရည်၊ အသားအရောင်၊ ဘာသာစကားမတူညီကြပါ။
သို့ရာတွင် ကိုးကန့်, ၀နှင့် ကချင် တိုင်းရင်းသားများသည် တရုတ်ပြည်နှင့် လူမျိုး၊ ဘာသာစကား၊ ရုပ်သွင်မှအစ ဆက်စပ်နေကြပါသည်။ မြန်မာနိုင်ငံတွင် ၀များ ကိုးကန့်များ၊ ကချင်များ ရှိသကဲ့သို့ တရုတ်ပြည်တွင်လည်း ၀ များ ကိုးကန့်များ၊ ကချင်များရှိပါသည်။ ယူနန် နယ်တွင်နေထိုင်သော ၀ များ ကချင်(ဂျိမ်းဖော)၊ ကိုးကန့်လူမျိုးများ အများစုရှိပါသည်။ မြန်မာ ပြည်တွင်းမှလူမျိုးစုများနှင့်လည်း ဘာသာစကားတူပါသည်။ ယူနန်မြို့တော်ကူမင်းမြို့တွင် တိုင်းရင်းသားကျေးရွာသို့ စားရေးသူသွားရောက်လည်ပတ်ဖူးပါသည်၊ မြန်မာပြည်တွင်းရှိ တိုင်း ရင်းသားများနည်းတူ ယူနန်နယ်တွင် အများအပြားမှီတင်း နေထိုင်ကြပါသည်။
ယူနန်နယ်ကို တရုတ်ပြည်၏ “ တောင်ပိုင်းမှ မိုးတိမ်များ” (South of the Clouds) ဟု တင်စားခေါ်ဝေါ်ပါသည်။ ယူနန်နယ်သည် စတုရန်းမိုင်ပေါင်း ၁၅၂,၀၀၀ ရှိပြီး မြို့တော်မှာ ကူမင်းဖြစ်ပါသည်၊ (၈)ရာစုနှစ်တွင် ယူနန်ပြည်နယ်အား တိဘက်တို့ဘားမင်းစကားပြော မင်းဆက်ဖြစ်သည့် နန်ဇို (Nanzhoo) များ အုပ်စိုးခဲ့ဖူးပါသည်၊ နန်ဇိုသည် လူမျိုးစုပေါင်းစပ် ထားသည့်မျိုးဆက်ဖြစ်ပြီး ယီ (Yi) နှင့် မြန်မာမျိုးနွယ်စကားပြောသူများ ဖြစ်ပါသည်။ (Yi and Modem Burma)
ထို့ကြောင့် ၀,ကချင်နှင့်ကိုးကန့်တို့သည် မြန်မာပြည်ဖွားများဖြစ်သလို၊ တရုတ်ပြည်ဖွား များလည်းဖြစ်ပါသည်။ ယနေ့နှစ်(၂၀)တိုင် တိုင်းရင်းသားလူမျိုးစုများနှင့် ငြိမ်းချမ်းရေးတည် ဆောက်ထားမှုကို (နအဖ)မှ ချိုးဖောက်ပြီး တိုက်ခိုက်လာမှုကြောင့် ယူနန်နယ်သို့ ကိုးကန့် လူမျိုးသုံးသောင်းကျော် ထွက်ပြေးလာမှုနှင့် ပတ်သက်၍ တရုတ်အစိုးရမှ နအဖအား ဒေသ တွင်းတည်ငြိမ်ရေးကို ထိခိုက်လာသည့်တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာပြည်တွင်းရှိ တရုတ်လူမျိုးတို့ကိုလည်း မနှိပ်စက်ရန် တရားဝင်သတိပေးလာခြင်းသည် တရုတ်နိုင်ငံအနေနှင့် ၀၊ ကချင်၊ ကိုးကန့်များကို ၎င်းတို့နိုင်ငံသားများအဖြင့် လက်ခံထားကြောင်း အကာကွယ်ပေး ရန်အဆင်သင့်ရှိကြောင်း သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်းပင်ဖြစ်သည်။ အကယ်၍ (နအဖ)မှ တိုက်ပွဲများကို တရုတ်နယ်စပ် တလျှောက် ၀၊ ကချင်နယ်မြေအထိ တိုးချဲ့စစ်ဆင်လာပါက တရုတ်၏ မြန်မာနိုင်ငံအပေါ်ထားရှိသောပေါ်လစီ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်သည်။
ဗကပ လွှမ်းမိုးခဲ့စဉ်က ၎င်းဗကပ တပ်မှူးများသည် ၀၊ ကချင် ကိုးကန့်များဖြစ်ကြပြီး ၎င်းတို့သည် တရုတ်ကွန်မြူနစ်ပါတီ ကေဒါသင်တန်းဆင်းများလည်း ဖြစ်ကြသည့်အတွက် တရုတ် ကွန်မြူနစ်ပါတီနှင့် ရင်းနှီးကြသူများ (ရဲဘော်များ)ဆိုလျှင် မမှားဟုပြောနိုင်ပါသည်။ ထို့ကြောင့် ယနေ့နှစ်ပေါင်း (၂၀) အပစ်အရပ်စဲထားခြင်းကို (နအဖ)မှ စတင်ချိုးဖောက်လိုက် ခြင်းဖြင့် ဒေသတွင်း၏တည်ငြိမ်မှုကို ချိမ်းခြောက်လာခဲ့ပါသည်၊ တရုတ်အစိုးရမှ (နအဖ)အပေါ် ထောက်ခံမှုသည် မိမိတိုင်းပြည်ကို တည်ငြိမ်အောင်ထိန်းထားနိုင်သဖြင့် ထောက်ခံနေခြင်းဖြစ် ကြောင်း တဖွဖွပြောကြားခဲ့ပါသည်။ “တဦးပြည်တွင်းရေး တဦးဝင်မစွက်ဖက်ရေး” မူဝါဒအရ တရုတ်က (နအဖ)အားကူညီထောက်ခံခဲ့မှုသည် ယနေ့တွင် မေးခွန်းထုတ်ရတော့မည်ဖြစ် သည်၊ (နအဖ)နှင့် ကိုးကန့်တိုက်ပွဲကြောင့် တရုတ်ပြည်သို့ လူသုံးသောင်းကျော်ဝင်ရောက်လာ ခဲ့သည့်အပေါ် တရုတ်အစိုးရမှ နေရာထိုင်ခင်းများကို လူမနေသောအစိုးရအိမ်ယာများတွင် ချပေးခြင်းကိုကြည့်လျှင် တရုတ်အစိုးရသည် ထွက်ပြေးလာသည့် ၀၊ ကချင်၊ ကိုးကန့်များကို ၎င်းတို့လူမျိုးများသဖွယ် ဆက်ဆံကြောင်းတွေ့ရှိရသည်။ ထို့အပြင် ၎င်းအချက်သည် ဒေသ တွင်းတည်ငြိမ်မှုမရှိတော့ကြောင်း သက်သေပြချက်တခုပင်ဖြစ်သည်။ ၎င်းအချက်သည် ယိုးဒ ယား(ထိုင်း)တို့မှ ကရင်စစ်ပြေးဒုက္ခသည်များအပေါ်ဆက်ဆံပုံနှင့် လွန်စွာခြားနားကြောင်းတွေ့ ရမည်ဖြစ်သည်။ ကရင်ဒုက္ခသည်များ ကိုယ်အိမ်ကိုယ်ဆောက်၍ တောထဲတွင် နေထိုင်ရန် ယိုးဒယားတို့က နေရာပေးခဲ့ခြင်းနှင့် တရုတ်တို့ ကိုးကန့်စစ်ပြေးတို့အပေါ် နွေးထွေးစွာလက် ခံခြင်း အိုးအိမ်၊အ၀တ်အထည်၊ဆေးဝါး အိမ်ခန်းတို့မှအစ ကူညီခဲ့ခြင်းသည် ကိုးကန့်တို့နှင့် တရုတ်အာဏာပိုင်တို့ မည်မျှနီးစပ်ကြကြောင်းကိုပါ ဖော်ပြနေခဲ့ပေသည်။ (နအဖ) တို့သည် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များတွင် အားအားအကြီးဆုံးဖြစ်သော UWSA (ဝ) တပ်များ ကို လျော့တွက်၍မရချေ၊ ၎င်းဝတပ်၊ ကချင်တပ်များနောက်တွင် တရုတ်ကရှိနေပေသည်။ တရုတ်ကြီးထံ (နအဖ)မှ ဗိုလ်ချုပ်ရွှေမန်း တိတ်တဆိတ် (၃)ကြိမ်မြောက်သွားရောက်ဆွေး နွေးနေကြောင်းလည်းသိသဖြင့် (နအဖ)သည် တရုတ်နှင့်ကိုးကန့်ကိစ္စကို ညှိနှိုင်းနေသည်ဟု ယူဆရပေသည်။
တိုင်းရင်းသားအရေး အားလုံးအရေး။
တိုင်းရင်းသားများအရေး မကြေလည်သမျှ၊ ငြိမ်းချမ်းစွာမဖြေရှင်းသမျှ မြန်မာပြည်တွင် ပြည်တွင်းစစ်မီး ဆက်လက်လောင်နေမည်သာဖြစ်သည်။ တိုင်းရင်းသားများ တိုင်းရင်းသား အရေးသက်သက်ကိုသာကြည့်နေလျှင်လည်း နအဖသည် သွေးခွဲအုပ်ချုပ်ရေးနည်း (Divide and Rule) အရ သွေးခွဲ အုပ်ချုပ်နေဦးမည်ဖြစ်သည်၊ အထူးသဖြင့် ၀တပ်မှုးများအကြား၊ ကချင်တပ်မှုးများအကြားတွင် သပ်လျိုဖြိုခွဲ၍ အိမ်ကြက်ချင်း အိုးမဲသုတ်မှုများကို အထူးသတိ ထားကြရန် လေးနက်စွာ တိုက်တွန်းလိုက်သည်။
မည်ကဲသို့ ပြင်ဆင် သင့်သနည်း
ယိုးဒယားနယ်စပ် အခြေခံ၍ ထိုးစစ်ဆင်လာသော နအဖတပ်များအား KNU မှ တိုက် နေသည်မှာ နှစ်ပေါင်း (၆၀)ကျော်ပြီဖြစ်သည်၊ တဖန်တရုတ်နယ်စပ်မှ ဗကပမှ တိုက်နေသည် မှာလည်း ၁၉၈၉ခုနှစ် ပန်ဆိုင်းကျပြီးနောက်မှသာ ရပ်တန့်သွားခဲ့သည်၊ ထူးခြားသော အောင်ပွဲ ရရှိခဲ့ခြင်းမရှိခဲ့ပေ။
စားရေးသူအနေနှင့် “ Sometimes if you want peace, you have to make war” ဆိုသည့် တခါတရံ သင်ငြိမ်းချမ်းရေးကို လိုချင်ပါက၊ စစ်ကိုပြုရမည်ဆိုသည့် ဆောင်ပုဒ်ကို လက်ခံပါ သည်။ စစ်အာဏာရှင်တို့သည် ပြည်တွင်းစစ်မီးကိုမွှေးပြီး ၎င်းတို့တပ်၏အရေးပါမှုကို ထင်ရှား စေလျှက် ပြည်သူကိုအုပ်ချုပ်လာခဲ့ကြပေသည်၊ ထို့ကြောင့်ပြည်တွင်းစစ်ကို ရပ်စေလိုလျှင် စစ်အာဏာရှင်စံနစ်ကို အားလုံးလက်တွဲ၍ ချေမှုန်းကြရမည်ဖြစ်သည်၊ ငြိမ်းချမ်းရေးရဘို့ စစ် တိုက်ကြရမည်ဖြစ်သည်။
နယ်စပ်အခြေပြု ရပ်တည်ရေးသည် မရှိမဖြစ်လိုအပ်သလို ပြည်တွင်းအင်အားစုများကို တည်ဆောက်ခြင်း။ လက်နက်တပ်ဆင်ခြင်းတို့သည်လည်း အရေးပါသောအခန်းကဏ္ဍတွင် ရှိသည်။
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်
(၁) ခိုင်မာသော လက်နက်ကိုင်တပ်ပေါင်းစုကြီးကို ဖွဲ့စည်းနိုင်ဘို့ လိုသည်။
(၂) ထိုတပ်ပေါင်းစုကြီး၏မူသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရေးမူဖြစ် ရမည်။
(၃) ထိုတပ်ပေါင်းစုကြီးမှ ပြည်တွင်းပြည်ပအင်အားစုများနှင့် ပေါင်းစပ်၍ “တိုက်ပွဲဝင်အစိုးရ တရပ်”ကို တပ်ထောက်ခံမှုဖြင့် ဖွဲ့စည်းရမည်။
(၄) ၎င်းအစိုးရ၏ ကြီးကြပ်မှုဖြင့် မြို့တွင်း၌ ပြည်သူများအုံကြွလာသည့်အခါ ပြည်သူများအား ကြေစားတပ်များမှ ပစ်ခတ်နှိမ်နင်းသတ်ဖြတ်လာပါက မြို့ပြပျောက်ကျားများအဖြစ် ကာကွယ် ရန် စီစဉ်နိုင်ရမည်။
သို့မှသာ နယ်စပ်တိုက်ပွဲများကို နအဖ တပ်များအာရုံစိုက် မဲ၍တိုက်ခြင်းမျိုးမှ ကာကွယ် ရန် စစ်မျက်နှာ(၂)ဖက်ဖွင့်၍ တိုက်နိုင်ရန်စီမံဘို့လိုသည်။
တဖန် မြန်မာပြည်သူတို့လိုလားသည့် ဒီမိုကရေစီစံနစ်ကို လက်ဖြန့်တောင်းနေရုံနှင့် စစ်အာဏာရှင်များက လိုက်လျောလာမည်မဟုတ်ချေ။ ၎င်းတို့ကြောက်သည်မှာ ၎င်းတို့အား လက်တုံ့ပြန်နိုင်သူများကိုသာဖြစ်သည်။ “ရရင်ရ မရလျှင်ချ” ဆိုသည့်မူကိုကိုင်စွဲ၍ တိုင်းရင်း သားများအားလုံး ညီညွတ်ကြဘို့ လိုပြီဟု နှိုးဆော်လိုက်ပါသည်။
ထွန်းအောင်ကျော်
သြဂုတ်လ (၂၈) ရက် ၂၀၀၉ ခုနှစ်။
Saturday, August 29, 2009
တိုင်းရင်းသားအရေးသည် မြန်မာ့အရေးပင်မဟုတ်လော?
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment