Thursday, January 8, 2009

သမီးကြီး မွေးနေ့



ဒီပုံလေးတွေကတော့ သမီးကြီး ပေါ့အိုင်း (လင်းလက်ထွန်းထွန်း) (၁၀) နှစ်ပြည့်မွေးနေ့ပွဲက ပုံလေးတွေပါ။ သူ့မွေးနေ့ပွဲလေးရောက်ရင် မိဘမဲ့ခလေးတွေကို လက်ဆောင်ပေးချင်တယ်တဲ့၊ သမီးရဲ့ရင်ထဲကလာတဲ့စကားလေးပါ။ သူတို့အမေက အမြဲတမ်းလိုလို ကိုယ်ကကောင်းကောင်းနေနေရပေမဲ့ ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးတွေမှာ ဘေးဒုက္ခတွေ မရေမတွက်နိုင်အောင်ရှိနေတဲ့အကြောင်း ခလေးတွေကို အမြဲတမ်းပြောပြနေလေ့ရှိပါတယ်။ အထူးသဖြင့် SAW အဖွဲ့က မိဘမဲ့ခလေးတွေအကြောင်းလေးတွေပေါ့။ ဒီအဖွဲ့လေးဖြစ်ပေါ်လာရတာက ၂၀၀၀ ခုနှစ်မှာပါ၊ အေးအေးမာ (SAW - ရဲ့ ဒါရိုက်တာ) သူကလက်တွေ့သမား လက်တွေ့ ကိုယ့်နိုင်ငံသားတွေကို ဘယ်လိုကူညီမလဲဆိုတာ ရိုးရိုးလေးစဉ်းစားခဲ့ရာကစခဲ့တာပါပဲ။ စဖွဲ့တာဘာမှရှိတာမဟုတ်ဘူး အေးမာ သူရတဲ့သတင်းထောက်လစာထဲက ရအောင်စုပြီးလုပ်လာတာ ကျနော်တို့လဲတတ်နိုင်သလောက် ကူညီခဲ့တာပါ၊ ကိုယ့်နိုင်ငံသားတွေအတွက် တတ်နိုင်သလောက် တကယ်စေတနာနဲ့လုပ်တော့ နောက်ဆုံးအောင်မြင်လာတယ်ဆိုပါတော့ ဗျာ မုဒိတာပွားစရာပါ။ ကျနော့်သမီးအငယ်မလေး ပိအိုင်းက SAW ကစဖွင့်တဲ့ နေ့ခလေးထိန်း ကျောင်းမှာ တက်ခဲ့ဘူးတယ် တခါက ကျနော်က လမ်းကြုံလို့ ခလေးကိုသွားကြိုလိုက်တယ်။ ခလေးတွေတော်တော်များများကို အမကြီးမမေကြည်က ယိုးဒယား စက်တတ် ဆိုက်ကားနဲ့လိုက်ပို့နေကြ အပြင်ကခလေးတချို့ပေါ့လေ မိဘမဲ့ခလေးလေးတွေက အဲ့ဒီ့မှာပဲနေကြရတာ သမီးငယ်ကကျနော့်တွေ့ တော့ အဖေဆိုပြီးပြေးထွက်လာရော မိဘမဲ့ခလေးလေးတွေက မျက်လုံလေးတွေကြောင်ပြီး ကျနော်ကိုကြည့်နေကြတာ ကျိန်းသေတယ် သူတို့ရဲ့မျက်လုံးတွေမှာ အဖေဆိုတဲ့အသံတွေကို အရောင်တွေအဖြစ်ဖေါ်ပြနေကြတာ။ ရင်နာစရာပေါ့ဗျာ ကျနော်နောက်ဆို သမီးကို သွားမကြိုတော့ဘူး ကျန်တဲ့ခလေးတွေကြည့်တာကို မခံနိုင်တော့လို့ပါ။
ဒီတော့ဗျာ SAW အဖွဲ့ရယ် ဒီကလေးတွေရယ် ကျနော်တို့ နှစ်တိုင်းသမီးမွေးနေ့ကို အဲ့ဒီ့မှာပဲလုပ်တယ်။ သမီးတွေကလဲသဘောကြ တယ်၊ ကျနော်တို့လိုပဲ ဒီကလေးတွေအကြောင်း SAW အဖွဲ့ဘာတွေလုပ်နေတယ်ဆိုတဲ့အကြောင်း သိချင်ရင် ဒီနေရာလေး မှာ သွားကြည့်ကြပါဗျား။ အားလုံးလဲမုဒိတာပွားနိုင်အောင် ကိုယ်နိုင်ငံသားခလေးတွေရဲ့ တကယ့်ဒုက္ခတွေကို ကိုယ်ခြင်းစာ ကူညီခံစားနိုင်အောင်လို့ပါ၊ တချို့သိပြီးသလို မသိသေးရင်လဲ သွားရောက်လေ့လာကြစေခြင်ပါတယ်။

7 comments:

နော်မန် January 8, 2009 at 5:10 AM  

ဒီနေ့ နံနက်ခင်းရဲ့ အလင်းရောင် မတွေ့ခင်မှာ ကြည်နူး အားရစွာနဲ့ မုဒိတာ ပွားမိပါရဲ့ ။

အကြောင်းကတော့ ရဲဘော်ကြီး ဦးဂင် ရဲ့ သမီးကြီးပေါ့အိုင်း ၏ (၁၀)နှစ်မြောက် မွေးနေ့ အလှူပွဲလေး ကြောင့်ပါ ။

ပြီးတော့ လင့်ခ် ပါ ချိတ်ထား ပေးတဲ့အတွက် မိဘမဲ့ကလေးငယ်များရဲ့ ဘဝတွေကို မသိသေးတဲ့ သူတွေ သွားရောက် ခံစားနိုင်တာပေါ့ ဗျား။
သာဓု သာဓု သာဓု ...... ပါ ဗျား...။

“ဟူး”....... ကျနော်လည်း မွေးနေ့ ရောက်ခါနီးပြီ။
ဦးဂင် ရေ .............

M.Y. January 8, 2009 at 5:19 AM  

ကလေးတွေတကယ်သနားစရာပါ။
အလှုပီတိကူးစက်ပြီးသာဓုခေါ်သွားပါတယ်။

တကယ်တော့ မိဘမဲ့ဆိုတဲ့ စကားလုံ၊းကိုက လူသားမဆန်လွန်းတာပါ။ဒီကမ္ဘာပေါ်မှာမရှိသင့်တော့ဘူးထင်တာပဲ..

Anonymous,  January 8, 2009 at 5:25 AM  

ကလေးလေးတွေကို ချစ်လိုက်တာဗျာ..။ သနားပါတယ်။

သစ်နက်ဆူး January 8, 2009 at 6:07 AM  

ကိုဂင်....
သမီးကြီးမွေးနေ့ ကို ဖတ်ပြီး ကြည်နူးစိတ်နဲ့ မုဒိတာပွားမိပါတယ်..အသက်ငယ်ပေမယ့် ကလေးတစ်ယောက်ရဲ့ ရင်ထဲမှာ ဒီလို လူသားဆန်တဲ့ စိတ်ကလေး ဖြစ်တည်ကိန်းဝပ်နေတာကို ဂုဏ်ယူချီးကျူးပါတယ်..။
ကလေးတစ်ယောက်ရဲ့ ခံစားမှုကို ကလေးချင်းက ပိုမြင်နိုင်ပါတယ်..။
သမီးပေါ့အိုင်း ၁၀နှစ်မြောက်မွေးနေ့ မှ နှစ်၁၀၀တိုင် ကိုယ်ချင်းစာစိတ်နဲ့ အလှုတွေပေးနိုင်ပါစေလို့ ...
ဦး...ဆုတောင်းပေးလိုက်ပါတယ်..။

Unknown January 8, 2009 at 6:09 PM  

မိဘမဲ့တဲ့ ဒီစကားကိုကြားတိုင်း ကျနော် မျက်ရည်ကျတယ် ကျနော်ကိုယ်တိုင်ကမှ မိဘမဲ့ မဖြစ်ခဲ့ ဘူးပေမဲ့ မုဆိုးမသားဆိုတော့ ဒီဘ၀တွေကို နား လည်တယ် ဒီတော့ ရင်ခွင်မဲ့တွေရဲ့ အသိုက်အမြုံတွေအတွက် ကျနော့် လက်တွေစွမ်းသမျှလုပ် ခဲ့တယ်။

သမီးကြီးရေ ဘ၀တလျှောက်လုံး ငြိမ်းအေးပါစေ
ဒီကောင်းမှုကို လည်းဦးဦးသာဓုခေါ်ပါတယ် နော် သမီး
မိသားစုအားလုံး ငြိမ်းအေးကြပါစေ။

Thee Lay Thee (NC) January 12, 2009 at 5:24 PM  

Ma Ma Pao Ai,

Happy Birthday and proud of you doing good job.


Cho Yee Phyo

mirror November 14, 2009 at 12:27 AM  

မင်္ဂလာပါ ဦးဂင်ရေ..စိတ်အားလက်အားရှိတာနဲ့..
ပိုစ့်အဟောင်းတွေ လာမွှေဖြစ်ပါတယ်။

ဒီပိုစ့်အရောက်မတော့...စိတ်နှလုံးကို..ထိခတ်လွန်းလို့
အသံမြည်ခဲ့တယ် ဆိုပါတော့...

လေးစားခင်မင်လျက်

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့